×

သင့္ရဲ႕ အခ်စ္ေရးကို ဒီအက်င့္ဆိုးေတြက ဖ်က္ဆီး မပစ္ခင္ သင္က အရင္ ဒီအက်င့္ဆိုး ေတြကို ဖ်က္ဆီးပစ္လိုက္ပါ ။

အခု ေျပာျပေပးမယ့္ အရာေတြဟာ သင္တုိ႔ အခ်စ္ေရးကို ဖ်က္ဆီး ပစ္ႏိုင္တဲ့ အရာေတြပါ ။ ဒီလို အမူအက်င့္ေတြ အတုိင္း လက္ခံ က်င့္သံုး ျဖစ္ေနတယ္ ဆုိရင္ေတာ့ သင္တို႔ ႏွစ္ေယာက္ စလံုး ခ်က္ခ်င္း ျပင္ဆင္ ျပစ္လိုက္ဖုိ႔ အႀကံေပးခ်င္ ပါတယ္ ။

1) သင္ဟာ သင့္ခ်စ္သူကို ခ်စ္တဲ့ အေၾကာင္းေလးေတြ ယုယု ယယ မေျပာျဖစ္ ေတာ့ဘူး

တြဲလာတဲ့ အခ်ိန္ေလး နည္းနည္း ရလာၿပီ ဆုိတာနဲ႔ ကိုယ့္ခ်စ္သူ ဘယ္ေလာက္ ခ်စ္ဖုိ႔ ေကာင္းေၾကာင္း ၊ ေခ်ာေၾကာင္း ၊ ဘယ္ေလာက္ ျမတ္ႏိုးေၾကာင္း ၊ ဘယ္ေလာက္ ခ်စ္ေၾကာင္းေတြ မေျပာျဖစ္ေတာ့ ပါဘူး ။

တကယ္ေတာ့ ေန႔စဥ္ ေန႔တုိင္း ဒီလို စကားေလးေတြ ေျပာတတ္တဲ့ စံုတြဲဟာ ေရရွည္မွာ ပိုၿမဲပါတယ္ ။ အေရးမႀကီးဘူး ထင္ရတဲ့ အခ်က္ကေလးေတြဟာ တကယ္ေတာ့ အေရးအႀကီးဆံုး ျဖစ္ေနတတ္တာ ေမ့ထားလို႔ မရပါဘူး ။

2) သင္ဟာ ႏွစ္ဦးသား ဆက္ဆံေရးထက္ ဆုိရွယ္ မီဒီယာကို ပိုၿပီး အသားေပးတယ္

ဒါဟာ ျပသနာ တခုပါပဲ ၊ အထူးသျဖင့္ လူငယ္ စံုတြဲေတြ အတြက္ေပါ့ ။ ခံစားခ်က္ကို စေတးတပ္စ္ေလး တင္လိုက္တာ ၊ သူ႔ပို႔စ္ေအာက္မွာ ကြန္မန္႔ ၀င္ေရးလိုက္တာ မ်ိဳးေတြဟာ သင္တို႔ ႏွစ္ဦးရဲ႕ တကယ့္ ဆက္ဆံေရး မဟုတ္ပါဘူး ။

ကိုယ့္ခ်စ္သူကို ခ်စ္တဲ့ အေၾကာင္း လက္ေတြ႔ မျပပဲ စေတးတပ္စ္ ႀကီးပဲ တင္ေနလုိ႔လည္း မရျပန္ပါဘူး ။ ခ်စ္သူကို မ်က္ႏွာခ်င္း မဆုိင္ျဖစ္ပဲ ေဖ့စ္ဘြတ္ခ္ ခ်ည္း သံုးေနမယ္ဆုိရင္ ဒါဟာ ျပသနာ တခုလို႔ ေျပာပါရေစ ။

3) သင္ဟာ မၾကာခဏ စိတ္ရႈပ္တတ္ၿပီး ၊ သင့္စိတ္ အလိုမက်တာနဲ႔ ခ်စ္သူကို ရစ္တတ္တယ္

ညဘက္ေတြ ေနာက္က်မွ အိပ္ယာ ၀င္မယ္ ။ အဲဒီေတာ့ အိပ္ေရး မ၀ပဲ အလုပ္ သြားရမယ္ ၊ အလုပ္ လုပ္ရတာ အဆင္ေျပခ်င္မွ ေျပမယ္ ၊ စိတ္အလို မက်တာေတြ ျဖစ္ေနမယ္ ၊ စိတ္ရႈပ္ စိတ္ပင္ပန္းတာေတြ ျဖစ္မယ္ ။

အလုပ္မွာ စိတ္ဖိစီးမႈေတြ ျဖစ္မယ္ ၊ ခုလို ျဖစ္တုိင္း ျပသနာ ရွာခံရတာ သင့္ရဲ႕ ခ်စ္သူပဲ ၊ ခုလိုသာ ဆက္သြားေနရင္ သူကေရာ ဘယ္ေလာက္ထိ သင့္ကို သည္းခံႏိုင္မလဲ ဆိုတာ စဥ္းစားရပါေတာ့မယ္။

4) သင္က ျပႆနာ တခုကို ေသခ်ာ မေျဖရွင္းပဲ ၿပီးၿပီးေရာ ေတာင္းပန္ တတ္တယ္

သင္ဟာ ႏွစ္ဦးသား ျပႆနာ တခုခု တက္ၿပီ ဆုိတာနဲ႔ ျဖစ္တဲ့ျပႆနာကို ေသခ်ာ မေျဖရွင္းပဲ ၿပီးၿပီးေရာသာ ေတာင္းပန္ လိုက္တယ္ ။

တကယ့္ ျပႆနာကို ေသခ်ာ ေျဖရွင္းဖုိ႔ မေတြးဘူး ၊ ေနာက္တခါ ထပ္ျဖစ္တ့ဲ ျပႆနာ ကလည္း ဒါပဲ ဆုိရင္ေတာ့ ေရရွည္ သင္တုိ႔ ခ်စ္သူ ႏွစ္ဦး ဘယ္လို စခန္းသြား ၾကမလဲ ။

5) သင့္မွာ ပိုက္ဆံ အေၾကာင္း ေျပာဖုိ႕ရာ ဝန္ေလး တြန္႔ဆုတ္ေနမယ္ ၊ သင့္ခ်စ္သူေရာပဲ

ပိုက္ဆံဟာ အေရးႀကီး ပါတယ္ ။ ဒါေပမယ့္ အတြဲ ေတာ္ေတာ္ မ်ားမ်ားဟာ ဖက္ရွင္ အေၾကာင္းအရာ တရပ္လို ပိုက္ဆံ ကိစၥကို ေပါ့ေပါ့ ပါးပါး မေျပာဆုိ မေဆြးေႏြးႏိုင္ၾက ပါဘူး ။

စံုတြဲတတြဲ တည္ၿမဲဖုိ႔ ဆုိတာ အခ်စ္ ၊ သစၥာ ေမတၱာေတြ အျပင္ ပိုက္ဆံ ကိစၥ ကလည္း အေရးႀကီး ပါတယ္ ။ တဦးနဲ႔ တဦး ဒါကို ပြင့္ပြင့္ လင္းလင္း မေျပာထားရင္ ဒီစံုတြဲ ေရရွည္ မၿမဲႏိုင္ပါဘူး ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:loveshorts

#Unicode Version#
 သင့်ရဲ့ အချစ်ရေးကို ဒီအကျင့်ဆိုးတွေက ဖျက်ဆီး မပစ်ခင် သင်က အရင် ဒီအကျင့်ဆိုး တွေကို ဖျက်ဆီးပစ်လိုက်ပါ ။

အခု ပြောပြပေးမယ့် အရာတွေဟာ သင်တို့ အချစ်ရေးကို ဖျက်ဆီး ပစ်နိုင်တဲ့ အရာတွေပါ ။ ဒီလို အမူအကျင့်တွေ အတိုင်း လက်ခံ ကျင့်သုံး ဖြစ်နေတယ် ဆိုရင်တော့ သင်တို့ နှစ်ယောက် စလုံး ချက်ချင်း ပြင်ဆင် ပြစ်လိုက်ဖို့ အကြံပေးချင် ပါတယ် ။

1) သင်ဟာ သင့်ချစ်သူကို ချစ်တဲ့ အကြောင်းလေးတွေ ယုယု ယယ မပြောဖြစ် တော့ဘူး

တွဲလာတဲ့ အချိန်လေး နည်းနည်း ရလာပြီ ဆိုတာနဲ့ ကိုယ့်ချစ်သူ ဘယ်လောက် ချစ်ဖို့ ကောင်းကြောင်း ၊ ချောကြောင်း ၊ ဘယ်လောက် မြတ်နိုးကြောင်း ၊ ဘယ်လောက် ချစ်ကြောင်းတွေ မပြောဖြစ်တော့ ပါဘူး ။

တကယ်တော့ နေ့စဉ် နေ့တိုင်း ဒီလို စကားလေးတွေ ပြောတတ်တဲ့ စုံတွဲဟာ ရေရှည်မှာ ပိုမြဲပါတယ် ။ အရေးမကြီးဘူး ထင်ရတဲ့ အချက်ကလေးတွေဟာ တကယ်တော့ အရေးအကြီးဆုံး ဖြစ်နေတတ်တာ မေ့ထားလို့ မရပါဘူး ။

2) သင်ဟာ နှစ်ဦးသား ဆက်ဆံရေးထက် ဆိုရှယ် မီဒီယာကို ပိုပြီး အသားပေးတယ်

ဒါဟာ ပြသနာ တခုပါပဲ ၊ အထူးသဖြင့် လူငယ် စုံတွဲတွေ အတွက်ပေါ့ ။ ခံစားချက်ကို စတေးတပ်စ်လေး တင်လိုက်တာ ၊ သူ့ပို့စ်အောက်မှာ ကွန်မန့် ၀င်ရေးလိုက်တာ မျိုးတွေဟာ သင်တို့ နှစ်ဦးရဲ့ တကယ့် ဆက်ဆံရေး မဟုတ်ပါဘူး ။

ကိုယ့်ချစ်သူကို ချစ်တဲ့ အကြောင်း လက်တွေ့ မပြပဲ စတေးတပ်စ် ကြီးပဲ တင်နေလို့လည်း မရပြန်ပါဘူး ။ ချစ်သူကို မျက်နှာချင်း မဆိုင်ဖြစ်ပဲ ဖေ့စ်ဘွတ်ခ် ချည်း သုံးနေမယ်ဆိုရင် ဒါဟာ ပြသနာ တခုလို့ ပြောပါရစေ ။

3) သင်ဟာ မကြာခဏ စိတ်ရှုပ်တတ်ပြီး ၊ သင့်စိတ် အလိုမကျတာနဲ့ ချစ်သူကို ရစ်တတ်တယ်

ညဘက်တွေ နောက်ကျမှ အိပ်ယာ ၀င်မယ် ။ အဲဒီတော့ အိပ်ရေး မဝပဲ အလုပ် သွားရမယ် ၊ အလုပ် လုပ်ရတာ အဆင်ပြေချင်မှ ပြေမယ် ၊ စိတ်အလို မကျတာတွေ ဖြစ်နေမယ် ၊ စိတ်ရှုပ် စိတ်ပင်ပန်းတာတွေ ဖြစ်မယ် ။

အလုပ်မှာ စိတ်ဖိစီးမှုတွေ ဖြစ်မယ် ၊ ခုလို ဖြစ်တိုင်း ပြသနာ ရှာခံရတာ သင့်ရဲ့ ချစ်သူပဲ ၊ ခုလိုသာ ဆက်သွားနေရင် သူကရော ဘယ်လောက်ထိ သင့်ကို သည်းခံနိုင်မလဲ ဆိုတာ စဉ်းစားရပါတော့မယ်။

4) သင်က ပြဿနာ တခုကို သေချာ မဖြေရှင်းပဲ ပြီးပြီးရော တောင်းပန် တတ်တယ်

သင်ဟာ နှစ်ဦးသား ပြဿနာ တခုခု တက်ပြီ ဆိုတာနဲ့ ဖြစ်တဲ့ပြဿနာကို သေချာ မဖြေရှင်းပဲ ပြီးပြီးရောသာ တောင်းပန် လိုက်တယ် ။

တကယ့် ပြဿနာကို သေချာ ဖြေရှင်းဖို့ မတွေးဘူး ၊ နောက်တခါ ထပ်ဖြစ်တဲ့ ပြဿနာ ကလည်း ဒါပဲ ဆိုရင်တော့ ရေရှည် သင်တို့ ချစ်သူ နှစ်ဦး ဘယ်လို စခန်းသွား ကြမလဲ ။

5) သင့်မှာ ပိုက်ဆံ အကြောင်း ပြောဖို့ရာ ဝန်လေး တွန့်ဆုတ်နေမယ် ၊ သင့်ချစ်သူရောပဲ

ပိုက်ဆံဟာ အရေးကြီး ပါတယ် ။ ဒါပေမယ့် အတွဲ တော်တော် များများဟာ ဖက်ရှင် အကြောင်းအရာ တရပ်လို ပိုက်ဆံ ကိစ္စကို ပေါ့ပေါ့ ပါးပါး မပြောဆို မဆွေးနွေးနိုင်ကြ ပါဘူး ။

စုံတွဲတတွဲ တည်မြဲဖို့ ဆိုတာ အချစ် ၊ သစ္စာ မေတ္တာတွေ အပြင် ပိုက်ဆံ ကိစ္စ ကလည်း အရေးကြီး ပါတယ် ။ တဦးနဲ့ တဦး ဒါကို ပွင့်ပွင့် လင်းလင်း မပြောထားရင် ဒီစုံတွဲ ရေရှည် မမြဲနိုင်ပါဘူး ။

ဖိုးသူတော် (www.phothutaw.com)
Credit:loveshorts
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top