ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

သူမရဲ႕ခႏၶာကိုယ္က ဝၿဖိဳးေနၿပီး၊ အရပ္ကေတာ့ ၅ ေပခန္႔သာ ရွိပါတယ္။ သူမဟာ မံုေပၚ ဘိန္းျဖတ္ေဆးခန္းတခု ျဖစ္တဲ့ Hkam Sha Hpung (ခမ္းရွာဖုန္) မွာ ေဆးလာျဖတ္ေနတဲ့ (မ)ေဘာက္ဆန္ပါ။

Hkam Sha Hpung (ခမ္းရွာဖုန္)ဆုိတဲ့ ဘိန္းျဖတ္စခန္းဟာ အမ်ိဳးသမီးေတြ ဦးေဆာင္ၿပီး ဖြင့္လွစ္ထားတဲ့ ေနရာတခုလည္း ျဖစ္ပါတယ္။

(မ)ေဘာက္ဆန္ဟာ ဒီေဆးျဖတ္တဲ့ေနရာကို ေရာက္လာခါစက ပိန္ပိန္ပါးပါး အမ်ဳိးသမီးတဦးပါ။ သူမဟာ အသက္ ၃၂ ႏွစ္အရြယ္သာ ရွိေပမယ့္ ငယ္ရြယ္စဥ္ အိမ္ေထာင္ျပဳခဲ့တဲ့အတြက္ သား ၄ ဦးရဲ႕ မိခင္လည္း ျဖစ္ပါတယ္။

သူမခင္ပြန္းနဲ႔ ေယာကၡမေတြ သံုးစြဲရာကေန (မ)ေဘာက္ဆန္တေယာက္ မူးယစ္ေဆးဝါးနဲ႔ စတင္ထိေတြ႔ရင္းႏွီးခဲ့ရတယ္လို႔ ဆုိပါတယ္။

လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္က အိမ္ေထာင္က်ခဲ့တဲ့ သူမဟာ ေယာကၡမျဖစ္သူကို ေန႔စဥ္ ဘိန္းမည္းေတြ ကင္ေပးခဲ့ရပါ တယ္။

“က်မေယာက်္ားနဲ႔ ေယာကၡမေတြက မူးယစ္ေဆး သံုးတယ္။ က်မက ေယာကၡမ ေသာက္ဖို႔အတြက္ ေန႔တုိင္း ဘိန္းမည္းေတြ ကင္ေပးရတယ္။ ေယာကၡမကို ေန႔တုိင္း လုပ္ေပးရင္း ကိုယ့္ကိုယ္ကိုယ္ စြဲလို႔စြဲမွန္း မသိခဲ့ဘူး။ ေယာကၡမ ဆံုးၿပီးေတာ့မွ က်မ ဘိန္းစြဲေနတာ သိလာတယ္” လို႔ (မ)ေဘာက္ဆန္က ဆုိပါတယ္။

လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္က ေယာကၡမ ဆံုးသြားၿပီးေနာက္ပိုင္းမွာ ဘိန္းမည္းကို ေန႔စဥ္ မီး႐ိႈ႕ေပးေနရတဲ့ဘဝက လြတ္သြားေပမယ့္ ေန႔တိုင္း ေခါင္းကိုက္တာေတြ၊ အားျပတ္ေနတဲ့ ပံုစံလုိမ်ိဳးေတြ၊ ေနလို႔မေကာင္းသလုိလုိ ေန႔စဥ္ ခံစားခဲ့ရတာေတြကို (မ)ေဘာက္ဆန္က ျပန္ေျပာျပပါတယ္။

“ေယာကၡမ ဆံုးသြားေတာ့ က်မ ဘိန္းမည္းကို မ႐ိႈ႕ရေတာ့ဘူး။ အဲဒီမွာ ေနမေကာင္း ျဖစ္လာေတာ့ မူးယစ္ေဆးသံုးစြဲေနတဲ့ အသိေတြက ေဆးသံုးဖုိ႔  ေျပာေတာ့ က်မ စမ္းၿပီး သံုးလုိက္မိတယ္” လို႔ သူမက ေျပာျပပါတယ္။

မူးယစ္ေဆးဝါး သံုးတဲ့အခ်ိန္မွာ တခဏအတြင္း ခံစားေနရတဲ့ ေဝဒနာေတြ ေပ်ာက္ခဲ့ၿပီး၊ ေဆးေျပသြားပါက ေခါင္းျပန္ကိုက္လာတာေတြ၊ ခႏၶာကိုယ္ မအီမသာ ျဖစ္တာေတြ ျဖစ္လာတယ္” လုိ႔ (မ)ေဘာက္ဆန္က သူ ခံစားခဲ့ရေတြကို ေျပာပါတယ္။

“က်မ ဘိန္းကို မသိမသာ စြဲလမ္းမႈေတြ ျဖစ္လာတယ္။ ေယာက်ားကလည္း ေဆးသံုးတဲ့သူ ဆုိေတာ့ ျပႆနာေတာ့ မရွိပါဘူး။ ဒါေပမယ့္ ကေလး ၄ ေယာက္ကို ဂ႐ုမစိုက္ႏုိင္ဘူး။ ကေလးေတြရဲ႕ ပညာေရးလည္း ေက်ာင္းထုတ္လိုက္ရတဲ့အထိ ျဖစ္သြားတယ္” လုိ႔ အတိတ္က အေၾကာင္းေတြကို ရင္ဖြင့္ပါတယ္။

ကေလးပညာေရးနဲ႔ စားဝတ္ေနေရးက တေန႔တျခား နာလန္မထူႏုိင္ေတာ့တဲ့အဆင့္ ေရာက္လာၿပီး မူးယစ္ေဆးဝါးကို ျဖတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

မူးယစ္ေဆးဝါးျဖတ္ဖို႔ေနရာလည္း မသြားႏိုင္လို႔ အခက္အခဲျဖစ္ေနခ်ိန္မွာ Hkam Sha Hpung (ခမ္းရွာဖုန္) ဆုိတဲ့ အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့အဖြဲ႔က အိမ္ကို လာေရာက္ၿပီး ဖမ္းဆီးတဲ့အတြက္ မူးယစ္ေဆးဝါး ျဖတ္တဲ့ေနရာကို ေရာက္ရွိလာခဲ့တယ္လို႔ လည္း ဆုိပါတယ္။

“က်မ ျဖတ္ခ်င္တာ ၾကာၿပီ။ ေသာက္လည္း မေသာက္ခ်င္ဘူး။ ဒါေပမယ့္ က်မ ေဆးျဖတ္ဖုိ႔ ေနရာ၊ ေငြမရွိဘူး။ အဲဒီခ်ိန္မွာ က်မကုိ ဒီက ဆရာမေတြ လာဖမ္းေတာ့ ကြက္တိျဖစ္သြားတယ္” လုိ႔ (မ)ေဘာက္ဆန္က ဆုိပါတယ္။

မူးယစ္ေဆးဝါးျဖတ္တဲ့ေနရာ စတင္ေရာက္စဥ္က ေၾကာက္စိတ္ေတြ လႊမ္းမုိးကာ ေဝဒနာေတြ မ်ားစြာ ခံစားရပါတယ္။ အခုေတာ့ သူမ ေဆးျဖတ္ႏိုင္ခဲ့ပါျပီ။

“ေငြမရွိေပမယ့္ ေဆးျဖတ္ေပးတဲ့အျပင္၊ ကေလးေတြကိုပါ ကူညီေစာင့္ေရွာက္ေပးတာ ေက်းဇူးေတာ္ပါပဲ” လို႔  သူမက ေျပာျပပါတယ္။

မူးယစ္ေဆးဝါးသံုးစြဲတဲ့ အမ်ိဳးသမီးအမ်ားစုဟာ ေရာဂါေၾကာင့္၊ ကိုက္ခဲမႈေတြေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ သံုးစြဲတာမ်ားၾကေၾကာင္း Hkam Sha Hpung (ခမ္းရွာဖုန္) အတြင္းေရးမွဴး  ေဒၚအက္စတာက ေျပာျပပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသေတြမွာ တုိက္ပြဲေတြနဲ႔ နယ္ေျမ မတည္ၿငိမ္မႈေတြေၾကာင့္ မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးကို ရပ္ဆုိင္းထားရတဲ့အတြက္ ေဆးဝါးသံုးစြဲသူေတြ ပိုမိုမ်ားျပားလာသလုိ ဒီအထဲမွာ အမ်ိဳးသမီးေတြလည္း ပိုၿပီး ပါဝင္လာၾကတယ္လို႔႔ မူးယစ္ေဆးဝါး တုိက္ဖ်က္တဲ့ အမ်ိဳးသမီးအဖြဲ႔ က ေျပာဆုိလုိက္ပါတယ္။

ကခ်င္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသေတြမွာ မူးယစ္ေဆးဝါးသံုးစြဲမႈ အမ်ားဆံုးျဖစ္ေနၿပီး၊  မူးယစ္ေဆးဝါးကို အေၾကာထုိးသြင္း သံုးစြဲသူေတြအတြင္း အိတ္ခ်္အိုင္ဗီြပိုး ကူးစက္ျပန္႔ပြားမႈကို ကုိယ္တြယ္ေျဖရွင္းဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြ လုိအပ္ေနေၾကာင္း၊ ျမန္မာႏိုင္ငံမွာ အသက္ ၁၅ ႏွစ္အထက္ မူးယစ္ေဆးဝါးကို အေၾကာတြင္းထိုး သြင္းသံုးစြဲသူ အေရအတြက္ ၈ ေထာင္ေက်ာ္ ရွိေနေၾကာင္း  UNAIDS အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

“တုိက္ပြဲအတြင္းမွာ မူးယစ္ေဆးဝါးေတြ ပိုမ်ားလာတယ္။ အမ်ိဳးသမီးေတြလည္း သံုးလာတာ ေတြ႔ရတယ္။ လက္ရွိ က်မတို႔ဆီမွာ ေဆးသံုးတဲ့ အမ်ိဳးသမီးေတြကို ေဆးျဖတ္ေပးေနတာ ၃ ေယာက္ေလာက္ ရွိတယ္” လုိ႔  ေဒၚအက္စတာက ေျပာပါတယ္။

ဆက္လက္ၿပီး ေဒၚအက္စတာက “ဒီတုိက္ပြဲေတြမျဖစ္ခင္က က်မတုိ႔အဖြဲ႔ကေန ေဆးျဖတ္ေပးလိုက္တဲ့သူေတြေတာင္ အခု ျပန္သံုးေနၾကတယ္။ အမ်ိဳးသမီးေတြလည္း ပါတယ္။ တိုက္ပြဲမျဖစ္ခင္က ကိုယ္ဝန္သည္ အမ်ိဳးသမီးတဦး က်မတုိ႔ဆီ ေဆးလာျဖတ္တယ္။ အခုလည္း သူ ေနာက္တခါ ျပန္ေရာက္လာတယ္” လုိ႔ ဝမ္းနည္းစြာနဲ႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ ၄ ႏွစ္ေက်ာ္ကလည္း မူးယစ္ေဆးသံုးစြဲေနတဲ့ ကိုယ္ဝန္သည္တဦး ဖမ္းမိကာ ေဆးျဖတ္ေပးခဲ့ဖူးတယ္လို႔ ေဒၚအက္စတာက ေျပာပါတယ္။

“က်မတုိ႔ ဖမ္းမိတဲ့ အမ်ိဳးသမီးတေယာက္ဆုိရင္ ကိုယ္ဝန္ရွိေနတဲ့အခ်ိန္ေတာင္ သူက ေသာက္ေနတယ္။ သူ႔အမ်ိဳးသားေရာ၊ သူေရာ ေသာက္ေနၾကတယ္။ က်မတို႔ သူ႔ကို သြားဖမ္းတဲ့အခ်ိန္မွာ ေဆးျပားေတြကုိလည္း သနပ္ခါးဘူးထဲမွာ ဝွက္ထားတယ္။  ဝွက္တာေတြကလည္း ေတာ္ၾကတယ္။ အမ်ိဳးသမီးေတြက အမ်ားစု သနပ္ခါးဘူး၊ ဝါးဘူးေတြမွာ ထည့္ၿပီး ဝွက္ၾကတယ္” လို႔ လည္း ေဒၚအက္စတာက ျပန္ေျပာျပပါတယ္။

ရွမ္းျပည္နယ္အတြင္း မူးယစ္ေဆးဝါး သံုးစြဲေနတဲ့ အမ်ိဳးသမီးဦးေရကို ေသခ်ာစြာ ေကာက္ခံထားတာ မရွိေပမယ့္ အမ်ိဳးသမီးေတြ ေဆးသံုးစြဲမႈ မ်ားလာတာကိုေတာ့ ေသခ်ာေျပာႏိုင္တယ္လုိ႔ ေဒၚအက္စတာက ဆုိပါတယ္။

အမ်ိဳးသမီးအမ်ားစုက ေယာကၡမ ေသာက္သံုးတဲ့အခါ ကူညီေပးရတာ၊ မူးယစ္ေဆးဝါး သံုးစြဲတဲ့ အမ်ိဳးသားမ်ားကို ေဆးျပားသြားဝယ္ေပးရတာေတြေၾကာင့္ အိမ္ေထာင္ေရး အဆင္မေျပမႈေတြ ရွိၿပီး ေနာက္ဆံုး ကိုယ္တိုင္သံုးစြဲလာၾကတယ္လို႔ မူးယစ္ေဆးဝါးတုိက္ဖ်က္ေရး လုပ္ေဆာင္ေနတဲ့ ေဒၚအက္စတာက ဆုိပါတယ္။

“မိန္းကေလးေတြကေတာ့ ႐ႉတဲ့အဆင့္ပဲ ရွိေသးတယ္။ ေဆးထိုးတဲ့အဆင့္ မေရာက္ေသးဘူး။ ဘိန္းမည္းကေတာ့ မီး႐ိႈ႕ၿပီး ႐ႉတဲ့အဆင့္ပါ။ အသက္ ၁၈ ႏွစ္ကေန အသက္ ၇၀ ေက်ာ္အထိ မူးယစ္ေဆးေသာက္သံုးတဲ့ အမ်ိဳးသမီးေတြ ရွိေနပါတယ္” လုိ႔လည္း ေဒၚအက္စတာက ေျပာျပပါတယ္။

ျမန္မာႏုိင္ငံရဲ႕ မူးယစ္ေဆးဝါးဆုိင္ရာ ျပႆနာေတြကေတာ့ ဆင္းရဲႏြမ္းပါးတာ၊ စားနပ္ရိကၡာ မဖူလံုတာ၊ ဖြံ႔ၿဖိဳးမႈ ေနာက္က်တာ၊ ေျမယာလက္လွမ္းမီ သံုးစြဲႏုိင္မႈ နည္းပါးတာနဲ႔ အားနည္းတဲ့ အုပ္ခ်ဳပ္စီမံေရးနဲ႔ တရားဥပေဒ စိုးမိုးမႈေတြေၾကာင့္ ျဖစ္ပါတယ္လို႔ UNAIDS အစီရင္ခံစာမွာ ေရးထားပါတယ္။

မူးယစ္ေဆးဝါး သံုးစြဲတဲ့ အမ်ိဳးသမီးေတြဟာ ကိုယ့္သားသမီးရဲ႕ အနာဂတ္ကို အေလးမထားၾကပါဘူး။ တခ်ိဳ႕ မိဘေတြဟာ သားသမီးေတြကိုပါ ေဆးျပားသြားဝယ္ခုိင္းၿပီး ေဆးျပားကို ဝွက္ယူလာတဲ့ နည္းလမ္းေတြကိုပါ သင္ၾကားေပးေနတာ ေတြ႔ျမင္ေနရတယ္လို႔ ေဒၚအက္စတာက ဝမ္းနည္းစြာနဲ႔ ေျပာျပေနပါတယ္။

“က်ေနာ္ကိုယ္တိုင္ မူးယစ္ေဆးဝါးသံုးစြဲတဲ့ အမ်ိဳးသမီးေတြကို ကူညီေပးဖူးတယ္။  ၄ ဦးေလာက္ ေတြ႔ဖူးတယ္။ ေဆးျဖတ္တာလည္း ကူညီေပးခဲ့ဖူးတယ္” လုိ႔ ေက်ာက္မဲၿမိဳ႕ အေျချပဳ ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါး ဆန္႔က်င္ေရးအသင္း (MANA) ဥကၠ႒ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။

မူးယစ္ေဆးဝါး သံုးစြဲတဲ့ အမ်ိဳးသမီးေတြက လၽွဳိ႕ဝွက္ၿပီး သံုးစြဲၾကတဲ့အတြက္ ကိန္းဂဏန္းအရ ေျပာရခက္ပါတယ္လို႔လည္း ဦးတင္ေမာင္သိန္းက ဆိုပါတယ္။

“အမ်ိဳးသမီးေတြက ေသာက္သံုးတာ လၽွဳိ႕ဝွက္တယ္။ ေနာက္ၿပီး ေဆးစြဲတဲ့ အမ်ိဳးသမီးေတြကို စိတ္ဓာတ္ခြန္အားေပးဖုိ႔ ျပန္လည္ထူေထာင္ေပးဖုိ႔ကလည္း ခက္ခဲတယ္” လို႔ ဦးတင္ေမာင္သိန္းက ေျပာပါတယ္။

အမ်ိဳးသမီးေတြ အမ်ားစုက မူးယစ္ေဆးသံုးစြဲတဲ့ အမ်ိဳးသားေတြနဲ႔ အိမ္ေထာင္က်ၿပီး ေဆးလိုက္စြဲသြားတာ မ်ားတယ္လို႔လည္း ဦးတင္ေမာင္သိန္းက ဆုိျပန္ပါတယ္။

မူယစ္ေဆးဝါးက ေျပာရမယ္ဆိုရင္ ေယာက်္ား၊ မိန္းမ ခြဲျခားၿပီး ေျပာလုိ႔ မရေတာ့ဘဲ အမ်ိဳးသားေတြသာမက အမ်ိဳးသမီးေတြပါ သံုးစြဲေနၾကၿပီး အမ်ိဳးသမီးသံုးစြဲမႈ ပိုမ်ားလာပါက ကေလးေတြကို ပိုၿပီး ထိခုိက္ႏုိင္တယ္လို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း လူ႔အခြင့္အေရး ကူညီေဆာင္ရြက္ေပးေနတဲ့ မုိင္းမုိင္က ေျပာပါတယ္။

မူဆယ္ၿမိဳ႕က ဘိန္းစြဲသူကုိ ဘိန္းျဖတ္ရာမွာ ဘိန္းအစားထုိးေဆးတမ်ိဳးျဖစ္တဲ့  မက္သဒုန္း (Methadone) ေဆးရည္ အစားထိုး ေသာက္သံုးေနၾကတဲ့သူေတြထဲမွာ အသက္ ၃၀ ေက်ာ္မွ အသက္ ၅၀ အရြယ္ထိ အမ်ိဳးသမီးေတြ ပါဝင္ေနတယ္လို႔ မူဆယ္ၿမိဳ႕က ဆရာဝန္တဦးကလည္း ေျပာျပပါတယ္။

“မက္သဒုန္းကို လာေသာက္ၾကတဲ့သူေတြထဲမွာ အမ်ိဳးသမီးေတြလည္း ပါတယ္။ စာရင္းကေတာ့ က်မအေနနဲ႔ မေျပာျပႏုိင္ေပမယ့္ ေတာ္ေတာ္မ်ားပါတယ္” လုိ႔ အဲဒီဆရာဝန္က ေျပာပါတယ္။

“အရင္တုန္းက မူးယစ္ေဆးဝါးသံုးလို႔ အမ်ိဳးသမီးေတြက ထိခိုက္တယ္လို႔ က်မတို႔ ေျပာေနၾကတယ္။ အခုေတာ့ မိသားစုတစုလံုးက မူးယစ္ေဆးဝါး ႏြံထဲမွာ နစ္ေနတာ ျဖစ္ေနတယ္။ အမ်ိဳးသမီးေတြက မူးယစ္ေဆးဝါး သံုးစြဲရင္ ေပၚေပၚထင္ထင္ မသံုးစြဲတဲ့အတြက္ က်မတို႔ စစ္တမ္းေကာက္ဖို႔ ခက္ခဲတယ္။ အရမ္းဆိုးရြားတဲ့လူေတြမွ အျပင္ထြက္လာတယ္” လုိ႔ မိုင္းမုိင္က ဆုိပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ မိဘေတြ မူးယစ္ေဆးဝါး သံုးစြဲမႈေၾကာင့္ စြန္႔ပစ္ခံရတဲ့ ကေလးငယ္ေတြ အမ်ားႀကီးရွိေနတဲ့အေၾကာင္း မုိင္းမုိင္က ေျပာျပပါတယ္။

အမ်ိဳးသမီးေတြ စားဝတ္ေနေရး ခက္ခဲလာတဲ့အတြက္ မူးယစ္ေဆးဝါးကို ေရာင္းဝယ္ ေဖာက္ကားၿပီး  သံုးစြဲလာၾကသလို တခ်ိဳ႕က်ေတာ့ စီးပြားေရးလုပ္ရင္းနဲ႔ အေပါင္းအသင္းေၾကာင့္ သံုးစြဲၾကပါတယ္။ တခ်ိဳ႕ကေတာ့ သံုးစြဲေနတဲ့ အမ်ိဳးသားကို ရြဲ႕ၿပီး အၿပိဳင္သံုးေနၾကတာလည္း ရွိပါတယ္လို႔ မုိင္းမုိင္က ရွမ္းျပည္နယ္ေျမာက္ပိုင္း အမ်ိဳးသမီးမ်ား မူးယစ္ေဆးဝါး သံုးစြဲေနတဲ့ အေျခအေနမ်ားကို ရွင္းျပပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းေဒသမွာ သက္ဆုိင္ရာ အာဏာပိုင္ေတြအေနနဲ႔ မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးေတြကို အားစိုက္လုပ္ေဆာင္သင့္ျပီး နယ္ေျမ မေအးခ်မ္းတဲ့ေဒသ၊ တုိင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြ မ်ားျပားတဲ့ေဒသ ျဖစ္တဲ့အတြက္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈကလည္း တႏွစ္ထက္ တႏွစ္ တုိးပြားလာတယ္လို႔ ရွမ္းေျမာက္ မူးယစ္ေဆးဝါးအေရး လႈပ္ရွားေနတဲ့ အဖြဲ႔ေတြက ဆိုၾကပါတယ္။

“က်မ ေဆးေသာက္တဲ့အခိ်န္မွာ က်မနဲ႔အတူေသာက္တဲ့ အမ်ိဳးသမီးေတြလည္း အခုထက္ထိ ေသာက္ေနတုန္းပဲ။ သူတုိ႔ေတြ အခုထိ လာမျဖတ္ၾကေသးဘူး။ က်မနဲ႔ အတူေသာက္ခဲ့တဲ့ အမ်ိဳးသမီးေတြကို မူးယစ္ေဆးဝါး လာျဖတ္ဖုိ႔ ဖိတ္ေခၚခ်င္တယ္” လို႔ မူးယစ္ေဆးဝါးျဖတ္ေနတဲ့ (မ)ေဘာက္ဆန္က ေျပာဆုိလိုက္ပါတယ္။

(မ)ေဘာက္ဆန္တေယာက္ဟာ ကေလးမိခင္တဦး ျဖစ္တဲ့အတြက္ လက္ရွိမွာ မူးယစ္ေဆးဝါး ကင္းစင္တဲ့ တျခား နယ္ေျမတေနရာကို ေျပာင္းေရႊ႕ဖုိ႔ ႀကိဳးစားေနတယ္လုိ႔လည္း ဆုိပါတယ္။

“က်မတို႔ ေနထုိင္တဲ့ ဒီေဒသက မူးယစ္ေဆးဝါး ေရာင္းဝယ္တာေရာ သုံးစြဲတာေရာ အရမ္းေပါတဲ့ေဒသ ျဖစ္ေနတယ္။ က်မ ေငြရွာၿပီး ကေလးေတြကုိ ဒီေနရာကေန ေဝးတဲ့ေနရာ၊ မူးယစ္ေဆးဝါးေတြ မရွိတဲ့ေနရာ ေခၚသြားခ်င္တယ္။ သူတုိ႔ေတြ က်မတို႔လို ျဖစ္လာမွာကို အရမ္းစိုးရိမ္မိတယ္” လုိ႔ မိခင္တဦးအေနနဲ႔  သား ၄ ေယာက္ရဲ႕ အနာဂတ္ကို ေတြးၿပီး ပူေဆြးစြာ ရင္ဖြင့္လိုက္ပါတယ္။

နန္းဆုိင္ႏြမ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hiburma.net
# Unicode Version ျဖင့္ ဖတ္ပါ #
သူမရဲ့ခန္ဓာကိုယ်က ဝဖြိုးနေပြီး၊ အရပ်ကတော့ ၅ ပေခန့်သာ ရှိပါတယ်။ သူမဟာ မုံပေါ် ဘိန်းဖြတ်ဆေးခန်းတခု ဖြစ်တဲ့ Hkam Sha Hpung (ခမ်းရှာဖုန်) မှာ ဆေးလာဖြတ်နေတဲ့ (မ)ဘောက်ဆန်ပါ။

Hkam Sha Hpung (ခမ်းရှာဖုန်)ဆိုတဲ့ ဘိန်းဖြတ်စခန်းဟာ အမျိုးသမီးတွေ ဦးဆောင်ပြီး ဖွင့်လှစ်ထားတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

(မ)ဘောက်ဆန်ဟာ ဒီဆေးဖြတ်တဲ့နေရာကို ရောက်လာခါစက ပိန်ပိန်ပါးပါး အမျိုးသမီးတဦးပါ။ သူမဟာ အသက် ၃၂ နှစ်အရွယ်သာ ရှိပေမယ့် ငယ်ရွယ်စဉ် အိမ်ထောင်ပြုခဲ့တဲ့အတွက် သား ၄ ဦးရဲ့ မိခင်လည်း ဖြစ်ပါတယ်။

သူမခင်ပွန်းနဲ့ ယောက္ခမတွေ သုံးစွဲရာကနေ (မ)ဘောက်ဆန်တယောက် မူးယစ်ဆေးဝါးနဲ့ စတင်ထိတွေ့ရင်းနှီးခဲ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အိမ်ထောင်ကျခဲ့တဲ့ သူမဟာ ယောက္ခမဖြစ်သူကို နေ့စဉ် ဘိန်းမည်းတွေ ကင်ပေးခဲ့ရပါ တယ်။

“ကျမယောကျ်ားနဲ့ ယောက္ခမတွေက မူးယစ်ဆေး သုံးတယ်။ ကျမက ယောက္ခမ သောက်ဖို့အတွက် နေ့တိုင်း ဘိန်းမည်းတွေ ကင်ပေးရတယ်။ ယောက္ခမကို နေ့တိုင်း လုပ်ပေးရင်း ကိုယ့်ကိုယ်ကိုယ် စွဲလို့စွဲမှန်း မသိခဲ့ဘူး။ ယောက္ခမ ဆုံးပြီးတော့မှ ကျမ ဘိန်းစွဲနေတာ သိလာတယ်” လို့ (မ)ဘောက်ဆန်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ယောက္ခမ ဆုံးသွားပြီးနောက်ပိုင်းမှာ ဘိန်းမည်းကို နေ့စဉ် မီးရှို့ပေးနေရတဲ့ဘဝက လွတ်သွားပေမယ့် နေ့တိုင်း ခေါင်းကိုက်တာတွေ၊ အားပြတ်နေတဲ့ ပုံစံလိုမျိုးတွေ၊ နေလို့မကောင်းသလိုလို နေ့စဉ် ခံစားခဲ့ရတာတွေကို (မ)ဘောက်ဆန်က ပြန်ပြောပြပါတယ်။

“ယောက္ခမ ဆုံးသွားတော့ ကျမ ဘိန်းမည်းကို မရှို့ရတော့ဘူး။ အဲဒီမှာ နေမကောင်း ဖြစ်လာတော့ မူးယစ်ဆေးသုံးစွဲနေတဲ့ အသိတွေက ဆေးသုံးဖို့  ပြောတော့ ကျမ စမ်းပြီး သုံးလိုက်မိတယ်” လို့ သူမက ပြောပြပါတယ်။

မူးယစ်ဆေးဝါး သုံးတဲ့အချိန်မှာ တခဏအတွင်း ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ခဲ့ပြီး၊ ဆေးပြေသွားပါက ခေါင်းပြန်ကိုက်လာတာတွေ၊ ခန္ဓာကိုယ် မအီမသာ ဖြစ်တာတွေ ဖြစ်လာတယ်” လို့ (မ)ဘောက်ဆန်က သူ ခံစားခဲ့ရတွေကို ပြောပါတယ်။

“ကျမ ဘိန်းကို မသိမသာ စွဲလမ်းမှုတွေ ဖြစ်လာတယ်။ ယောကျားကလည်း ဆေးသုံးတဲ့သူ ဆိုတော့ ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့် ကလေး ၄ ယောက်ကို ဂရုမစိုက်နိုင်ဘူး။ ကလေးတွေရဲ့ ပညာရေးလည်း ကျောင်းထုတ်လိုက်ရတဲ့အထိ ဖြစ်သွားတယ်” လို့ အတိတ်က အကြောင်းတွေကို ရင်ဖွင့်ပါတယ်။

ကလေးပညာရေးနဲ့ စားဝတ်နေရေးက တနေ့တခြား နာလန်မထူနိုင်တော့တဲ့အဆင့် ရောက်လာပြီး မူးယစ်ဆေးဝါးကို ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မူးယစ်ဆေးဝါးဖြတ်ဖို့နေရာလည်း မသွားနိုင်လို့ အခက်အခဲဖြစ်နေချိန်မှာ Hkam Sha Hpung (ခမ်းရှာဖုန်) ဆိုတဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့အဖွဲ့က အိမ်ကို လာရောက်ပြီး ဖမ်းဆီးတဲ့အတွက် မူးယစ်ဆေးဝါး ဖြတ်တဲ့နေရာကို ရောက်ရှိလာခဲ့တယ်လို့ လည်း ဆိုပါတယ်။

“ကျမ ဖြတ်ချင်တာ ကြာပြီ။ သောက်လည်း မသောက်ချင်ဘူး။ ဒါပေမယ့် ကျမ ဆေးဖြတ်ဖို့ နေရာ၊ ငွေမရှိဘူး။ အဲဒီချိန်မှာ ကျမကို ဒီက ဆရာမတွေ လာဖမ်းတော့ ကွက်တိဖြစ်သွားတယ်” လို့ (မ)ဘောက်ဆန်က ဆိုပါတယ်။

မူးယစ်ဆေးဝါးဖြတ်တဲ့နေရာ စတင်ရောက်စဉ်က ကြောက်စိတ်တွေ လွှမ်းမိုးကာ ဝေဒနာတွေ များစွာ ခံစားရပါတယ်။ အခုတော့ သူမ ဆေးဖြတ်နိုင်ခဲ့ပါပြီ။

“ငွေမရှိပေမယ့် ဆေးဖြတ်ပေးတဲ့အပြင်၊ ကလေးတွေကိုပါ ကူညီစောင့်ရှောက်ပေးတာ ကျေးဇူးတော်ပါပဲ” လို့  သူမက ပြောပြပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသမီးအများစုဟာ ရောဂါကြောင့်၊ ကိုက်ခဲမှုတွေကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သုံးစွဲတာများကြကြောင်း Hkam Sha Hpung (ခမ်းရှာဖုန်) အတွင်းရေးမှူး  ဒေါ်အက်စတာက ပြောပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေနဲ့ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ရပ်ဆိုင်းထားရတဲ့အတွက် ဆေးဝါးသုံးစွဲသူတွေ ပိုမိုများပြားလာသလို ဒီအထဲမှာ အမျိုးသမီးတွေလည်း ပိုပြီး ပါဝင်လာကြတယ်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အမျိုးသမီးအဖွဲ့ က ပြောဆိုလိုက်ပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံးဖြစ်နေပြီး၊  မူးယစ်ဆေးဝါးကို အကြောထိုးသွင်း သုံးစွဲသူတွေအတွင်း အိတ်ချ်အိုင်ဗွီပိုး ကူးစက်ပြန့်ပွားမှုကို ကိုယ်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံမှာ အသက် ၁၅ နှစ်အထက် မူးယစ်ဆေးဝါးကို အကြောတွင်းထိုး သွင်းသုံးစွဲသူ အရေအတွက် ၈ ထောင်ကျော် ရှိနေကြောင်း  UNAIDS အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“တိုက်ပွဲအတွင်းမှာ မူးယစ်ဆေးဝါးတွေ ပိုများလာတယ်။ အမျိုးသမီးတွေလည်း သုံးလာတာ တွေ့ရတယ်။ လက်ရှိ ကျမတို့ဆီမှာ ဆေးသုံးတဲ့ အမျိုးသမီးတွေကို ဆေးဖြတ်ပေးနေတာ ၃ ယောက်လောက် ရှိတယ်” လို့  ဒေါ်အက်စတာက ပြောပါတယ်။

ဆက်လက်ပြီး ဒေါ်အက်စတာက “ဒီတိုက်ပွဲတွေမဖြစ်ခင်က ကျမတို့အဖွဲ့ကနေ ဆေးဖြတ်ပေးလိုက်တဲ့သူတွေတောင် အခု ပြန်သုံးနေကြတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ တိုက်ပွဲမဖြစ်ခင်က ကိုယ်ဝန်သည် အမျိုးသမီးတဦး ကျမတို့ဆီ ဆေးလာဖြတ်တယ်။ အခုလည်း သူ နောက်တခါ ပြန်ရောက်လာတယ်” လို့ ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကလည်း မူးယစ်ဆေးသုံးစွဲနေတဲ့ ကိုယ်ဝန်သည်တဦး ဖမ်းမိကာ ဆေးဖြတ်ပေးခဲ့ဖူးတယ်လို့ ဒေါ်အက်စတာက ပြောပါတယ်။

“ကျမတို့ ဖမ်းမိတဲ့ အမျိုးသမီးတယောက်ဆိုရင် ကိုယ်ဝန်ရှိနေတဲ့အချိန်တောင် သူက သောက်နေတယ်။ သူ့အမျိုးသားရော၊ သူရော သောက်နေကြတယ်။ ကျမတို့ သူ့ကို သွားဖမ်းတဲ့အချိန်မှာ ဆေးပြားတွေကိုလည်း သနပ်ခါးဘူးထဲမှာ ဝှက်ထားတယ်။  ဝှက်တာတွေကလည်း တော်ကြတယ်။ အမျိုးသမီးတွေက အများစု သနပ်ခါးဘူး၊ ဝါးဘူးတွေမှာ ထည့်ပြီး ဝှက်ကြတယ်” လို့ လည်း ဒေါ်အက်စတာက ပြန်ပြောပြပါတယ်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အမျိုးသမီးဦးရေကို သေချာစွာ ကောက်ခံထားတာ မရှိပေမယ့် အမျိုးသမီးတွေ ဆေးသုံးစွဲမှု များလာတာကိုတော့ သေချာပြောနိုင်တယ်လို့ ဒေါ်အက်စတာက ဆိုပါတယ်။

အမျိုးသမီးအများစုက ယောက္ခမ သောက်သုံးတဲ့အခါ ကူညီပေးရတာ၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမျိုးသားများကို ဆေးပြားသွားဝယ်ပေးရတာတွေကြောင့် အိမ်ထောင်ရေး အဆင်မပြေမှုတွေ ရှိပြီး နောက်ဆုံး ကိုယ်တိုင်သုံးစွဲလာကြတယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ဒေါ်အက်စတာက ဆိုပါတယ်။

“မိန်းကလေးတွေကတော့ ရှူတဲ့အဆင့်ပဲ ရှိသေးတယ်။ ဆေးထိုးတဲ့အဆင့် မရောက်သေးဘူး။ ဘိန်းမည်းကတော့ မီးရှို့ပြီး ရှူတဲ့အဆင့်ပါ။ အသက် ၁၈ နှစ်ကနေ အသက် ၇၀ ကျော်အထိ မူးယစ်ဆေးသောက်သုံးတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်” လို့လည်း ဒေါ်အက်စတာက ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာတွေကတော့ ဆင်းရဲနွမ်းပါးတာ၊ စားနပ်ရိက္ခာ မဖူလုံတာ၊ ဖွံ့ဖြိုးမှု နောက်ကျတာ၊ မြေယာလက်လှမ်းမီ သုံးစွဲနိုင်မှု နည်းပါးတာနဲ့ အားနည်းတဲ့ အုပ်ချုပ်စီမံရေးနဲ့ တရားဥပဒေ စိုးမိုးမှုတွေကြောင့် ဖြစ်ပါတယ်လို့ UNAIDS အစီရင်ခံစာမှာ ရေးထားပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမျိုးသမီးတွေဟာ ကိုယ့်သားသမီးရဲ့ အနာဂတ်ကို အလေးမထားကြပါဘူး။ တချို့ မိဘတွေဟာ သားသမီးတွေကိုပါ ဆေးပြားသွားဝယ်ခိုင်းပြီး ဆေးပြားကို ဝှက်ယူလာတဲ့ နည်းလမ်းတွေကိုပါ သင်ကြားပေးနေတာ တွေ့မြင်နေရတယ်လို့ ဒေါ်အက်စတာက ဝမ်းနည်းစွာနဲ့ ပြောပြနေပါတယ်။

“ကျနော်ကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမျိုးသမီးတွေကို ကူညီပေးဖူးတယ်။  ၄ ဦးလောက် တွေ့ဖူးတယ်။ ဆေးဖြတ်တာလည်း ကူညီပေးခဲ့ဖူးတယ်” လို့ ကျောက်မဲမြို့ အခြေပြု မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲတဲ့ အမျိုးသမီးတွေက လျှို့ဝှက်ပြီး သုံးစွဲကြတဲ့အတွက် ကိန်းဂဏန်းအရ ပြောရခက်ပါတယ်လို့လည်း ဦးတင်မောင်သိန်းက ဆိုပါတယ်။

“အမျိုးသမီးတွေက သောက်သုံးတာ လျှို့ဝှက်တယ်။ နောက်ပြီး ဆေးစွဲတဲ့ အမျိုးသမီးတွေကို စိတ်ဓာတ်ခွန်အားပေးဖို့ ပြန်လည်ထူထောင်ပေးဖို့ကလည်း ခက်ခဲတယ်” လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။

အမျိုးသမီးတွေ အများစုက မူးယစ်ဆေးသုံးစွဲတဲ့ အမျိုးသားတွေနဲ့ အိမ်ထောင်ကျပြီး ဆေးလိုက်စွဲသွားတာ များတယ်လို့လည်း ဦးတင်မောင်သိန်းက ဆိုပြန်ပါတယ်။

မူယစ်ဆေးဝါးက ပြောရမယ်ဆိုရင် ယောကျ်ား၊ မိန်းမ ခွဲခြားပြီး ပြောလို့ မရတော့ဘဲ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ သုံးစွဲနေကြပြီး အမျိုးသမီးသုံးစွဲမှု ပိုများလာပါက ကလေးတွေကို ပိုပြီး ထိခိုက်နိုင်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လူ့အခွင့်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ မိုင်းမိုင်က ပြောပါတယ်။

မူဆယ်မြို့က ဘိန်းစွဲသူကို ဘိန်းဖြတ်ရာမှာ ဘိန်းအစားထိုးဆေးတမျိုးဖြစ်တဲ့  မက်သဒုန်း (Methadone) ဆေးရည် အစားထိုး သောက်သုံးနေကြတဲ့သူတွေထဲမှာ အသက် ၃၀ ကျော်မှ အသက် ၅၀ အရွယ်ထိ အမျိုးသမီးတွေ ပါဝင်နေတယ်လို့ မူဆယ်မြို့က ဆရာဝန်တဦးကလည်း ပြောပြပါတယ်။

“မက်သဒုန်းကို လာသောက်ကြတဲ့သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါတယ်။ စာရင်းကတော့ ကျမအနေနဲ့ မပြောပြနိုင်ပေမယ့် တော်တော်များပါတယ်” လို့ အဲဒီဆရာဝန်က ပြောပါတယ်။

“အရင်တုန်းက မူးယစ်ဆေးဝါးသုံးလို့ အမျိုးသမီးတွေက ထိခိုက်တယ်လို့ ကျမတို့ ပြောနေကြတယ်။ အခုတော့ မိသားစုတစုလုံးက မူးယစ်ဆေးဝါး နွံထဲမှာ နစ်နေတာ ဖြစ်နေတယ်။ အမျိုးသမီးတွေက မူးယစ်ဆေးဝါး သုံးစွဲရင် ပေါ်ပေါ်ထင်ထင် မသုံးစွဲတဲ့အတွက် ကျမတို့ စစ်တမ်းကောက်ဖို့ ခက်ခဲတယ်။ အရမ်းဆိုးရွားတဲ့လူတွေမှ အပြင်ထွက်လာတယ်” လို့ မိုင်းမိုင်က ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိဘတွေ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စွန့်ပစ်ခံရတဲ့ ကလေးငယ်တွေ အများကြီးရှိနေတဲ့အကြောင်း မိုင်းမိုင်က ပြောပြပါတယ်။

အမျိုးသမီးတွေ စားဝတ်နေရေး ခက်ခဲလာတဲ့အတွက် မူးယစ်ဆေးဝါးကို ရောင်းဝယ် ဖောက်ကားပြီး  သုံးစွဲလာကြသလို တချို့ကျတော့ စီးပွားရေးလုပ်ရင်းနဲ့ အပေါင်းအသင်းကြောင့် သုံးစွဲကြပါတယ်။ တချို့ကတော့ သုံးစွဲနေတဲ့ အမျိုးသားကို ရွဲ့ပြီး အပြိုင်သုံးနေကြတာလည်း ရှိပါတယ်လို့ မိုင်းမိုင်က ရှမ်းပြည်နယ်မြောက်ပိုင်း အမျိုးသမီးများ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အခြေအနေများကို ရှင်းပြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကို အားစိုက်လုပ်ဆောင်သင့်ပြီး နယ်မြေ မအေးချမ်းတဲ့ဒေသ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ များပြားတဲ့ဒေသ ဖြစ်တဲ့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကလည်း တနှစ်ထက် တနှစ် တိုးပွားလာတယ်လို့ ရှမ်းမြောက် မူးယစ်ဆေးဝါးအရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ဆိုကြပါတယ်။

“ကျမ ဆေးသောက်တဲ့အချိန်မှာ ကျမနဲ့အတူသောက်တဲ့ အမျိုးသမီးတွေလည်း အခုထက်ထိ သောက်နေတုန်းပဲ။ သူတို့တွေ အခုထိ လာမဖြတ်ကြသေးဘူး။ ကျမနဲ့ အတူသောက်ခဲ့တဲ့ အမျိုးသမီးတွေကို မူးယစ်ဆေးဝါး လာဖြတ်ဖို့ ဖိတ်ခေါ်ချင်တယ်” လို့ မူးယစ်ဆေးဝါးဖြတ်နေတဲ့ (မ)ဘောက်ဆန်က ပြောဆိုလိုက်ပါတယ်။

(မ)ဘောက်ဆန်တယောက်ဟာ ကလေးမိခင်တဦး ဖြစ်တဲ့အတွက် လက်ရှိမှာ မူးယစ်ဆေးဝါး ကင်းစင်တဲ့ တခြား နယ်မြေတနေရာကို ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

“ကျမတို့ နေထိုင်တဲ့ ဒီဒေသက မူးယစ်ဆေးဝါး ရောင်းဝယ်တာရော သုံးစွဲတာရော အရမ်းပေါတဲ့ဒေသ ဖြစ်နေတယ်။ ကျမ ငွေရှာပြီး ကလေးတွေကို ဒီနေရာကနေ ဝေးတဲ့နေရာ၊ မူးယစ်ဆေးဝါးတွေ မရှိတဲ့နေရာ ခေါ်သွားချင်တယ်။ သူတို့တွေ ကျမတို့လို ဖြစ်လာမှာကို အရမ်းစိုးရိမ်မိတယ်” လို့ မိခင်တဦးအနေနဲ့  သား ၄ ယောက်ရဲ့ အနာဂတ်ကို တွေးပြီး ပူဆွေးစွာ ရင်ဖွင့်လိုက်ပါတယ်။

နန်းဆိုင်နွမ်

ဖိုးသူတော် (www.phothutaw.com)
Credit: hiburma.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top