×


ထုိင္းႏုိင္ငံ မယ္ဆုိင္ဂူထဲမွာ ပိတ္မိခဲ့တဲ့ ေတာဝက္ေဘာလုံးအကယ္ဒမီမွ နည္းျပနဲ႔ လူငယ္ေဘာလုံးသမား (၁၂)ဦးတုိ႔ဟာ အခုဆုိရင္ ေဘးအႏၱရာယ္ကင္းရွင္းစြာနဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြရဲ႕ ႀကိဳးစားမႈနဲ႔ ျပန္ထြက္လာႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီအထဲမွာ နည္းျပအျဖစ္ ေဆာင္ရြက္ေနတဲ့ ျမန္မာႏုိင္ငံသား Ekaphol Chantawon ရဲ႕ အေၾကာင္းကလည္း လူေတြအမ်ားႀကီး စိတ္ဝင္စားခံခဲ့ရပါတယ္။

Ekaphol ေခၚ Ake ရဲ႕အေၾကာင္းကို The Sun ကဲ့သုိ႔ေသာ ကမာၻေက်ာ္သတင္းစာႀကီးကလည္း ေဝေဝဆာဆာ ေဖာ္ျပထားၿပီး၊ သူ ကေလးေတြကုိ ဘာလုိ႔ ဂူထဲကို ေခၚသြားရတယ္ဆုိတဲ့အေၾကာင္းရယ္၊ ကေလးမိဘေတြက သူ႕အေပၚ ဘယ္လုိသေဘာထားတယ္၊ သူက ကေလးေတြကို ဘယ္လုိ ေစာင့္ေရွာက္ခဲ့တယ္ဆုိတာကို ေဖာ္ျပထားပါတယ္။

Ake ဟာ ျမန္မာႏုိင္ငံက သူ႕ရဲ႕ တစ္ဦးတည္းေသာ ေဆြမ်ိဳးရင္းျခားျဖစ္တဲ့ အဖြားျဖစ္သူကို ျပဳစုလုပ္ေကၽြးေနသူပါ။ Ake ရဲ႕ မိဘေတြဟာ သူငယ္စဥ္ကတည္းက ဆုံးပါးသြားေၾကာင္း သိရၿပီး၊ သူ႕ကို အဖြားျဖစ္သူကပဲ တာဝန္ယူေစာင့္ေရွာက္ခဲ့တာပါ။ Ake ဟာ ေရႊ႕ေျပာင္းလုပ္သားအျဖစ္နဲ႔ ထုိင္းႏုိင္ငံထဲမွာပဲ အေနမ်ားခဲ့ၿပီး၊ ရွင္သာမေဏလည္း ဝတ္ခဲ့ဖူးသူ ျဖစ္ပါတယ္။

ေတာဝက္ေဘာလုံးအကယ္ဒမီမွာ လက္ေထာက္နည္းျပအျဖစ္ ခန္႔အပ္ခံရသည္အထိ Ake ဟာ အားကစားဘက္ကို အာ႐ုံစုိက္ခဲ့ပါတယ္။ ကေလးေတြကလည္း သူ႕ကို ခ်စ္ၾကၿပီး၊ မိဘမဲ့ျဖစ္ခဲ့ရတဲ့ Ake ကိုယ္တုိင္ကလည္း ကေလးေတြကို သူတုိ႔ရဲ႕ မိဘသဖြယ္ ၾကည့္႐ႈေစာင့္ေရွာက္တယ္လုိ႔ နည္းျပခ်ဳပ္က ဆုိပါတယ္။

Ake ဟာ လူငယ္ ေဘာလုံးသမား (၁၂)ဦးကို ေဘာလုံးပြဲစဥ္တစ္ခု အၿပီးမွာ ေဘာလုံးသမား ကေလးငယ္တစ္ဦးရဲ႕ ေမြးေန႕ကို ဆင္ႏႊဲဖုိ႔ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ မယ္ဆုိင္ဂူႀကီးထဲကို ဝင္ခဲ့ၾကပါတယ္။ ဒါေပမယ့္ သူတုိ႔ဝင္သြားစဥ္က ေရမရွိတဲ့ ဂူအတြင္းမွာ မုိးသည္းထန္စြာ ရြာသြန္းခဲ့လုိ႔ ေရေတြျပည့္လ်ံသြားခဲ့ပါတယ္။ ဒါေၾကာင့္ Ake ဦးေဆာင္တဲ့အဖြဲ႕ဟာ ထြက္ေပါက္ပိတ္သြားခဲ့ၿပီး၊ ရက္အတန္ၾကာသည္အထိ ျပင္ပနဲ႔ ဆက္သြယ္မႈ မရရွိခဲ့ပါဘူး။

ဒီလုိနဲ႔ေနာက္ဆုံးမွာ ကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ အဆက္အသြယ္ရခဲ့ၿပီး၊ Ake က ကေလးမိဘေတြထံ ေတာင္းပန္စာတစ္ေစာင္ ေရးပုိ႔ခဲ့ပါတယ္။ ” ကေလးအားလုံးရဲ႕ မိဘမ်ားထံ စာေရးသားေပးအပ္ပါသည္ … ကေလးေတြ အားလုံး အဆင္ေျပ က်န္းမာၾကပါသည္ … ကယ္ဆယ္ေရးအဖြဲ႕သားေတြကလည္း ေကာင္းမြန္စြာ ေစာင့္ေရွာက္ပါသည္ … ကၽြန္ေတာ္ ကတိေပးလုိတာက ကေလးေတြကို အသက္နဲ႔လဲၿပီး ကာကြယ္ေစာင့္ေရွာက္ပါမည္ဆုိတဲ့ အေၾကာင္းပါ … အားေပးဝန္းရံၾကသူေတြ အားလုံးကို ကၽြန္ေတာ္ အထူးေက်းဇူးတင္ပါသည္ … မိဘမ်ားထံကုိလည္း ဒီလုိျဖစ္ေစတဲ့အတြက္ အႏူးအညႊတ္ ေတာင္းပန္ပါသည္ “ဆုိၿပီး ေရးသားခဲ့ပါတယ္။

ကေလးေတြရဲ႕ မိဘေတြကလည္း Ake ကုိ မိမိကုိယ္ကို အျပစ္မတင္ဖုိ႔၊ ကေလးေတြကုိ စိတ္ဓာတ္မက်ေအာင္၊ အသက္ရွင္ေနေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ထားႏုိင္ျခင္းသည္ပင္လွ်င္ လူႀကီးတစ္ေယာက္ရဲ႕တာဝန္ ေက်နပ္စရာေကာင္းေအာင္ ေက်ပြန္ၿပီးျဖစ္ေၾကာင္း၊ မၾကာမီမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ႏုိင္ၿပီး အားလုံး ခ်မ္းသာရာ ရလိမ့္မယ္ျဖစ္ေၾကာင္း မိဘေတြက ျပန္လည္အားေပးခဲ့ၾကပါတယ္။

ေနာက္ဆုံးေတာ့ Ake ဟာ မိဘေတြရဲ႕ ေထာက္ခံယုံၾကည္ခ်က္ေၾကာင့္ သက္သာရာ ရခဲ့သလုိ၊ ထုိင္းအာဏာပိုင္ေတြကလည္း နည္းျပျဖစ္သူကို အျပစ္မတင္ၾကဖုိ႔၊ သူ႕ကိုလည္း ဝုိင္းဝန္းေဖးမၾကဖုိ႔ တရားဝင္ တုိက္တြနး္ခဲ့ပါတယ္။ ကေလးေတြကုိ ထုိင္းေတာ္ဝင္ေရတပ္နဲ႔ ၿဗိတိန္ေရငုပ္သမားေတြ ဦးေဆာင္တဲ့ ကယ္ဆယ္ေရးအဖြဲ႕ေတြက ေအာင္ျမင္စြာ ကယ္ထုတ္ႏုိင္ခဲ့တဲ့ သတင္းကလည္း လူစိတ္ဝင္စားမႈ အမ်ားဆုံး ရရွိခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmarnote

#Unicode Version#

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအကယ်ဒမီမှ နည်းပြနဲ့ လူငယ်ဘောလုံးသမား (၁၂)ဦးတို့ဟာ အခုဆိုရင် ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ကြိုးစားမှုနဲ့ ပြန်ထွက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသား Ekaphol Chantawon ရဲ့ အကြောင်းကလည်း လူတွေအများကြီး စိတ်ဝင်စားခံခဲ့ရပါတယ်။

Ekaphol ခေါ် Ake ရဲ့အကြောင်းကို The Sun ကဲ့သို့သော ကမ္ဘာကျော်သတင်းစာကြီးကလည်း ဝေဝေဆာဆာ ဖော်ပြထားပြီး၊ သူ ကလေးတွေကို ဘာလို့ ဂူထဲကို ခေါ်သွားရတယ်ဆိုတဲ့အကြောင်းရယ်၊ ကလေးမိဘတွေက သူ့အပေါ် ဘယ်လိုသဘောထားတယ်၊ သူက ကလေးတွေကို ဘယ်လို စောင့်ရှောက်ခဲ့တယ်ဆိုတာကို ဖော်ပြထားပါတယ်။

Ake ဟာ မြန်မာနိုင်ငံက သူ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးရင်းခြားဖြစ်တဲ့ အဖွားဖြစ်သူကို ပြုစုလုပ်ကျွေးနေသူပါ။ Ake ရဲ့ မိဘတွေဟာ သူငယ်စဉ်ကတည်းက ဆုံးပါးသွားကြောင်း သိရပြီး၊ သူ့ကို အဖွားဖြစ်သူကပဲ တာဝန်ယူစောင့်ရှောက်ခဲ့တာပါ။ Ake ဟာ ရွှေ့ပြောင်းလုပ်သားအဖြစ်နဲ့ ထိုင်းနိုင်ငံထဲမှာပဲ အနေများခဲ့ပြီး၊ ရှင်သာမဏေလည်း ဝတ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

တောဝက်ဘောလုံးအကယ်ဒမီမှာ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံရသည်အထိ Ake ဟာ အားကစားဘက်ကို အာရုံစိုက်ခဲ့ပါတယ်။ ကလေးတွေကလည်း သူ့ကို ချစ်ကြပြီး၊ မိဘမဲ့ဖြစ်ခဲ့ရတဲ့ Ake ကိုယ်တိုင်ကလည်း ကလေးတွေကို သူတို့ရဲ့ မိဘသဖွယ် ကြည့်ရှုစောင့်ရှောက်တယ်လို့ နည်းပြချုပ်က ဆိုပါတယ်။

Ake ဟာ လူငယ် ဘောလုံးသမား (၁၂)ဦးကို ဘောလုံးပွဲစဉ်တစ်ခု အပြီးမှာ ဘောလုံးသမား ကလေးငယ်တစ်ဦးရဲ့ မွေးနေ့ကို ဆင်နွှဲဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မယ်ဆိုင်ဂူကြီးထဲကို ဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဝင်သွားစဉ်က ရေမရှိတဲ့ ဂူအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရေတွေပြည့်လျံသွားခဲ့ပါတယ်။ ဒါကြောင့် Ake ဦးဆောင်တဲ့အဖွဲ့ဟာ ထွက်ပေါက်ပိတ်သွားခဲ့ပြီး၊ ရက်အတန်ကြာသည်အထိ ပြင်ပနဲ့ ဆက်သွယ်မှု မရရှိခဲ့ပါဘူး။

ဒီလိုနဲ့နောက်ဆုံးမှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရခဲ့ပြီး၊ Ake က ကလေးမိဘတွေထံ တောင်းပန်စာတစ်စောင် ရေးပို့ခဲ့ပါတယ်။ ” ကလေးအားလုံးရဲ့ မိဘများထံ စာရေးသားပေးအပ်ပါသည် … ကလေးတွေ အားလုံး အဆင်ပြေ ကျန်းမာကြပါသည် … ကယ်ဆယ်ရေးအဖွဲ့သားတွေကလည်း ကောင်းမွန်စွာ စောင့်ရှောက်ပါသည် … ကျွန်တော် ကတိပေးလိုတာက ကလေးတွေကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ အကြောင်းပါ … အားပေးဝန်းရံကြသူတွေ အားလုံးကို ကျွန်တော် အထူးကျေးဇူးတင်ပါသည် … မိဘများထံကိုလည်း ဒီလိုဖြစ်စေတဲ့အတွက် အနူးအညွှတ် တောင်းပန်ပါသည် “ဆိုပြီး ရေးသားခဲ့ပါတယ်။

ကလေးတွေရဲ့ မိဘတွေကလည်း Ake ကို မိမိကိုယ်ကို အပြစ်မတင်ဖို့၊ ကလေးတွေကို စိတ်ဓာတ်မကျအောင်၊ အသက်ရှင်နေအောင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခြင်းသည်ပင်လျှင် လူကြီးတစ်ယောက်ရဲ့တာဝန် ကျေနပ်စရာကောင်းအောင် ကျေပွန်ပြီးဖြစ်ကြောင်း၊ မကြာမီမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ပြီး အားလုံး ချမ်းသာရာ ရလိမ့်မယ်ဖြစ်ကြောင်း မိဘတွေက ပြန်လည်အားပေးခဲ့ကြပါတယ်။

နောက်ဆုံးတော့ Ake ဟာ မိဘတွေရဲ့ ထောက်ခံယုံကြည်ချက်ကြောင့် သက်သာရာ ရခဲ့သလို၊ ထိုင်းအာဏာပိုင်တွေကလည်း နည်းပြဖြစ်သူကို အပြစ်မတင်ကြဖို့၊ သူ့ကိုလည်း ဝိုင်းဝန်းဖေးမကြဖို့ တရားဝင် တိုက်တွန်းခဲ့ပါတယ်။ ကလေးတွေကို ထိုင်းတော်ဝင်ရေတပ်နဲ့ ဗြိတိန်ရေငုပ်သမားတွေ ဦးဆောင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းကလည်း လူစိတ်ဝင်စားမှု အများဆုံး ရရှိခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myanmarnote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top