×

ဂီတအမ်ိဳးစားေပါင္းမ်ားစြာရွိတဲ့အထဲမွာမွ ၾကမ္းၾကမ္းတမ္းတမ္းေပါက္ကြဲ သံစဥ္မ်ားနဲ႕ ပရိသတ္ေတြစိတ္ကို နိုးႂကြေစတဲ့ Rockဂီတဟာဆိုရင္လည္း ျမန္မာနိုင္ငံမွာလက္ခံအားေပးသူ ဒုနဲ႕ေထးရွိပါတယ္။ျမန္မာ့ဂီတေလာကမွာလည္း Rock ဂီတကို႐ူးသြပ္စြာသီဆိုေနၾကတဲ့ Rock Band ေတြမ်ားစြာရွိသလို Rockဂီတရဲ႕ ေရွ႕ေဆာင္လမ္းျပမ်ားျဖစ္ခဲ့ၾကတဲ့ ထိပ္တန္း Rock အဆိုေတာ္ႀကီးမ်ားဟာဆိုလည္း လက္ရွိအခ်ိန္အထိပရိသတ္အားေပးမႈ အခိုင္အမာရရွိထားၾကတာပဲ ျဖစ္ပါတယ္။ဒီေန႕မွာေတာ့ ျမင္ေတြ႕ရခဲတဲ့ ႀကဳံေတာင့္ႀကဳံခဲ ထိပ္တန္း Rockerႀကီးေတြရဲ႕ ထူးထူးျခားျခားစုံစည္းမႈေလးကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

သူတို႔ကေတာ့ ဂီတေလာကမွာ လက္ရွိအခ်ိန္အထိ ပရိသတ္အားေပးမႈအခိုင္မာနဲ႕ ေအာင္ျမင္ေနဆဲ ေတးသံရွင္ႀကီးမ်ားျဖစ္ၾကတဲ့ ေဇာ္ဝင္းထြဋ္၊ ရင္ဂို၊ အာဇာနည္၊ ေဝလ၊ဟန္ထူးလြင္တို႔အျပင္တျခားေသာ Rock ဂီတကို႐ူးသြပ္ၾကတဲ့ Rocker ႀကီးေတြကို တစ္စုတစ္စည္းထဲျမင္ေတြ႕ရတာပဲ ျဖစ္ပါတယ္။ သူတို႔ကေတာ့ ျမန္မာနိုင္ငံဆိုင္ကယ္ အေပ်ာ္စီးအဖြဲ႕နဲ႕အတူ ျမန္မာနိုင္ငံရဲ႕ အထင္ကရေနရာေတြကို ခရီးဆက္ေနၾကတာပဲ ျဖစ္ပါတယ္။ ဒီေန႕မွာေတာ့ ပုဂံေျမကိုေျခခ်ခဲ့ၾကတာ အမွတ္တရဓာတ္ပုံရိုက္ကူးမႈမ်ားျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

အမိုက္စားဆိုင္ကယ္ႀကီးေတြနဲ႕ ခပ္မိုက္မိုက္ Rocker ႀကီးေတြရဲ႕ စတိုင္အျပည့္နဲ႕ ပုံရိပ္ေတြကေတာ့ ပရိသတ္ေတြအတြက္တကယ့္ကို သေဘာက်ႏွစ္သက္စရာပုံရိပ္ေလးေတြပဲ ျဖစ္ပါတယ္။ပုဂံေျမေပၚမွာ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ Rocker ႀကီးေတြရဲ႕ ပုံရိပ္ေလးေတြကေတာ့ ပရိသတ္ေတြအားလုံးကို အံ့အားသင့္ေစခဲ့ၿပီး အေပ်ာ္ေတြကူးဆက္ေစခဲ့တာပဲ ျဖစ္ပါတယ္။အရမ္းကိုမိုက္လြန္းတဲ့ ျမန္မာနိုင္ငံရဲ႕ ထိပ္တန္း Rocker ႀကီးေတြရဲ႕ ဆိုင္ ကယ္မ်ားနဲ႕ ခရီးသြားျခင္း ပုံရိပ္ေလးေတြကိုလည္း ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းအျမစ္ – ဟန္ထူးလြင္၊ေဝလ၊ဇုံဇုံ၊အာဇာနည္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PoPinVdo
# Unicode Version ျဖင့္ ဖတ္ပါ #
ဂီတအမျိုးစားပေါင်းများစွာရှိတဲ့အထဲမှာမှ ကြမ်းကြမ်းတမ်းတမ်းပေါက်ကွဲ သံစဉ်များနဲ့ ပရိသတ်တွေစိတ်ကို နိုးကြွစေတဲ့ Rockဂီတဟာဆိုရင်လည်း မြန်မာနိုင်ငံမှာလက်ခံအားပေးသူ ဒုနဲ့ထေးရှိပါတယ်။မြန်မာ့ဂီတလောကမှာလည်း Rock ဂီတကိုရူးသွပ်စွာသီဆိုနေကြတဲ့ Rock Band တွေများစွာရှိသလို Rockဂီတရဲ့ ရှေ့ဆောင်လမ်းပြများဖြစ်ခဲ့ကြတဲ့ ထိပ်တန်း Rock အဆိုတော်ကြီးများဟာဆိုလည်း လက်ရှိအချိန်အထိပရိသတ်အားပေးမှု အခိုင်အမာရရှိထားကြတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ မြင်တွေ့ရခဲတဲ့ ကြုံတောင့်ကြုံခဲ ထိပ်တန်း Rockerကြီးတွေရဲ့ ထူးထူးခြားခြားစုံစည်းမှုလေးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

သူတို့ကတော့ ဂီတလောကမှာ လက်ရှိအချိန်အထိ ပရိသတ်အားပေးမှုအခိုင်မာနဲ့ အောင်မြင်နေဆဲ တေးသံရှင်ကြီးများဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ အာဇာနည်၊ ဝေလ၊ဟန်ထူးလွင်တို့အပြင်တခြားသော Rock ဂီတကိုရူးသွပ်ကြတဲ့ Rocker ကြီးတွေကို တစ်စုတစ်စည်းထဲမြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ သူတို့ကတော့ မြန်မာနိုင်ငံဆိုင်ကယ် အပျော်စီးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကို ခရီးဆက်နေကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပုဂံမြေကိုခြေချခဲ့ကြတာ အမှတ်တရဓာတ်ပုံရိုက်ကူးမှုများပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

အမိုက်စားဆိုင်ကယ်ကြီးတွေနဲ့ ခပ်မိုက်မိုက် Rocker ကြီးတွေရဲ့ စတိုင်အပြည့်နဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေအတွက်တကယ့်ကို သဘောကျနှစ်သက်စရာပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ပုဂံမြေပေါ်မှာ အပျော်ကြီးပျော်နေတဲ့ Rocker ကြီးတွေရဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေအားလုံးကို အံ့အားသင့်စေခဲ့ပြီး အပျော်တွေကူးဆက်စေခဲ့တာပဲ ဖြစ်ပါတယ်။အရမ်းကိုမိုက်လွန်းတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Rocker ကြီးတွေရဲ့ ဆိုင် ကယ်များနဲ့ ခရီးသွားခြင်း ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် – ဟန်ထူးလွင်၊ဝေလ၊ဇုံဇုံ၊အာဇာနည်

ဖိုးသူတော် (www.phothutaw.com)
Credit: PoPinVdo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top