iMyanmarHouse.com - Best Property Website for Myanmar
×

ယခုရက္ပုိင္း သင့္မွာ စိတ္ဒြိဟ ျဖစ္စရာေတြ ရွိတတ္ပါတယ္။ ေငြေၾကးကံ သင့္ေပမယ့္ ရင္းႏွီးလုိ႔ ေပးထားတဲ့ ေငြေတြ လုိေနခ်ိန္မွာ ျပန္မရျဖစ္လုိ႔ သင္ စိတ္ညစ္ရတတ္သလုိ အလုပ္အကုိင္မွာ လူမႈေရးမွာ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ေပၚလာတတ္ပါတယ္။

ယခုရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လုိေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တုိင္ပင္ေဆာင္ရြက္ပါ။ ဒီအခ်ိန္က ဘယ္အရာမဆုိ ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္တဲ့ ကာလပါ။

ဒီကာလမွာ ႏုိင္ငံျခား ထြက္ဖုိ႔ ျပင္ေနတဲ့သူေတြ အဆင္ေျပေခ်ာေမြ႕ၿပီး လုိရာခရီး ေရာက္ပါလိမ့္မယ္။ ၀န္ထမ္းေတြ ေနရာအေျပာင္းအေရႊ႕ ရွိေနပါတယ္။ ဒီကာလမွာ ပညာေရးကေတာ့ သင့္ပါတယ္။

က်န္းမာေရးကေတာ့ အေကာင္းအဆုိး တလွည့္ၾကား ေနရထုိင္ရ ခက္ေနတတ္သလုိ သြား၊ နား စတဲ့ ေနရာေတြမွာ ျဖစ္တတ္ပါတယ္။

အိမ္ေထာင္၊ ခ်စ္သူမ်ားအၾကား သိပ္ေ၀းေနရင္ မေကာင္းပါဘူး။ အၿပီးတုိင္ေ၀းတတ္တဲ့ ကာလျဖစ္လုိ႔ သတိျပဳသင့္ပါတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ဗုဒၶဟူးနံ အသီးအရြက္အညႊန္႔မ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာ လုိသူမ်ား ။ ။ သံဃာေတာ္မ်ားကုိ ထီး၊ ဖိနပ္၊ သကၤန္း ကပ္လွဴပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။ ။ ဘုရားရွင္အား နံနက္ေစာေစာ ေသာက္ေတာ္ေရခ်မ္း ကပ္လွဴကာ အရဟံဂုဏ္ေတာ္ သက္ေစ့ပုတီးစိပ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲမွ ရွိေနသည့္ စေနနံ ပစၥည္းအေဟာင္းအပ်က္မ်ားကုိ ရွာ၍ အိမ္၀င္းအျပင္သုိ႔ လႊင့္ပစ္ပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား ။ ။ မနက္မုိးလင္းကတည္းက သမၺဳေဒၶဂါထာကုိ သတိရတုိင္း ရြတ္ဆုိေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထုိးပါ။ ေညာင္ေထာက္ေပးပါ။

ထီကံေကာင္း လုိသူမ်ား ။ ။ ေမြးေန႔ ေမြးရက္တြင္ ၅/ ၆ ဂဏန္း မ်ားမ်ားပါသည့္ ထီကုိထုိးပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Loveshorts

#Unicode Version#
ယခုရက်ပိုင်း သင့်မှာ စိတ်ဒွိဟ ဖြစ်စရာတွေ ရှိတတ်ပါတယ်။ ငွေကြေးကံ သင့်ပေမယ့် ရင်းနှီးလို့ ပေးထားတဲ့ ငွေတွေ လိုနေချိန်မှာ ပြန်မရဖြစ်လို့ သင် စိတ်ညစ်ရတတ်သလို အလုပ်အကိုင်မှာ လူမှုရေးမှာ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ပေါ်လာတတ်ပါတယ်။

ယခုရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ဒီအချိန်က ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်တဲ့ ကာလပါ။

ဒီကာလမှာ နိုင်ငံခြား ထွက်ဖို့ ပြင်နေတဲ့သူတွေ အဆင်ပြေချောမွေ့ပြီး လိုရာခရီး ရောက်ပါလိမ့်မယ်။ ဝန်ထမ်းတွေ နေရာအပြောင်းအရွှေ့ ရှိနေပါတယ်။ ဒီကာလမှာ ပညာရေးကတော့ သင့်ပါတယ်။

ကျန်းမာရေးကတော့ အကောင်းအဆိုး တလှည့်ကြား နေရထိုင်ရ ခက်နေတတ်သလို သွား၊ နား စတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။

အိမ်ထောင်၊ ချစ်သူများအကြား သိပ်ဝေးနေရင် မကောင်းပါဘူး။ အပြီးတိုင်ဝေးတတ်တဲ့ ကာလဖြစ်လို့ သတိပြုသင့်ပါတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ဗုဒ္ဓဟူးနံ အသီးအရွက်အညွှန့်များဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာ လိုသူများ ။ ။ သံဃာတော်များကို ထီး၊ ဖိနပ်၊ သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ ဘုရားရှင်အား နံနက်စောစော သောက်တော်ရေချမ်း ကပ်လှူကာ အရဟံဂုဏ်တော် သက်စေ့ပုတီးစိပ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲမှ ရှိနေသည့် စနေနံ ပစ္စည်းအဟောင်းအပျက်များကို ရှာ၍ အိမ်ဝင်းအပြင်သို့ လွှင့်ပစ်ပါ။

လူမှုရေး အတိုက်အခံ များသူများ ။ ။ မနက်မိုးလင်းကတည်းက သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်း ရွတ်ဆိုပေးပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ ညောင်ထောက်ပေးပါ။

ထီကံကောင်း လိုသူများ ။ ။ မွေးနေ့ မွေးရက်တွင် ၅/ ၆ ဂဏန်း များများပါသည့် ထီကိုထိုးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Loveshorts


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top