မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×
#Unicode Version#
လက်တလောမှာတော့ Justin Bieber နဲ့ သူ့ချစ်သူ မော်ဒယ်မလေး Hailey Baldwin တို့ရဲ့ စေ့စပ်သတင်းဟာ အတော်လေးကို လူပြောများနေပါတယ်။ JB နဲ့ Hailey Baldwin တို့ရဲ့ အခြေအနေကို မီဒီယာတွေရော၊ ပရိသတ်တွေကပါ စောင့်ကြည့်နေသလို တစ်ဖက်မှာလည်း JB နဲ့ပတ်သက်ပြီး အချစ်ဟောင်း Selena Gomez ဘက်ကနေ ဘာတွေ ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
Ex ရဲ့ စေ့ စပ် သတင်းတွေ အွန်လိုင်းပေါ်မှာ ပလူပျံနေချျိန်မှာတော့ Selena တစ်ယောက်ကတော့ အပျော်စီး သင်္ဘောပေါ်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး အနားယူနေခဲ့ပါတယ်။ အခုဆိုရင်တော့ Selena Gomez နယူးယေ့ာခ်စီးတီးမှာ ဝတ်ဆင်ခဲ့တဲ့ တီရှပ်က အတေ်ာလေးလူပြောများနေပါတယ်။ အားလုံးကတော့ ဒါဟာ အချစ်ဟောင်းစေ့စပ်လိုက်တဲ့ အပေါ် သူမရဲ့ တုံ့ပြန်မှုလို့ တစ်ထစ်ချ ယုံကြည်နေပါတယ်။
Selena Gomez က နယူူးယေ့ာခ်စီးတီးမှာ အနက်ရောင်တီရှပ်ကို ဝတ်ဆင်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ တီရှပ်ကတော့ ပုံမှန် ပဲ ဆိုပေမယ့် တီရှပ်ပေါ်မှာတော့ ‘only the strong survive’ ဆိုတဲ့ စာတန်းပါဝင် နေပါတယ်။ ဒါဟာ သူမရဲ့ လက်တလောခံစားချက်ကို တစ်ဖက်လှည့်နဲ့ ဖွင့်ဟလိုက်တာလို့ အားလုံးက ထင်နေကြတာပါ။ Selena နဲ့ JB တို့ဟာ (2010) လောက်တည်းတ တွဲနေကြပြီဆိုပြီး သတင်းထွက်ခဲ့တာပါ။
ပရိသတ်တွေကလဲ သူတို့စုံတွဲကို အရမ်း လိုက် ဖက်တယ်ဆိုပြီး Jelena လို့တောင် ခေါ်ခဲ့ကြတာပါ။ (၂၀၁၀)တည်းက တွဲနေပြီလို့ သတင်းထွက်ခဲ့ပေမယ့် (၂၀၁၁) ဇန်နဝါရီမှာတော့ နှစ်ယောက်သားပတ်သက်မှုကို အတည်ပြုခဲ့တာပါ။ (၂၀၁၂)နိုဝင်ဘာမှာတော့ ပြတ်စဲ ခဲ့ကြပါတယ်။ (၂၀၁၃) ဇန်နဝါရီမှာတော့ ပြန်တွဲနေပြီဆိုပြီး သတင်းထွက်ပေါ်ခဲ့ကာ (၂၀၁၄) ဒီဇင်ဘာမှာတော့ JB က Hailey Baldwin နဲ့တွဲနေပြီလို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ဒါပေမယ့် JB က ဒီသတင်းကို ငြင်းခဲ့ပါတယ်။ ဒါပေမယ့် (၂၀၁၆) မှာတော့ သူတို့နှစ်ယောက် အတူသွားလာနေကြတဲ့ ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုလောက်မြန်မြန်ကြီး စေ့စပ်သွားတဲ့ အတွက် Selena က အံ့အားသင့်ခဲ့ပေမယ့် JB က ဒီလိုမျိုး အံ့အားသင့်ရမယ့် လုပ်ရပ်မျိုးကို လုပ်တတ်သူဆိုတာကို သိထားပြီး ဖြစ်တဲ့ အတွက် တစ်ဖက်မှာလည်း အရမ်း တော့ အံ့အားမသင့်ခဲ့ပါဘူး။သူမနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ JB စေ့စပ် လိုက်တဲ့ အပေါ် Selena က ဂရုမစိုက်ကြောင်း၊JB အပေါ် တကယ်ပဲ စိတ်ပြတ်သွားပြီဖြစ်ကြောင်း၊ပေါင်းဖက်ဖို့နောက်ဆုံးအကြိမ် ထပ်ကြိုးစား ခဲ့ပေ မယ့် ဘာမှမဖြစ်လာခဲ့ကြောင်းနဲ့ အခုဆိုရင်တော့ တကယ်ပဲ JB အပေါ် စိတ်ပြတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ လက်တေ လာမှာတော့ သူငယ်ချင်းတွေနဲ့ အတူ အချိန်တွေ ကုန်ဆုံး၊ဘုရားကျောင်းသွားတာတွေကိုပဲ လုပ်နေ တယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:  fashionmagazine
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top