iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက တစ္ႏိုင္ငံလံုးရွိ က်န္းမာေရးဝန္ထမ္းမ်ားအနက္မွ သံုးေသာင္းခန္႔ကို ယခုႏွစ္အတြင္း က်န္းမာေရးဆိုင္ရာ စံျပဳအခ်က္အလက္မ်ား ပါဝင္သည့္ Mobile Tablet မ်ားေပးရန္ စီစဥ္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာနမွဴး ေဒါက္တာထြန္းျမင့္က ေျပာၾကားသည္။

“ဒီႏွစ္အတြင္းမွာ ေပးႏိုင္မယ္။ တက္ဘလက္ သံုးေသာင္းေလာက္ကို ဝယ္ယူဖို႔စီစဥ္ထားတာဆိုေတာ့ ျဖန္႔ေပးမယ္။ တက္ဘလက္ထဲမွာေတာ့ ဒီစာအုပ္ရဲ႕ Application ကို ထည့္ထားမယ္”ဟု ၎ကဆိုသည္။

Mobile Tablet မ်ားကို ေက်းလက္က်န္းမာေရးဌာနမ်ားႏွင့္ ဌာနခြဲမ်ားတြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ သားဖြား ဆရာမ၊ အမ်ိဳးသမီး က်န္းမာေရးဆရာမ၊ ျပည္သူ႔က်န္းမာေရးႀကီးၾကပ္(၁)၊ ႀကီးၾကပ္(၂)ႏွင့္ က်န္းမာေရးမွဴးမ်ားကို ေပးသြားမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထံမွ သိရသည္။

က်န္းမာေရးအသိပညာ တိုးျမႇင့္ေရးကို ရည္႐ြယ္၍ လက္ရွိအခ်ိန္တြင္ က်န္းမာေရးဆိုင္ရာ စံျပဳအခ်က္အလက္မ်ားစာအုပ္ သံုးေသာင္းကို က်န္းမာေရးဝန္ထမ္းမ်ားအား ျဖန္႔ေဝေပးထားၿပီး ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheVoice

#Unicode Version#
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအနက်မှ သုံးသောင်းခန့်ကို ယခုနှစ်အတွင်း ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ ပါဝင်သည့် Mobile Tablet များပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“ဒီနှစ်အတွင်းမှာ ပေးနိုင်မယ်။ တက်ဘလက် သုံးသောင်းလောက်ကို ဝယ်ယူဖို့စီစဉ်ထားတာဆိုတော့ ဖြန့်ပေးမယ်။ တက်ဘလက်ထဲမှာတော့ ဒီစာအုပ်ရဲ့ Application ကို ထည့်ထားမယ်”ဟု ၎င်းကဆိုသည်။

Mobile Tablet များကို ကျေးလက်ကျန်းမာရေးဌာနများနှင့် ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သားဖွား ဆရာမ၊ အမျိုးသမီး ကျန်းမာရေးဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၁)၊ ကြီးကြပ်(၂)နှင့် ကျန်းမာရေးမှူးများကို ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ကျန်းမာရေးအသိပညာ တိုးမြှင့်ရေးကို ရည်ရွယ်၍ လက်ရှိအချိန်တွင် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ် သုံးသောင်းကို ကျန်းမာရေးဝန်ထမ်းများအား ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: TheVoice


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top