မဂၤလာပါ 🙏
မိတ္ေဆြအားလံုးအတြက္ Augustလ (8) လပိုင္း အတြက္ တလစာ ေဟာစာတန္းေလး တင္ေပးလိုက္ပါတယ္ ခင္မ်ား

⚛️ 1.8.2018 မွ 31.8.2018 ထိ ခုႏွစ္ရက္ သားသမီး အားလံုးအတြက္ ေဟာစာတန္း

မိတ္ေဆြမ်ားရဲ႕ ဘဝအခက္အခဲ ေကာင္းက်ိဳး ဆိုးက်ိဳးမ်ားကို ေသခ်ာ သိရွိႏိုင္ေစရန္ အတြက္ ဆရာမင္းသုခ ကိုယ္တိုင္ ေရးသားျပဳစု ေပးလိုက္ပါတယ္ ။ သင္တို႔ရဲ႕ မိတ္ေဆြ သူငယ္ခ်င္းမ်ားကို ဖတ္ရႈေစခ်င္ရင္ like and share လုပ္ေပးျခင္းျဖင့္ ကူညီပါ မွ်ေဝေပးၾကပါ ။ ⚛️ ဖတ္ရႈလို႔ အားမရခဲ့ဘူး ဆိုရင္ ဖုန္းျဖင့္ တိုက္႐ိုက္ ဆက္သြယ္ ေမးျမန္းႏိုင္ ပါတယ္ ။

တနဂၤေႏြ သားသမီးမ်ားအတြက္

လႈပ္လႈပ္ရွားရွား မ်ားမဲ့ ကာလပါပဲ ။ သူတစ္ပါး ကိစၥေတြကို လုိက္ပါ ကူညီ လုပ္ကိုင္ ေပးေနရတတ္ပါတယ္ ။ အေဝးေရာက္ေနတဲ့ သူငယ္ခ်င္းေတြရဲ႕ အကူအညီ ေတာင္းခံျခင္းမ်ိဳး ႀကံဳရတတ္ပါတယ္ ။

လက္လြန္ထားတဲ့ေငြေၾကး ေတြနဲ႔ ပက္သက္ၿပီးေတာ့ အမႈအခင္းေတြ ျဖစ္တတ္ပါတယ္ ။ ရစရာ ရွိတဲ့ အရာမ်ား ျပန္ရႏိုင္ဖို႔ မလြယ္ကူေသးတာမ်ိဳး ေတြ႔ရပါတယ္ ။ ဝန္ထမ္းမ်ား တာဝန္ေတြနဲ႔ ပိေနတတ္ ပါတယ္ ။ အလုပ္မ်ားၿပီး ပင္ပန္းေနရတတ္ပါတယ္ ။ ကိုယ္ပိုင္ အလုပ္မ်ား အနည္းငယ္ ပါးေနတတ္ပါတယ္ ။

က်န္းမာေရးကေတာ့ မိမိတို႔ျဖစ္ေနၾကေရာဂါေဟာင္း ေဝဒနာေဟာင္း ေတြလည္း ျပန္ေပၚလာတတ္ပါတယ္။ ေသာက္ေနက် ေဆးေလးေတြေတာ့ ေဆာင္ထားဖို႔ လိုအပ္ပါလိမ့္မယ္ ။

အိမ္တြင္းေရး အပူ ေတြ႔တတ္ပါတယ္ ။ အိမ္ေထာင္ဘက္နဲ႔ ကေတာက္ကဆ မ်ားရတတ္တယ္ ။ အခ်စ္ေရးကေတာ့ အဆင္ေျပေနသူမ်ား နားလည္မႈ အျပည့္နဲ႔ ေရွ႕ဆက္ႏိုင္ပါလိမ့္မယ္ ။

ပညာေရးမွာ မိမိကိုယ္တိုင္က ဆရာရွင္းျပတာ နားမလည္တာမ်ိဳး ရွိေနပါလိမ့္မယ္ ။ အေတြးမ်ားမဲ့ ကာလျဖစ္သည္၊၊

အထူး ကံေကာင္းေစေသာ ယၾတာ - မိမိ၏ ေမြးေန႔တြင္ အုန္းၫြန္႔ (6) ၫြန္႔၊ ေအာင္သေျပ (5) ၫြန္႔၊ ဖေယာင္းတိုင္ (5) တိုင္၊ အေမႊးတိုင္ (5) တိုင္ ဘုရားတြင္ ကပ္လွဴ ပူေဇာ္ေပးပါ ။

တနလၤာ သားသမီးမ်ားအတြက္

အဘက္ဘက္က တိုးတတ္ ေအာင္ျမင္ေနမဲ့ အခ်ိန္ပါ ။ အထူးသျဖင့္ စီးပြားေရးနဲ႔ ပက္သက္ၿပီး အထူးေကာင္းပါ လိမ့္မယ္ ။ ကိုယ္ပိုင္အလုပ္မ်ား အဆင္ေျပပါလိမ့္မယ္ ။

ေစ်းဆိုင္မ်ား ေဖာက္သည္သစ္ တိုးျခင္း ၊ လူက်ျခင္းမ်ိဳးလဲ ႀကံဳရေတြ႔ရတတ္ ပါတယ္ ။ မိတ္ေဆြ အေပါင္းအသင္းေတြရဲ႕ အကူအညီ အေထာက္အပံ့ေတြ ရပါလိမ့္မယ္ ။ အဆက္ အသြယ္ေကာင္းေတြ ရတတ္ပါတယ္ ။

ဒီကာလမွာ ခရီးသြားဖို႔ ကိစၥေတြလဲ ၾကံဳရ ပါလိမ့္မယ္ ။ ဝန္ထမ္းမ်ား အလုပ္နဲ႔ ပက္သက္ၿပီး နယ္ခရီး သြားရျခင္းမ်ိဳးေတြ ရွိတတ္ပါတယ္ ။

က်န္းမာေရး အေကာင္းဘက္မွာ ရွိေနပါတယ္ ။ ဒါေပမဲ့ ေနာက္က်မွ ေရခ်ိဳးျခင္း ေခါင္းေလွ်ာ္ျခင္း မ်ိဳးေတြ မလုပ္မိပါေစနဲ႔ ။

အိမ္ေထာင္ေရး သာယာေပ်ာ္ရႊင္မဲ့ ကာလပါပဲ ။ အတူေန ေမာင္ႏွမေတြနဲ႔ အဆင္မေျပတာမ်ိဳးေတာ့ ရွိတတ္ပါတယ္ ။ အခ်စ္ေရး ကေတာ့ ခ်စ္သူရဲ့ ဂရုဏာအၾကင္နာ ေတြကို ရရွိမဲ့ ကာလပါပဲ ။

ပညာေရး အထူးေကာင္းပါတယ္ ။ အခ်စ္ေရး အဆင္မေျပသူမ်ား ေ႐ွ႕တိုးရခက္ ေနာက္ဆုတ္ရခက္ ေနလိမ့္မည္ ။ သူငယ္ခ်င္းေတြနဲ႔ အိမ္စာအတူတူလုပ္တာမ်ိဳးကစာပို ရတတ္တဲ့အခ်ိန္ပါ ။ ဘယ္အရာမဆို အခြင့္ေရးဘယ္ေလာက္ပဲမ်ားမ်ားရ႐ွိပါေစ ေသခ်ာစြာ စဥ္းစားဆံုးျဖတ္ၿပီးမွယူသင့္ပါသည္။

အထူးကံေကာင္းေစေသာယၾတာ - ေထာပတ္ဆီမီးခြက္ (3) ခြက္ ၊ သစ္သီး (15) လံုး ၊ သေျပ (15) ၫြန္႔ ကပ္လွဴေပးပါ ။

အဂၤါ သားသမီးမ်ားအတြက္

မိမိ ေတြးထင္ထားသလိုမ်ိဳး ျဖစ္တတ္ပါတယ္ ။ မေကာင္းတဲ့ အယူအဆေတြ အေတြးေတြ အ၀င္မခံပါနဲ႔ ။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာေတြကိုပဲ ဦးစားေပးသင့္ပါတယ္ ။ အရြယ္ေရာက္ၿပီးတဲ့ သားသမီးေတြရွိရင္ ထိုသားသမီးေတြေၾကာင့္စိတ္ပူပန္ရတတ္ပါတယ္ ။

ေရႊထြက္တတ္ ပါလိမ့္မယ္ ။ လူမႈေရး ကိစၥမ်ားေၾကာင့္ ခရီးထြက္ ရတာမ်ိဳးလဲ ေတြ႔ရႀကံဳရတတ္ ပါတယ္ ။ အလုပ္ေျပာင္း အိမ္ေျပာင္း ေနရာေျပာင္း ဆိုတာမ်ိဳးလဲ ႀကံဳရေတြ႔ရ ပါလိမ့္မယ္ ။

အထက္လူႀကီးက မိမိကို အျမင္မၾကည္တာ မ်ိဳးလည္း ျဖစ္ရတတ္ပါတယ္ ။ က်န္းမာေရးကို အနည္းငယ္ ဂရုစိုက္ရပါ လိမ့္မယ္ ။ ေလထိုးေလေအာက္ ျဖစ္ႏိုင္တဲ့ အခ်ိန္ပါ ။

ေၾကြးယူျခင္း ေၾကြးေပးျခင္း လံုး၀မလုပ္ပါနဲ႔ ။ အိမ္ေထာင္ေရး ကေတာ့ ညံ့ေနဆဲပါ ။ အိမ္ေထာင္ဖက္က မိမိကို စိတ္ကုန္ေန ပါလိမ့္မယ္ ။

အခ်စ္ေရးကေတာ့ အဆိုးထဲကအေကာင္း ပါပဲ ။ အခ်စ္ေရးကံ အေကာင္းဆံုး အခ်ိန္ပါ ။ အခ်စ္ေရးမွာ မိမိေမ်ွာ္လင့္ေသာ သူႏွင့္ ဆံုႏိုင္ခြင့္ ႐ွိသည္ ။ ပညာေရးကို လိုတာထက္ ပိုၿပီး ႀကိဳးစာဖို႔ လိုအပ္တဲ့ အခ်ိန္ ပါပဲ ။

အထူးကံေကာင္းေစေသာယၾတာ  - ဘုရား တဆူဆူရဲ႕ အဂၤါေထာင့္တြင္ ပန္းအနီေရာင္ (11) ပြင့္ အေမႊးနံ႔သာ ပက္ဖ်န္းၿပီး ေရသပၸါယ္ ပူေဇာ္ပါ ။

ဗုဒၶဟူး သားသမီးမ်ားအတြက္

အရာရာတိုင္း မိမိဆံုးျဖတ္ခ်က္ ကိုပဲ ဦးစားေပးထားေစခ်င္ ပါတယ္ ။ ဘယ္သူ႔ စကားကိုမွ နားမေယာင္မိပါ ေစနဲ႔ ။ စပ္တူ အလုပ္ရွယ္ယာ အလုပ္မ်ား လံုးဝ မေကာင္းေသး ပါဘူး ။

မည္သူ႔ဆီမွ အႀကံ မေတာင္းတာ အေကာင္းဆံုး ပါပဲ ။ ဥပေဒနဲ႔ ၿငိစြန္းတဲ့ လုပ္ငန္းမ်ား ဒီကာလမွာ အျပစ္ေပး အေရးယူျခင္း ခံရတတ္ ပါတယ္ ။ အလုပ္သစ္ စီးပြားသစ္ စလိုက္မိပါက ဒီကာလမွာ ေသခ်င္တဲ့က်ား ေတာေျပာင္း ဆိုတာမ်ိဳးလို ျဖစ္ရပါလိမ့္မယ္ ။

မိခင္ရဲ့ က်န္းမာေရး အားနည္း ေနတတ္တဲ့ အတြက္ ဂရုစိုက္ေပး လိုက္ပါ ။ မိမိက်န္းမာေရး ကေတာ့ ၀မ္းဗိုက္ အစာအိမ္န႔ဲ ပက္သက္ၿပီး သတိထား ရပါလိမ့္မယ္ ။

အလုပ္ထဲမွာ ေငြအရမ္း ျမဳပ္ေနရင္ျပန္ေဖာ္ရတတ္ ပါတယ္ ။ အိမ္ေထာင္ေရး ကေတာ့ အေကာင္းဆံုး ကာလထဲ ေရာက္ေနတာပါ ။

အခ်စ္ေရး မွာေတာ့ မလြန္က်ဴးမိ ပါေစနဲ႔ ။ မဖံုႏိုင္မဖိႏိုင္တဲ့ ကိစၥမ်ိဳး ေတြ႔ရႀကံဳရတတ္တဲ့ ကာလထဲေရာက္ေနခ်ိန္မို႔ပါပဲ ။ ပညာေရးအထူးေကာင္းေနပါလိမ့္မယ္ ။ ပညာရပ္ တခုကို စတင္သင္ၾကားဖို႔ အေကာင္းဆံုးကာလပါပဲ ။

အထူးကံေကာင္းေစေသာယၾတာ - မိမိေနအိမ္ဘုရားတြင္ သစၥာပန္း (11 ပြင့္) ႏွင့္ ကံေကာ္ ( ၁၇ ၫႊန္႔) ကပ္လွဴပူေဇာ္ၿပီး ဗုေဒၶါ ဂုဏ္ေတာ္ကို ပုတီး (၅ ပတ္) စိတ္ပါ ။

ရာဟု သားသမီးမ်ားအတြက္

စိတ္ရႈပ္စရာ ၊ စိတ္ပ်က္စရာ၊ စိတ္ဓာတ္က်စရာ ကိစၥမ်ား ႀကံဳတတ္သည္ ။ သူတစ္ပါး အထင္လႊဲျခင္း ၊ မေကာင္းေျပာခ်င္းမ်ား ခံရကိန္း ရွိသည္ ။ ခ်စ္ခင္သူမ်ားႏွင့္ မထင္မွတ္သာ အေၾကာင္းအရာ မ်ားေၾကာင့္ လမ္းခြဲရကိန္းရွိပါသည္ ။

တနလၤာ၊ အဂၤါ၊ ဗုဒၶဟူး ခ်စ္သူ ရွိက မထင္မွတ္ဘဲ အဆင္မေျပျခင္း၊ ပ်က္သြားျခင္းမ်ား ႀကံဳရတတ္ ပါသည္ ။  ခ်စ္သူ မရွိသူမ်ား ကေတာ့ အခ်စ္သစ္ ေတြ႕မည္ ။ မိမိထက္ ငယ္ရြယ္သူမ်ားႏွင့္ အဆင္ေျပတတ္ ပါသည္။

အိမ္ေထာင္ရွိသူမ်ား ၊ အိမ္ေထာင္ ေရးအဆင္မေျပ ျဖစ္တတ္သည္ ။ ဆန္းပြင့္ျခင္းတို႔ ႀကံဳရကိန္း ရွိသည္ ။ ပညာေရး ကံေကာင္း ပါသည္ ။ သင္တန္း ကိစၥ၊ အင္တာဗ်ဴးကိစၥမ်ား အဆင္ေျပ ေအာင္ျမင္ကိန္း ရွိပါသည္ ။

ေငြေရး၊ ေၾကးေရး ကံေကာင္းပါမည္ ။ အေၾကြးတင္ျခင္း၊ အေၾကြးေပးစရာ ရွိျခင္းမ်ား ႀကံဳရတတ္ပါသည္ ။ ေငြေရးေၾကးေရးႏွင့္ ကိစၥႏွင့္ ပတ္သက္ၿပီ အထူး ဂ႐ုစိုက္ရပါမည္ ။

အလုပ္အကိုင္မ်ားလည္း အဆင္ေျပမလိုလိုႏွင့္ အဆင္မေျပျဖစ္တတ္သည္။ အစိုးရႏွင့္ ပတ္သက္ေသာ လုပ္ငန္းမ်ား ေအာင္ျမင္ကိန္း ရွိပါသည္ ။ ေငြေၾကးႏွင့္ ပတ္သက္ေသာ လုပ္ငန္း၊ စက္ပစၥည္းႏွင့္ ပတ္သက္ေသာ လုပ္ငန္း လုပ္သူမ်ား ေငြေၾကး ကံေကာင္းမႈ အားနည္းတတ္ ပါသည္ ။

အထူးကံေကာင္းေစေသာယၾတာ - မိမိေမြးေန႔ရက္တြင္ ပန္းအနီေရာင္ (10) ပြင့္ ႏွင့္ ရြက္လွ (10) ၫြန္႔၊ ခ်ိဳခ်ဥ္သၾကားလံုး (10) လံုး ဘုရားတဆူဆူတြင္ ကပ္လွဴ ပူေဇာ္ပါ ။

ၾကာသပေတး သားသမီးမ်ားအတြက္

မိမိဆီမွာ စိတ္ညစ္စရာ ေသာက ေရာက္စရာေတြ ရွိေနတဲ့ အတြက္ စိတ္ေပ်ာ္ေအာင္ ႀကံဖန္ေနမိတတ္ပါ တယ္ ။ ဒါလဲေကာင္းပါတယ္။ ဒါေပမဲ့ အေပ်ာ္မၾကဴးမိဖို႔ လိုပါတယ္ ။ အနားယူၿပီး တရားရႈမွတ္ တရားဘာဝနာပြားမ်ား ေနတာမ်ိဳးက မိမိစိတ္ေလး ၾကည္ေနပါလိမ့္မယ္ ။

စက္ပစၥည္းအသစ္ေတြ ၀င္လာတတ္ ပါတယ္ ။ စက္ပစၥည္းဝယ္ဖို႔ ဆံုးျဖတ္ထားရင္ ဒီကာလက အေကာင္းဆံုးအခ်ိန္ပါပဲ ။ ေငြေၾကးလဲ အဘက္ဘက္က ဝင္လာဖို႔ ရွိေနပါတယ္ ။

က်န္းမာ ေရးကေတာ့ အားနည္းမႈေတြ အျပည့္ပါပဲ ။ က်န္းမာေရး အထူး ဂရုစိုက္ရ ပါလိမ့္မယ္ ။ မထင္မွတ္ဘဲက်န္္းမာေရး ရုတ္ တရက္ညံ့သြားတတ္ လို႔ပါ ။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ အေပၚစိတ္ခုေနတတ္တဲ့ ကာလပါပဲ ။ အခ်စ္ေရးမွာေတာ့ ခ်စ္သူသစ္ ရည္းစားသစ္ဆိုတာမ်ိဳးလဲ ရလြယ္တဲ့ကာလပါပဲ ။ အခ်စ္ေရးလဲ အထူးပဲစန္းပြင့္ေန ပါလိမ့္မယ္ ။ ပညာေရးကေတာ့အေကာင္းဆံုးကာလပါပဲ ။ မိမိရဲ့စူးစမ္းမႈ ႀကိဳးစာမႈေတြ အရာထင္ပါလိမ့္မယ္ ။

အထူးကံေကာင္းေစေသာယၾတာ - ၾကာသပေတး ၿဂိဳဟ္နံဘုရားမွာ သစ္သီး (၉) လံုး ၊ ဖေယာင္းတိုင္ အဝါေရာင္ (5) တိုင္၊ ပန္းအနီေရာင္ (5) ပြင့္ ၊ အေမႊးတိုင္ (5) တိုင္ ထြန္းညိွ့ ပူေဇာ္ေပးပါ ။

ေသာၾကာ သားသမီးမ်ားအတြက္

ဒီကာလအတြင္း အလုပ္ကိစၥေတြ မ်ားေနပါလိမ့္မယ္ ။ စိတ္ပင္ပန္းစရာ လူပင္ပန္းစရာေတြလဲ ႀကံဳရေတြ႔ ရတတ္ပါတယ္ ။ မိမိက လုပ္ငန္းခြင္ တာဝန္ႀကီးႀကီး ယူထားသူဆို အေရးႀကီးတဲ့ ကိစၥမ်ားကို ဆံုးျဖတ္ခ်က္ခ်ေနရပါ လိမ့္မယ္ ။

လိုတာထက္ ပိုၿပီး အပင္ပန္း ခံရမယ္ ဆိုပါက အနားယူခ်ိန္ ကိုလည္း သတ္သတ္ မွတ္မွတ္ထားပါလို႔ ေျပာခ်င္ ပါတယ္ ။ ကိုယ္ပိုင္စီးပြားေရးမ်ား တိုးတတ္ႏိုင္ေပမဲ့ ေရာင္းမွား၀ယ္မွားမျဖစ္ေအာင္သတိထားဖို႔ေတာ့ လိုအပ္ပါ တယ္ ။

က်န္းမာေရးကိုလည္း အရင္ကထက္ ပိုဂရုစိုက္ပါ ။ ေရာဂါ ႀကီးႀကီးမားမား မရွိေပမဲ့ ပန္းဖ်ား ဖ်ားတာမ်ိဳးေတြ ႀကံဳရ တတ္ပါတယ္ ။ ဝန္ထမ္းမ်ားအလုပ္နဲ႔ ပက္သက္ၿပီး အေျပာင္းအလဲ ႀကံဳရတတ္ပါတယ္ ။ ကိုယ္ပိုင္ေငြသံုးစြဲမႈမ်ားလဲ စနစ္က်ဖို႔ လိုပါတယ္ ။

အခ်စ္ေရး အဆင္ေျပႏိုင္ ေပမဲ့ ကိုယ္အလုပ္နဲ႔ ကိုယ္ အခ်စ္ေရးကို အာရံု မစိုက္ႏိုုင္တာမ်ိဳး ျဖစ္ေနပါလိမ့္မယ္ ။ ပညာေရး ကေတာ့ မိမိရဲ့ စိုးရိမ္စိတ္ ကပဲ တြန္းအား တစ္ခုျဖစ္ေစ ပါလိမ့္မယ္ ။ ေငြးေၾကးကိစၥမ်ားလည္း သတိထားေဆာင္ရြက္ရမည့္ ကာလျဖစ္သည္ ။

အထူးကံေကာင္းေစေသာယၾတာ - ပိေတာက္ (၂၁) ညြန္႕ ဘုရားလွဴေပးပါ ။ ပိေတာက္သား ပုတီးနဲ႕ ဗုေဒၶြြါ ဂုဏ္ေတာ္ကုိ တစ္ေန႔ 3 ပတ္ စိတ္ေပးပါ ။ ေမတၱာသုတ္ ၊ ပဌာန္း ကုိ ေန႔စဥ္ ရြတ္ေပးပါ ။

စေန သားသမီးမ်ားအတြက္

မိမိ အတြက္ေတာ့ ဒီကာလဟာ ကံေကာင္းျခင္းေတြ ရွိေနပါလိမ့္မယ္ ။ ေစတနာ ပိုသူအတြက္ ပိုမိုအဆင္ေျပ ပါလိမ့္မယ္ ။

အဓိကေတာ့ ေငြေၾကး လာဘ္လာဘေတြ အထူး ဝင္တတ္ပါတယ္။ ေငြအစုလိုက္ ဝင္ႏိုင္တဲ့ ကာလထဲ ေရာက္ေနပါတယ္ ။ အသင္းအဖြဲ႔နဲ႔ ေပါင္းစုၿပီး လုပ္ရတဲ့ အလုပ္မ်ား ၊ လူမ်ားနဲ႔ တတ္ညီ လက္ညီလုပ္ရတဲ့ စီးပြားမ်ားလဲ အထူးပဲ အက်ိဳးေပး ေအာင္ျမင္ပါလိမ့္မယ္ ။

စပ္တူ အလုပ္မ်ား အက်ိဳးေပးပါလိမ့္မယ္ ။ ပရဟိတအလုပ္မ်ား လူမႈေရးကိစၥမ်ား ကူညီလုပ္ကိုင္ေပးရတာမ်ိဳးလဲ ႀကံဳရဆံုရတတ္ပါတယ္ ။

က်န္းမာေရးကေတာ့ အညံ့အဆိုးနည္း သြားပါၿပီ ။ ေရာဂါေဝဒနာေတြလည္း သက္သာခြင့္ ရပါလိမ့္မယ္ ။ အိမ္ေထာင္ေရးကေတာ့ အနည္းငယ္ အားနည္းေန ပါလိမ့္မယ္ ။ အခ်စ္ေရးကေတာ့ ခ်စ္သူနဲ႔ အလုပ္ေၾကာင့္ ခဏတာေ၀းေနပါလိမ့္မယ္ ။

ပညာေရးအထူးေကာင္းေန ပါလိမ့္မယ္ ။ သင္ယူလြယ္တတ္ေျမာက္လြယ္တဲ့ကာလလို႔ပဲ ေျပာရပါလိမ့္မယ္ ။ မနာလိုသူမ်ားမည့္ ကာလျဖစ္သည္ ။ မိမိ၏ အတြင္းစကား သူတစ္ပါးကို ေျပာျပခ်င္း တိုင္ပင္ ေဆြးေႏြးခ်င္း မျပဳလုပ္သင့္ေသာ ကာလျဖစ္သည္ ။

အထူးကံေကာင္းေစေသာယၾတာ - မိမိ၏ အိမ္ဘုရားစဥ္တြင္ ပန္းအဝါေရာင္ (10) ပြင့္ ၊ ႏြားႏို႔ (5) ခြက္ ၊ ဖေယင္းတိုင္ (3) တိုင္၊ အေမႊးတိုင္ (3) တိုင္ ကပ္လွဴ ပူေဇာ္ေပးပါ ။

ခုႏွစ္ရက္ သားသမီးမ်ားႏွင့္ မိတ္ေဆြမ်ား အားလံုး ကိုယ္စိတ္ႏွစ္ပါး ေအးခ်မ္းပါေစ ... ေသာကဟူသမ်ွ ကင္ေဝးပါေစ ဆႏၵႏွင့္ဘဝ တထပ္တည္းၾကပါေစ ... ပို႔သေမတၱာ ရ႐ွိၿပီး ေန႔ရက္တိုင္း ေပ်ာ္ရႊင္ ခ်မ္းေျမ့ ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္၊၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဗဒင္ႏွင့္လကၡဏာ ဆရာမင္းသုခ

#Unicode Version#
မင်္ဂလာပါ 🙏
မိတ်ဆွေအားလုံးအတွက် Augustလ (8) လပိုင်း အတွက် တလစာ ဟောစာတန်းလေး တင်ပေးလိုက်ပါတယ် ခင်များ

⚛️ 1.8.2018 မှ 31.8.2018 ထိ ခုနှစ်ရက် သားသမီး အားလုံးအတွက် ဟောစာတန်း

မိတ်ဆွေများရဲ့ ဘဝအခက်အခဲ ကောင်းကျိုး ဆိုးကျိုးများကို သေချာ သိရှိနိုင်စေရန် အတွက် ဆရာမင်းသုခ ကိုယ်တိုင် ရေးသားပြုစု ပေးလိုက်ပါတယ် ။ သင်တို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် like and share လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါ ။ ⚛️ ဖတ်ရှုလို့ အားမရခဲ့ဘူး ဆိုရင် ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင် ပါတယ် ။

တနင်္ဂနွေ သားသမီးများအတွက်

လှုပ်လှုပ်ရှားရှား များမဲ့ ကာလပါပဲ ။ သူတစ်ပါး ကိစ္စတွေကို လိုက်ပါ ကူညီ လုပ်ကိုင် ပေးနေရတတ်ပါတယ် ။ အဝေးရောက်နေတဲ့ သူငယ်ချင်းတွေရဲ့ အကူအညီ တောင်းခံခြင်းမျိုး ကြုံရတတ်ပါတယ် ။

လက်လွန်ထားတဲ့ငွေကြေး တွေနဲ့ ပက်သက်ပြီးတော့ အမှုအခင်းတွေ ဖြစ်တတ်ပါတယ် ။ ရစရာ ရှိတဲ့ အရာများ ပြန်ရနိုင်ဖို့ မလွယ်ကူသေးတာမျိုး တွေ့ရပါတယ် ။ ဝန်ထမ်းများ တာဝန်တွေနဲ့ ပိနေတတ် ပါတယ် ။ အလုပ်များပြီး ပင်ပန်းနေရတတ်ပါတယ် ။ ကိုယ်ပိုင် အလုပ်များ အနည်းငယ် ပါးနေတတ်ပါတယ် ။

ကျန်းမာရေးကတော့ မိမိတို့ဖြစ်နေကြရောဂါဟောင်း ဝေဒနာဟောင်း တွေလည်း ပြန်ပေါ်လာတတ်ပါတယ်။ သောက်နေကျ ဆေးလေးတွေတော့ ဆောင်ထားဖို့ လိုအပ်ပါလိမ့်မယ် ။

အိမ်တွင်းရေး အပူ တွေ့တတ်ပါတယ် ။ အိမ်ထောင်ဘက်နဲ့ ကတောက်ကဆ များရတတ်တယ် ။ အချစ်ရေးကတော့ အဆင်ပြေနေသူများ နားလည်မှု အပြည့်နဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ် ။

ပညာရေးမှာ မိမိကိုယ်တိုင်က ဆရာရှင်းပြတာ နားမလည်တာမျိုး ရှိနေပါလိမ့်မယ် ။ အတွေးများမဲ့ ကာလဖြစ်သည်၊၊

အထူး ကံကောင်းစေသော ယတြာ - မိမိ၏ မွေးနေ့တွင် အုန်းညွန့် (6) ညွန့်၊ အောင်သပြေ (5) ညွန့်၊ ဖယောင်းတိုင် (5) တိုင်၊ အမွှေးတိုင် (5) တိုင် ဘုရားတွင် ကပ်လှူ ပူဇော်ပေးပါ ။

တနင်္လာ သားသမီးများအတွက်

အဘက်ဘက်က တိုးတတ် အောင်မြင်နေမဲ့ အချိန်ပါ ။ အထူးသဖြင့် စီးပွားရေးနဲ့ ပက်သက်ပြီး အထူးကောင်းပါ လိမ့်မယ် ။ ကိုယ်ပိုင်အလုပ်များ အဆင်ပြေပါလိမ့်မယ် ။

ဈေးဆိုင်များ ဖောက်သည်သစ် တိုးခြင်း ၊ လူကျခြင်းမျိုးလဲ ကြုံရတွေ့ရတတ် ပါတယ် ။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အကူအညီ အထောက်အပံ့တွေ ရပါလိမ့်မယ် ။ အဆက် အသွယ်ကောင်းတွေ ရတတ်ပါတယ် ။

ဒီကာလမှာ ခရီးသွားဖို့ ကိစ္စတွေလဲ ကြုံရ ပါလိမ့်မယ် ။ ဝန်ထမ်းများ အလုပ်နဲ့ ပက်သက်ပြီး နယ်ခရီး သွားရခြင်းမျိုးတွေ ရှိတတ်ပါတယ် ။

ကျန်းမာရေး အကောင်းဘက်မှာ ရှိနေပါတယ် ။ ဒါပေမဲ့ နောက်ကျမှ ရေချိုးခြင်း ခေါင်းလျှော်ခြင်း မျိုးတွေ မလုပ်မိပါစေနဲ့ ။

အိမ်ထောင်ရေး သာယာပျော်ရွှင်မဲ့ ကာလပါပဲ ။ အတူနေ မောင်နှမတွေနဲ့ အဆင်မပြေတာမျိုးတော့ ရှိတတ်ပါတယ် ။ အချစ်ရေး ကတော့ ချစ်သူရဲ့ ဂရုဏာအကြင်နာ တွေကို ရရှိမဲ့ ကာလပါပဲ ။

ပညာရေး အထူးကောင်းပါတယ် ။ အချစ်ရေး အဆင်မပြေသူများ ရှေ့တိုးရခက် နောက်ဆုတ်ရခက် နေလိမ့်မည် ။ သူငယ်ချင်းတွေနဲ့ အိမ်စာအတူတူလုပ်တာမျိုးကစာပို ရတတ်တဲ့အချိန်ပါ ။ ဘယ်အရာမဆို အခွင့်ရေးဘယ်လောက်ပဲများများရရှိပါစေ သေချာစွာ စဉ်းစားဆုံးဖြတ်ပြီးမှယူသင့်ပါသည်။

အထူးကံကောင်းစေသောယတြာ - ထောပတ်ဆီမီးခွက် (3) ခွက် ၊ သစ်သီး (15) လုံး ၊ သပြေ (15) ညွန့် ကပ်လှူပေးပါ ။

အင်္ဂါ သားသမီးများအတွက်

မိမိ တွေးထင်ထားသလိုမျိုး ဖြစ်တတ်ပါတယ် ။ မကောင်းတဲ့ အယူအဆတွေ အတွေးတွေ အဝင်မခံပါနဲ့ ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးသင့်ပါတယ် ။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေရှိရင် ထိုသားသမီးတွေကြောင့်စိတ်ပူပန်ရတတ်ပါတယ် ။

ရွှေထွက်တတ် ပါလိမ့်မယ် ။ လူမှုရေး ကိစ္စများကြောင့် ခရီးထွက် ရတာမျိုးလဲ တွေ့ရကြုံရတတ် ပါတယ် ။ အလုပ်ပြောင်း အိမ်ပြောင်း နေရာပြောင်း ဆိုတာမျိုးလဲ ကြုံရတွေ့ရ ပါလိမ့်မယ် ။

အထက်လူကြီးက မိမိကို အမြင်မကြည်တာ မျိုးလည်း ဖြစ်ရတတ်ပါတယ် ။ ကျန်းမာရေးကို အနည်းငယ် ဂရုစိုက်ရပါ လိမ့်မယ် ။ လေထိုးလေအောက် ဖြစ်နိုင်တဲ့ အချိန်ပါ ။

ကြွေးယူခြင်း ကြွေးပေးခြင်း လုံးဝမလုပ်ပါနဲ့ ။ အိမ်ထောင်ရေး ကတော့ ညံ့နေဆဲပါ ။ အိမ်ထောင်ဖက်က မိမိကို စိတ်ကုန်နေ ပါလိမ့်မယ် ။

အချစ်ရေးကတော့ အဆိုးထဲကအကောင်း ပါပဲ ။ အချစ်ရေးကံ အကောင်းဆုံး အချိန်ပါ ။ အချစ်ရေးမှာ မိမိမျှော်လင့်သော သူနှင့် ဆုံနိုင်ခွင့် ရှိသည် ။ ပညာရေးကို လိုတာထက် ပိုပြီး ကြိုးစာဖို့ လိုအပ်တဲ့ အချိန် ပါပဲ ။

အထူးကံကောင်းစေသောယတြာ  - ဘုရား တဆူဆူရဲ့ အင်္ဂါထောင့်တွင် ပန်းအနီရောင် (11) ပွင့် အမွှေးနံ့သာ ပက်ဖျန်းပြီး ရေသပ္ပါယ် ပူဇော်ပါ ။

ဗုဒ္ဓဟူး သားသမီးများအတွက်

အရာရာတိုင်း မိမိဆုံးဖြတ်ချက် ကိုပဲ ဦးစားပေးထားစေချင် ပါတယ် ။ ဘယ်သူ့ စကားကိုမှ နားမယောင်မိပါ စေနဲ့ ။ စပ်တူ အလုပ်ရှယ်ယာ အလုပ်များ လုံးဝ မကောင်းသေး ပါဘူး ။

မည်သူ့ဆီမှ အကြံ မတောင်းတာ အကောင်းဆုံး ပါပဲ ။ ဥပဒေနဲ့ ငြိစွန်းတဲ့ လုပ်ငန်းများ ဒီကာလမှာ အပြစ်ပေး အရေးယူခြင်း ခံရတတ် ပါတယ် ။ အလုပ်သစ် စီးပွားသစ် စလိုက်မိပါက ဒီကာလမှာ သေချင်တဲ့ကျား တောပြောင်း ဆိုတာမျိုးလို ဖြစ်ရပါလိမ့်မယ် ။

မိခင်ရဲ့ ကျန်းမာရေး အားနည်း နေတတ်တဲ့ အတွက် ဂရုစိုက်ပေး လိုက်ပါ ။ မိမိကျန်းမာရေး ကတော့ ဝမ်းဗိုက် အစာအိမ်နဲ့ ပက်သက်ပြီး သတိထား ရပါလိမ့်မယ် ။

အလုပ်ထဲမှာ ငွေအရမ်း မြုပ်နေရင်ပြန်ဖော်ရတတ် ပါတယ် ။ အိမ်ထောင်ရေး ကတော့ အကောင်းဆုံး ကာလထဲ ရောက်နေတာပါ ။

အချစ်ရေး မှာတော့ မလွန်ကျူးမိ ပါစေနဲ့ ။ မဖုံနိုင်မဖိနိုင်တဲ့ ကိစ္စမျိုး တွေ့ရကြုံရတတ်တဲ့ ကာလထဲရောက်နေချိန်မို့ပါပဲ ။ ပညာရေးအထူးကောင်းနေပါလိမ့်မယ် ။ ပညာရပ် တခုကို စတင်သင်ကြားဖို့ အကောင်းဆုံးကာလပါပဲ ။

အထူးကံကောင်းစေသောယတြာ - မိမိနေအိမ်ဘုရားတွင် သစ္စာပန်း (11 ပွင့်) နှင့် ကံကော် ( ၁၇ ညွှန့်) ကပ်လှူပူဇော်ပြီး ဗုဒ္ဓေါ ဂုဏ်တော်ကို ပုတီး (၅ ပတ်) စိတ်ပါ ။

ရာဟု သားသမီးများအတွက်

စိတ်ရှုပ်စရာ ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာ ကိစ္စများ ကြုံတတ်သည် ။ သူတစ်ပါး အထင်လွှဲခြင်း ၊ မကောင်းပြောချင်းများ ခံရကိန်း ရှိသည် ။ ချစ်ခင်သူများနှင့် မထင်မှတ်သာ အကြောင်းအရာ များကြောင့် လမ်းခွဲရကိန်းရှိပါသည် ။

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ချစ်သူ ရှိက မထင်မှတ်ဘဲ အဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ် ပါသည် ။  ချစ်သူ မရှိသူများ ကတော့ အချစ်သစ် တွေ့မည် ။ မိမိထက် ငယ်ရွယ်သူများနှင့် အဆင်ပြေတတ် ပါသည်။

အိမ်ထောင်ရှိသူများ ၊ အိမ်ထောင် ရေးအဆင်မပြေ ဖြစ်တတ်သည် ။ ဆန်းပွင့်ခြင်းတို့ ကြုံရကိန်း ရှိသည် ။ ပညာရေး ကံကောင်း ပါသည် ။ သင်တန်း ကိစ္စ၊ အင်တာဗျူးကိစ္စများ အဆင်ပြေ အောင်မြင်ကိန်း ရှိပါသည် ။

ငွေရေး၊ ကြေးရေး ကံကောင်းပါမည် ။ အကြွေးတင်ခြင်း၊ အကြွေးပေးစရာ ရှိခြင်းများ ကြုံရတတ်ပါသည် ။ ငွေရေးကြေးရေးနှင့် ကိစ္စနှင့် ပတ်သက်ပြီ အထူး ဂရုစိုက်ရပါမည် ။

အလုပ်အကိုင်များလည်း အဆင်ပြေမလိုလိုနှင့် အဆင်မပြေဖြစ်တတ်သည်။ အစိုးရနှင့် ပတ်သက်သော လုပ်ငန်းများ အောင်မြင်ကိန်း ရှိပါသည် ။ ငွေကြေးနှင့် ပတ်သက်သော လုပ်ငန်း၊ စက်ပစ္စည်းနှင့် ပတ်သက်သော လုပ်ငန်း လုပ်သူများ ငွေကြေး ကံကောင်းမှု အားနည်းတတ် ပါသည် ။

အထူးကံကောင်းစေသောယတြာ - မိမိမွေးနေ့ရက်တွင် ပန်းအနီရောင် (10) ပွင့် နှင့် ရွက်လှ (10) ညွန့်၊ ချိုချဉ်သကြားလုံး (10) လုံး ဘုရားတဆူဆူတွင် ကပ်လှူ ပူဇော်ပါ ။

ကြာသပတေး သားသမီးများအတွက်

မိမိဆီမှာ စိတ်ညစ်စရာ သောက ရောက်စရာတွေ ရှိနေတဲ့ အတွက် စိတ်ပျော်အောင် ကြံဖန်နေမိတတ်ပါ တယ် ။ ဒါလဲကောင်းပါတယ်။ ဒါပေမဲ့ အပျော်မကြူးမိဖို့ လိုပါတယ် ။ အနားယူပြီး တရားရှုမှတ် တရားဘာဝနာပွားများ နေတာမျိုးက မိမိစိတ်လေး ကြည်နေပါလိမ့်မယ် ။

စက်ပစ္စည်းအသစ်တွေ ဝင်လာတတ် ပါတယ် ။ စက်ပစ္စည်းဝယ်ဖို့ ဆုံးဖြတ်ထားရင် ဒီကာလက အကောင်းဆုံးအချိန်ပါပဲ ။ ငွေကြေးလဲ အဘက်ဘက်က ဝင်လာဖို့ ရှိနေပါတယ် ။

ကျန်းမာ ရေးကတော့ အားနည်းမှုတွေ အပြည့်ပါပဲ ။ ကျန်းမာရေး အထူး ဂရုစိုက်ရ ပါလိမ့်မယ် ။ မထင်မှတ်ဘဲကျန်းမာရေး ရုတ် တရက်ညံ့သွားတတ် လို့ပါ ။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် အပေါ်စိတ်ခုနေတတ်တဲ့ ကာလပါပဲ ။ အချစ်ရေးမှာတော့ ချစ်သူသစ် ရည်းစားသစ်ဆိုတာမျိုးလဲ ရလွယ်တဲ့ကာလပါပဲ ။ အချစ်ရေးလဲ အထူးပဲစန်းပွင့်နေ ပါလိမ့်မယ် ။ ပညာရေးကတော့အကောင်းဆုံးကာလပါပဲ ။ မိမိရဲ့စူးစမ်းမှု ကြိုးစာမှုတွေ အရာထင်ပါလိမ့်မယ် ။

အထူးကံကောင်းစေသောယတြာ - ကြာသပတေး ဂြိုဟ်နံဘုရားမှာ သစ်သီး (၉) လုံး ၊ ဖယောင်းတိုင် အဝါရောင် (5) တိုင်၊ ပန်းအနီရောင် (5) ပွင့် ၊ အမွှေးတိုင် (5) တိုင် ထွန်းညှိ့ ပူဇော်ပေးပါ ။

သောကြာ သားသမီးများအတွက်

ဒီကာလအတွင်း အလုပ်ကိစ္စတွေ များနေပါလိမ့်မယ် ။ စိတ်ပင်ပန်းစရာ လူပင်ပန်းစရာတွေလဲ ကြုံရတွေ့ ရတတ်ပါတယ် ။ မိမိက လုပ်ငန်းခွင် တာဝန်ကြီးကြီး ယူထားသူဆို အရေးကြီးတဲ့ ကိစ္စများကို ဆုံးဖြတ်ချက်ချနေရပါ လိမ့်မယ် ။

လိုတာထက် ပိုပြီး အပင်ပန်း ခံရမယ် ဆိုပါက အနားယူချိန် ကိုလည်း သတ်သတ် မှတ်မှတ်ထားပါလို့ ပြောချင် ပါတယ် ။ ကိုယ်ပိုင်စီးပွားရေးများ တိုးတတ်နိုင်ပေမဲ့ ရောင်းမှားဝယ်မှားမဖြစ်အောင်သတိထားဖို့တော့ လိုအပ်ပါ တယ် ။

ကျန်းမာရေးကိုလည်း အရင်ကထက် ပိုဂရုစိုက်ပါ ။ ရောဂါ ကြီးကြီးမားမား မရှိပေမဲ့ ပန်းဖျား ဖျားတာမျိုးတွေ ကြုံရ တတ်ပါတယ် ။ ဝန်ထမ်းများအလုပ်နဲ့ ပက်သက်ပြီး အပြောင်းအလဲ ကြုံရတတ်ပါတယ် ။ ကိုယ်ပိုင်ငွေသုံးစွဲမှုများလဲ စနစ်ကျဖို့ လိုပါတယ် ။

အချစ်ရေး အဆင်ပြေနိုင် ပေမဲ့ ကိုယ်အလုပ်နဲ့ ကိုယ် အချစ်ရေးကို အာရုံ မစိုက်နိုင်တာမျိုး ဖြစ်နေပါလိမ့်မယ် ။ ပညာရေး ကတော့ မိမိရဲ့ စိုးရိမ်စိတ် ကပဲ တွန်းအား တစ်ခုဖြစ်စေ ပါလိမ့်မယ် ။ ငွေးကြေးကိစ္စများလည်း သတိထားဆောင်ရွက်ရမည့် ကာလဖြစ်သည် ။

အထူးကံကောင်းစေသောယတြာ - ပိတောက် (၂၁) ညွန့် ဘုရားလှူပေးပါ ။ ပိတောက်သား ပုတီးနဲ့ ဗုဒ္ဓေွါ ဂုဏ်တော်ကို တစ်နေ့ 3 ပတ် စိတ်ပေးပါ ။ မေတ္တာသုတ် ၊ ပဌာန်း ကို နေ့စဉ် ရွတ်ပေးပါ ။

စနေ သားသမီးများအတွက်

မိမိ အတွက်တော့ ဒီကာလဟာ ကံကောင်းခြင်းတွေ ရှိနေပါလိမ့်မယ် ။ စေတနာ ပိုသူအတွက် ပိုမိုအဆင်ပြေ ပါလိမ့်မယ် ။

အဓိကတော့ ငွေကြေး လာဘ်လာဘတွေ အထူး ဝင်တတ်ပါတယ်။ ငွေအစုလိုက် ဝင်နိုင်တဲ့ ကာလထဲ ရောက်နေပါတယ် ။ အသင်းအဖွဲ့နဲ့ ပေါင်းစုပြီး လုပ်ရတဲ့ အလုပ်များ ၊ လူများနဲ့ တတ်ညီ လက်ညီလုပ်ရတဲ့ စီးပွားများလဲ အထူးပဲ အကျိုးပေး အောင်မြင်ပါလိမ့်မယ် ။

စပ်တူ အလုပ်များ အကျိုးပေးပါလိမ့်မယ် ။ ပရဟိတအလုပ်များ လူမှုရေးကိစ္စများ ကူညီလုပ်ကိုင်ပေးရတာမျိုးလဲ ကြုံရဆုံရတတ်ပါတယ် ။

ကျန်းမာရေးကတော့ အညံ့အဆိုးနည်း သွားပါပြီ ။ ရောဂါဝေဒနာတွေလည်း သက်သာခွင့် ရပါလိမ့်မယ် ။ အိမ်ထောင်ရေးကတော့ အနည်းငယ် အားနည်းနေ ပါလိမ့်မယ် ။ အချစ်ရေးကတော့ ချစ်သူနဲ့ အလုပ်ကြောင့် ခဏတာဝေးနေပါလိမ့်မယ် ။

ပညာရေးအထူးကောင်းနေ ပါလိမ့်မယ် ။ သင်ယူလွယ်တတ်မြောက်လွယ်တဲ့ကာလလို့ပဲ ပြောရပါလိမ့်မယ် ။ မနာလိုသူများမည့် ကာလဖြစ်သည် ။ မိမိ၏ အတွင်းစကား သူတစ်ပါးကို ပြောပြချင်း တိုင်ပင် ဆွေးနွေးချင်း မပြုလုပ်သင့်သော ကာလဖြစ်သည် ။

အထူးကံကောင်းစေသောယတြာ - မိမိ၏ အိမ်ဘုရားစဉ်တွင် ပန်းအဝါရောင် (10) ပွင့် ၊ နွားနို့ (5) ခွက် ၊ ဖယေင်းတိုင် (3) တိုင်၊ အမွှေးတိုင် (3) တိုင် ကပ်လှူ ပူဇော်ပေးပါ ။

ခုနှစ်ရက် သားသမီးများနှင့် မိတ်ဆွေများ အားလုံး ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ ... သောကဟူသမျှ ကင်ဝေးပါစေ ဆန္ဒနှင့်ဘဝ တထပ်တည်းကြပါစေ ... ပို့သမေတ္တာ ရရှိပြီး နေ့ရက်တိုင်း ပျော်ရွှင် ချမ်းမြေ့ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊၊

ဖိုးသူတော် (www.phothutaw.com)
Credit: ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသုခ


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top