ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

“ေတာင္ဥကၠလာစက္မႈဇုန္နယ္ေျမအတြင္း ဖြင့္လွစ္ထားသည့္ KTV ႏွင့္ BAR မ်ားကို ဥပေဒႏွင့္ မညီလွ်င္ တားဆီးသြားမည္ျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္၊ တိုင္းေဒသႀကီး ၂၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမိုးျမင့္က ဇြန္ ၁၂ ရက္တြင္ News Watch သို႔ ေျပာသည္။

”ဒါေတြက ဖြင့္ထားတာေတာ့ရိွတာေပါ့၊ သံလမ္းဟိုဘက္မွာ မ်ားတယ္၊ ဟိုဘက္ျခမ္းက်ေတာ့ ရန္ကင္းၿမိဳ႕နယ္ထဲပါသြားတာ၊ သံလမ္းဒီဘက္က်ေတာ့ ေတာင္ဥကၠလာ ၈ ရပ္ကြက္ေပါ့၊ စက္မႈဇုန္ ထဲလုပ္မယ္လို႔ ကိုယ္ေတာ့မသိဘူး၊ သက္ဆိုင္ရာကိုေမးၾကည့္လိုက္မယ္၊ စည္းမ်ဥ္းစည္းကမ္းဘယ္လိုရိွလဲ၊ သက္ဆိုင္ရာေထြ အုပ္တို႔၊ ဘာတို႔ကိုေပါ့၊ စည္းမ်ဥ္းစည္းကမ္းနဲ႔ မညီဘူးဆိုရင္ တားရမွာေပါ့၊ စည္းကမ္း ခ်က္တကယ္ရိွတယ္ဆိုရင္ေတာ့၊ ေနာက္ၿပီးေတာ့ ပတ္၀န္းက်င္ေဘးအိမ္တို႔ ပတ္၀န္းက်င္တို႔ကို အေႏွာင့္အယွက္ျပဳတယ္၊ က်ယ္ေလာင္တယ္ဆိုရင္ေတာ့ တားယူရမွာေပါ့”ဟု ၎ကေျပာသည္။

ထို႔အျပင္ စက္မႈဇုန္နယ္ေျမအတြင္း KTV ႏွင့္ BAR မရိွေစခ်င္သည့္အတြက္ စံုစမ္းေနေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္၊ တိုင္းေဒသႀကီး ၁၊ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသစ္သစ္ျမင့္က ေျပာသည္။

”ကြ်န္မဘက္အျခမ္းေတာ့ မဟုတ္ဘူး၊ အဲဒါက တိုင္း ၂ ဘက္အျခမ္းျဖစ္ေနတယ္၊ ေနာက္ၿပီး ဖမ္းတယ္ဆီးတယ္ ဘာညာဆိုတာ ကြ်န္မတို႔လံုး၀မသိဘူး၊ ဘယ္သူမွလဲ အဲဒီေနရာမွာ အဲဒီလိုရိွတယ္ဆိုတာ မသိၾကဘူး၊ ကြ်န္မတို႔သြားၾကည့္ရင္ စက္မႈလုပ္ငန္းေတြလုပ္ေနတယ္၊ ေနာက္ၿပီး အထည္ခ်ဳပ္တို႔၊ ဘာတို႔ ေတြ႕ရတယ္၊ စံုစံုေစ့ေစ့မေရာက္လို႔လည္း ေနမွာေပါ့ေလ၊ ဒါေပမဲ့ KTV တို႔၊ ဘားတို႔ ဆိုတာ စက္မႈဇုန္မေျပာနဲ႔ အျပင္မွာဖြင့္ဖို႔ ေတာင္ ခဲယဥ္းတာကိုး၊ မျဖစ္ေစခ်င္ဘူး၊ ကြ်န္မတို႔ ဒါမ်ဳိးေတြမထားေစခ်င္ဘူး၊ ကြ်န္မတို႔လႊတ္ေတာ္မွာလည္း ဒီလိုမ်ဳိးဟာေတြ ေဆြးေႏြးေနတာပဲေလ၊ လိုင္စင္နဲ႔ေတာင္မရိွေစခ်င္တာ၊ လိုင္စင္မဲ့ဆို ပိုဆိုးတာေပါ့၊ ကြ်န္မတို႔လည္း စံုစမ္းေနပါတယ္”ဟု ၎ကေျပာသည္။

အဆိုပါစက္မႈဇုန္အတြင္း အေဆာက္အအံု ၁၀၀၀ ေက်ာ္ရိွၿပီး လုပ္ငန္းမ်ားအဆင္မေျပျခင္းေၾကာင့္ KTV ႏွင့္ ABC စတိုးစသည့္လုပ္ငန္းမ်ားကို အခန္းငွားရမ္းထားျခင္းျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးပိုင္းႏွင့္နီးစပ္သူတဦးက ေျပာ သည္။

”ဒီထဲမွာ အေဆာက္အအံု ၁၀၀၀ ေက်ာ္ရိွတယ္၊ ပိုင္ရွင္ေတြက ဒီမွာမရိွဘူး၊ ေတာ္ေတာ္မ်ားမ်ား အလုပ္ အကိုင္ေတြမေကာင္းၾကဘူး၊ အငွားေတြပဲ အလုပ္ျဖစ္တယ္၊ KTV တို႔၊ KTV တို႔က ငွားထားတာ၊ ၀င္၀င္ခ်င္းသံလမ္းထိပ္ကေန ရတနာလမ္းအထိက ဇုန္နယ္ေျမ၊ သစၥာလမ္းရဲ႕ ၀ပ္ေရွာ့ေတြက ဇုန္ထဲမပါဘူး၊ ဒီဘက္အျခမ္းေတြကပါတယ္၊ BAR ေတြ ဘာေတြက အေပ်ာ္တမ္းလာဖြင့္တာပါ” ဟု ၎ကေျပာသည္။

အိုးအိမ္မွထုတ္ျပန္ထားသည့္ စက္မႈဇုန္နယ္ေျမမ်ားတြင္ လုပ္ကိုင္ရမည့္ညႊန္ ၾကားခ်က္ ပုဒ္မ ၁/၉၇အရ စက္မႈဇုန္ျဖစ္ပါက ဇုန္နယ္ေျမအတြင္း စက္မႈလုပ္ငန္းႏွင့္ မသက္ဆိုင္ေသာလုပ္ငန္းမ်ားလုပ္ကိုင္ခြင့္ မရိွေၾကာင္း သိရသည္။

”က်န္တဲ့ဆိုင္ေတြ၊ ဘားေတြကို လိုင္စင္ခ်ေပးတယ္ဆိုတာက ကြ်န္ေတာ္တို႔နဲ႔ ဘာမွမဆိုင္ဘူး၊ ဒါက သက္ဆိုင္ရာ အထက္အဖဲြ႕အစည္းက ခ်ေပးတယ္၊ ဒါကို ကြ်န္ေတာ္တို႔က ကန္႔ကြက္ရင္ ရခ်င္ရမယ္၊ မရခ်င္မရဘူး၊ ကြ်န္ေတာ္တို႔က ေပးပိုင္ခြင့္ရိွတဲ့ လူမဟုတ္ဘူး၊ စားေသာက္ဆိုင္ဖြင့္တယ္ဆိုတာ သိလိုက္တယ္၊ ဒါေပမဲ့ ဒီကိုလာၿပီး ဘာလိုင္စင္မွလည္း မေလွ်ာက္ဘူး” ဟု ေတာင္ဥကၠလာစက္မႈ ဇုန္စီမံခန္႔ခဲြေရးေကာ္မတီမွ တာ၀န္ရိွသူတဦးက ေျပာသည္။

လက္ရိွအခိ်န္တြင္ စက္မႈဇုန္ႏွင့္ ပတ္သက္သည့္ ဥပေဒ၊ နည္းဥပေဒမ်ားအျမန္ဆံုးေပၚထြက္လာေစေရးအတြက္ လႊတ္ေတာ္တြင္ ေဆြးေႏြးေဆာင္ရြက္လ်က္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်ာ္၀ဏၰ၊ ေက်ာ္သူ
 News Watch

#Unicode Version#
“တောင်ဥက္ကလာစက်မှုဇုန်နယ်မြေအတွင်း ဖွင့်လှစ်ထားသည့် KTV နှင့် BAR များကို ဥပဒေနှင့် မညီလျှင် တားဆီးသွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီး ၂၊ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဇွန် ၁၂ ရက်တွင် News Watch သို့ ပြောသည်။

”ဒါတွေက ဖွင့်ထားတာတော့ရှိတာပေါ့၊ သံလမ်းဟိုဘက်မှာ များတယ်၊ ဟိုဘက်ခြမ်းကျတော့ ရန်ကင်းမြို့နယ်ထဲပါသွားတာ၊ သံလမ်းဒီဘက်ကျတော့ တောင်ဥက္ကလာ ၈ ရပ်ကွက်ပေါ့၊ စက်မှုဇုန် ထဲလုပ်မယ်လို့ ကိုယ်တော့မသိဘူး၊ သက်ဆိုင်ရာကိုမေးကြည့်လိုက်မယ်၊ စည်းမျဉ်းစည်းကမ်းဘယ်လိုရှိလဲ၊ သက်ဆိုင်ရာထွေ အုပ်တို့၊ ဘာတို့ကိုပေါ့၊ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးဆိုရင် တားရမှာပေါ့၊ စည်းကမ်း ချက်တကယ်ရှိတယ်ဆိုရင်တော့၊ နောက်ပြီးတော့ ပတ်ဝန်းကျင်ဘေးအိမ်တို့ ပတ်ဝန်းကျင်တို့ကို အနှောင့်အယှက်ပြုတယ်၊ ကျယ်လောင်တယ်ဆိုရင်တော့ တားယူရမှာပေါ့”ဟု ၎င်းကပြောသည်။

ထို့အပြင် စက်မှုဇုန်နယ်မြေအတွင်း KTV နှင့် BAR မရှိစေချင်သည့်အတွက် စုံစမ်းနေကြောင်း တောင်ဥက္ကလာပမြို့နယ်၊ တိုင်းဒေသကြီး ၁၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က ပြောသည်။

”ကျွန်မဘက်အခြမ်းတော့ မဟုတ်ဘူး၊ အဲဒါက တိုင်း ၂ ဘက်အခြမ်းဖြစ်နေတယ်၊ နောက်ပြီး ဖမ်းတယ်ဆီးတယ် ဘာညာဆိုတာ ကျွန်မတို့လုံးဝမသိဘူး၊ ဘယ်သူမှလဲ အဲဒီနေရာမှာ အဲဒီလိုရှိတယ်ဆိုတာ မသိကြဘူး၊ ကျွန်မတို့သွားကြည့်ရင် စက်မှုလုပ်ငန်းတွေလုပ်နေတယ်၊ နောက်ပြီး အထည်ချုပ်တို့၊ ဘာတို့ တွေ့ရတယ်၊ စုံစုံစေ့စေ့မရောက်လို့လည်း နေမှာပေါ့လေ၊ ဒါပေမဲ့ KTV တို့၊ ဘားတို့ ဆိုတာ စက်မှုဇုန်မပြောနဲ့ အပြင်မှာဖွင့်ဖို့ တောင် ခဲယဉ်းတာကိုး၊ မဖြစ်စေချင်ဘူး၊ ကျွန်မတို့ ဒါမျိုးတွေမထားစေချင်ဘူး၊ ကျွန်မတို့လွှတ်တော်မှာလည်း ဒီလိုမျိုးဟာတွေ ဆွေးနွေးနေတာပဲလေ၊ လိုင်စင်နဲ့တောင်မရှိစေချင်တာ၊ လိုင်စင်မဲ့ဆို ပိုဆိုးတာပေါ့၊ ကျွန်မတို့လည်း စုံစမ်းနေပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါစက်မှုဇုန်အတွင်း အဆောက်အအုံ ၁၀၀၀ ကျော်ရှိပြီး လုပ်ငန်းများအဆင်မပြေခြင်းကြောင့် KTV နှင့် ABC စတိုးစသည့်လုပ်ငန်းများကို အခန်းငှားရမ်းထားခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူတဦးက ပြော သည်။

”ဒီထဲမှာ အဆောက်အအုံ ၁၀၀၀ ကျော်ရှိတယ်၊ ပိုင်ရှင်တွေက ဒီမှာမရှိဘူး၊ တော်တော်များများ အလုပ် အကိုင်တွေမကောင်းကြဘူး၊ အငှားတွေပဲ အလုပ်ဖြစ်တယ်၊ KTV တို့၊ KTV တို့က ငှားထားတာ၊ ဝင်ဝင်ချင်းသံလမ်းထိပ်ကနေ ရတနာလမ်းအထိက ဇုန်နယ်မြေ၊ သစ္စာလမ်းရဲ့ ဝပ်ရှော့တွေက ဇုန်ထဲမပါဘူး၊ ဒီဘက်အခြမ်းတွေကပါတယ်၊ BAR တွေ ဘာတွေက အပျော်တမ်းလာဖွင့်တာပါ” ဟု ၎င်းကပြောသည်။

အိုးအိမ်မှထုတ်ပြန်ထားသည့် စက်မှုဇုန်နယ်မြေများတွင် လုပ်ကိုင်ရမည့်ညွှန် ကြားချက် ပုဒ်မ ၁/၉၇အရ စက်မှုဇုန်ဖြစ်ပါက ဇုန်နယ်မြေအတွင်း စက်မှုလုပ်ငန်းနှင့် မသက်ဆိုင်သောလုပ်ငန်းများလုပ်ကိုင်ခွင့် မရှိကြောင်း သိရသည်။

”ကျန်တဲ့ဆိုင်တွေ၊ ဘားတွေကို လိုင်စင်ချပေးတယ်ဆိုတာက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒါက သက်ဆိုင်ရာ အထက်အဖွဲ့အစည်းက ချပေးတယ်၊ ဒါကို ကျွန်တော်တို့က ကန့်ကွက်ရင် ရချင်ရမယ်၊ မရချင်မရဘူး၊ ကျွန်တော်တို့က ပေးပိုင်ခွင့်ရှိတဲ့ လူမဟုတ်ဘူး၊ စားသောက်ဆိုင်ဖွင့်တယ်ဆိုတာ သိလိုက်တယ်၊ ဒါပေမဲ့ ဒီကိုလာပြီး ဘာလိုင်စင်မှလည်း မလျှောက်ဘူး” ဟု တောင်ဥက္ကလာစက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လက်ရှိအချိန်တွင် စက်မှုဇုန်နှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများအမြန်ဆုံးပေါ်ထွက်လာစေရေးအတွက် လွှတ်တော်တွင် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျော်ဝဏ္ဏ၊ ကျော်သူ
 News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top