iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာဗီဒီယို ဇာတ္ကားေတြမွာ အိုက္တင္ ေကာင္းေကာင္းနဲ႕ သ႐ုပ္ေဆာင္တတ္တဲ့ သ႐ုပ္ေဆာင္ ပိုးအိအိခန႔္က သူ႕ရဲ႕ခ်စ္သူ၊ ျမန္မာ့လက္ေ႐ြးစင္ ေဘာလုံးသမား ေအာင္သူနဲ႕ အြန္လိုင္းမွာ စကားေျပာရင္း ေအာင္သူရဲ႕ စိတ္ထားကို ၾကည့္ၿပီး ခ်စ္သူအျဖစ္ ေ႐ြးခ်ယ္ခဲ့တယ္လို႔ ဆိုပါတယ္။

“အရင္တုန္းက ေဘာလုံးပြဲ မၾကည့္ျဖစ္ဘူး၊ Alpine Cup ကို တီဗီကေနပဲ ၾကည့္ျဖစ္ပါတယ္၊ သူ႕ (ေဘာလုံးသမား ေအာင္သူ) ကို ဘာမွ ေျပာစရာ မရွိပါဘူး။ သူက ေတာ္ၿပီးသားပါ။ Anniversary တိုင္းကို သူစာေတြ တင္တာက သူလည္း စိတ္ကူးေပါက္ေနလို႔ ေရးတာပါ။ Anniversary တိုင္းက ပုံမွန္ ရက္တရက္လိုပဲ ျဖတ္သန္းပါတယ္” လို႔ သ႐ုပ္ေဆာင္ ပိုးအိအိခန႔္က သူ႕ရဲ႕ ခ်စ္သူ၊ ေဘာလုံးသမား ေအာင္သူနဲ႕ ပတ္သက္ၿပီး ေျပာပါတယ္။

“ဒီသတင္းႀကီးကလည္း မထင္မွတ္ဘဲ ထြက္သြားတာဆိုေတာ့ Public သိပ္မေျပာခ်င္ေသးဘူး ဆိုတာက မိန္းကေလးတေယာက္ျဖစ္ေတာ့ ကံၾကမၼာက ေသခ်ာတယ္၊ မေသခ်ာဘူးဆိုတာလည္း ရွိေတာ့ ေသခ်ာမွပဲ ခ်ျပခ်င္ပါတယ္။ အြန္လိုင္းမွာ စကားေတြေျပာရင္း ေတြ႕ျဖစ္တယ္။ သူက ညီမကားေတြၾကည့္ၿပီး သေဘာက်တယ္။ သူနဲ႕ စကားေတြေျပာတယ္။ သူ႕ကို အစပိုင္းမွာ စကားေတြ ေျပာၾကည့္တယ္။ ခင္ခင္မင္မင္ ေနၾကည့္တယ္”

“သူ႕စိတ္ေနစိတ္ထားကို ၾကည့္တယ္၊ လူတေယာက္ကစၿပီး ခ်ဥ္းကပ္တဲ့အခ်ိန္မွာ ကိုယ့္ရဲ႕ မူရင္းပုံစံ ဟုတ္ခ်င္မွ ဟုတ္တာေလ။ လူတိုင္းက ဟန္ေဆာင္တတ္တယ္။ ဟန္ေဆာင္ေနတာလား၊ သူ႕မူရင္း ကာရိုက္တာလား ဆိုတာ စကားေျပာၾကည့္တယ္။ စကားေျပာၾကည့္ေတာ့ မူရင္းစိတ္ထားေလးပဲ ဆိုၿပီး စဥ္းစားလိုက္တာပါ”လို႔ ပိုးအိအိခန႔္က ေဘာလုံးသမား ေအာင္သူနဲ႕ ခ်စ္သူျဖစ္ခဲ့ပုံကို ေျပာပါတယ္။

သူမတို႔ ခ်စ္သူႏွစ္ဦးၾကားမွာလည္း တျခားစုံတြဲေတြလို စိတ္ဆိုး စိတ္ေကာက္မႈ သိပ္မရွိဘဲ စိတ္ေကာက္တာ နည္းတယ္လို႔ ပိုးအိအိခန႔္က ဆိုပါတယ္။

“ေဘာလုံးသမားဆိုတဲ့ သူ႕ရဲ႕ အလုပ္ကို ခ်စ္တာ မဟုတ္ပါဘူး၊ သူ႕စိတ္ေနစိတ္ထားကို ခ်စ္တာပါ။ သတိရရင္ ဖုန္းပဲေျပာပါတယ္။ စိတ္ဆိုးစိတ္ေကာက္ရင္ စိတ္မေကာက္နဲ႕ သူ မေခ်ာတတ္ဘူးပဲ ေျပာတယ္။ ညီမလည္း သိပ္စိတ္မဆိုးတတ္ဘူး။ စိတ္ဆိုးစိတ္ေကာက္ေတာင္ မျဖစ္ဖူးပါဘူး။ အခ်စ္ေရးမွာ ကံေကာင္းတယ္လို႔ ေျပာလို႔ ရတယ္။ တေယာက္နဲ႕ တေယာက္ နားလည္မႈေတြ ယုံၾကည္မႈေလးေတြနဲ႕ပဲ ဆက္သြားပါတယ္”လို႔ ပိုးအိအိခန႔္က ေျပာပါတယ္။

သ႐ုပ္ေဆာင္ ပိုးအိအိခန႔္ဟာ လက္ရွိမွာ ေက်ာင္းတက္ေနရတာမို႔ ေက်ာင္းၿပီးသြားတဲ့ ေနာက္ပိုင္း အႏုပညာလုပ္ငန္းမ်ားကို ခပ္စိပ္စိပ္ လုပ္သြားမယ္လို႔ ဆိုပါတယ္။ မၾကာခင္မွာလည္း ပိုးအိအိခန႔္က သ႐ုပ္ေဆာင္ ေနတိုး၊ ညီထြဋ္ေခါင္၊ သူရိယ၊ စိုးမိုးၾကည္၊ ျမတ္ေကသီေအာင္တို႔နဲ႕အတူ “အထက္တန္းစား” ႐ုပ္ရွင္မွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အိုင္တီဖိုးခြား
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာဗီဒီယို ဇာတ်ကားတွေမှာ အိုက်တင် ကောင်းကောင်းနဲ့ သရုပ်ဆောင်တတ်တဲ့ သရုပ်ဆောင် ပိုးအိအိခန့်က သူ့ရဲ့ချစ်သူ၊ မြန်မာ့လက်ရွေးစင် ဘောလုံးသမား အောင်သူနဲ့ အွန်လိုင်းမှာ စကားပြောရင်း အောင်သူရဲ့ စိတ်ထားကို ကြည့်ပြီး ချစ်သူအဖြစ် ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

“အရင်တုန်းက ဘောလုံးပွဲ မကြည့်ဖြစ်ဘူး၊ Alpine Cup ကို တီဗီကနေပဲ ကြည့်ဖြစ်ပါတယ်၊ သူ့ (ဘောလုံးသမား အောင်သူ) ကို ဘာမှ ပြောစရာ မရှိပါဘူး။ သူက တော်ပြီးသားပါ။ Anniversary တိုင်းကို သူစာတွေ တင်တာက သူလည်း စိတ်ကူးပေါက်နေလို့ ရေးတာပါ။ Anniversary တိုင်းက ပုံမှန် ရက်တရက်လိုပဲ ဖြတ်သန်းပါတယ်” လို့ သရုပ်ဆောင် ပိုးအိအိခန့်က သူ့ရဲ့ ချစ်သူ၊ ဘောလုံးသမား အောင်သူနဲ့ ပတ်သက်ပြီး ပြောပါတယ်။

“ဒီသတင်းကြီးကလည်း မထင်မှတ်ဘဲ ထွက်သွားတာဆိုတော့ Public သိပ်မပြောချင်သေးဘူး ဆိုတာက မိန်းကလေးတယောက်ဖြစ်တော့ ကံကြမ္မာက သေချာတယ်၊ မသေချာဘူးဆိုတာလည်း ရှိတော့ သေချာမှပဲ ချပြချင်ပါတယ်။ အွန်လိုင်းမှာ စကားတွေပြောရင်း တွေ့ဖြစ်တယ်။ သူက ညီမကားတွေကြည့်ပြီး သဘောကျတယ်။ သူနဲ့ စကားတွေပြောတယ်။ သူ့ကို အစပိုင်းမှာ စကားတွေ ပြောကြည့်တယ်။ ခင်ခင်မင်မင် နေကြည့်တယ်”

“သူ့စိတ်နေစိတ်ထားကို ကြည့်တယ်၊ လူတယောက်ကစပြီး ချဉ်းကပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ မူရင်းပုံစံ ဟုတ်ချင်မှ ဟုတ်တာလေ။ လူတိုင်းက ဟန်ဆောင်တတ်တယ်။ ဟန်ဆောင်နေတာလား၊ သူ့မူရင်း ကာရိုက်တာလား ဆိုတာ စကားပြောကြည့်တယ်။ စကားပြောကြည့်တော့ မူရင်းစိတ်ထားလေးပဲ ဆိုပြီး စဉ်းစားလိုက်တာပါ”လို့ ပိုးအိအိခန့်က ဘောလုံးသမား အောင်သူနဲ့ ချစ်သူဖြစ်ခဲ့ပုံကို ပြောပါတယ်။

သူမတို့ ချစ်သူနှစ်ဦးကြားမှာလည်း တခြားစုံတွဲတွေလို စိတ်ဆိုး စိတ်ကောက်မှု သိပ်မရှိဘဲ စိတ်ကောက်တာ နည်းတယ်လို့ ပိုးအိအိခန့်က ဆိုပါတယ်။

“ဘောလုံးသမားဆိုတဲ့ သူ့ရဲ့ အလုပ်ကို ချစ်တာ မဟုတ်ပါဘူး၊ သူ့စိတ်နေစိတ်ထားကို ချစ်တာပါ။ သတိရရင် ဖုန်းပဲပြောပါတယ်။ စိတ်ဆိုးစိတ်ကောက်ရင် စိတ်မကောက်နဲ့ သူ မချောတတ်ဘူးပဲ ပြောတယ်။ ညီမလည်း သိပ်စိတ်မဆိုးတတ်ဘူး။ စိတ်ဆိုးစိတ်ကောက်တောင် မဖြစ်ဖူးပါဘူး။ အချစ်ရေးမှာ ကံကောင်းတယ်လို့ ပြောလို့ ရတယ်။ တယောက်နဲ့ တယောက် နားလည်မှုတွေ ယုံကြည်မှုလေးတွေနဲ့ပဲ ဆက်သွားပါတယ်”လို့ ပိုးအိအိခန့်က ပြောပါတယ်။

သရုပ်ဆောင် ပိုးအိအိခန့်ဟာ လက်ရှိမှာ ကျောင်းတက်နေရတာမို့ ကျောင်းပြီးသွားတဲ့ နောက်ပိုင်း အနုပညာလုပ်ငန်းများကို ခပ်စိပ်စိပ် လုပ်သွားမယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း ပိုးအိအိခန့်က သရုပ်ဆောင် နေတိုး၊ ညီထွဋ်ခေါင်၊ သူရိယ၊ စိုးမိုးကြည်၊ မြတ်ကေသီအောင်တို့နဲ့အတူ “အထက်တန်းစား” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အိုင်တီဖိုးခွား
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top