ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အဆိုေတာ္တစ္ဦးျဖစ္္တဲ့ Ah Boy ကေတာ့ လတ္တေလာမွာ “ဘယ္ေတာ့မွ နဂိုအတိုင္းျပန္မေကာင္းနိုင္ေတာ့တဲ့ မေပါ့ဆသင့္ေသာေရာဂါ” ဆိုျပီး သူကိုယ္တိုင္ ခံစားေနရတဲ့ ေရာဂါတစ္ခုအေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ပရိသတ္ေတြအတြက္ ေဝမွ်ေပးထားတာပါ။ Ah Boy ကေတာ့ ေရာဂါျဖစ္ေနတာကို သူကိုယ္တိုင္ေတာင္မသိပဲေနေနရာက ေဆးရံုျပၾကည့္မွ ဘယ္ေတာ့မွ နဂိုအတိုင္း ျပန္မေကာင္းႏိုင္ေတာ့ဘူးဆိုုတာကို သိခဲ့ရတာျဖစ္ျပီး ပရိသတ္ေတြကိုလည္း ဆင္ျခင္စရာရွိတာဆင္ျခင္ရေစဖို႔အတြက္ ျပန္ျပီး Sharing လုပ္ေပးထားတာပဲျဖစ္ပါတယ္။

Ah Boy ကေတာ့ “လြန္ခဲ့ေသာ ၂ ပတ္ေလာက္က က်ေနာ္ရဲ႕ ခါးရိုးအလယ္ကေန လည္ပင္းဇက္နားတစ္ေလွ်ာက္ထိ နာက်င္ၿပီး မေအာင့္စဖူးေအာင့္လာပါတယ္။ အဆိုးဆုံးခံစားရတဲ့ အခ်ိန္ကေတာ့ မနက္မိုးလင္း ကုတင္ေပၚမွ အိပ္ရာထခ်ိန္ပါပဲ။ ေက်ာရိုးကပဲ ေအာင့္သလိုလို… ႂကြက္သားေတြကပဲနာသလိုလို။ ၿပီးေတာ့ ရုံးမွာ Computer (သို႔) ဖုန္းသုံးရင္လည္း မ်က္ရိုးေတြကိုက္ၿပီး ေခါင္းမူးလာသလိုခံစားလာရပါတယ္။ Gym မွာ ဝိတ္ေတြအရမ္းမၿပီး မေတာ္တဆရိုးရိုးဒဏ္ျဖစ္သြားတယ္ပဲထင္လို႔ ဒီအတိုင္း အေလးမထားပဲေနမိလိုက္တယ္။

တစ္ေန႔တစ္ျခား မသက္သာပဲ ပိုဆိုးလာပါေတာ့တယ္။ ဘန္ေကာက္ကို အစည္းအေဝး ကိစၥနဲ႔ ေရာက္သြားေတာ့… အိမ္က အေမ နဲ႔ ျမတ္က ေဆးရုံ တစ္ခ်က္ေလာက္သြားျပၾကည့္ပါဆိုၿပီး ေသခ်ာေျပာၿပီးမွာေနလို႔… က်ေနာ္လည္း အစည္းအေဝးၿပီးတာနဲ႔ Samitivej ေဆးရုံကို သူငယ္ခ်င္း အကူအညီနဲ႔ Booking တင္ၿပီး ညေနဘက္မွာထိုင္တဲ့ အရိုးအေၾကာအထူးကုဆရာဝန္တစ္ေယာက္နဲ႔သြားျပလိုက္ပါတယ္။ က်ေနာ္ နာက်င္တဲ့အေၾကာင္း အေသးစိပ္အား ဆရာဝန္ကို ေသခ်ာရွင္းျပၿပီးေတာ့… က်ေနာ့္ကို X-Ray ဓါတ္မွန္ခ်က္ခ်င္းရိုက္ခိုင္းပါတယ္။ ရိုက္ၿပီးၿပီးခ်င္းပဲ သူ႕ရဲ႕ Computer Screen ေပၚတင္ၿပီး ဆရာဝန္ဟာက်ေနာ့္ကို နာရီဝက္ေက်ာ္မက ေသခ်ာရွင္းျပပါတယ္။

ပထမပုံက သာမန္ လူတစ္ေယာက္ လည္ပင္းရဲ႕ ေကာင္းမြန္ေနေသာ အရိုးအေျခအေနပုံပါ။ အရိုးဟာ သူ႕သေဘာသဘာဝအရ အေနာက္ကို အနည္းငယ္ေကာက္ေနရပါတယ္။

အခုက်ေနာ့္ရဲ႕ ဓါတ္မွန္အေျဖလႊာ ဒုတိယပုံကို ၾကည့္ၾကည့္ပါ။ လည္ပင္းအရိုးဟာ အေနာက္ကို ေကာက္မေနပဲ အေရွ႕ကို ငိုက္ဆိုက္ေနပါတယ္။

ျမင္ျမင္ခ်င္း က်ေနာ္ အရမ္းကိုလန္႔သြားပါတယ္။ ဆရာဝန္ႀကီးက ဒီေရာဂါကို Cervical Spondylosis ျမန္မာလို က်ီးေပါင္း လို႔ေခၚပါတယ္။ က်ီးေပါင္းလို႔ေျပာလိုက္ရင္ က်ေနာ္တို႔ ေတာ္ေတာ္မ်ားမ်ားဟာ ဒီေဝါဟာရကို နားယဥ္ၾကပါတယ္… ပတ္ဝန္းက်င္ကေန ခဏခဏၾကားဖူးေနလို႔ပါပဲ။ ဘာမွန္းသာ ေသခ်ာမသိတာပါ။ ဆရာဝန္က ပုံထဲမွာ ျမင္ရတဲ့ လည္ပင္းရိုးရဲ႕ အဆစ္တစ္ခုနဲ႔ တစ္ခုၾကားမွာ Disc (ျမန္မာလို က်ေနာ္မေခၚတတ္ပါ) အဲဒီ Disc ေတြဟာကုန္သြားၿပီး ၾကားခံမရွိေတာ့လို႔ အရိုးဆစ္ေတြဟာ တစ္ခုေပၚတစ္ခုဖိလာၿပီး ငိုက္ဆိုက္လာရခ်င္းျဖစ္တယ္လို႔ ရွင္းျပပါတယ္။ ပုံမွန္ဆိုရင္ ဒီေရာဂါဟာ အသက္ႀကီးပိုင္း လူႀကီးေတြမွာမွ ျဖစ္ေလ့ျဖစ္ထရွိပါတယ္ (လူႀကီးတိုင္းလည္း မဟုတ္ပါ)။ က်ေနာ္ အသက္ ၃၂ မွာျဖစ္တာဟာ အရမ္းေစာပါတယ္လို႔ ဆရာဝန္က ေျပာပါတယ္။

အဲဒီလို အရိုးဆစ္ေတြ ငိုက္ဆိုက္လာတဲ့အခ်ိန္မွာ ဆက္ႏြယ္ေနတဲ့ ႂကြက္သားေတြ၊ အေၾကာေတြဟာ တန္ျပန္ျပန္ဆြဲရလို႔ နာက်င္လာရခ်င္းျဖစ္တယ္လို႔ ေသခ်ာရွင္းျပပါတယ္။ ဒီထက္ပိုဆိုးလာလို႔ လက္ေတြမွာပါ နာက်င္မႈေတြခံစားလာရမယ္ဆိုရင္ေတာ့ ခြဲစိတ္ကုသမွရမယ္လို႔ ရွင္းျပပါတယ္။ ဒါကေတာ့ အဆိုးဆုံး အေျခအေနပါ။နဂိုအေျခအေနကို ဘယ္ေတာ့မွ ျပန္မေရာက္နိုင္ပဲ ဒီထက္မဆိုးေအာင္ ဆက္ထိန္းနိုင္ဖို႔ပဲလုပ္ေဆာင္လို႔ရေတာ့မယ္လို႔ေျပာပါတယ္။ ခႏၶာကိုယ္ကို ပုံမွန္ထက္ ျမန္ျမန္အိုမင္းရင့္ေရာေစနိုင္တဲ့ က်ေနာ္ ၁၆ နွစ္ေလာက္ စြဲစြဲၿမဲၿမဲေသာက္ေနတဲ့ ေဆးလိပ္ကို အရင္ျဖတ္ခိုင္းပါတယ္။

က်ေနာ္ နိစၥဓူဝ Computer ေရွ႕မွာ ထိုင္ရင္ျဖစ္ျဖစ္… စာအုပ္ (သို႔) ဖုန္း သုံးရင္ျဖစ္ျဖစ္ ဇက္ကို ေအာက္သို႔ ငိုက္ဆိုက္ၿပီး မ်က္လုံး အားစိုက္တာေတြကို အတတ္နိုင္ဆုံးဂရုျပဳၿပီးေရွာင္ၾကဥ္ခိုင္းပါတယ္။ခရီးသြားတာမ်ားတဲ့ က်ေနာ့္ကို ကား (သို႔) ေလယဥ္ေပၚတြင္ ျဖစ္သလို ဇက္အေနအထားကို ထားၿပီး မအိပ္ဖို႔။ဇက္ကို လုံးဝ နိွပ္နယ္ခ်င္းမျပဳဖို႔… ႏိွပ္နယ္ခ်င္းဟာ အဲဒီခ်ိန္ေတာအတြင္းသာ သက္သာေစၿပီး အနာကိုပိုဆိုးေစတယ္လို႔ ေသခ်ာရွင္းျပၿပီး အနာသက္သာေစရန္ ေသာက္ေဆးနဲ႔ လိမ္းေဆးေပးလိုက္ပါတယ္။အေရးႀကီးဆုံးကေတာ့ လည္ပင္းကို ပုံမွန္ေလ့က်င့္ခန္းလုပ္ၿပီး ဂရုတစိုက္ေနဖို႔ မွာလိုက္ပါတယ္။က်ေနာ္အခု ရန္ကုန္က ေဆးရုံတစ္ခုနဲ႔ ခ်ိတ္ဆက္ေနၿပီး ပုံမွန္လုပ္ရမယ့္ ေလ့က်င့္ခန္းနဲ႔ ေဆာင္ရန္ ေရွာင္ရန္ေတြကို Physiotherapist မ်ားမွအနီးကတ္ေလ့လာၿပီး ေနာင္တြင္ ျပန္လည္ေဝမွ်သြားပါမယ္။” ဆိုျပီး ေသေသခ်ာခ်ာနဲ႔ စိတ္ရွည္လက္ရွည္ပဲ သူ႔ရဲ႕အေတြ႔အၾကံုကို Sharing လုပ္ေပးခဲ့တာပါ။

ဆက္ျပီးေတာ့လည္း Ah Boy က “က်ေနာ္ဟာ ဆရာဝန္တစ္ေယာက္ မဟုတ္တဲ့အတြက္ အခုလို ျပန္လည္မွ်ေဝ ရွင္းျပခ်ိန္ေတြ အမွားအယြင္း (သို႔) အခ်က္အလက္မ်ား မလုံေလာက္ခဲ့ရင္ အေကာင့္ထဲမွ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္သူငယ္ခ်င္းမ်ားမွ ျဖည္စြက္ေပးနိုင္ဖို႔ အကူအညီေတာင္းခံပါတယ္။ က်ီးေပါင္းေရာဂါသည္မ်ား အခ်ိန္မလြန္ခင္ ေဝဒနာကိုျမန္ျမန္ဆန္ဆန္ ကုသနိုင္ရန္ ေစတနာျဖင့္သာျပန္လည္ ေဝမွ်ျခင္းျဖစ္ပါတယ္။ အားလုံးက်န္းမာပါေစလို႔လဲ ဆုေတာင္းေပးပါတယ္။ 🙏🏻သူငယ္ခ်င္းမ်ား ျပန္လည္ Share ႏိုင္ပါတယ္။ ” ဆုိျပီးလည္း ေရးသားထားပါေသးတယ္။ မိုမိုေလးပရိသတ္ေတြထဲမွာလည္း အဆိုပါေရာဂါကို ခံစားေနရသူေတြရွိရင္ မေပါ့ဆပဲ ဂရုစိုက္ၾကဖို႔ သတိေပးလိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော်တစ်ဦးဖြစ်တဲ့ Ah Boy ကတော့ လတ်တလောမှာ “ဘယ်တော့မှ နဂိုအတိုင်းပြန်မကောင်းနိုင်တော့တဲ့ မပေါ့ဆသင့်သောရောဂါ” ဆိုပြီး သူကိုယ်တိုင် ခံစားနေရတဲ့ ရောဂါတစ်ခုအကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေအတွက် ဝေမျှပေးထားတာပါ။ Ah Boy ကတော့ ရောဂါဖြစ်နေတာကို သူကိုယ်တိုင်တောင်မသိပဲနေနေရာက ဆေးရုံပြကြည့်မှ ဘယ်တော့မှ နဂိုအတိုင်း ပြန်မကောင်းနိုင်တော့ဘူးဆိုတာကို သိခဲ့ရတာဖြစ်ပြီး ပရိသတ်တွေကိုလည်း ဆင်ခြင်စရာရှိတာဆင်ခြင်ရစေဖို့အတွက် ပြန်ပြီး Sharing လုပ်ပေးထားတာပဲဖြစ်ပါတယ်။

Ah Boy ကတော့ “လွန်ခဲ့သော ၂ ပတ်လောက်က ကျနော်ရဲ့ ခါးရိုးအလယ်ကနေ လည်ပင်းဇက်နားတစ်လျှောက်ထိ နာကျင်ပြီး မအောင့်စဖူးအောင့်လာပါတယ်။ အဆိုးဆုံးခံစားရတဲ့ အချိန်ကတော့ မနက်မိုးလင်း ကုတင်ပေါ်မှ အိပ်ရာထချိန်ပါပဲ။ ကျောရိုးကပဲ အောင့်သလိုလို… ကြွက်သားတွေကပဲနာသလိုလို။ ပြီးတော့ ရုံးမှာ Computer (သို့) ဖုန်းသုံးရင်လည်း မျက်ရိုးတွေကိုက်ပြီး ခေါင်းမူးလာသလိုခံစားလာရပါတယ်။ Gym မှာ ဝိတ်တွေအရမ်းမပြီး မတော်တဆရိုးရိုးဒဏ်ဖြစ်သွားတယ်ပဲထင်လို့ ဒီအတိုင်း အလေးမထားပဲနေမိလိုက်တယ်။

တစ်နေ့တစ်ခြား မသက်သာပဲ ပိုဆိုးလာပါတော့တယ်။ ဘန်ကောက်ကို အစည်းအဝေး ကိစ္စနဲ့ ရောက်သွားတော့… အိမ်က အမေ နဲ့ မြတ်က ဆေးရုံ တစ်ချက်လောက်သွားပြကြည့်ပါဆိုပြီး သေချာပြောပြီးမှာနေလို့… ကျနော်လည်း အစည်းအဝေးပြီးတာနဲ့ Samitivej ဆေးရုံကို သူငယ်ချင်း အကူအညီနဲ့ Booking တင်ပြီး ညနေဘက်မှာထိုင်တဲ့ အရိုးအကြောအထူးကုဆရာဝန်တစ်ယောက်နဲ့သွားပြလိုက်ပါတယ်။ ကျနော် နာကျင်တဲ့အကြောင်း အသေးစိပ်အား ဆရာဝန်ကို သေချာရှင်းပြပြီးတော့… ကျနော့်ကို X-Ray ဓါတ်မှန်ချက်ချင်းရိုက်ခိုင်းပါတယ်။ ရိုက်ပြီးပြီးချင်းပဲ သူ့ရဲ့ Computer Screen ပေါ်တင်ပြီး ဆရာဝန်ဟာကျနော့်ကို နာရီဝက်ကျော်မက သေချာရှင်းပြပါတယ်။

ပထမပုံက သာမန် လူတစ်ယောက် လည်ပင်းရဲ့ ကောင်းမွန်နေသော အရိုးအခြေအနေပုံပါ။ အရိုးဟာ သူ့သဘောသဘာဝအရ အနောက်ကို အနည်းငယ်ကောက်နေရပါတယ်။

အခုကျနော့်ရဲ့ ဓါတ်မှန်အဖြေလွှာ ဒုတိယပုံကို ကြည့်ကြည့်ပါ။ လည်ပင်းအရိုးဟာ အနောက်ကို ကောက်မနေပဲ အရှေ့ကို ငိုက်ဆိုက်နေပါတယ်။

မြင်မြင်ချင်း ကျနော် အရမ်းကိုလန့်သွားပါတယ်။ ဆရာဝန်ကြီးက ဒီရောဂါကို Cervical Spondylosis မြန်မာလို ကျီးပေါင်း လို့ခေါ်ပါတယ်။ ကျီးပေါင်းလို့ပြောလိုက်ရင် ကျနော်တို့ တော်တော်များများဟာ ဒီဝေါဟာရကို နားယဉ်ကြပါတယ်… ပတ်ဝန်းကျင်ကနေ ခဏခဏကြားဖူးနေလို့ပါပဲ။ ဘာမှန်းသာ သေချာမသိတာပါ။ ဆရာဝန်က ပုံထဲမှာ မြင်ရတဲ့ လည်ပင်းရိုးရဲ့ အဆစ်တစ်ခုနဲ့ တစ်ခုကြားမှာ Disc (မြန်မာလို ကျနော်မခေါ်တတ်ပါ) အဲဒီ Disc တွေဟာကုန်သွားပြီး ကြားခံမရှိတော့လို့ အရိုးဆစ်တွေဟာ တစ်ခုပေါ်တစ်ခုဖိလာပြီး ငိုက်ဆိုက်လာရချင်းဖြစ်တယ်လို့ ရှင်းပြပါတယ်။ ပုံမှန်ဆိုရင် ဒီရောဂါဟာ အသက်ကြီးပိုင်း လူကြီးတွေမှာမှ ဖြစ်လေ့ဖြစ်ထရှိပါတယ် (လူကြီးတိုင်းလည်း မဟုတ်ပါ)။ ကျနော် အသက် ၃၂ မှာဖြစ်တာဟာ အရမ်းစောပါတယ်လို့ ဆရာဝန်က ပြောပါတယ်။

အဲဒီလို အရိုးဆစ်တွေ ငိုက်ဆိုက်လာတဲ့အချိန်မှာ ဆက်နွယ်နေတဲ့ ကြွက်သားတွေ၊ အကြောတွေဟာ တန်ပြန်ပြန်ဆွဲရလို့ နာကျင်လာရချင်းဖြစ်တယ်လို့ သေချာရှင်းပြပါတယ်။ ဒီထက်ပိုဆိုးလာလို့ လက်တွေမှာပါ နာကျင်မှုတွေခံစားလာရမယ်ဆိုရင်တော့ ခွဲစိတ်ကုသမှရမယ်လို့ ရှင်းပြပါတယ်။ ဒါကတော့ အဆိုးဆုံး အခြေအနေပါ။နဂိုအခြေအနေကို ဘယ်တော့မှ ပြန်မရောက်နိုင်ပဲ ဒီထက်မဆိုးအောင် ဆက်ထိန်းနိုင်ဖို့ပဲလုပ်ဆောင်လို့ရတော့မယ်လို့ပြောပါတယ်။ ခန္ဓာကိုယ်ကို ပုံမှန်ထက် မြန်မြန်အိုမင်းရင့်ရောစေနိုင်တဲ့ ကျနော် ၁၆ နှစ်လောက် စွဲစွဲမြဲမြဲသောက်နေတဲ့ ဆေးလိပ်ကို အရင်ဖြတ်ခိုင်းပါတယ်။

ကျနော် နိစ္စဓူဝ Computer ရှေ့မှာ ထိုင်ရင်ဖြစ်ဖြစ်… စာအုပ် (သို့) ဖုန်း သုံးရင်ဖြစ်ဖြစ် ဇက်ကို အောက်သို့ ငိုက်ဆိုက်ပြီး မျက်လုံး အားစိုက်တာတွေကို အတတ်နိုင်ဆုံးဂရုပြုပြီးရှောင်ကြဉ်ခိုင်းပါတယ်။ခရီးသွားတာများတဲ့ ကျနော့်ကို ကား (သို့) လေယဉ်ပေါ်တွင် ဖြစ်သလို ဇက်အနေအထားကို ထားပြီး မအိပ်ဖို့။ဇက်ကို လုံးဝ နှိပ်နယ်ချင်းမပြုဖို့… နှိပ်နယ်ချင်းဟာ အဲဒီချိန်တောအတွင်းသာ သက်သာစေပြီး အနာကိုပိုဆိုးစေတယ်လို့ သေချာရှင်းပြပြီး အနာသက်သာစေရန် သောက်ဆေးနဲ့ လိမ်းဆေးပေးလိုက်ပါတယ်။အရေးကြီးဆုံးကတော့ လည်ပင်းကို ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ဂရုတစိုက်နေဖို့ မှာလိုက်ပါတယ်။ကျနော်အခု ရန်ကုန်က ဆေးရုံတစ်ခုနဲ့ ချိတ်ဆက်နေပြီး ပုံမှန်လုပ်ရမယ့် လေ့ကျင့်ခန်းနဲ့ ဆောင်ရန် ရှောင်ရန်တွေကို Physiotherapist များမှအနီးကတ်လေ့လာပြီး နောင်တွင် ပြန်လည်ဝေမျှသွားပါမယ်။” ဆိုပြီး သေသေချာချာနဲ့ စိတ်ရှည်လက်ရှည်ပဲ သူ့ရဲ့အတွေ့အကြုံကို Sharing လုပ်ပေးခဲ့တာပါ။

ဆက်ပြီးတော့လည်း Ah Boy က “ကျနော်ဟာ ဆရာဝန်တစ်ယောက် မဟုတ်တဲ့အတွက် အခုလို ပြန်လည်မျှဝေ ရှင်းပြချိန်တွေ အမှားအယွင်း (သို့) အချက်အလက်များ မလုံလောက်ခဲ့ရင် အကောင့်ထဲမှ နားလည်တတ်ကျွမ်းသော ဆရာဝန်သူငယ်ချင်းများမှ ဖြည်စွက်ပေးနိုင်ဖို့ အကူအညီတောင်းခံပါတယ်။ ကျီးပေါင်းရောဂါသည်များ အချိန်မလွန်ခင် ဝေဒနာကိုမြန်မြန်ဆန်ဆန် ကုသနိုင်ရန် စေတနာဖြင့်သာပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ အားလုံးကျန်းမာပါစေလို့လဲ ဆုတောင်းပေးပါတယ်။ 🙏🏻သူငယ်ချင်းများ ပြန်လည် Share နိုင်ပါတယ်။ ” ဆိုပြီးလည်း ရေးသားထားပါသေးတယ်။ မိုမိုလေးပရိသတ်တွေထဲမှာလည်း အဆိုပါရောဂါကို ခံစားနေရသူတွေရှိရင် မပေါ့ဆပဲ ဂရုစိုက်ကြဖို့ သတိပေးလိုက်ပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top