ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျဖဴျဖဴေထြးဆိုတာ သိပ္မၾကာေသးတဲ့အခ်ိန္ကမွ ပရိသတ္ေတြသတိထားမိလာတဲ့ သရုပ္ေဆာင္မိန္းကေလးတစ္ဦးပါ။ သူ႔ကိုလူေတြသတိထားမိလာတာကေတာ့ သူ႔ရဲ႕ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ့ပံုစံေလးနဲ႔ ေပါက္ကရေတြ၊ရယ္စရာေတြကုိ ဘာမွအမ်ားၾကီးသိပ္စဥ္းစားမေနပဲ စိတ္ေစရာအတုိင္းလုပ္ခ်တတ္တဲ့ စရုိက္ေလးေၾကာင့္လို႔ေျပာလို႔ရပါတယ္။အခုေနာက္ပုိင္းမွာဆိုရင္ေတာ့ Facebook တစ္ခြင္ျပဲျပဲစင္ေအာင္ စုိင္းစုိင္းနဲ႔ အတူတူတြဲျပီး Troll ခံေနရတာေၾကာင့္ပါ မသိတဲ့လူေတြပိုျပီးသိလာသလို ပုိျပီးနာမည္တက္လာတယ္လို႔ေျပာရမလားပါပဲ။

ျဖဴျဖဴေထြးက အင္တာဗ်ဴးေတြေျဖတဲ့အခါမွာလည္း သားကေလ သားကေလ နဲ႔ ခ်စ္စဖြယ္ ကေလးဆန္ဆန္ေျဖတတ္သူေလးလည္းျဖစ္ပါတယ္။ လတ္တေလာမွာ ျမင္ေလရာရာ ေရွာင္မလြတ္ေအာင္ကို စိုင္းစုိင္းနဲ႔တြဲျပီး Meme ေတြ Comic ေတြ၊ Photoshop ေတြထဲမွာ Troll ခံေနရတာနဲ႔ပတ္သက္ျပီး ျဖဴျဖဴေထြးက သူမရဲ႕ခံစားခ်က္ကို Myanmar Celebrity နဲ႔ အင္တာဗ်ဴးမွာ အခုလိုပဲေျပာျပသြားခဲ့ပါတယ္။

စိုင္းစိုင္းနဲ႔တြဲျပီး Troll ခံေနရတာေတြနဲ႔ပတ္သက္ျပီး သူက တစ္ခုခုတံု႔ျပန္လုိက္မယ္ဆိုရင္ လူေတြကဝုိင္းျပီးဆြမ္းၾကီးေလာင္းၾကမွာျဖစ္ေၾကာင္းကို ျဖဴျဖဴေထြးက “လုပ္ျပန္ျပီ ဘုရားဘုရား… အဲ့ဒါက သားကိုေလ ေျပာေတာ့မွာသိလား..မျပီးနုိင္ေသာ ေျဖရွင္းမႈဆိုျပီး ေျပာေတာ့မွာ။သားက အဓိက ေျဖရွင္းတာလည္းမဟုတ္ဘူး သိတယ္မလား။ဘယ္လိုေျပာမလဲ.. ခုေနာက္ပုိင္းလည္း မျပီးေတာ့ဘူး။ Troll ခံေနရတာေလ.. အဲ့လိုပဲ ကုိစုိင္းစုိင္းနဲ႔ Troll ခံေနရတာ။အဲ့လိုမ်ိဳးဆိုေတာ့ သားလည္း ဘယ္လိုေျပာမလဲ.. Troll တာထက္ကုိဘယ္လိုေျပာမလဲ..ေျပာမေနေတာ့ပါဘူး ဒါပါပဲ။””လုိ႔ခ်စ္စဖြယ္ေျဖၾကားထားပါတယ္။

ဂီတေလာကမွာ နွစ္ရွည္လမ်ားေအာင္ျမင္မႈေတြစြဲကုိင္ထားျပီး Legend တစ္ဦးျဖစ္တယ္လို႔ဆိုရေလာက္တဲ့ စိုင္းစုိင္းခမ္းလိႈ္င္လိုလူတစ္ဦးနဲ႔ တြဲျပီး Troll ခံေနရတဲ့ခံစားခ်က္ကုိလည္း ျဖဴျဖဴေထြးက “Feeling ကလား.. ရယ္ေနရတာ။ဒါသည္ ဘယ္လိုေျပာမလဲ သူတစ္ပါးကို၊သူတစ္ပါးကိုမဟုတ္ဘူး၊အားလံုးကို.. ရယ္ေစေသာ Troll တဲ့ Troll နည္းေပါ့ေနာ္။ Troll နည္းကေတာ့ အမ်ားၾကီးရွိတယ္။ဒါေပမယ့္ သူတစ္ပါးကုိရယ္ေစတာေပါ့ေနာ္။ အဲ့ဒါေလးဆိုေတာ့ ဘယ္လိုေျပာမလဲ အရမ္းေပ်ာ္ပါတယ္။ေက်းဇူးလည္းအမ်ားၾကီးတင္တယ္လို႔။ အဲ့လိုဖန္တီးေပးတာေပါ့ေနာ္။ဟုတ္” လုိ႔ Troller ေတြကုိေက်းဇူးတင္ေၾကာင္းပါ ထည့္သြင္းေျပာၾကားထားပါတယ္။ ျဖဴျဖဴေထြးလည္း စိုင္းစုိင္းနဲ႔ တြဲျပီး Troll ခံရတာၾကာလာေတာ့ စုိင္းစုိင္းလိုပဲ PR skills ေတြျမင့္တက္လာတယ္ထင္ပါရဲ႕။

ဒါ့အျပင္ ေတာ္ၾကပါေတာ့ဟ ဆိုျပီး စာတန္းထုိးထားတဲ့ စိုင္းစုိင္းရဲ႕ ပံုေလးကို ေတြ႔တိုင္းလည္းရယ္ခ်င္မိေၾကာင္းကို “ေအာက္က ဘစုိင္းကလည္း ေျပာေနတယ္ ေတာ္ပါေတာ့၊ေတာ္ပါေတာ့နဲ႔။သားေလ သူ႔ပံုေလးကို ၾကည့္ျပီး ဒီလိုေလး ေတာ္ပါေတာ့.. ဆိုရင္ သားရယ္ခ်င္တာေလ.. အဲ့လိုမ်ိဳး။ဘာမွမဟုတ္ပါဘူး.. ေျပာင္တာေျပာဦးမယ္၊သားေျပာင္တာမဟုတ္ဘူးေနာ္ သားကရယ္ခ်င္တာလို႔ပဲေျပာတာ” လို႔ ေျခဟန္လက္ဟန္နဲ႔ရယ္ေမာရင္းေျပာျပထားပါေသးတယ္။

ကဲ …ျဖဴျဖဴေထြးကေတာ့ စုိင္းစုိင္းနဲ႔ Troll ခံရတာ အရမ္းေပ်ာ္ပါတယ္တဲ့ေနာ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးထဲမွာေရာ.. စိုင္းစုိင္းနဲ႔ျဖဴျဖဴေထြးကို ခ်စ္တဲ့သူေတြပါလား…။ ဒီလိုသူမ်ားကို ရယ္ေမာေစတဲ့ Troll နည္းမ်ိဳးကိုေရာ.. ၾကည္ျဖဴၾကရဲ႕လား.. ေျပာခဲ့ဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Can’t Wait To Say nanmalgyi

#Unicode Version#
ဖြူဖြူထွေးဆိုတာ သိပ်မကြာသေးတဲ့အချိန်ကမှ ပရိသတ်တွေသတိထားမိလာတဲ့ သရုပ်ဆောင်မိန်းကလေးတစ်ဦးပါ။ သူ့ကိုလူတွေသတိထားမိလာတာကတော့ သူ့ရဲ့ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ပုံစံလေးနဲ့ ပေါက်ကရတွေ၊ရယ်စရာတွေကို ဘာမှအများကြီးသိပ်စဉ်းစားမနေပဲ စိတ်စေရာအတိုင်းလုပ်ချတတ်တဲ့ စရိုက်လေးကြောင့်လို့ပြောလို့ရပါတယ်။အခုနောက်ပိုင်းမှာဆိုရင်တော့ Facebook တစ်ခွင်ပြဲပြဲစင်အောင် စိုင်းစိုင်းနဲ့ အတူတူတွဲပြီး Troll ခံနေရတာကြောင့်ပါ မသိတဲ့လူတွေပိုပြီးသိလာသလို ပိုပြီးနာမည်တက်လာတယ်လို့ပြောရမလားပါပဲ။

ဖြူဖြူထွေးက အင်တာဗျူးတွေဖြေတဲ့အခါမှာလည်း သားကလေ သားကလေ နဲ့ ချစ်စဖွယ် ကလေးဆန်ဆန်ဖြေတတ်သူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာ မြင်လေရာရာ ရှောင်မလွတ်အောင်ကို စိုင်းစိုင်းနဲ့တွဲပြီး Meme တွေ Comic တွေ၊ Photoshop တွေထဲမှာ Troll ခံနေရတာနဲ့ပတ်သက်ပြီး ဖြူဖြူထွေးက သူမရဲ့ခံစားချက်ကို Myanmar Celebrity နဲ့ အင်တာဗျူးမှာ အခုလိုပဲပြောပြသွားခဲ့ပါတယ်။

စိုင်းစိုင်းနဲ့တွဲပြီး Troll ခံနေရတာတွေနဲ့ပတ်သက်ပြီး သူက တစ်ခုခုတုံ့ပြန်လိုက်မယ်ဆိုရင် လူတွေကဝိုင်းပြီးဆွမ်းကြီးလောင်းကြမှာဖြစ်ကြောင်းကို ဖြူဖြူထွေးက “လုပ်ပြန်ပြီ ဘုရားဘုရား… အဲ့ဒါက သားကိုလေ ပြောတော့မှာသိလား..မပြီးနိုင်သော ဖြေရှင်းမှုဆိုပြီး ပြောတော့မှာ။သားက အဓိက ဖြေရှင်းတာလည်းမဟုတ်ဘူး သိတယ်မလား။ဘယ်လိုပြောမလဲ.. ခုနောက်ပိုင်းလည်း မပြီးတော့ဘူး။ Troll ခံနေရတာလေ.. အဲ့လိုပဲ ကိုစိုင်းစိုင်းနဲ့ Troll ခံနေရတာ။အဲ့လိုမျိုးဆိုတော့ သားလည်း ဘယ်လိုပြောမလဲ.. Troll တာထက်ကိုဘယ်လိုပြောမလဲ..ပြောမနေတော့ပါဘူး ဒါပါပဲ။””လို့ချစ်စဖွယ်ဖြေကြားထားပါတယ်။

ဂီတလောကမှာ နှစ်ရှည်လများအောင်မြင်မှုတွေစွဲကိုင်ထားပြီး Legend တစ်ဦးဖြစ်တယ်လို့ဆိုရလောက်တဲ့ စိုင်းစိုင်းခမ်းလှို်င်လိုလူတစ်ဦးနဲ့ တွဲပြီး Troll ခံနေရတဲ့ခံစားချက်ကိုလည်း ဖြူဖြူထွေးက “Feeling ကလား.. ရယ်နေရတာ။ဒါသည် ဘယ်လိုပြောမလဲ သူတစ်ပါးကို၊သူတစ်ပါးကိုမဟုတ်ဘူး၊အားလုံးကို.. ရယ်စေသော Troll တဲ့ Troll နည်းပေါ့နော်။ Troll နည်းကတော့ အများကြီးရှိတယ်။ဒါပေမယ့် သူတစ်ပါးကိုရယ်စေတာပေါ့နော်။ အဲ့ဒါလေးဆိုတော့ ဘယ်လိုပြောမလဲ အရမ်းပျော်ပါတယ်။ကျေးဇူးလည်းအများကြီးတင်တယ်လို့။ အဲ့လိုဖန်တီးပေးတာပေါ့နော်။ဟုတ်” လို့ Troller တွေကိုကျေးဇူးတင်ကြောင်းပါ ထည့်သွင်းပြောကြားထားပါတယ်။ ဖြူဖြူထွေးလည်း စိုင်းစိုင်းနဲ့ တွဲပြီး Troll ခံရတာကြာလာတော့ စိုင်းစိုင်းလိုပဲ PR skills တွေမြင့်တက်လာတယ်ထင်ပါရဲ့။

ဒါ့အပြင် တော်ကြပါတော့ဟ ဆိုပြီး စာတန်းထိုးထားတဲ့ စိုင်းစိုင်းရဲ့ ပုံလေးကို တွေ့တိုင်းလည်းရယ်ချင်မိကြောင်းကို “အောက်က ဘစိုင်းကလည်း ပြောနေတယ် တော်ပါတော့၊တော်ပါတော့နဲ့။သားလေ သူ့ပုံလေးကို ကြည့်ပြီး ဒီလိုလေး တော်ပါတော့.. ဆိုရင် သားရယ်ချင်တာလေ.. အဲ့လိုမျိုး။ဘာမှမဟုတ်ပါဘူး.. ပြောင်တာပြောဦးမယ်၊သားပြောင်တာမဟုတ်ဘူးနော် သားကရယ်ချင်တာလို့ပဲပြောတာ” လို့ ခြေဟန်လက်ဟန်နဲ့ရယ်မောရင်းပြောပြထားပါသေးတယ်။

ကဲ …ဖြူဖြူထွေးကတော့ စိုင်းစိုင်းနဲ့ Troll ခံရတာ အရမ်းပျော်ပါတယ်တဲ့နော်။ ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော.. စိုင်းစိုင်းနဲ့ဖြူဖြူထွေးကို ချစ်တဲ့သူတွေပါလား…။ ဒီလိုသူများကို ရယ်မောစေတဲ့ Troll နည်းမျိုးကိုရော.. ကြည်ဖြူကြရဲ့လား.. ပြောခဲ့ဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:Can’t Wait To Say nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top