iMyanmarHouse.com - Best Property Website for Myanmar
×

ယခု ရက္ပိုင္း လုပ္ငန္းခြင္မွာ သင့္အတြက္ အခြင့္အလမ္း ေကာင္းေတြ ဆက္တိုက္ ေပၚထြက္လာမယ့္ ကာလ ျဖစ္ေနပါတယ္။ ေငြကံက အရမ္း ေကာင္းေနလို႔ စုေဆာင္းရမယ့္ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ရမယ့္ အခ်ိန္အခါပါ။

ဒီအခ်ိန္ အရင္က ရည္ရြယ္ထားတဲ့ လုပ္ငန္းေတြ၊ ေနရာသစ္ ေရႊ႕တာေတြ၊ အလုပ္အကိုင္ ေျပာင္းေရႊ႕တာေတြ၊ လုပ္ငန္း တိုးခ်ဲ႕တာေတြ လုပ္ကိုင္သင့္တဲ့ အခ်ိန္ ကာလပါ။ လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ေနသူေတြ ဝန္ထမ္းေတြ ဒီကာလမွာ နာမည္ ဂုဏ္သတင္း ထင္ရွားမယ့္ ကိန္း ရွိပါတယ္။

ဘာလုပ္လုပ္ တစ္ခါတည္းမၿပီးတာ ဒီအခ်ိန္ ကာလပါ။ အနည္းဆံုး ႏွစ္ခါေလာက္ လုပ္ရတတ္ပါတယ္။ ဒီကာလမွာ အၿပိဳင္အဆိုင္မ်ားလို႔ ရန္မ်ားတတ္ပါတယ္။ ယခု ရက္ပိုင္းအတြင္း သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေဆြးေႏြးသင့္တဲ့ ေန႔နံသမားက တနလၤာ သားသမီးေတြပါ။

ခရီးထြက္တာေတြ၊ ဘုရားဖူး သြားရတာေတြ ေပၚတတ္ပါတယ္။ စပ္တူလုပ္ရတဲ့ အလုပ္ေတြ၊ ေဆာက္လုပ္ေရးေတြ၊ အိမ္ၿခံေျမယာ အေရာင္းအဝယ္သမားေတြ ခဏ ရပ္ထားပါအုံး။ အခ်ိန္ကို ေစာင့္လိုက္တာက သင့္ကို အက်ိဳးေပးပါတယ္။

ယခု ကာလမွာ အႏုပညာ၊ ကား၊ အလွကုန္၊ ကြန္ပ်ဴတာ စတဲ့ အလုပ္ေတြ အက်ိဳးေပးပါလိမ့္မယ္။ ေငြကံေကာင္း လြန္းေနလို႔ ထီထိုးသင့္ ပါတယ္။ ပညာေရးက ေကာင္းေနပါတယ္။

အိမ္ေထာင္ရွင္မ်ား စိတ္ညစ္ရသေလာက္ ခ်စ္သူမ်ား အတြက္ကေတာ့ ေန႔တိုင္း ေပ်ာ္စရာ ျဖစ္ေနတဲ့ အခ်ိန္ကာလပါ။ က်န္းမာေရးမွာ အပူေၾကာင့္ျဖစ္တဲ့ ေရာဂါ၊ ေလေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါကို သတိျပဳသင့္ပါတယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား ခေရပန္းကံုး ျဖစ္ေစ၊ ခေရပန္းျဖစ္ေစ ပန္းကန္ျဖင့္ထည့္၍ ကပ္လွဴကာ ရွင္သီဝလီဂါထာကို သက္ေစ့ ရြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာ လိုသူမ်ား ။ ။ လမ္းထဲ ဆြမ္းဆန္ၾကြသည့္ သီလရွင္ ဆရာေလးမ်ားကို ဆြမ္းကပ္ကာ ထီး၊ ဖိနပ္ လွဴပါေလ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။ ။ တနလၤာနံ ဘုရားေစတီသုိ႔သြားကာ ဇီးခက္ပါသည့္ ပန္းေပါင္းစုံကုိ ကပ္လွဴၿပီး အလုပ္အကုိင္အတြက္ ဆုေတာင္းေပးပါ။

အိမ္ေထာင္ေရး၊ ႏွလံုးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ထဲရွိ စေနနံ ပစၥည္း အပ်က္၊ ေရႊေရာင္ပစၥည္း အေဟာင္းမ်ားကို စြန္႔ပစ္ပါ။

လူမႈေရး အတိုက္အခံ မ်ားသူမ်ား ။ ။ ဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမိႈက္မ်ား ေကာက္ျခင္းအား ျပဳလုပ္ေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။ ။ ေစ်းထဲတြင္ ေရသတၱဝါအရွင္မ်ား ေတြ႕ပါက ဝယ္ၿပီး ဇီဝိတဒါနအျဖစ္ လႊတ္ေပးပါ။

ထီကံေကာင္း လိုသူမ်ား ။ ။ တြန္းလွည္းျဖင့္ ေရာင္းသည့္ ထီဆိုင္ ေတြ႕ပါက ၂/ ၃/ ၇ ဂဏန္း မ်ားမ်ားပါေသာ ထီကို ထိုးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Loveshorts

#Unicode Version#
ယခု ရက်ပိုင်း လုပ်ငန်းခွင်မှာ သင့်အတွက် အခွင့်အလမ်း ကောင်းတွေ ဆက်တိုက် ပေါ်ထွက်လာမယ့် ကာလ ဖြစ်နေပါတယ်။ ငွေကံက အရမ်း ကောင်းနေလို့ စုဆောင်းရမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရမယ့် အချိန်အခါပါ။

ဒီအချိန် အရင်က ရည်ရွယ်ထားတဲ့ လုပ်ငန်းတွေ၊ နေရာသစ် ရွှေ့တာတွေ၊ အလုပ်အကိုင် ပြောင်းရွှေ့တာတွေ၊ လုပ်ငန်း တိုးချဲ့တာတွေ လုပ်ကိုင်သင့်တဲ့ အချိန် ကာလပါ။ လူမျိုးခြားနဲ့ လုပ်ကိုင်နေသူတွေ ဝန်ထမ်းတွေ ဒီကာလမှာ နာမည် ဂုဏ်သတင်း ထင်ရှားမယ့် ကိန်း ရှိပါတယ်။

ဘာလုပ်လုပ် တစ်ခါတည်းမပြီးတာ ဒီအချိန် ကာလပါ။ အနည်းဆုံး နှစ်ခါလောက် လုပ်ရတတ်ပါတယ်။ ဒီကာလမှာ အပြိုင်အဆိုင်များလို့ ရန်များတတ်ပါတယ်။ ယခု ရက်ပိုင်းအတွင်း သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ ဆွေးနွေးသင့်တဲ့ နေ့နံသမားက တနင်္လာ သားသမီးတွေပါ။

ခရီးထွက်တာတွေ၊ ဘုရားဖူး သွားရတာတွေ ပေါ်တတ်ပါတယ်။ စပ်တူလုပ်ရတဲ့ အလုပ်တွေ၊ ဆောက်လုပ်ရေးတွေ၊ အိမ်ခြံမြေယာ အရောင်းအဝယ်သမားတွေ ခဏ ရပ်ထားပါအုံး။ အချိန်ကို စောင့်လိုက်တာက သင့်ကို အကျိုးပေးပါတယ်။

ယခု ကာလမှာ အနုပညာ၊ ကား၊ အလှကုန်၊ ကွန်ပျူတာ စတဲ့ အလုပ်တွေ အကျိုးပေးပါလိမ့်မယ်။ ငွေကံကောင်း လွန်းနေလို့ ထီထိုးသင့် ပါတယ်။ ပညာရေးက ကောင်းနေပါတယ်။

အိမ်ထောင်ရှင်များ စိတ်ညစ်ရသလောက် ချစ်သူများ အတွက်ကတော့ နေ့တိုင်း ပျော်စရာ ဖြစ်နေတဲ့ အချိန်ကာလပါ။ ကျန်းမာရေးမှာ အပူကြောင့်ဖြစ်တဲ့ ရောဂါ၊ လေကြောင့် ဖြစ်တတ်တဲ့ ရောဂါကို သတိပြုသင့်ပါတယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား ခရေပန်းကုံး ဖြစ်စေ၊ ခရေပန်းဖြစ်စေ ပန်းကန်ဖြင့်ထည့်၍ ကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာ လိုသူများ ။ ။ လမ်းထဲ ဆွမ်းဆန်ကြွသည့် သီလရှင် ဆရာလေးများကို ဆွမ်းကပ်ကာ ထီး၊ ဖိနပ် လှူပါလေ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။ ။ တနင်္လာနံ ဘုရားစေတီသို့သွားကာ ဇီးခက်ပါသည့် ပန်းပေါင်းစုံကို ကပ်လှူပြီး အလုပ်အကိုင်အတွက် ဆုတောင်းပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ထဲရှိ စနေနံ ပစ္စည်း အပျက်၊ ရွှေရောင်ပစ္စည်း အဟောင်းများကို စွန့်ပစ်ပါ။

လူမှုရေး အတိုက်အခံ များသူများ ။ ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များ ကောက်ခြင်းအား ပြုလုပ်ပေးပါ။

ကျန်းမာရေး မကောင်းသူများ ။ ။ ဈေးထဲတွင် ရေသတ္တဝါအရှင်များ တွေ့ပါက ဝယ်ပြီး ဇီဝိတဒါနအဖြစ် လွှတ်ပေးပါ။

ထီကံကောင်း လိုသူများ ။ ။ တွန်းလှည်းဖြင့် ရောင်းသည့် ထီဆိုင် တွေ့ပါက ၂/ ၃/ ၇ ဂဏန်း များများပါသော ထီကို ထိုးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Loveshorts
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top