ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ၿပိဳင္ပြဲဝင္ လူေထာင္ေပါင္းမ်ားစြာကို ျဖတ္ေက်ာ္လို႔ Myanmar Idol Season 3 ရဲ႕ Top 11 ေနရာကို ေရာက္လာဖို႔ဆိုတာ တကယ္ကို မလြယ္တဲ့ အေနအထားနဲ႔ အရည္အခ်င္းတစ္ခုေတာ့ လိုအပ္ပါတယ္။ အသံေကာင္းတိုင္းလည္း ဒီ Top 11 ေနရာကို မေရာက္ႏိုင္သလို ကံ၊ ညဏ္ အားပါ အက်ိဳးေပးမွ ေနရာတစ္ခုရႏိုင္တာမ်ိဳး ျဖစ္ပါတယ္။

ၿပိဳင္ပြဲရဲ႕ ထုံးစံ အရ Winner ကို တစ္ဦးတည္း ေ႐ြးခ်ယ္မွာမို႔ Top 11 ထဲက ၿပိဳင္ပြဲဝင္ (8) ဦးကေတာ့ ဒီစင္ျမင့္ထက္ကေန ႏုတ္ဆက္ထါက္ခြာရမွာ ျဖစ္ပါတယ္။Myanmar Idol ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္တဲ့ No-8 ျပည့္ၿဖိဳး ကေတာ့ Myanmar Idol ကို လက္ျပႏူတ္ဆက္ကာထြက္ခြာခဲ့ရၿပီ ျဖစ္ပါတယ္။ Voting စနစ္ေၾကာင့္ ဒီတပတ္ Myanmar Idol ကေန ေမာင္ ျပည့္ၿဖိဳး ႏႈတ္‌ဆက္‌ထြက္‌ခြာခဲ့ရတဲ့ ညဟာ ဒိုင္ေတြသာ မက ပရိသတ္ေတြကိုပါ စိတ္မေကာင္းပဲ ဝမ္းနည္းေစခဲ့ရတဲ့ ညတစ္ညျဖစ္ပါတယ္။

ယခုဆိုရင္လဲ အာ‌ေရာဂ်ံ ‌ေမာင္‌ျပည္‌ၿဖိဳး‌ေလး သူ႔ဇာတိ သကၠလၿမိဳ႕သို႔ျပန္‌‌ေရာက္‌လာရာမွာ ၿမိဳ႕သူၿမိဳ႕သားမ်ား‌ အားလုံးနီးပါး ေသာင္းေသာင္းျဖျဖ ႀကိဳဆိုခဲ့ၾကပါတယ္။ ႏုတ္ဆက္ထြက္ခြာခဲ့ရတဲ့ညက စင္ျမင့္ထက္မွာ မ်က္ရည္ေတြ ေဝခဲ့ရေပမဲ့လည္း ၿမိဳ႕သူၿမိဳ႕သားပရိသတ္ေတြရဲ႕ ႀကိဳဆိုမႈနဲ႔ ျပန္လည္ အျပဳးပန္းေတြ ဆင္ႏိုင္ခဲ့တယ္ လို႔ ဆိုရမွာပါ။ ျမန္မာတစ္ႏိုင္ငံလုံး ထုတ္လြင့္ျပသတဲ့ ဒီ Myanmar Idolအစီအစဥ္ကို ေစာင့္ၾကည္သူ ေထာင္ေသာင္းသိန္းမကတာမို႔ ဒီ Top 11 စင္ျမင့္ထက္ကို ေရာက္ရွိလာတဲ့ ေမာင္ျပည့္ၿဖိဳးအေနနဲ႔ ပရိသတ္ေတြ အခိုင္အမာ ရရွိခဲ့ၿပီ ျဖစ္သလို ေရွ႕ဆက္ေလွ်ာက္ရမဲ့ ဂီတလမ္းခရီးဟာလည္း ေျဖာင္ျဖဴးခဲ့ၿပီ လို႔ဆိုရမွာပါ။

source: myanmar idol & pyae phyo;

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ပြိုင်ပွဲဝင် လူထောင်ပေါင်းများစွာကို ဖြတ်ကျော်လို့ Myanmar Idol Season 3 ရဲ့ Top 11 နေရာကို ရောက်လာဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ အနေအထားနဲ့ အရည်အချင်းတစ်ခုတော့ လိုအပ်ပါတယ်။ အသံကောင်းတိုင်းလည်း ဒီ Top 11 နေရာကို မရောက်နိုင်သလို ကံ၊ ညဏ် အားပါ အကျိုးပေးမှ နေရာတစ်ခုရနိုင်တာမျိုး ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ ထုံးစံ အရ Winner ကို တစ်ဦးတည်း ရွေးချယ်မှာမို့ Top 11 ထဲက ပြိုင်ပွဲဝင် (8) ဦးကတော့ ဒီစင်မြင့်ထက်ကနေ နုတ်ဆက်ထါက်ခွာရမှာ ဖြစ်ပါတယ်။Myanmar Idol ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ No-8 ပြည့်ဖြိုး ကတော့ Myanmar Idol ကို လက်ပြနူတ်ဆက်ကာထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ Voting စနစ်ကြောင့် ဒီတပတ် Myanmar Idol ကနေ မောင် ပြည့်ဖြိုး နှုတ်‌ဆက်‌ထွက်‌ခွာခဲ့ရတဲ့ ညဟာ ဒိုင်တွေသာ မက ပရိသတ်တွေကိုပါ စိတ်မကောင်းပဲ ဝမ်းနည်းစေခဲ့ရတဲ့ ညတစ်ညဖြစ်ပါတယ်။

ယခုဆိုရင်လဲ အာ‌ရောဂျံ ‌မောင်‌ပြည်‌ဖြိုး‌လေး သူ့ဇာတိ သက္ကလမြို့သို့ပြန်‌‌ရောက်‌လာရာမှာ မြို့သူမြို့သားများ‌ အားလုံးနီးပါး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။ နုတ်ဆက်ထွက်ခွာခဲ့ရတဲ့ညက စင်မြင့်ထက်မှာ မျက်ရည်တွေ ဝေခဲ့ရပေမဲ့လည်း မြို့သူမြို့သားပရိသတ်တွေရဲ့ ကြိုဆိုမှုနဲ့ ပြန်လည် အပြုးပန်းတွေ ဆင်နိုင်ခဲ့တယ် လို့ ဆိုရမှာပါ။ မြန်မာတစ်နိုင်ငံလုံး ထုတ်လွင့်ပြသတဲ့ ဒီ Myanmar Idolအစီအစဉ်ကို စောင့်ကြည်သူ ထောင်သောင်းသိန်းမကတာမို့ ဒီ Top 11 စင်မြင့်ထက်ကို ရောက်ရှိလာတဲ့ မောင်ပြည့်ဖြိုးအနေနဲ့ ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့ပြီ ဖြစ်သလို ရှေ့ဆက်လျှောက်ရမဲ့ ဂီတလမ်းခရီးဟာလည်း ဖြောင်ဖြူးခဲ့ပြီ လို့ဆိုရမှာပါ။

source: myanmar idol & pyae phyo;

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top