န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
Credit: Can’t Wait To Say
#Unicode Version#
မကြာသေးခင်မီကမှ သူ့သူငယ်ချင်းလေးကို ဒူးတစ်ဖက်ထောက်ပြီး လက်ထပ်ခွင့်ပန်လိုက်တဲ့ Justin နဲ့ ပတ်သက်ပြီး ငယ်ရွယ်တဲ့ Model မလေး Hailey Baldwin ဟာ တစ်ကမ္ဘာလုံးကပရိသတ်တွေ မျက်စိဒေါက်ထောက်ကြည့်တာခံရတဲ့ ပစ်မှတ်တစ်ခုဖြစ်လာတော့တာပါပဲ။ Justin ဟာ ဒီနှစ်အစပိုင်းမှာပဲ Selena ကို ဒီနေ့ပဲလက်ထပ်ခွင့်တောင်းတော့မလိုနောက်တစ်နေ့ပဲ ဟန်းနီးမွန်းတွေကမ္ဘာတစ်ပတ်ထွက်ပစ်တော့မလိုလို အချစ်စစ်ဆိုတာဘာဖြစ်တယ်ဆိုပြီး နှစ်ရှည်လများချစ်လာခဲ့တဲ့ Selena နဲ့ပဲယူပြီးဘဝတစ်ခုတည်ထောင်တော့မလိုလိုနဲ့ သူ့အဖေရဲ့ မင်္ဂလာဆောင်ကိုတောင်ခေါ်သွားရတာနဲ့အချစ်နာလန်တွေထခဲ့ပြီးနောက်မှာတော့ လအနည်းငယ်အကြာမှာ ဘာမပြောညာမပြောနဲ့ ဝုန်းဆိုထပြီး Hailey Baldwin ကို လက်ထပ်ခွင့်ထတောင်းလိုက်ပါလေရောလား။
Justin သိပ်ချစ်တဲ့ Selena ကို မျက်နှာလွှဲခဲပစ်လုပ်ပြီး Selena ရဲ့ မျက်ဝန်းတွေမို့ဖောင်းအစ်နေတာကိုတောင် အရင်ကလို ဂရုမစိုက်တော့ပဲ.. လက်ပေါ်က Selena ရဲ့ တက်တူးကိုတောင်မဖျက်သေးပဲနဲ့ Hailey နဲ့ လက်ထပ်မယ်၊ဘဝတစ်ခုတည်ထောင်မယ်လို့ ပြောင်ပြောင်တင်းတင်းပြောပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့အဖြစ်ဟာ Hailey မှာ ကိုယ်ဝန်လွယ်ထားရတာကလွဲပြီး ဘာမှမဖြစ်နိုင်ကြောင်းအင်တာနက်အသုံးပြုသူတွေကဝေဖန်လျက်ရှိနေစဉ်မှာပဲ Pop Culture ဆိုတဲ့ Page တစ်ခုကနေ Hailey မှာ ကိုယ်ဝန်သုံးလရှိနေပါပြီဆိုတဲ့ အမှန်လားအမှားလားမဝေခွဲနိုင်တဲ့သတင်းတစ်ခုထွက်ရှိလာခဲ့ပါတယ်။
အဲဒီမှာပဲ Belieber တွေက Justin ဟာ အမျိုးကောင်းသားတစ်ဦးဖြစ်တဲ့အတွက် တကယ်လို့ Hailey မှာသာ ကိုယ်ဝန်ရှိနေမယ်ဆိုရင် သူ့ကလေးကို သူ့လိုမျိုး အိမ်ထောင်ကွဲမိသားစုမှာကြီးပြင်းလာရတာမျိုးမဖြစ်စေချင်တာကြောင့် သူ Hailey ကို သိပ်မချစ်ဘူးဆိုရင်တောင် လက်ထပ်မှာပဲဖြစ်ကြောင်း၊ ဒါကသာ Justin က Hailey ကို မြန်မြန်ဆန်ဆန်ကြီး လက်ထပ်ခွင့်တောင်းလိုက်ခြင်းရဲ့တစ်ခုတည်းသော ယုတ္တိယုတ္တာကျတဲ့အဖြေဖြစ်နိုင်ကြောင်း ယုံကြည်နေကြပါတယ်။ တစ်ဖက်မှာလည်း Hailey Bladwin ဟာလွန်ခဲ့တဲ့သုံးလတုန်းက Shawn Mendes နဲ့ Met Gala ပွဲကိုစုံတွဲတက်ခဲ့ကြတာဖြစ်ပြီး Shawn နဲ့ အတူရှိနေခဲ့တာဖြစ်လို့ Hailey သာ တကယ်တမ်း ကိုယ်ဝန်သုံးလရှိနေခဲ့ရင် အဲဒီကိုယ်ဝန်ဟာ Shawn ရဲ့ ပစ္စည်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသူတွေလည်းရှိနေပါတယ်။ ဒါပေမယ့် Justin က သူ့ကလေးဆိုတာမသေချာပဲနဲ့တော့ လက်ထပ်ခွင့်တောင်းမှာမဟုတ်တဲ့သူမျိုးပါ။
လောလောဆယ်မှာတော့ Hailey မှာကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်းက ဘယ်ကထွက်လာမှန်းမသိတဲ့ ကောလဟလတစ်ခုအဖြစ်သာတည်ရှိနေဆဲဖြစ်ပေမယ့် လုံးဝအခြေအမြစ်မရှိတဲ့ကောလဟလလို့တော့ပြောလို့မရတဲ့အခြေအနေပါ။ ဒါ့အပြင် Cosmopolitan magazine ရဲ့ ဖော်ပြချက်အရဆိုရင် Hailey နဲ့ JB တို့ဟာ မကြာခင်မှာ မိသားစုအနည်းငယ်နဲ့ သေးငယ်ပြီးပျော်စရာကောင်းမယ့် နွေးထွေးတဲ့ မင်္ဂလာဆောင်တစ်ခုကို ပြင်ဆင်နေကြပြီဖြစ်ကြောင်းသိရပါတယ်။သူတို့နှစ်ဦးလုံးဟာ ကင်မရာတွေရှေ့မှောက်မှာပဲနေလာတာကြာပြီဖြစ်တာကြောင့် ခမ်းနားကြီးကျယ်တဲ့မင်္ဂလာဆောင်ကြီးထက် အေးချမ်းတဲ့မင်္ဂလာဆောင်လေးကိုပဲ အလိုရှိကြတယ်လို့ဆိုပါတယ်။ ဒါက မင်္ဂလာဆောင်ကို မိသားစုတွေနဲ့ပဲ အေးအေးချမ်းချမ်းလေးလုပ်မယ်ဆိုတဲ့အဓိပ္ပါယ်က Selena Gomez ကို ဖိ်တ်ကြားမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ ပြောလို့မရဘူးလေ…တော်ကြာ Selena က Speak Now သီချင်းဆိုပြီး ဝင်လာမှ Justin က ပြန်ပါသွားရင် ဒုက္ခမဟုတ်လား။
ပြောချင်လွန်းလို့ရဲ့ပရိသတ်ကြီးရော Hailey မှာ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ ကောလဟလဟာ ပုပ်လို့ပေါ်ဟုတ်လို့ကျော်တာလို့ထင်လား… တကယ်တမ်း အမှန်ဖြစ်နေရင်ရော ဘယ်သူ့ကလေးဖြစ်မယ်ထင်လဲ.. ထင်မြင်ချက်လေးတွေပြောခဲ့ကြဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top