

Bieber, Hailey
Popsugar
Advertisement
Pristine Jewelers
Credit: Hollywoodlife
# Unicode Version ဖြင့် ဖတ်ပါ #
Justin Bieberနဲ့ Hailey တို့နှစ်ဦး စေ့စပ်လိုက်တဲ့ အကြောင်းကတော့ ပရိသတ်တွေကြားမှာ တော်တော်လေးကို ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေ မသိသေးတဲ့ အကြောင်းကတော့ Hailey ကို Justin ပေးခဲ့တဲ့ စေ့စပ်လက်စွပ်ရဲ့ နောက်ကွယ်က အကြောင်းလေးပါ။ ဒီအကြောင်းကိုတော့ SOLOW ကျောက်မြတ်ရတနာ ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပြခဲ့ပါတယ်။
“ဒေါ်လာ ၅သိန်းတန်ဖိုးရှိတဲ့ Haileyရဲ့ စေ့စပ်လက်စွပ်ကိုတော့ Justinက ကိုယ်တိုင် ဒီဇိုင်းရေးဆွဲပေးခဲ့တာပါ။ Justinက Hailey ရဲ့ လက်မှာ လိုက်ဖက်မှုရှိပြီး လှနေမယ့် ဒီဇိုင်းမျိုးကို လိုချင်ခဲ့ပြီး သူလိုချင်တဲ့ ပုံစံကိုလည်း ရရှိခဲ့ပါတယ်။ Justinကတော့ Haileyကို ဒီလက်စွပ်လေးပေးဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားနေခဲ့တာပါ ” လို့ ကျောက်မြတ်ရတနာဆိုင်ရဲ့ တာဝန်ရှိသူက ပြောကြားခဲ့တာဖြစ်ပါတယ်။
Hailey ကလည်း Justin အတွက် JB ဆိုတဲ့ စိန်လက်စွပ်ကို ဝယ်ယူဖို့ ငွေပေးချေခဲ့ပြီး သူမအတွက်လည်း Baby ဆိုတဲ့ စကားလုံးကို ရေးသားတပ်ဆင်ထားတဲ့ စိန်လက်စွပ်ကို ဝယ်ယူခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ခုရဲ့ ပြောကြားချက်အရ သိရပါတယ်။
Bieber, Hailey
BOJ TV by SocialMediaGlue
Popsugar
Advertisement
Pristine Jewelers
ဖိုးသူတော် (www.phothutaw.com)
Credit: Hollywoodlife