ပရိသတ္ေတြရဲ႕ စိတ္ဝင္စားမႈေတြ၊ အားေပးမႈေတြကို တခဲနက္သိမ္းပိုက္ႏိုင္ခဲ့တဲ့ ျမန္မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲႀကီးကေတာ့ ၾသဂုတ္လ (၁၁) ရက္ေန႕မွာ ဖိုင္နယ္ၿပိဳင္ပြဲႀကီးကို ေအာင္ျမင္စြာက်င္းပၿပီးစီးသြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေပမဲ့လည္း ပရိသတ္ေတြၾကားထဲမွာေတာ့ ျမန္မာအုိင္ေဒါၿပိိဳင္ပြဲႀကီးကေတာ့ အခုအခ်ိန္အထိ ေျပာစရာတစ္ခုျဖစ္ေနၿပီး လူမႈကြန္ရက္ေပၚမွာလည္း ျမန္မာအိုင္ေဒါနဲ႔ ပတ္သတ္တာေတြပဲ ေတြ႔ေနရတဲ့ အတြက္ေၾကာင့္ အဆိုေတာ္ Ah Boy ကေတာ့ သူရဲ႕ ေဖ့စ္ဘုတ္ေပၚမွာ ျမန္မာအုိင္ေဒါနဲ႔ ပတ္သက္ၿပီး အခုလိုပဲ ေျပာဆိုေရးသားလာတာျဖစ္ပါတယ္။

Ah Boy ကေတာ့ “နွစ္ေယာက္လုံး အေကာင္းဆုံး ပြဲစဥ္တစ္ေလွ်ာက္ ယွဥ္ၿပိဳင္သြားၾကတယ္လို႔ ျမင္မိတဲ့အတြက္ မသနားမိဘူး။ ပြဲစကတည္းက ပိုက္ဆံေတြမ်ားစြာ အကုန္ခံ Vote ေတြေပးၿပီး… အခုလို ပြဲၿပီးသြားတာေတာင္ ေဘေတြ ဆက္အကုန္ခံၿပီး Online ေပၚမွာ ရန္ျဖစ္ေနၾကတဲ့ ကိုကိုတို႔ မမတို႔ကိုပဲ သနားမိတယ္။” လို႔ေရးသားၿပီး ေျပာထားတာျဖစ္ပါတယ္။

ပရိသတ္ေတာ္ေတာ္မ်ားမ်ားကေတာ့ Ah Boy ရဲ႕ Status ကို အရမ္းကို သေဘာက်ေနၾကပါတယ္။ ” အသနားမိဆုံးကေတာ့ ကိုယ့္ဘာသာကိုယ္ပဲ။ Newsfeed တစ္ခုလုံး ဒီအေၾကာင္းေတြပဲ တစ္ေန႔လုံး ျမင္ေနရလို႔…”လို႔လည္း Ah Boy ကေတာ့ ေရးထားပါေသးတယ္။ ပရိသတ္ေတြေရာ Ah Boy နဲ႔အေတြးအတူတူပဲလား…..?

ဖိုးသူေတာ္ (www.phothutaw.com)
Credit: : Kyaw Phyo Tun , Myanmar Idol

#Unicode Version#
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ၊ အားပေးမှုတွေကို တခဲနက်သိမ်းပိုက်နိုင်ခဲ့တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးကတော့ သြဂုတ်လ (၁၁) ရက်နေ့မှာ ဖိုင်နယ်ပြိုင်ပွဲကြီးကို အောင်မြင်စွာကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေကြားထဲမှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတော့ အခုအချိန်အထိ ပြောစရာတစ်ခုဖြစ်နေပြီး လူမှုကွန်ရက်ပေါ်မှာလည်း မြန်မာအိုင်ဒေါနဲ့ ပတ်သတ်တာတွေပဲ တွေ့နေရတဲ့ အတွက်ကြောင့် အဆိုတော် Ah Boy ကတော့ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ မြန်မာအိုင်ဒေါနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောဆိုရေးသားလာတာဖြစ်ပါတယ်။

Ah Boy ကတော့ “နှစ်ယောက်လုံး အကောင်းဆုံး ပွဲစဉ်တစ်လျှောက် ယှဉ်ပြိုင်သွားကြတယ်လို့ မြင်မိတဲ့အတွက် မသနားမိဘူး။ ပွဲစကတည်းက ပိုက်ဆံတွေများစွာ အကုန်ခံ Vote တွေပေးပြီး… အခုလို ပွဲပြီးသွားတာတောင် ဘေတွေ ဆက်အကုန်ခံပြီး Online ပေါ်မှာ ရန်ဖြစ်နေကြတဲ့ ကိုကိုတို့ မမတို့ကိုပဲ သနားမိတယ်။” လို့ရေးသားပြီး ပြောထားတာဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကတော့ Ah Boy ရဲ့ Status ကို အရမ်းကို သဘောကျနေကြပါတယ်။ ” အသနားမိဆုံးကတော့ ကိုယ့်ဘာသာကိုယ်ပဲ။ Newsfeed တစ်ခုလုံး ဒီအကြောင်းတွေပဲ တစ်နေ့လုံး မြင်နေရလို့…”လို့လည်း Ah Boy ကတော့ ရေးထားပါသေးတယ်။ ပရိသတ်တွေရော Ah Boy နဲ့အတွေးအတူတူပဲလား…..?


ဖိုးသူတော် (www.phothutaw.com)
Credit: : Kyaw Phyo Tun , Myanmar Idol
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top