(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×








Source : TheSun

Credit: Linn
# Unicode Version ဖြင့် ဖတ်ပါ #
အီတလီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ဘာဂါဆိုင်တစ်ခုထဲမှာ စားသောက်စရာမှာနေရင်းနဲ့တောင် အချစ်ကြမ်းခဲ့ကြတဲ့ စုံတွဲတစ်တွဲရဲ့အကြောင်းပါ။ အီတလီနိုင်ငံထဲက မက်ဒေါနယ် ဆိုင်ခွဲတစ်ခုကို ရောက်ရှိလာတဲ့ စားသုံးသူ စုံတွဲတစ်တွဲဟာ အစားအသောက်မှာယူပြီးနောက် ကောင်တာရှေ့မှာ ရပ်စောင့်နေခဲ့ပြီး အချစ်ဇာတ်လမ်းဖွင့်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ အဖြစ်အပျက်ကို တခြား စားသုံးသူတွေက မြင်တွေ့ခဲ့ကြပြီး အဲဒီထဲက တစ်ယောက်ကတော့ ဗီဒီယို ရိုက်ကူးကာ ဆိုရှယ်မီဒီယာတွေပေါ် ဖြန့်ဝေလိုက်ပါတယ်။ ဗီဒီယိုက နာရီပိုင်းအတွင်း ကြည့်ရှုသူ များစွာရှိခဲ့ပြီး ဒီလိုနေရာမျိုးမှာတောင် မရှောင်နိုင်တဲ့ စုံတွဲကို အားလုံးက ဝေဖန်ခဲ့ကြတာပါ။

တကယ်တော့ သူတို့ဆိုင်ကိုရောက်လာတဲ့အချိန်နဲ့ စားစရာမှာနေတဲ့အချိန်က မိနစ်ပိုင်းလောက်သာ ကြာခဲ့ပြီး အဖြူရောင်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီကို ဝတ်ထားတဲ့ အမျိုးသားက အစားအသောက်မှာနေတဲ့ အမျိုးသမီးရဲ့ အနောက်ကနေ လိင်ဆက်ဆံနေခဲ့တာပါ။

အစားအသောက်တွေ ရရှိချိန်မှာတော့ အမျိုးသားက ဟန်မပျက် ဆက်နေခဲ့ပြီး အမျိုးသမီးကလည်း သူ့ရဲ့ ဂါဝန်ကို အောက်ဖက်ကို ပြန်ဆွဲချခဲ့ပါတယ်။

အီတလီနိုင်ငံက မက်ဒေါနယ်ဆိုင်တွေဟာ ဒီရက်ပိုင်းအတွင်း လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား ဖြစ်ရပ်တွေ ကြုံတွေ့နေခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မက်ဒေါနယ်ဆိုင်တစ်ခုထဲမှာ အရောင်းဝန်ထမ်းတွေကို သူမရဲ့ ရင်သားတွေဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယို ပေါ်ထွက်ခဲ့ပါသေးတယ်။

အရောင်းကောင်တာရှေ့မှာ သူမရဲ့ချစ်သူနဲ့အတူ ရှိနေခဲ့တဲ့အမျိုးသမီးဟာ အစားအသောက်မှာယူသူတွေကြားမှာ သူမရဲ့ချစ်သူကို နမ်းနေခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သူမရဲ့ ရင်သားတွေကို ကောင်တာအနောက်မှာရှိနေတဲ့ အရောင်းဝန်ထမ်းတွေမြင်အောင် ပြသခဲ့တာပါ။

အဲဒီ ဗီဒီယိုတုန်းကလည်း ဒီအမျိုးသမီးရဲ့ ထင်မှတ်မထားတဲ့အပြုအမူကြောင့် အားလုံး အံ့အားသင့်ခဲ့ကြပြီး အဲဒီဗီဒီယိုကလည်း ကြည့်ရှုသူ သန်းကျော်ခဲ့ပါသေးတယ်။

Source : TheSun

ဖိုးသူတော် (www.phothutaw.com)
Credit: Linn
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top