ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

Justin Bieber ကေတာ့ သူ႔ရဲ႕ ဇနီးေလာင္းေလး Hailey Baldwin နဲ႔ လက္ထပ္ၿပီး အတူေနဖုိ႔ အေရးေတြကို အခုတည္းက ႀကိဳတင္ျပင္ဆင္္ေနပါၿပီ။ျပန္ေပါင္းထုပ္စံုတြဲျဖစ္တဲ့ သူတုိ႔ႏွစ္ေယာက္ဟာ ျပန္တြဲၿပီး သိပ္မၾကာခင္မွာပဲ ေစ့ စပ္လိုက္ၾကတာပါ။

JB ရဲ႕ ေစ့စပ္သတင္းဟာ အစပိ္ုင္းမွာေတာ့ ပရိသတ္ေတြကို အေတာ္ေလး အံ့အား သင့္ ေစခဲ့ပါ တယ္။ အခုဆုိရင္ေတာ့ ပရိသတ္ေတြက သူတုိ႔ႏွစ္ဦး ဘယ္ေတာ့လက္ထပ္ၾကမလဲ ဆိုတာကို စိတ္၀င္တစား ေစာင့္ၾကည့္ေနပါတယ္။ Jb ကေတာ့ ၾကင္စဦး အိမ္ေထာင္သည္ဘ၀ အတြက္ ႀကိဳတင္ျပင္ဆင္မႈ ေျခလွမ္း တစ္ခု စတင္ လိုက္ပါၿပီ။

အဲ့ဒါကေတာ့ ႏွစ္ေယာက္သားလက္ထပ္ၿပီး ရင္ အတူေနၾကဖုိ႔ အခ်စ္အိမ္ေလး တစ္လံုး ၀ယ္လိုက္တာပါ။အိမ္ေတြလဲ ရွိေပမယ့္ အိမ္ေထာင္သည္ ၾကင္စဦးဘ၀ကိုေတာ့ အိမ္အသစ္ေလးနဲ႔ ပဲ ျဖတ္သန္းခ်င္ပံုရပါတယ္။

သူ႔ရဲ႕ ဇနီး ေလာင္း ေမာ္ဒယ္မေလး Hailey Baldwin အတြက္JB ၀ယ္ေပးလိုက္တဲ့ အခ်စ္အ္မ္ေလးရဲ႕ တန္ဖုိးကေတာ့ အေမရိကန္ ေဒၚ လာ (၅)သန္းပါ။ တကယ့္ကို လွပခမ္းနားတဲ့ အိမ္ေလးတစ္လံုးပါ။

TMZ ရဲ႕ ေဖာ္ျပ ခ်က္အရ အိမ္ ေလး ကေတာ့ ကေန ဒါ ႏိုင္ငံ Ontario ျပည္နယ္၊ ၿမိဳ႕ငယ္ေလး Cambridge မွာ တည္ရွိပါတယ္။အရမ္းေတြႀကီးႀကီးတတ္ ခ်မ္းသာေနတဲ့ လူ ခ်မ္းသာေတြ စုေ၀းရာေနရာမ်ိဳးေတာ့မဟုတ္ေပမယ့္ တကယ့္အမိုက္စား ကန္ေရျပင္ရႈခင္း အလွေတြ ရွိတာေၾကာင့္ ေငြေၾကးခ်မ္းသာသူေတြ မ်က္စိက်တဲ့ ေနရာေလးပါ

။ေ အးေဆးၿပီး ရႈခင္းလွတဲ့ေနရာေလးပါ။Cambridge ၿမိဳ႕ ေလးနဲ႔ JB ရဲ႕ ေမြးရပ္ေျမ Stratford ၿမိဳ႕နဲ႔က နီးပါတယ္။ ကားနဲ႔ခဏေလး ေမာင္းလိုက္ရံုနဲ႔ ေရာက္ တယ္လုိ႔ သိရပါတယ္။ အရင္ကလဲ သူတုိ႔ႏွစ္ေယာက္ဟာ Stratford က ေနရာေတာ္ေတာ္မ်ားမ်ားမွာ အတူတြဲ ေတြ႕ ခဲ့ရဖူးပါတယ္။ သူတို႔ရဲ႕ အမွတ္ရေလးလဲျဖစ္၊ JB ေမြးရပ္ေျမနဲ႔ နီးလု႔ိ ေရြးခ်ယ္လိုက္ပံုရပါတယ္။

Bieber ရဲ႕ အိမ္အသစ္ေလးကေတာ့ Puslinch ကန္ရဲ႕ ထိပ္အျမင့္ပိုင္းမွာ တည္ရွိပါတယ္။ဧက (၁၀၁) ဧက က်ယ္ ၀န္း ပါတယ္။Vatican City ၿမိဳ႕ရဲ႕ အရြယ္အစားနီးပါးေလာက္ရွိပါတယ္။

အိမ္ထဲမွာဆိုရင္ အပမ္းေျဖ ခ်င္စရာ ေနရာနဲ႔ ဧည့္သည္ေတြ အမ်ားႀကီးကို ဧည့္ခံေပးႏိုင္တဲ့ ေနရာပါရွိပါတယ္။(၉၀၀၀) စတုရန္းေပ ၊အိပ္ခန္း (၄) ခန္း၊ေရခ်ိဳး ခန္း (၆) ခန္း၊မီးလင္းဖို (၃)ခု ပါရွိပါတယ္။မီးဖိုေခ်ာင္္၊ထမင္းစားခန္း၊အပူခ်ိန္ထိိန္းခ်ဳပ္ထားတဲ့ ၀ိုင္သိုေလွာင္ခန္း..တို႔လည္း ပါ၀င္ပါတယ္။

ဒါတင္မကပါဘူး။Gym ၊game room၊ရုပ္ရွင္ရံုအေသး၊ကားဂိုေဒါင္(၃)ခု ပါရွိပါတယ္။ေဆာင္းရာသီရဲ႕ အေအးဒဏ္ကို အံတုဖို႔ အပူေပးၾကမ္းျပင္ေတြလဲ ပါရွိပါတယ္။(5/8 ) မိုင္ရွိတဲ့ ျမင္းၿပိဳင္ကြင္းလမ္းတစ္ခုလဲ ပါတာေၾကာင့္ ျမင္းစီး ခ်င္ရင္လဲ စီးလို႔ ရပါတယ္။သူတို႔ရဲ႕ အိမ္ေထာင္ဦး၊ၾကင္စဦးကာလကို တကယ့္ကို ျဖတ္သန္းလို႔ ေကာင္းတဲ့ အိမ္ေလးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw

#Unicode Version#

Justin Bieber ကတော့ သူ့ရဲ့ ဇနီးလောင်းလေး Hailey Baldwin နဲ့ လက်ထပ်ပြီး အတူနေဖို့ အရေးတွေကို အခုတည်းက ကြိုတင်ပြင်ဆင်နေပါပြီ။ပြန်ပေါင်းထုပ်စုံတွဲဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ ပြန်တွဲပြီး သိပ်မကြာခင်မှာပဲ စေ့ စပ်လိုက်ကြတာပါ။

JB ရဲ့ စေ့စပ်သတင်းဟာ အစပိုင်းမှာတော့ ပရိသတ်တွေကို အတော်လေး အံ့အား သင့် စေခဲ့ပါ တယ်။ အခုဆိုရင်တော့ ပရိသတ်တွေက သူတို့နှစ်ဦး ဘယ်တော့လက်ထပ်ကြမလဲ ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ Jb ကတော့ ကြင်စဦး အိမ်ထောင်သည်ဘ၀ အတွက် ကြိုတင်ပြင်ဆင်မှု ခြေလှမ်း တစ်ခု စတင် လိုက်ပါပြီ။

အဲ့ဒါကတော့ နှစ်ယောက်သားလက်ထပ်ပြီး ရင် အတူနေကြဖို့ အချစ်အိမ်လေး တစ်လုံး ဝယ်လိုက်တာပါ။အိမ်တွေလဲ ရှိပေမယ့် အိမ်ထောင်သည် ကြင်စဦးဘဝကိုတော့ အိမ်အသစ်လေးနဲ့ ပဲ ဖြတ်သန်းချင်ပုံရပါတယ်။

သူ့ရဲ့ ဇနီး လောင်း မော်ဒယ်မလေး Hailey Baldwin အတွက်JB ဝယ်ပေးလိုက်တဲ့ အချစ်အ်မ်လေးရဲ့ တန်ဖိုးကတော့ အမေရိကန် ဒေါ် လာ (၅)သန်းပါ။ တကယ့်ကို လှပခမ်းနားတဲ့ အိမ်လေးတစ်လုံးပါ။

TMZ ရဲ့ ဖော်ပြ ချက်အရ အိမ် လေး ကတော့ ကနေ ဒါ နိုင်ငံ Ontario ပြည်နယ်၊ မြို့ငယ်လေး Cambridge မှာ တည်ရှိပါတယ်။အရမ်းတွေကြီးကြီးတတ် ချမ်းသာနေတဲ့ လူ ချမ်းသာတွေ စုဝေးရာနေရာမျိုးတော့မဟုတ်ပေမယ့် တကယ့်အမိုက်စား ကန်ရေပြင်ရှုခင်း အလှတွေ ရှိတာကြောင့် ငွေကြေးချမ်းသာသူတွေ မျက်စိကျတဲ့ နေရာလေးပါ

။ေ အးဆေးပြီး ရှုခင်းလှတဲ့နေရာလေးပါ။Cambridge မြို့ လေးနဲ့ JB ရဲ့ မွေးရပ်မြေ Stratford မြို့နဲ့က နီးပါတယ်။ ကားနဲ့ခဏလေး မောင်းလိုက်ရုံနဲ့ ရောက် တယ်လို့ သိရပါတယ်။ အရင်ကလဲ သူတို့နှစ်ယောက်ဟာ Stratford က နေရာတော်တော်များများမှာ အတူတွဲ တွေ့ ခဲ့ရဖူးပါတယ်။ သူတို့ရဲ့ အမှတ်ရလေးလဲဖြစ်၊ JB မွေးရပ်မြေနဲ့ နီးလု့ိ ရွေးချယ်လိုက်ပုံရပါတယ်။

Bieber ရဲ့ အိမ်အသစ်လေးကတော့ Puslinch ကန်ရဲ့ ထိပ်အမြင့်ပိုင်းမှာ တည်ရှိပါတယ်။ဧက (၁၀၁) ဧက ကျယ် ဝန်း ပါတယ်။Vatican City မြို့ရဲ့ အရွယ်အစားနီးပါးလောက်ရှိပါတယ်။

အိမ်ထဲမှာဆိုရင် အပမ်းဖြေ ချင်စရာ နေရာနဲ့ ဧည့်သည်တွေ အများကြီးကို ဧည့်ခံပေးနိုင်တဲ့ နေရာပါရှိပါတယ်။(၉၀၀၀) စတုရန်းပေ ၊အိပ်ခန်း (၄) ခန်း၊ရေချိုး ခန်း (၆) ခန်း၊မီးလင်းဖို (၃)ခု ပါရှိပါတယ်။မီးဖိုချောင်၊ထမင်းစားခန်း၊အပူချိန်ထိန်းချုပ်ထားတဲ့ ဝိုင်သိုလှောင်ခန်း..တို့လည်း ပါဝင်ပါတယ်။

ဒါတင်မကပါဘူး။Gym ၊game room၊ရုပ်ရှင်ရုံအသေး၊ကားဂိုဒေါင်(၃)ခု ပါရှိပါတယ်။ဆောင်းရာသီရဲ့ အအေးဒဏ်ကို အံတုဖို့ အပူပေးကြမ်းပြင်တွေလဲ ပါရှိပါတယ်။(5/8 ) မိုင်ရှိတဲ့ မြင်းပြိုင်ကွင်းလမ်းတစ်ခုလဲ ပါတာကြောင့် မြင်းစီး ချင်ရင်လဲ စီးလို့ ရပါတယ်။သူတို့ရဲ့ အိမ်ထောင်ဦး၊ကြင်စဦးကာလကို တကယ့်ကို ဖြတ်သန်းလို့ ကောင်းတဲ့ အိမ်လေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top