ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဩဂုတ္လမွာ အသက္၂၁ႏွစ္ျပည့္ၿပီျဖစ္တဲ့ ေမာ္ဒယ္ကိုင္လီဂ်န္နာက မိတ္ကပ္ကုမၸဏီတစ္ခုကို တည္ေထာင္ထားတဲ့လုပ္ငန္းရွင္ျဖစ္သလို ကေလးတစ္ေယာက္မိခင္လည္းျဖစ္ပါတယ္။

lip-stickနဲ႔lip-liner တစ္စုံပါဝင္တဲ့ ပါကင္တစ္ခုကို (၂၉) ေဒၚလာနဲ႔ ၂၀၁၆မွာ စတင္ေရာင္းခ်ခဲ့ျပီး အဲဒီအခ်ိန္တည္းက စေရာင္းခဲ့တာ ၂၀၁၇ အေရာက္မွာမွာ ရတဲ့ ခန္႔မွန္းေငြ ေဒၚလာသန္း ၃၃၀ အပါအဝင္ ေဒၚလာသန္း ၆၃ဝ ဖိုး မိတ္ကပ္ပစၥည္းေတြ ေရာင္းရသလို eyeshadowနဲ႔ concealer တို႔လို အလွကုန္ပစၥည္းေတြလည္း ေရာင္းခဲ့ရတာ ျဖစ္ပါတယ္။

Forbes ကထုတ္ျပန္တဲ့ တန္ဖိုးသတ္မွတ္ခ်က္မွာ ကိုင္လီတို႔ကုမၸဏီက ေဒၚလာ သန္း ၈၀၀ တန္ေနတာျဖစ္ၿပီး ကိုင္လီရဲ႕ ပိုင္ဆိုင္မႈက ၁၀၀ ရာခိုင္ႏႈန္းအျပည့္ ျဖစ္ပါတယ္။

Puma ဖိနပ္နဲ႔ PacSun အဝတ္အစားထုတ္ကုန္ေၾကာ္ျငာတဲ့ တီဗြီအစီအစဥ္ေတြကရတဲ့ ေဒၚလာသန္းခ်ီထည့္ေပါင္းၿပီး ကုမၸဏီထဲကေန သူထုတ္သုံးထားတဲ့ အခြန္ႏႈတ္ၿပီးသား သူ႕ရဲ႕ေဝစုသန္း ၆၀ ပါထည့္ေပါင္းတြက္လိုက္ရင္ သူ႕ရဲ႕ ပိုင္ဆိုင္မႈစုစုေပါင္းက ေဒၚလာသန္း ၉၀၀ ျဖစ္ၿပီး အေမရိကန္ရဲ႕ ႏွစ္အလိုက္ အခ်မ္းသာဆုံး ကိုယ့္ထူးကိုယ္ခၽြန္အမ်ိဳးသမီးစာရင္းမွာ ေလးေယာက္ေျမာက္လည္းျဖစ္ပါတယ္။

ဆိုရွယ္မီဒီယာေတြက ကိုင္လီရဲ႕ပရိသတ္ေတြနဲ႔ ေဖာက္သည္ေတြကို လြယ္လြယ္ကူကူ ခ်ိတ္ဆက္ေပးၿပီး သူ႕ရဲ႕ခ်မ္းသာႂကြယ္ဝမႈကို ဖန္တီးေပးေနပါတယ္။ ေဒၚလာသန္းခ်ီဝင္ေနတဲ့ သူ႕ရဲ႕ လုပ္ငန္းမွာ အခ်ိန္ျပည့္ဝန္ထမ္း ၇ ဦးနဲ႔ အခ်ိန္ပိုင္းဝန္ထမ္း ၅ ဦးသာရွိပါတယ္။

ထုတ္လုပ္မႈနဲ႔ ထုတ္ပိုးမႈအပိုင္းကို ကယ္လီဖိုးနီးယားအနီးက ကိုယ္ပိုင္တံဆိပ္ထုတ္လုပ္တဲ့ SeedBeauty ဆိုင္ကိုလႊဲထားၿပီး အေရာင္းပိုင္းကိုေတာ့ Shopify မွာရွိတဲ့ အြန္လိုင္းအေရာင္းဆိုင္ေတြက စီမံေပးပါတယ္။ ေငြေရးေၾကးေရးနဲ႔ PRပိုင္းကိုေတာ့ သူ႕ရဲ႕အေမခရစ္က စီမံခန္႔ခြဲေပးခ ၁ဝ ရာခိုင္ႏႈန္းယူၿပီး ကုမၸဏီကိစၥအားလုံးကို ကိုင္တြယ္အုပ္ခ်ဳပ္ပါတယ္။ ဒီလိုမ်ိဳးတည္ေထာင္ စရိတ္နည္းနည္းေလးနဲ႔ေၾကာ္ျငာခ သက္သက္သာသာ လုပ္ငန္းကေန အျမတ္ အမ်ားႀကီးရတာဆိုေတာ့ ရသမၽွက ဂ်န္နာအိတ္ထဲပဲ ေရာက္ပါတယ္။

ဂ်န္နာလုပ္ရတာတစ္ခုက ဆိုရွယ္မီဒီယာကေန ဘယ္လိုေရာင္းအားတိုးေအာင္ဖန္တီးမလဲ ဆိုတာပါပဲ။ အင္စတာဂရမ္နဲ႔ snapchat မွာသူအသုံးျပဳထားတဲ့ ကိုင္လီအလွကုန္အေၾကာင္းေရးၿပီး ဆယ္ဖီ႐ိုက္တင္တယ္။ ေနာက္ထပ္အသစ္ထြက္မယ့္ အလွကုန္ေတြကို ဗီဒီယို႐ိုက္တင္ၿပီး ထြက္မယ့္ရက္ကို ေၾကညာေပးတယ္။ ကိုင္လီရဲ႕ အင္စတာဂရမ္မွာ followers သန္း ၁၁၀ ရွိေနၿပီး မ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြနဲ႔ ဆယ္ေက်ာ္သက္ ေကာင္မေလးေတြပဲျဖစ္ပါတယ္။

ကိုင္လီက အိုလံပစ္ေ႐ႊတံဆိပ္ဆုရွင္ေဟာင္းဘ႐ုစ္နဲ႔ ခရစ္တို႔ရဲ႕အငယ္ဆုံးသမီးျဖစ္ပါတယ္။ စူပါေမာ္ဒယ္ ကန္ဒဲလ္ဂ်န္နာနဲ႔ ကင္ေကာ့ေနး (Kim Kourtney)၊ ခလိုး (Khloe) နဲ႔ ေရာ့ဘ္ ကာဒစ္ရွန္ (Rob Kardshian) တို႔နဲ႔ အေမတူအေဖကြဲေမာင္ႏွမေတြျဖစ္ပါတယ္။ ကိုင္လီက သူ႕အေမရဲ႕ အေသးစိတ္ဂ႐ုစိုက္မႈေအာက္မွာ ႀကီးျပင္းလာခဲ့တာျဖစ္ပါတယ္။ သူ႕ရဲ႕အစ္ကို အစ္မေတြကို အသက္၁၀ႏွစ္အ႐ြယ္ေလာက္တည္းက ပထမဆုံး႐ုပ္သံလႊင့္ႏိုင္ဖို႔ မိသားစုက ေျမေတာင္ေျမႇာက္ခဲ့ေပးခဲ့ပါတယ္။ သူတို႔ရဲ႕ အေမ ခရစ္ဟာ သားသမီး တစ္ေယာက္ခ်င္းစီအတြက္ ေငြရွာဖို႔ အစီအစဥ္ေတြ ခ်ေပးထားၿပီးသားျဖစ္ပါတယ္။ ကင္က မိုဘိုင္း ဂိမ္းေတြက ပိုက္ဆံရေအာင္ရွာသလို ကန္ဒဲလ္က ေမာ္ဒယ္ဘဝနဲ႔ ရွာပါတယ္။

ကင္မရာနဲ႔ႀကီးျပင္းလာတဲ့ ကိုင္လီကေတာ့ အထူးသျဖင့္ ႐ုပ္သြင္ျပင္က အ႐ြယ္နဲ႔မလိုက္တဲ့ မ်က္ႏွာသြင္ျပင္ရွိေနတာပဲျဖစ္ပါတယ္။ ေျခာက္တန္းေလာက္တည္းက အိုင္းရွဲဒိုးခရမ္းေရာင္ေတြဆိုးသလို ကိုယ့္ကိုယ္ကိုယုံၾကည္မႈရေအာင္ မိတ္ကပ္ေတြလိမ္းခဲ့တာျဖစ္ပါတယ္။ ႏႈတ္ခမ္းနဲ႔ပတ္သက္ၿပီး ယုံၾကည္မႈမရွိခဲ့တဲ့အတြက္ ႏႈတ္ခမ္းႀကီးတယ္ထင္ရေအာင္ ႏႈတ္ခမ္းသားအေပၚကိုတက္ၿပီး liner ဆိုးတတ္သူလည္းျဖစ္ပါတယ္။

ကိုယ္ပိုင္လုပ္ငန္းမထူေထာင္ခင္ အသက္၁၇ ႏွစ္အ႐ြယ္မွာတည္းက“ႏႈတ္ခမ္းဖူးဖူးေလးရဖို႔ကိုင္လီဆိုးတဲ့ ႏႈတ္ခမ္းနီ”ဆိုၿပီး မိန္းကေလးေတြၾကား ေရပန္းစားခဲ့တာလည္း ျဖစ္ပါတယ္။

Ref: Forbes "How20-year-old Kylie Jenner built a $ 900 million fortune in less than 3 years"

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Alice May (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ဩဂုတ်လမှာ အသက်၂၁နှစ်ပြည့်ပြီဖြစ်တဲ့ မော်ဒယ်ကိုင်လီဂျန်နာက မိတ်ကပ်ကုမ္ပဏီတစ်ခုကို တည်ထောင်ထားတဲ့လုပ်ငန်းရှင်ဖြစ်သလို ကလေးတစ်ယောက်မိခင်လည်းဖြစ်ပါတယ်။

lip-stickနဲ့lip-liner တစ်စုံပါဝင်တဲ့ ပါကင်တစ်ခုကို (၂၉) ဒေါ်လာနဲ့ ၂၀၁၆မှာ စတင်ရောင်းချခဲ့ပြီး အဲဒီအချိန်တည်းက စရောင်းခဲ့တာ ၂၀၁၇ အရောက်မှာမှာ ရတဲ့ ခန့်မှန်းငွေ ဒေါ်လာသန်း ၃၃၀ အပါအဝင် ဒေါ်လာသန်း ၆၃ဝ ဖိုး မိတ်ကပ်ပစ္စည်းတွေ ရောင်းရသလို eyeshadowနဲ့ concealer တို့လို အလှကုန်ပစ္စည်းတွေလည်း ရောင်းခဲ့ရတာ ဖြစ်ပါတယ်။

Forbes ကထုတ်ပြန်တဲ့ တန်ဖိုးသတ်မှတ်ချက်မှာ ကိုင်လီတို့ကုမ္ပဏီက ဒေါ်လာ သန်း ၈၀၀ တန်နေတာဖြစ်ပြီး ကိုင်လီရဲ့ ပိုင်ဆိုင်မှုက ၁၀၀ ရာခိုင်နှုန်းအပြည့် ဖြစ်ပါတယ်။

Puma ဖိနပ်နဲ့ PacSun အဝတ်အစားထုတ်ကုန်ကြော်ငြာတဲ့ တီဗွီအစီအစဉ်တွေကရတဲ့ ဒေါ်လာသန်းချီထည့်ပေါင်းပြီး ကုမ္ပဏီထဲကနေ သူထုတ်သုံးထားတဲ့ အခွန်နှုတ်ပြီးသား သူ့ရဲ့ဝေစုသန်း ၆၀ ပါထည့်ပေါင်းတွက်လိုက်ရင် သူ့ရဲ့ ပိုင်ဆိုင်မှုစုစုပေါင်းက ဒေါ်လာသန်း ၉၀၀ ဖြစ်ပြီး အမေရိကန်ရဲ့ နှစ်အလိုက် အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန်အမျိုးသမီးစာရင်းမှာ လေးယောက်မြောက်လည်းဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေက ကိုင်လီရဲ့ပရိသတ်တွေနဲ့ ဖောက်သည်တွေကို လွယ်လွယ်ကူကူ ချိတ်ဆက်ပေးပြီး သူ့ရဲ့ချမ်းသာကြွယ်ဝမှုကို ဖန်တီးပေးနေပါတယ်။ ဒေါ်လာသန်းချီဝင်နေတဲ့ သူ့ရဲ့ လုပ်ငန်းမှာ အချိန်ပြည့်ဝန်ထမ်း ၇ ဦးနဲ့ အချိန်ပိုင်းဝန်ထမ်း ၅ ဦးသာရှိပါတယ်။

ထုတ်လုပ်မှုနဲ့ ထုတ်ပိုးမှုအပိုင်းကို ကယ်လီဖိုးနီးယားအနီးက ကိုယ်ပိုင်တံဆိပ်ထုတ်လုပ်တဲ့ SeedBeauty ဆိုင်ကိုလွှဲထားပြီး အရောင်းပိုင်းကိုတော့ Shopify မှာရှိတဲ့ အွန်လိုင်းအရောင်းဆိုင်တွေက စီမံပေးပါတယ်။ ငွေရေးကြေးရေးနဲ့ PRပိုင်းကိုတော့ သူ့ရဲ့အမေခရစ်က စီမံခန့်ခွဲပေးခ ၁ဝ ရာခိုင်နှုန်းယူပြီး ကုမ္ပဏီကိစ္စအားလုံးကို ကိုင်တွယ်အုပ်ချုပ်ပါတယ်။ ဒီလိုမျိုးတည်ထောင် စရိတ်နည်းနည်းလေးနဲ့ကြော်ငြာခ သက်သက်သာသာ လုပ်ငန်းကနေ အမြတ် အများကြီးရတာဆိုတော့ ရသမျှက ဂျန်နာအိတ်ထဲပဲ ရောက်ပါတယ်။

ဂျန်နာလုပ်ရတာတစ်ခုက ဆိုရှယ်မီဒီယာကနေ ဘယ်လိုရောင်းအားတိုးအောင်ဖန်တီးမလဲ ဆိုတာပါပဲ။ အင်စတာဂရမ်နဲ့ snapchat မှာသူအသုံးပြုထားတဲ့ ကိုင်လီအလှကုန်အကြောင်းရေးပြီး ဆယ်ဖီရိုက်တင်တယ်။ နောက်ထပ်အသစ်ထွက်မယ့် အလှကုန်တွေကို ဗီဒီယိုရိုက်တင်ပြီး ထွက်မယ့်ရက်ကို ကြေညာပေးတယ်။ ကိုင်လီရဲ့ အင်စတာဂရမ်မှာ followers သန်း ၁၁၀ ရှိနေပြီး များသောအားဖြင့် အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက် ကောင်မလေးတွေပဲဖြစ်ပါတယ်။

ကိုင်လီက အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဟောင်းဘရုစ်နဲ့ ခရစ်တို့ရဲ့အငယ်ဆုံးသမီးဖြစ်ပါတယ်။ စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာနဲ့ ကင်ကော့နေး (Kim Kourtney)၊ ခလိုး (Khloe) နဲ့ ရော့ဘ် ကာဒစ်ရှန် (Rob Kardshian) တို့နဲ့ အမေတူအဖေကွဲမောင်နှမတွေဖြစ်ပါတယ်။ ကိုင်လီက သူ့အမေရဲ့ အသေးစိတ်ဂရုစိုက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အစ်ကို အစ်မတွေကို အသက်၁၀နှစ်အရွယ်လောက်တည်းက ပထမဆုံးရုပ်သံလွှင့်နိုင်ဖို့ မိသားစုက မြေတောင်မြှောက်ခဲ့ပေးခဲ့ပါတယ်။ သူတို့ရဲ့ အမေ ခရစ်ဟာ သားသမီး တစ်ယောက်ချင်းစီအတွက် ငွေရှာဖို့ အစီအစဉ်တွေ ချပေးထားပြီးသားဖြစ်ပါတယ်။ ကင်က မိုဘိုင်း ဂိမ်းတွေက ပိုက်ဆံရအောင်ရှာသလို ကန်ဒဲလ်က မော်ဒယ်ဘဝနဲ့ ရှာပါတယ်။

ကင်မရာနဲ့ကြီးပြင်းလာတဲ့ ကိုင်လီကတော့ အထူးသဖြင့် ရုပ်သွင်ပြင်က အရွယ်နဲ့မလိုက်တဲ့ မျက်နှာသွင်ပြင်ရှိနေတာပဲဖြစ်ပါတယ်။ ခြောက်တန်းလောက်တည်းက အိုင်းရှဲဒိုးခရမ်းရောင်တွေဆိုးသလို ကိုယ့်ကိုယ်ကိုယုံကြည်မှုရအောင် မိတ်ကပ်တွေလိမ်းခဲ့တာဖြစ်ပါတယ်။ နှုတ်ခမ်းနဲ့ပတ်သက်ပြီး ယုံကြည်မှုမရှိခဲ့တဲ့အတွက် နှုတ်ခမ်းကြီးတယ်ထင်ရအောင် နှုတ်ခမ်းသားအပေါ်ကိုတက်ပြီး liner ဆိုးတတ်သူလည်းဖြစ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းမထူထောင်ခင် အသက်၁၇ နှစ်အရွယ်မှာတည်းက“နှုတ်ခမ်းဖူးဖူးလေးရဖို့ကိုင်လီဆိုးတဲ့ နှုတ်ခမ်းနီ”ဆိုပြီး မိန်းကလေးတွေကြား ရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Forbes "How20-year-old Kylie Jenner built a $ 900 million fortune in less than 3 years"

ဖိုးသူတော် (www.phothutaw.com)
Credit: Alice May (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top