iMyanmarHouse.com - Best Property Website for Myanmar
×





Credit: swelsonenews
# Unicode Version ဖြင့် ဖတ်ပါ #
ဆယ်ကျော်သက် မိန်းကလေးတွေ အသဲစွဲ စိုင်းစိုင်းကို ပရိတ်သတ်ကြီးချစ်ကြမယ် ထင်ပါတယ်နော်။စိုင်းစိုင်းဟာ ဟိုအရင် တစ်ခေတ်တစ်ခါထဲကအောင်မြင်မှုတွေ ဆက်တိုက်ရလာတာ ယနေ့တိုင်သူရဲ့အောင်မြင်မှုကို ထိန်းနိုင်တဲ့ အရည်အချင်းကတော့ အံ့မခန်းပါပဲ လေးစားအတုယူစရာလည်းကောင်းပါတယ်။

စိုင်းစိုင်းဟာ လတ်တလောမှာတော့ ရတနာပုံတက္ကသိုလ်မှာ ဖျော်ဖြေခဲ့ပြီးနောက် ဒီမနက်မှာတော့ ရွှေဘိုမြို့ရှိ La La Beauty Center & Fashion Shop ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တယ်လို့ သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမှတ်တရပုံရိပ်များနဲ့တကွ ဖော်ပြထားပါတယ်။စိုင်းစိုင်းရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော်။ ဒီ Snap ပုံလေးကတော့ ပရိတ်သတ်တွေကြားမှာ လူပြောများနေပါတယ်။

သူရဲ့ မိန်းကလေး ပရိတ်သတ်တွေကလည်း စိုင်းစိုင်းကို အမြဲတမ်းချစ်နေကြတာလည်း သူရဲ့ကံကောင်းချက်လေး တစ်ခုဖြစ်ပါတယ်။ရှမ်းတိုင်းရင်းသားလေးစိုင်းစိုင်းလည်း ဒီထက်မက အောင်မြင်မှုကို ဆက်လက်ထိန်းသိန်းနိုင်ပြီး ဒီထက်မကအောင်မြင်မှုတွေ ပရိတ်သတ်ချစ်ခင်မှုတွေ ပိုရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source:Sai Sai Kham Leng

ဖိုးသူတော် (www.phothutaw.com)
Credit: swelsonenews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top