(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

တနဂၤေႏြ

အလုပ္ထဲအာရံုစိုက္မရျဖစ္ေနတတ္တယ္။ မိမိမကၽြမ္းက်င္တဲ့အပိုင္းကို ခိုင္းေစျခင္းခံရတာမ်ိဳးေၾကာင့္ စိတ္ ပန္းလူပန္းျဖစ္ေနရတတ္ပါတယ္။ ကိုယ္ပိုင္အလုပ္မ်ား မိမိကိုယ္တိုင္ ၀င္ေရာက္မလုပ္ဘဲ ၀န္ထမ္းေတြနဲ႔မ်က္ႏွာ လႊဲထားေနမိတတ္ပါတယ္။ အမွန္ေတာ့ အလုပ္ေတြကိုခဏေမ့ထားၿပီးေခါင္းေဆးသင့္တဲ့ကာလပါပဲ။ ေငြေၾကးရလို မႈထက္ အေကာင္းဆံုးလုုပ္ေပးႏိုင္ဖို႔ကိုစဥ္းစားရမဲ့ကာလပါ။ အတၱႀကီးသူမ်ားဒုကၡေရာက္လြယ္တဲ့ကာလပါပဲ။ က်န္းမာေရးကိုေတာ့ ဒီကာလမွာ ေခါင္းကိုက္ေခါင္းမူးျဖစ္တတ္သလို ဦးေႏွာက္နဲ႔အာရံုေၾကာအားနည္းလြယ္တဲ့ ကာလလို႔ေျပာခ်င္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ကခရီးမ်ားေနတတ္ပါတယ္။ အခ်စ္ေရးမွာ ေတာ့ ခ်စ္သူကမိမိအခက္အခဲေတြကို ကူညီေျဖရွင္းေပးပါလိမ့္မယ္။ ပညာေရးကေတာ့ အားနည္းခ်က္ရွိပါတယ္။ စိုးရိမ္လြန္းတဲ့စိတ္က ရထားတဲ့စာေတြကိုေမ့သြားေစပါတယ္။

အက်ိဳးေပးဂဏန္း 6/9/5
အထူးေဟာ ကိုယ္အား ဥာဏ္အားစိုက္ထုတ္ရမဲ့ကာလပါပဲ။
ယၾတာ လူႀကီးမိဘေတြကို အာဟာရျဖစ္မဲ့ အစားအေသာက္ေတြ၀ယ္ေကၽြးလိုက္ပါ။

တနလၤာ

လြတ္လပ္ေပါ့ပါးေနပါလိမ့္မယ္။ စိတ္ခ်မ္းေျမ့စရာေတြဆက္တိုက္ႀကံဳရတတ္ပါတယ္။ လူငယ္မ်ား စိတ္ကူး သစ္ေတြ အၾကံအစည္ေကာင္းေတြ ေတြးမိစဥ္းစားမိတတ္ပါတယ္။ ျဖစ္ခ်င္တာေတြကိုလုပ္ခြင့္ရပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္သူမ်ား စပ္တူအလုပ္ေတြလုပ္ဖို႔စဥ္းစားထားရင္တိုင္ပင္ေဆြးေႏြးဖို႔အေကာင္းဆံုးအခ်ိန္ပါပဲ။ လုပ္ငန္းခြင္ထဲ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ လက္တြဲညီညီလုပ္ေဆာင္မႈေၾကာင့္ အလုပ္မ်ားအဆင္ေျပေခ်ာေမြ႔ပါလိမ့္ မယ္။ေငြေၾကးကံေကာင္းေနတတ္ပါတယ္။ ေငြအစုလိုက္၀င္စရာရွိရင္ ဒီကာလအတြင္းရရွိပါလိမ့္မယ္။ က်န္းမာေရး ကေတာ့ သင့္ပါတယ္။ အရက္ေသာက္တတ္သူမ်ား အလြန္အကၽြံမေသာက္မိေစဖုိ႔ သတိထားသင့္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ မိမိကိုယ္တိုင္အေနအထိုင္ဆင္ျခင္ပါ။ အခ်စ္ေရးကေတာ့အေကာင္းဆံုးကာလပါပဲ။ ခ်စ္သူ ရဲ့အလိုအလုိက္အႀကိဳက္ေဆာင္ျခင္းကိုခံရပါလိမ့္မယ္။ ပညာေရးကေတာ့သင္ယူလြယ္တတ္ေျမာက္လြယ္ ျဖစ္ေန မွာပါ။

အက်ိဳးေပးဂဏန္း 2/0/7
အထူးေဟာ ကံျမင့္မားေနမွာပါ။
ယၾတာ တစ္ပါတ္တိတိ ဘုရားရွင္အားေရသပၸာယ္ပါ။

အဂၤါ

စိတ္ပင္ပန္း လူပင္ပန္းမဲ႔ အလုပ္ေတြကေတာ့ေလ်ာ့ပါး သက္သာခြင့္ရပါၿပီ၊ ဒီကာလမွာ ကိုယ္ပိုင္စိတ္ကူး ကိုယ္ပိုင္အေတြးအေခၚနဲ႔ ေအာင္ျမင္ေအာင္ေရွ႕ဆက္ႏိုင္ပါလိမ့္မယ္။ စက္ပစၥည္းအသစ္ေတြလဲ ၀ယ္ယူျဖစ္မဲ့ကာလပါ။ ေအာက္လက္ငယ္သားေတြရဲ႕ အကူအညီေၾကာင့္ မိမိလုပ္ငန္း ေအာင္ျမင္တိုးတတ္ခြင့္ေတြ ရလာပါလိမ့္မယ္။ အေပ်ာ္ ခရီးပဲျဖစ္ျဖစ္ အလုပ္နဲ႔ပက္သက္တဲ႔ခရီးပဲျဖစ္ျဖစ္ ခရီးတိုေတြသြားရဖို႔ ရွိေနပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ဒီကာလ အနည္းငယ္ျခဴျခာလြယ္ပါတယ္။ ဒါေပမဲ႔စိုးရိမ္စရာအေနအထားမဟုတ္တဲ့အတြက္ ပူစရာမလိုပါဘူး။ မိမိ တတ္နိုင္တဲ႔ ေငြေၾကးေလးနဲ႔ လွဴခြင့္တန္းခြင့္ရမဲ႔ကာလပါ။ အိမ္ေထာင္ေရးသာယာခ်မ္းေျမ့ပါလိမ့္မယ္။ အခ်စ္ေရး ကေတာ့ စိတ္ေကာက္လိုက္ ျပန္ေခ်ာ့လိုက္ျဖစ္ေနမွာပါ။ ပညာေရးကေတာ့ မိမိကိုယ္တုိင္စူးစမ္းေလ့လာခ်င္စိတ္ ေၾကာင့္ အဆင္ေျပပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 3/6/9
အထူးေဟာ ေပ်ာ္ရႊင္စရာအခ်ိန္ပါပဲ။
ယၾတာ စတုမဓု ရဟန္းသံဃာေတြကို လွဴဒါန္းေပးပါ။

ဗုဒၶဟူး

ဆံုးျဖတ္ခ်က္ေတြျမန္ဆန္ေနတတ္ပါတယ္။ မေတြးဘဲ မစဥ္းစားဘဲလုပ္မိေနတတ္ပါတယ္။ ဒါေၾကာင့္ပဲ အမွားမ်ားတတ္ပါတယ္။ ဒီကာလဟာ ၿငိမ္ေနတာအေကာင္းဆံုးပါပဲ။ မိမိတို႔ျဖစ္ခ်င္တဲ့ကိစၥေတြကို ဦးစားေပးလို႔ မရ ေသးပါဘူး။ လုပ္ေဖာက္ကိုင္ဖက္ေတြ မိမိနဲ႔စပ္တူလုပ္ၾကတဲ႔သူေတြရဲ့အေတြးအႀကံစိတ္ကူးေတြကို အေကာင္ အထည္ေဖာ္ေဆာင္ရြက္ႀကည့္လိုက္ပါ။ ဒါမွအဆင္ေျပပါလိမ့္မယ္။ စကားလံုးအသံုးအႏႈန္း မမွားဖို႔ လိုတယ္။ မေျပာ တတ္ေတာ့ ဆဲသလိုဆိုတာမ်ိဳးျဖစ္တတ္လို႔ပါ။ လက္ရွိပံုစံအတိုင္းစီးေမ်ာသြားပါ။ အပိုဆာဒါးေတြ မလုပ္ခ်င္ပါနဲ႔။ က်န္းမာေရးကေတာ့ ေကာင္းေနပါတယ္။ က်နး္မာေရးအတြက္ စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ အိမ္တြင္းေရးမွာေတာ့ ညီအကိုေမာင္ႏွမေတြ စိတ္၀မ္းကြဲလြယ္ပါတယ္။ အခ်စ္ေရးကေတာ့ ခ်စ္သူကို အျပစ္မရွာဘဲေနတာအေကာင္းဆံုး ပါပဲ။ ပညာေရးကေတာ့ ဥာဏ္န႔႔ဲ၀ီိရိယကိုသာေရွ႕တန္းတင္လိုက္ပါ။
အက်ိဳးေပးဂဏန္း 6/1/3
အထူးေဟာ ကံညံ့ေနမည္။
ယၾတာ လမ္းျပဳျပင္ပါ။

ၾကာသပေတး

ခရီးေတြမ်ားရတတ္ပါတယ္။ ႏိုင္ငံျခားသြားဖို႔စီစဥ္ထားသူမ်ား ဒီကာလမွာသတင္းေကာင္းၾကားရတတ္ပါ တယ္။မိသားစုအလိုက္ခရီးသြားရျခင္းမ်ိဳးလဲႀကံဳရတတ္ပါတယ္။ မိမိတတ္သိထားတဲ့ပညာရပ္ေတြကိုလဲ ျပန္လည္ ေ၀မွ်ခြင့္ရတဲ့ကာလပါပဲ။ အလုပ္နဲ႔ပက္သက္ရင္ေတာ့ နယ္ရံုးခြဲေတြမွာယာယီခဏတာ၀န္ထမ္းေဆာင္ရတာမ်ိဳး ၾကံဳ ရတတ္ပါတယ္။ ၀န္ထမ္းေတြကေတာ့ အလုပ္တာ၀န္ေတြမ်ားေနတဲ့အတြက္ ပင္ပန္းမႈမ်ိဳးေတာ့ၾကံဳရတတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းမ်ား ေငြေၾကးအေပးအယူသတိရွိပါ။ ရွယ္ယာစပ္တူအလုပ္မ်ား ေငြေၾကးက႑ကိုရွင္းလင္းေအာင္ လုပ္ထားပါ။ က်န္းမာေရးကေတာ့ အနည္းငယ္အားနည္းေနပါလိမ့္မယ္။ ေခါင္းမူးျခင္း ေခါင္းကိုက္ျခင္း ေသြးအား နည္းျခင္းမ်ိဳး ခံစားရတတ္ပါတယ္။အိမ္ေထာင္ေရး အိမ္တြင္းေရး အထူးပဲအဆင္ေျပမဲ့ကာလပါပဲ။ အခ်စ္ေရး ကေတာ့ခ်စ္သူနဲ႔စကားအမွားေတြေၾကာင့္ အဆင္မေျပျပႆနာမ်ားရတတ္ပါတယ္။ပညာေရးကံကေတာ့ အထူးေကာင္းေနပါတယ္။ မိမိရဲ့စိတ္ထဲရွင္းေနတာေၾကာင့္ သင္ယူမႈေတြအဆင္ေျပမဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း 5/0/1
အထူးေဟာ ကံသင့္ပါတယ္။
ယၾတာ စာေရးကိရိယာမ်ား ကေလးေတြကို လက္ေဆာင္ေပးပါ။

ေသာၾကာ

အရင္ကထက္ပိုမိုႀကိဳးစားသင့္တဲ့ကာလပါပဲ။ ကံကမိမိဘက္မွာရွိေနပါတယ္။ မိမိကသာလိမၼာပါးနပ္စြာလုပ္ ကိုင္ျခင္းျဖင့္အဆင္ေျပထြန္းေပါက္ပါလိမ့္မယ္။ အလ်င္စလိုမလုပ္လို႔ မေလာဖို႔ေတာ့ သတိထားရမဲ့ကာလပါပဲ။ အ လ်င္လိုေလအေႏွးျဖစ္ေလပါပဲ။ စီးပြားေရးထြန္းေပါက္ပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးမ်ားမွ ကန္ထရို္က္မ်ား၊ကိုယ္ စားလွယ္မ်ား၊အေရာင္းအ၀ယ္သမားမ်ားအထူးပဲ အဆင္ေျပတတ္ပါတယ္။ ၀န္ထမ္းမ်ား မိမိႀကိဳးစားမႈကိုအသိအ မွတ္ျပဳျခင္း ဂုဏ္ျပဳျခင္းခံရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ ေသြးတိုးျခင္း ဆီးခ်ိဳ ေသြး ခ်ိဳတတ္ျခင္းမိ်ဳးျဖစ္တတ္ပါတယ္။ေရာဂါအခံရွိသူမ်ားေဆးေဆာင္ ထားသင့္တဲ့ကာလပါပဲ။ အိမ္ေထာင္ေရးအတြက္ အနည္းငယ္ပူပန္ရတတ္ပါတယ္။ အိမ္ေထာင္ဘက္က အလုပ္မ်ားၿပီး အိမ္မကပ္ႏိုင္ျဖစ္ရတတ္ပါတယ္။ အခ်စ္ေရး ကေတာ့ ဒီကာလမွာခ်စ္သူနဲ႔သေဘာထားကြဲလြဲႏိုင္တဲ့ ကာလပါပဲ။ ပညာေရးကေတာ့ အထူးႀကိဳးစားဖို႔ လိုအပ္ေနပါတယ္။

အက်ိဳးေပးဂဏန္း 5/8/3
အထူးေဟာ စီးပြားေရးေကာင္းမည္။
ယၾတာ တရားေခြမ်ား မိဘေတြကိုလွဴဒါန္းေပးပါ။

စေန

မိမိျဖစ္ခ်င္တာေတြမျဖစ္ဘဲ မထင္မွတ္တာေတြပဲ ျဖစ္တတ္တဲ့ကာလပါပဲ။ ျဖစ္လာတဲ့ကိစၥေတြကို ေကာင္း သလိုစီစဥ္္ျပီးလုပ္ေဆာင္သြားႏိုင္ဖို႔လိုပါတယ္။ စီးပြားေရး မွာေတာ့ ကုန္သည္ပြဲစားအလုပ္မ်ား၊ ခရီးသြား လုပ္ငန္းမ်ားအဆင္မေျပျဖစ္ရတတ္ပါတယ္။မိမိနားမွာမိမိကိုမနာလိုသူေတြ၀ိုင္းရံေနတယ္ဆိုတာကို သတိျပဳမိဖို႔လိို ပါတယ္။မိတ္ေဆြအတုအေယာင္ေတြမ်ားေနတတ္ပါတယ္။က်န္းမာေရးကေတာ့ အည့ံအဆိုး သိပ္္မေတြ႔ရ ေတာ့ပါဘူး။ ေလနဲ႔ပက္သက္ေသာေရာဂါမ်ား၊ ၀မ္းနဲ႔ပက္သက္ေသာ ေရာဂါမ်ားျဖစ္တတ္ပါတယ္။ ေငြကံကေတာ့ေကာင္းပါတယ္။ ဒါေပမဲ့အေဟာသိကံျပန္ကုန္သြားတတ္ပါတယ္။အိမ္ေထာင္ေရး အိမ္ တြင္းေရးအထူးပဲေကာင္းပါတယ္။ မိမိကိုယ္တိုင္ကေတာ့ အိမ္ေထာင္ေရးမေဖာက္ျပန္မိဖို႔လိုပါတယ္။ အခ်စ္ေရးကံ ကေတာ့ သတိထားရမွာကအေနနီးသူေတြနဲ႔ ျငိစြန္းလြယ္ပါတယ္။ သံေယာဇဥ္နဲ႔ အခ်စ္ကိုကြဲျပားစြာသိဖို႔ လိုအပ္ ပါတယ္။ ပညာေရးကေတာ့ အထူးေကာင္းပါတယ္။

အက်ိဳးေပးဂဏန္း 2/7/9
အထူးေဟာ အလုပ္ရႈပ္ေနမည္။
ယၾတာ မိတ္ေဆြတစ္ေယာက္ကို ဦးထုပ္တစ္လံုးလက္ေဆာင္ေပးလိုက္ပါ။

၇ရက္သားသမီးအေပါင္း
ေကာင္းေသာလိုအင္ဆႏၵေတြ
ျပည့္ဝၾကပါေစ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ၿငိမ္းေအးလူ(ေဗဒင္သုေတသီ)
# Unicode Version ျဖင့္ ဖတ္ပါ #
တနင်္ဂနွေ

အလုပ်ထဲအာရုံစိုက်မရဖြစ်နေတတ်တယ်။ မိမိမကျွမ်းကျင်တဲ့အပိုင်းကို ခိုင်းစေခြင်းခံရတာမျိုးကြောင့် စိတ် ပန်းလူပန်းဖြစ်နေရတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ မိမိကိုယ်တိုင် ဝင်ရောက်မလုပ်ဘဲ ဝန်ထမ်းတွေနဲ့မျက်နှာ လွှဲထားနေမိတတ်ပါတယ်။ အမှန်တော့ အလုပ်တွေကိုခဏမေ့ထားပြီးခေါင်းဆေးသင့်တဲ့ကာလပါပဲ။ ငွေကြေးရလို မှုထက် အကောင်းဆုံးလုပ်ပေးနိုင်ဖို့ကိုစဉ်းစားရမဲ့ကာလပါ။ အတ္တကြီးသူများဒုက္ခရောက်လွယ်တဲ့ကာလပါပဲ။ ကျန်းမာရေးကိုတော့ ဒီကာလမှာ ခေါင်းကိုက်ခေါင်းမူးဖြစ်တတ်သလို ဦးနှောက်နဲ့အာရုံကြောအားနည်းလွယ်တဲ့ ကာလလို့ပြောချင်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကခရီးများနေတတ်ပါတယ်။ အချစ်ရေးမှာ တော့ ချစ်သူကမိမိအခက်အခဲတွေကို ကူညီဖြေရှင်းပေးပါလိမ့်မယ်။ ပညာရေးကတော့ အားနည်းချက်ရှိပါတယ်။ စိုးရိမ်လွန်းတဲ့စိတ်က ရထားတဲ့စာတွေကိုမေ့သွားစေပါတယ်။

အကျိုးပေးဂဏန်း 6/9/5
အထူးဟော ကိုယ်အား ဉာဏ်အားစိုက်ထုတ်ရမဲ့ကာလပါပဲ။
ယတြာ လူကြီးမိဘတွေကို အာဟာရဖြစ်မဲ့ အစားအသောက်တွေဝယ်ကျွေးလိုက်ပါ။

တနင်္လာ

လွတ်လပ်ပေါ့ပါးနေပါလိမ့်မယ်။ စိတ်ချမ်းမြေ့စရာတွေဆက်တိုက်ကြုံရတတ်ပါတယ်။ လူငယ်များ စိတ်ကူး သစ်တွေ အကြံအစည်ကောင်းတွေ တွေးမိစဉ်းစားမိတတ်ပါတယ်။ ဖြစ်ချင်တာတွေကိုလုပ်ခွင့်ရပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်သူများ စပ်တူအလုပ်တွေလုပ်ဖို့စဉ်းစားထားရင်တိုင်ပင်ဆွေးနွေးဖို့အကောင်းဆုံးအချိန်ပါပဲ။ လုပ်ငန်းခွင်ထဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲညီညီလုပ်ဆောင်မှုကြောင့် အလုပ်များအဆင်ပြေချောမွေ့ပါလိမ့် မယ်။ငွေကြေးကံကောင်းနေတတ်ပါတယ်။ ငွေအစုလိုက်ဝင်စရာရှိရင် ဒီကာလအတွင်းရရှိပါလိမ့်မယ်။ ကျန်းမာရေး ကတော့ သင့်ပါတယ်။ အရက်သောက်တတ်သူများ အလွန်အကျွံမသောက်မိစေဖို့ သတိထားသင့်ပါတယ်။ အိမ်ထောင်ရေးကတော့ မိမိကိုယ်တိုင်အနေအထိုင်ဆင်ခြင်ပါ။ အချစ်ရေးကတော့အကောင်းဆုံးကာလပါပဲ။ ချစ်သူ ရဲ့အလိုအလိုက်အကြိုက်ဆောင်ခြင်းကိုခံရပါလိမ့်မယ်။ ပညာရေးကတော့သင်ယူလွယ်တတ်မြောက်လွယ် ဖြစ်နေ မှာပါ။

အကျိုးပေးဂဏန်း 2/0/7
အထူးဟော ကံမြင့်မားနေမှာပါ။
ယတြာ တစ်ပါတ်တိတိ ဘုရားရှင်အားရေသပ္ပာယ်ပါ။

အင်္ဂါ

စိတ်ပင်ပန်း လူပင်ပန်းမဲ့အလုပ်တွေကတော့လျော့ပါးသက်သာခွင့်ရပါပြီ၊ ဒီကာလမှာကိုယ်ပိုင်စိတ်ကူးကိုယ်ပိုင်အတွေးအခေါ်နဲ့ အောင်မြင်အောင်ရှေ့ဆက်နိုင်ပါလိမ့်မယ်။ စက်ပစ္စည်းအသစ်တွေလဲ ဝယ်ယူဖြစ်မဲ့ကာလပါ။ အောက်လက်ငယ်သားတွေရဲ့အကူအညီကြောင့်မိမိလုပ်ငန်း အောင်မြင်တိုးတတ်ခွင့်တွေရလာပါလိမ့်မယ်။ အပျော် ခရီးပဲဖြစ်ဖြစ် အလုပ်နဲ့ပက်သက်တဲ့ခရီးပဲဖြစ်ဖြစ် ခရီးတိုတွေသွားရဖို့ ရှိနေပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဒီကာလ အနည်းငယ်ခြူခြာလွယ်ပါတယ်။ ဒါပေမဲ့စိုးရိမ်စရာအနေအထားမဟုတ်တဲ့အတွက် ပူစရာမလိုပါဘူး။ မိမိ တတ်နိုင်တဲ့ ငွေကြေးလေးနဲ့ လှူခွင့်တန်းခွင့်ရမဲ့ကာလပါ။ အိမ်ထောင်ရေးသာယာချမ်းမြေ့ပါလိမ့်မယ်။ အချစ်ရေး ကတော့ စိတ်ကောက်လိုက် ပြန်ချော့လိုက်ဖြစ်နေမှာပါ။ ပညာရေးကတော့ မိမိကိုယ်တိုင်စူးစမ်းလေ့လာချင်စိတ် ကြောင့် အဆင်ပြေပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/6/9
အထူးဟော ပျော်ရွှင်စရာအချိန်ပါပဲ။
ယတြာ စတုမဓု ရဟန်းသံဃာတွေကို လှူဒါန်းပေးပါ။

ဗုဒ္ဓဟူး

ဆုံးဖြတ်ချက်တွေမြန်ဆန်နေတတ်ပါတယ်။ မတွေးဘဲ မစဉ်းစားဘဲလုပ်မိနေတတ်ပါတယ်။ ဒါကြောင့်ပဲ အမှားများတတ်ပါတယ်။ ဒီကာလဟာ ငြိမ်နေတာအကောင်းဆုံးပါပဲ။ မိမိတို့ဖြစ်ချင်တဲ့ကိစ္စတွေကို ဦးစားပေးလို့ မရ သေးပါဘူး။ လုပ်ဖောက်ကိုင်ဖက်တွေ မိမိနဲ့စပ်တူလုပ်ကြတဲ့သူတွေရဲ့အတွေးအကြံစိတ်ကူးတွေကို အကောင် အထည်ဖော်ဆောင်ရွက်ကြည့်လိုက်ပါ။ ဒါမှအဆင်ပြေပါလိမ့်မယ်။ စကားလုံးအသုံးအနှုန်း မမှားဖို့ လိုတယ်။ မပြော တတ်တော့ ဆဲသလိုဆိုတာမျိုးဖြစ်တတ်လို့ပါ။ လက်ရှိပုံစံအတိုင်းစီးမျောသွားပါ။ အပိုဆာဒါးတွေ မလုပ်ချင်ပါနဲ့။ ကျန်းမာရေးကတော့ ကောင်းနေပါတယ်။ ကျန်းမာရေးအတွက် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အိမ်တွင်းရေးမှာတော့ ညီအကိုမောင်နှမတွေ စိတ်ဝမ်းကွဲလွယ်ပါတယ်။ အချစ်ရေးကတော့ ချစ်သူကို အပြစ်မရှာဘဲနေတာအကောင်းဆုံး ပါပဲ။ ပညာရေးကတော့ ဉာဏ်န့ဲဝီရိယကိုသာရှေ့တန်းတင်လိုက်ပါ။
အကျိုးပေးဂဏန်း 6/1/3
အထူးဟော ကံညံ့နေမည်။
ယတြာ လမ်းပြုပြင်ပါ။

ကြာသပတေး

ခရီးတွေများရတတ်ပါတယ်။ နိုင်ငံခြားသွားဖို့စီစဉ်ထားသူများ ဒီကာလမှာသတင်းကောင်းကြားရတတ်ပါ တယ်။မိသားစုအလိုက်ခရီးသွားရခြင်းမျိုးလဲကြုံရတတ်ပါတယ်။ မိမိတတ်သိထားတဲ့ပညာရပ်တွေကိုလဲ ပြန်လည် ဝေမျှခွင့်ရတဲ့ကာလပါပဲ။ အလုပ်နဲ့ပက်သက်ရင်တော့ နယ်ရုံးခွဲတွေမှာယာယီခဏတာဝန်ထမ်းဆောင်ရတာမျိုး ကြုံ ရတတ်ပါတယ်။ ဝန်ထမ်းတွေကတော့ အလုပ်တာဝန်တွေများနေတဲ့အတွက် ပင်ပန်းမှုမျိုးတော့ကြုံရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းများ ငွေကြေးအပေးအယူသတိရှိပါ။ ရှယ်ယာစပ်တူအလုပ်များ ငွေကြေးကဏ္ဍကိုရှင်းလင်းအောင် လုပ်ထားပါ။ ကျန်းမာရေးကတော့ အနည်းငယ်အားနည်းနေပါလိမ့်မယ်။ ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်း သွေးအား နည်းခြင်းမျိုး ခံစားရတတ်ပါတယ်။အိမ်ထောင်ရေး အိမ်တွင်းရေး အထူးပဲအဆင်ပြေမဲ့ကာလပါပဲ။ အချစ်ရေး ကတော့ချစ်သူနဲ့စကားအမှားတွေကြောင့် အဆင်မပြေပြဿနာများရတတ်ပါတယ်။ပညာရေးကံကတော့ အထူးကောင်းနေပါတယ်။ မိမိရဲ့စိတ်ထဲရှင်းနေတာကြောင့် သင်ယူမှုတွေအဆင်ပြေမဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 5/0/1
အထူးဟော ကံသင့်ပါတယ်။
ယတြာ စာရေးကိရိယာများ ကလေးတွေကို လက်ဆောင်ပေးပါ။

သောကြာ

အရင်ကထက်ပိုမိုကြိုးစားသင့်တဲ့ကာလပါပဲ။ ကံကမိမိဘက်မှာရှိနေပါတယ်။ မိမိကသာလိမ္မာပါးနပ်စွာလုပ် ကိုင်ခြင်းဖြင့်အဆင်ပြေထွန်းပေါက်ပါလိမ့်မယ်။ အလျင်စလိုမလုပ်လို့ မလောဖို့တော့ သတိထားရမဲ့ကာလပါပဲ။ အ လျင်လိုလေအနှေးဖြစ်လေပါပဲ။ စီးပွားရေးထွန်းပေါက်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးများမှ ကန်ထရိုက်များ၊ကိုယ် စားလှယ်များ၊အရောင်းအဝယ်သမားများအထူးပဲ အဆင်ပြေတတ်ပါတယ်။ ဝန်ထမ်းများ မိမိကြိုးစားမှုကိုအသိအ မှတ်ပြုခြင်း ဂုဏ်ပြုခြင်းခံရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သွေးတိုးခြင်း ဆီးချို သွေး ချိုတတ်ခြင်းမျိုးဖြစ်တတ်ပါတယ်။ရောဂါအခံရှိသူများဆေးဆောင် ထားသင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးအတွက် အနည်းငယ်ပူပန်ရတတ်ပါတယ်။ အိမ်ထောင်ဘက်က အလုပ်များပြီး အိမ်မကပ်နိုင်ဖြစ်ရတတ်ပါတယ်။ အချစ်ရေး ကတော့ ဒီကာလမှာချစ်သူနဲ့သဘောထားကွဲလွဲနိုင်တဲ့ ကာလပါပဲ။ ပညာရေးကတော့ အထူးကြိုးစားဖို့ လိုအပ်နေပါတယ်။

အကျိုးပေးဂဏန်း 5/8/3
အထူးဟော စီးပွားရေးကောင်းမည်။
ယတြာ တရားခွေများ မိဘတွေကိုလှူဒါန်းပေးပါ။

စနေ

မိမိဖြစ်ချင်တာတွေမဖြစ်ဘဲ မထင်မှတ်တာတွေပဲ ဖြစ်တတ်တဲ့ကာလပါပဲ။ ဖြစ်လာတဲ့ကိစ္စတွေကို ကောင်း သလိုစီစဉ်ပြီးလုပ်ဆောင်သွားနိုင်ဖို့လိုပါတယ်။ စီးပွားရေး မှာတော့ ကုန်သည်ပွဲစားအလုပ်များ၊ ခရီးသွား လုပ်ငန်းများအဆင်မပြေဖြစ်ရတတ်ပါတယ်။မိမိနားမှာမိမိကိုမနာလိုသူတွေဝိုင်းရံနေတယ်ဆိုတာကို သတိပြုမိဖို့လို ပါတယ်။မိတ်ဆွေအတုအယောင်တွေများနေတတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့အဆိုး သိပ်မတွေ့ရ တော့ပါဘူး။ လေနဲ့ပက်သက်သောရောဂါများ၊ ဝမ်းနဲ့ပက်သက်သော ရောဂါများဖြစ်တတ်ပါတယ်။ ငွေကံကတော့ကောင်းပါတယ်။ ဒါပေမဲ့အဟောသိကံပြန်ကုန်သွားတတ်ပါတယ်။အိမ်ထောင်ရေး အိမ် တွင်းရေးအထူးပဲကောင်းပါတယ်။ မိမိကိုယ်တိုင်ကတော့ အိမ်ထောင်ရေးမဖောက်ပြန်မိဖို့လိုပါတယ်။ အချစ်ရေးကံ ကတော့ သတိထားရမှာကအနေနီးသူတွေနဲ့ ငြိစွန်းလွယ်ပါတယ်။ သံယောဇဉ်နဲ့ အချစ်ကိုကွဲပြားစွာသိဖို့ လိုအပ် ပါတယ်။ ပညာရေးကတော့ အထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း 2/7/9
အထူးဟော အလုပ်ရှုပ်နေမည်။
ယတြာ မိတ်ဆွေတစ်ယောက်ကို ဦးထုပ်တစ်လုံးလက်ဆောင်ပေးလိုက်ပါ။

၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေ
ပြည့်ဝကြပါစေ

ဖိုးသူတော် (www.phothutaw.com)
Credit: ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top