ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

အေမရိကန္ ေအာက္လႊတ္ေတာ္ေနရာအတြက္ အုိဟုိင္းယုိးျပည္နယ္က အထူးေရြးေကာက္ပဲြမွာ ကုိယ္စားလွယ္ေတြၾကား မဲအျပတ္အသတ္ အႏုိင္မရတဲ့အတြက္ ဒီေန႔အေစာပုိင္းအထိ အႏုိင္-အ႐ႈံး ဆုံးျဖတ္ဖုိ႔ ခက္ခဲေနပါတယ္။

အုိဟုိင္းယုိးျပည္နယ္က ၾကားျဖတ္ေရြးေကာက္ပဲြနဲ႔ ျပည္နယ္တခ်ဳိ႕က ေရြးေကာက္ပဲြ ရလဒ္ေတြကေန ေရွ႕လာမယ့္ ႏုိ၀င္ဘာ လႊတ္ေတာ္ေရြးေကာက္ပဲြအေပၚ ႐ုိက္ခတ္လာႏုိင္တဲ့ အလားအလာေတြကုိလည္း ရီပတ္ဘလစ္ကန္နဲ႔ ဒီမုိကရက္တစ္ပါတီတုိ႔က အနီးကပ္ ေစာင့္ၾကည့္ေနၾကတာပါ။

အုိးဟုိင္းယုိး မဲဆႏၵနယ္ေျမေတြ အားလုံးကရရွိထားတဲ့ ကိန္းဂဏန္းေတြအရ ရီပတ္ဘလစ္ကန္ကုိယ္စားလွယ္ Troy Balderson က ဒီမုိကရက္တစ္ ကုိယ္စားလွယ္ Danny O'Connor ထက္ ေထာက္ခံမဲ ၁၇၀၀ အသာရထားပါတယ္။ ျပည္နယ္ေရြးေကာက္ပဲြ တာ၀န္ခံ Jon Husted ကေတာ့ မဲ႐ုံေပါင္း ၃၄၀၀ ေက်ာ္နဲ႔ ႀကိဳတင္မဲေပါင္း ၅၀၀၀ ေလာက္ မဲေပးခဲ့ေၾကာင္း ေျပာဆုိခဲ့ေပမဲ့ ျပည္နယ္ဥပေဒအရ၊ အဂၤါေန႔ေရြးေကာက္ပဲြအၿပီး ၁၁ ရက္ၾကာမွ တရား၀င္ မဲေရတြက္ႏုိင္မွာျဖစ္ေၾကာင္း ေျပာဆုိထားတာပါ။

အႏုိင္ရတဲ့ ကုိယ္စားလွယ္ကေတာ့ ၿပီးခဲ့တဲ့ ေအာက္တုိဘာလမွာ တာ၀န္ကႏႈတ္ထြက္သြားတဲ့ ရီပတ္ဘလစ္ကန္ ေအာက္လႊတ္ေတာ္အမတ္ Pat Tiberi ရဲ႕ ေနရာကုိ တာ၀န္ယူရမွာ ျဖစ္ပါတယ္။ အခုေနရာကုိပဲ ႏုိ၀င္ဘာ လႊတ္ေတာ္ေရြးေကာက္ပဲြေတြ က်င္းပတဲ့အခါ ေနာက္တႀကိမ္ယွဥ္ၿပိဳင္ရမွာ ျဖစ္တဲ့အတြက္ ရီပတ္ဘလစ္ကန္ ကုိယ္စားလွယ္ Balderson နဲ႔ ဒီမုိကရက္တစ္ ကုိယ္စားလွယ္ O'Connor တုိ႔ ထပ္မံယွဥ္ၿပိဳင္ရမယ့္ အလားအလာေတြလည္း ရွိေနပါတယ္။

သမၼတ Donald Trump ကေတာ့ အထူးေရြးေကာက္ပဲြမွာ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ အႏုိင္ရခဲ့တယ္ဆုိၿပီး Twiteer ကေန အမွတ္ယူေျပာဆုိလုိက္ပါတယ္။ စေနေန႔ညက သူမိန္႔ခြန္းေျပာခဲ့ၿပီးေနာက္၊ အခက္အခဲေတြၾကားက ရီပတ္ဘလစ္ကန္ ကုိယ္စားလွယ္ အႀကီးအက်ယ္ အႏုိင္ရခဲ့ၿပီး၊ ႏုိ၀င္ဘာလႊတ္ေတာ္ေရြးေကာက္ပဲြမွာလည္း အႀကီးအက်ယ္ ႏုိင္လိမ့္ဦးမယ္လုိ႔ ေျပာဆုိခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုေအ (ျမန္မာပုိင္း)
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန် အောက်လွှတ်တော်နေရာအတွက် အိုဟိုင်းယိုးပြည်နယ်က အထူးရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တွေကြား မဲအပြတ်အသတ် အနိုင်မရတဲ့အတွက် ဒီနေ့အစောပိုင်းအထိ အနိုင်-အရှုံး ဆုံးဖြတ်ဖို့ ခက်ခဲနေပါတယ်။

အိုဟိုင်းယိုးပြည်နယ်က ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြည်နယ်တချို့က ရွေးကောက်ပွဲ ရလဒ်တွေကနေ ရှေ့လာမယ့် နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲအပေါ် ရိုက်ခတ်လာနိုင်တဲ့ အလားအလာတွေကိုလည်း ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်တစ်ပါတီတို့က အနီးကပ် စောင့်ကြည့်နေကြတာပါ။

အိုးဟိုင်းယိုး မဲဆန္ဒနယ်မြေတွေ အားလုံးကရရှိထားတဲ့ ကိန်းဂဏန်းတွေအရ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် Troy Balderson က ဒီမိုကရက်တစ် ကိုယ်စားလှယ် Danny O'Connor ထက် ထောက်ခံမဲ ၁၇၀၀ အသာရထားပါတယ်။ ပြည်နယ်ရွေးကောက်ပွဲ တာဝန်ခံ Jon Husted ကတော့ မဲရုံပေါင်း ၃၄၀၀ ကျော်နဲ့ ကြိုတင်မဲပေါင်း ၅၀၀၀ လောက် မဲပေးခဲ့ကြောင်း ပြောဆိုခဲ့ပေမဲ့ ပြည်နယ်ဥပဒေအရ၊ အင်္ဂါနေ့ရွေးကောက်ပွဲအပြီး ၁၁ ရက်ကြာမှ တရားဝင် မဲရေတွက်နိုင်မှာဖြစ်ကြောင်း ပြောဆိုထားတာပါ။

အနိုင်ရတဲ့ ကိုယ်စားလှယ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ တာဝန်ကနှုတ်ထွက်သွားတဲ့ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Pat Tiberi ရဲ့ နေရာကို တာဝန်ယူရမှာ ဖြစ်ပါတယ်။ အခုနေရာကိုပဲ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ နောက်တကြိမ်ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Balderson နဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ် O'Connor တို့ ထပ်မံယှဉ်ပြိုင်ရမယ့် အလားအလာတွေလည်း ရှိနေပါတယ်။

သမ္မတ Donald Trump ကတော့ အထူးရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် အနိုင်ရခဲ့တယ်ဆိုပြီး Twiteer ကနေ အမှတ်ယူပြောဆိုလိုက်ပါတယ်။ စနေနေ့ညက သူမိန့်ခွန်းပြောခဲ့ပြီးနောက်၊ အခက်အခဲတွေကြားက ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် အကြီးအကျယ် အနိုင်ရခဲ့ပြီး၊ နိုဝင်ဘာလွှတ်တော်ရွေးကောက်ပွဲမှာလည်း အကြီးအကျယ် နိုင်လိမ့်ဦးမယ်လို့ ပြောဆိုခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာပိုင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top