န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ယေန႔ တစ္ကမာၻလံုးက စိတ္ဝင္စားစြာ ေစာင့္ၾကည့္ေနရတဲ့
ထိုင္းႏိုင္ငံလိႈင္ဂူထဲက ကေလးငယ္ေတြကို ကယ္ထုတ္တဲ့
Mission ႀကီးတစ္ခုလံုးကို ဦးေဆာင္ဆံုးျဖတ္ခ်က္ေပးတဲ့
သူကေတာ့ ထိုင္းဘုရင္လည္း မဟုတ္သလို
ထိုင္းဝန္ႀကီးခ်ဳပ္လည္း မဟုတ္ပဲ

ၾသစေၾတးလ်ားႏိုင္ငံက Richard Harris လို႔ေခၚတဲ့
ေရငုတ္ကြ်မ္းက်င္ ဆရာဝန္ႀကီးပဲျဖစ္ပါတယ္။
ကေလးငယ္ေတြကို စတင္ေတြ႕ရွိခဲ့တဲ့ အဂၤလန္ႏိုင္ငံက
ေရငုတ္သမားႀကီးက သူ႔ကို လာေရာက္အကူအညီ
ေတာင္းခံခဲ့တာေၾကာင့္ လိုက္ပါအကူအညီ ေပးရျခင္းပါတယ္။

အသက္ ၅၃ ႏွစ္ရွိၿပီး ေရငုတ္အေတြ႕အၾကံဳ ႏွစ္ေပါင္း ၃၀
ရွိၿပီျဖစ္တဲ့ Dr Richard Harris ဟာ စေနေန႔မွာ ထိုင္းႏိုင္ငံကို
ေရာက္ရွိလာၿပီး ေရာက္တဲ့ေန႔မွာပဲ ကေလးေတြရွိရာကို
သြားကာ က်န္းမာၾကံ့ခိုင္ေရးကို စစ္ေဆးၿပီး ဘယ္သူေတြကို
အရင္ကယ္ထုတ္ရမယ္ ဘယ္သူေတြကို ေနာက္ဆံုးမွ ကယ္ထုတ္လို႔ရတယ္လို႔ သတ္မွတ္ေပးခဲ့ကာ
ဒီကယ္ဆယ္ေရးအစီအစဥ္ႀကီးကို တနဂၤေႏြေန႔မွာ စလို႔ရၿပီလို႔ မီးစိမ္းျပ ဆံုးျဖတ္ေပးခဲ့တဲ့ ေရေအာက္လိႈင္ဂူ ကယ္ဆယ္ကုသေရးကြ်မ္းက်င္သူ ပညာရွင္ႀကီး ျဖစ္ပါတယ္

သူမီးစိမ္းျပေတာ့မွပဲ ၾသစေၾတးလ်ႏိုင္ငံသား ၁၉ ဦး
ပါဝင္တဲ့ ႏိုင္ငံတကာေရငုတ္သမားေတြနဲ႔ ထိုင္း Navy seal
ကအဖြဲ႕ဝင္ေတြဟာ သူ႕ရဲ႕ဦးေဆာင္မႈေအာက္မွာပဲ ကေလးငယ္ ၄ ဦးကို တနဂၤေႏြေန႔မွာ စတင္ကယ္ထုတ္ခဲ့ၿပီး ယေန႔မွာ ေနာက္ထပ္ ၄ ဦးကို ကယ္ထုတ္ခဲ့ပါတယ္။

ဒီေနရာမွာ ခ်ီးက်ဴးစရာေကာင္းတာက ထိုင္းေတြဟာ
သူတို႔နားမလည္ မကၽြမ္းက်င္တဲ့ ေနရာမွာ သူတို႔နိုင္ငံ သိကၡာက်မွာစိုးၿပီး ဆရာဝင္လုပ္တာမ်ဳိး မရွိ
တားဆီးခဲ့တာမ်ဳိးမရွိပဲ ထိုင္းတစ္ႏိုင္ငံလံုး ႏိုင္ငံတကာက
ပညာရွင္ေတြရဲ႕လက္ကို ဒီကေလး ၁၃ ေယာက္ရဲ႕
အသက္ေတြအပ္ၿပီး အစိုးရေရာ ႏိုင္ငံသားေတြကပါ
ေဘးကေန အစြမ္းကုန္ အကူအညီေပးခဲ့ၾကတာပါပဲ

ယေန႔မွာ ထိုင္းလူငယ္ေလးေတြကို ၈ ဦးထိ ကယ္ထုတ္လာႏိုင္တာနဲ႔အတူ ထိုင္းျပည္သူေတြနဲ႔ ႏိုင္ငံတကာရဲ႕ ပါးစပ္ဖ်ားမွာ Dr Richard Harris ဟာ
သူရဲေကာင္း Hero တစ္ေယာက္ ျဖစ္လာပါေတာ့တယ္

Australia ႏိုင္ငံနဲ႔ Dr Richard Harris တို႔အတြက္
ဂုဏ္ယူလိုက္ပါတယ္ ….

Congratulation Australia and Dr Richard Harris

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ZN.H
# Unicode Version ျဖင့္ ဖတ္ပါ #
ယနေ့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်နေရတဲ့
ထိုင်းနိုင်ငံလှိုင်ဂူထဲက ကလေးငယ်တွေကို ကယ်ထုတ်တဲ့
Mission ကြီးတစ်ခုလုံးကို ဦးဆောင်ဆုံးဖြတ်ချက်ပေးတဲ့
သူကတော့ ထိုင်းဘုရင်လည်း မဟုတ်သလို
ထိုင်းဝန်ကြီးချုပ်လည်း မဟုတ်ပဲ

သြစတြေးလျားနိုင်ငံက Richard Harris လို့ခေါ်တဲ့
ရေငုတ်ကျွမ်းကျင် ဆရာဝန်ကြီးပဲဖြစ်ပါတယ်။
ကလေးငယ်တွေကို စတင်တွေ့ရှိခဲ့တဲ့ အင်္ဂလန်နိုင်ငံက
ရေငုတ်သမားကြီးက သူ့ကို လာရောက်အကူအညီ
တောင်းခံခဲ့တာကြောင့် လိုက်ပါအကူအညီ ပေးရခြင်းပါတယ်။

အသက် ၅၃ နှစ်ရှိပြီး ရေငုတ်အတွေ့အကြုံ နှစ်ပေါင်း ၃၀
ရှိပြီဖြစ်တဲ့ Dr Richard Harris ဟာ စနေနေ့မှာ ထိုင်းနိုင်ငံကို
ရောက်ရှိလာပြီး ရောက်တဲ့နေ့မှာပဲ ကလေးတွေရှိရာကို
သွားကာ ကျန်းမာကြံ့ခိုင်ရေးကို စစ်ဆေးပြီး ဘယ်သူတွေကို
အရင်ကယ်ထုတ်ရမယ် ဘယ်သူတွေကို နောက်ဆုံးမှ ကယ်ထုတ်လို့ရတယ်လို့ သတ်မှတ်ပေးခဲ့ကာ
ဒီကယ်ဆယ်ရေးအစီအစဉ်ကြီးကို တနင်္ဂနွေနေ့မှာ စလို့ရပြီလို့ မီးစိမ်းပြ ဆုံးဖြတ်ပေးခဲ့တဲ့ ရေအောက်လှိုင်ဂူ ကယ်ဆယ်ကုသရေးကျွမ်းကျင်သူ ပညာရှင်ကြီး ဖြစ်ပါတယ်

သူမီးစိမ်းပြတော့မှပဲ သြစတြေးလျနိုင်ငံသား ၁၉ ဦး
ပါဝင်တဲ့ နိုင်ငံတကာရေငုတ်သမားတွေနဲ့ ထိုင်း Navy seal
ကအဖွဲ့ဝင်တွေဟာ သူ့ရဲ့ဦးဆောင်မှုအောက်မှာပဲ ကလေးငယ် ၄ ဦးကို တနင်္ဂနွေနေ့မှာ စတင်ကယ်ထုတ်ခဲ့ပြီး ယနေ့မှာ နောက်ထပ် ၄ ဦးကို ကယ်ထုတ်ခဲ့ပါတယ်။

ဒီနေရာမှာ ချီးကျူးစရာကောင်းတာက ထိုင်းတွေဟာ
သူတို့နားမလည် မကျွမ်းကျင်တဲ့ နေရာမှာ သူတို့နိုင်ငံ သိက္ခာကျမှာစိုးပြီး ဆရာဝင်လုပ်တာမျိုး မရှိ
တားဆီးခဲ့တာမျိုးမရှိပဲ ထိုင်းတစ်နိုင်ငံလုံး နိုင်ငံတကာက
ပညာရှင်တွေရဲ့လက်ကို ဒီကလေး ၁၃ ယောက်ရဲ့
အသက်တွေအပ်ပြီး အစိုးရရော နိုင်ငံသားတွေကပါ
ဘေးကနေ အစွမ်းကုန် အကူအညီပေးခဲ့ကြတာပါပဲ

ယနေ့မှာ ထိုင်းလူငယ်လေးတွေကို ၈ ဦးထိ ကယ်ထုတ်လာနိုင်တာနဲ့အတူ ထိုင်းပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ ပါးစပ်ဖျားမှာ Dr Richard Harris ဟာ
သူရဲကောင်း Hero တစ်ယောက် ဖြစ်လာပါတော့တယ်

Australia နိုင်ငံနဲ့ Dr Richard Harris တို့အတွက်
ဂုဏ်ယူလိုက်ပါတယ် ….

Congratulation Australia and Dr Richard Harris

ဖိုးသူတော် (www.phothutaw.com)
Credit: ZN.H

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top