မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×




Credit: AK
# Unicode Version ဖြင့် ဖတ်ပါ #
Mitsugu Somejima ဆိုတာကတော့ ဂျပန်ကတုံးလို့ မြန်မာပြည်မှာထင်ရှားတဲ့ ဂျပန် AV သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဂျပန်လူကြီးကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားပြီး မြန်မာလူငယ်ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ရှားရှားပါးပါး ဂျပန်သရုပ်ဆောင်တွေထဲက တစ်ဦးပါ။ Facebook မှာ သူ့ရဲ့အကောင့်ကို Mitsugu Somezima နဲ့ ရှာဖွေနိုင်ပြီး Follower ပေါင်း ၁ သိန်း ၁ သောင်းကျော် ရှိနေပြီး အဲ့ဒီအထဲမှာ မြန်မာအများစု ပါဝင်နေတာကို တွေ့ရပါတယ်။

မနေ့က ညပိုင်းမှာတော့ သူ့ရဲ့ Facebook အကောင့်မှာ သူ့ရဲ့ Twitter အကောင့်ကို Share ထားတာ တွေ့ရပြီး Like တွေ Comment တွေပေးကြလို့ ကျေးဇူးတင်ကြောင်း၊ သူဟာ Twitter ကို Facebook ထက် ပိုမိုအသုံးပြုလေ့ရှိကြောင်း၊ Twitter အကောင့်ကို Follow လုပ်ပေးကြပါက အရမ်းပဲပျော်မိမှာဖြစ်ကြောင်း သူဟာ Twitter ကိုနေ့စဉ် အသုံးပြုလေ့ရှိကြောင်း ပြောထားတာပါ။

သူ့ရဲ့ Twitter အကောင့်ကတော့ ဒီလင့် https://twitter.com/somemitsu?s=04 လေးနဲ့ ရှာရှင် တွေ့မယ်ထင်ပါတယ်။ သူ့ Twitter မှာဆိုရင် သူ့ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေ၊ သူဘဝအမှတ်တရပုံရိပ်တွေကိုသာ အများစုတွေ့ရပြီး အများမျှော်လင့်သလို ရိုက်ကွင်းပုံရိပ်တွေကိုတော့ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။ ဂျပန်ပြည်နဲ့ ဂျပန်စကားကို စိတ်ဝင်စားရင်တော့ သွားရောက်လေ့လာသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: AK
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top