မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 မင္းသားမင္းသမီးေတြအားထားရတဲ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္တဲ့ မထက္ (Pop Soul) ဟာ အင္တာဗ်ဴးေတြေျဖရင္ အျမဲတမ္းပြင့္ပြင့္လင္းလင္းေျဖတတ္သူျဖစ္လို႔ ပရိသတ္ကအခ်စ္ပိုရသူတစ္ဦးပါ။ အခုေနာက္ပုိင္းမွာဆိုရင္ မထက္ဟာ မိန္းမသားဘဝရဖို႔ ခြဲစိတ္မႈျပီးကာမွ တကယ့္မိန္းကေလးအစစ္ျဖစ္သြားလို႔လားမသိ အရင္တုန္းက ေယာက္်ားေလးျဖစ္ခဲ့တယ္ဆိုတာေတာင္ ယံုရခပ္ခက္ခက္ျဖစ္ရေလာက္ေအာင္္ကုိ အလွေသြးၾကြယ္လာခဲ့တာပါ။ သိပ္လွတဲ့မထက္ကုိ ခ်စ္ခ်င္သူေတြကလည္း ဝုိင္းဝိုင္းလည္ေနမွာအေသအခ်ာပါပဲ။ ဒါေပမယ့္ မထက္မွာခ်စ္ရသူကရွိျပီးသားပါ။ မထက္က Sunday Journal နဲ႔ Interview တစ္ခုမွာ သူမရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ျပီးဖြင့္ဟသြားပါတယ္။

မထက္ က အရာရာကုိ ေအးေဆးသိုသိပ္စြာျပဳမူျဖတ္သန္းတတ္ပံုပါပဲ။ ခ်စ္သူနဲ႔ပတ္သက္ျပီးေတာ့လည္း ပရိသတ္ကုိအသိေပးထားခဲ့ရင္ အခ်စ္ေရးအလွည့္အေျပာင္းေတြရွိတိုင္းမွာ အင္တာနက္စာမ်က္နွာေတြေပၚတက္ျပီးဟုိးေလးတေက်ာ္ျဖစ္ေနမွာကုိလည္းသေဘာက်တဲ့ပံုမေပၚပါဘူး။ ဒါေၾကာင့္ ခ်စ္သူကိုပရိသတ္ကုိဘယ္ေတာ့ေလာက္အသိေပးမလဲဆိုတဲ့ေမးခြန္းကုိ “အစ္မကေတာ့ ခ်စ္သူကုိခ်ျပဖို႔အစီအစဥ္မရွိပါဘူး၊ဘယ္ေတာ့မွ ခ်ျပမွာမဟုတ္ဘူး”လို႔ ေျဖထားပါတယ္။

မထက္သေဘာက်တဲ့ခ်စ္သူပံုစံက straight ပါတဲ့။ ဒါေပမယ့္ မထက္ဟာ ဘယ္အရာကုိမွ ကုိယ့္စိတ္တိုင္းက် ဒီလိုပဲျဖစ္ရမယ္ဆိုတာမ်ိုဳး ေမွ်ာ္လင့္ထားတာရွိပံုမရပါဘူး။ ဒါေၾကာင့္ပဲ “ကုိယ့္ခ်စ္သူက ေယာက္်ားလား ေဂးလားဆိုတာကေတာ့ အစ္မကေတာ့ ထူးေထြျပီးမေျပာခ်င္ပါဘူး။ ပတ္ဝန္းက်င္အသုိင္းအဝိုင္းကပိုျပီးေတာ့သိပါလိ္မ့္မယ္။ အဲ့ဒီေတာ့ အစ္မက ထူးေထြျပီးေတာ့ ကြ်န္မရည္းစားက ဘာပါလို႔ထုတ္ေျပာစရာမလိုပါဘူး။ အစ္မက အရွင္းဆံုးေျပာရရင္ေတာ့ အစ္မက straight ကို ပို္ၾကိဳက္တာေပါ့ေနာ္။ ျဖစ္နုိင္ရင္ေပါ့ေနာ္။ၾကိဳက္ခဲ့တဲ့လူကလည္း straight ျဖစ္ဖို႔ကုိယ္က ခံုမင္တာေပါ့ေနာ္။ ျဖစ္ေနလားမျဖစ္လားဆိုတာကေတာ့ ပတ္ဝန္းက်င္နဲ႔အခ်ိန္အခါေပၚကေတာ့ မူတည္ပါတယ္။” လို႔ ကြ်မ္းက်င္လိမ္မာစြာေျဖၾကားထားပါေသးတယ္။

ဒါ့အျပင္မထက္ဟာလည္း မိန္းကေလးျဖစ္တဲ့အေလ်ာက္ မိန္းကေလးေတြရဲ႕စိတ္ကူးအိပ္မက္ျဖစ္တဲ့ ၾကီးက်ယ္ခမ္းနားတဲ့မဂၤလာေဆာင္မ်ိဳးကုိ အိပ္မက္မက္ဖူးမွာပါပဲ။ ဒါေပမယ့္ မထက္ဟာ ျမီးေကာင္ေပါက္ေလးမဟုတ္ပဲရင့္က်က္ထက္ျမက္သူတစ္ဦးျဖစ္ေလေတာ့ လက္ထပ္ပြဲနဲ႔ပတ္သက္တဲ့သူမရဲ႕သေဘာထားကို “အစ္မမွာလည္းမဂၤလာေဆာင္ခ်င္တဲ့စိတ္ရွိပါတယ္။ဒါေပမယ့္ အစ္မတုိ႔နုိင္ငံအေနအထားအရေတာ့ မဂၤလာေဆာင္ဖို႔ဆိုတာကေတာ့ အရမ္းကုိခက္ခဲပါတယ္။ အဲ့အတြက္ေၾကာင့္ အစ္မက မေမွ်ာ္မွန္းပါဘူး။အစ္မက လက္ရွိအေနအထားမွာပဲေပ်ာ္ရႊင္ေနပါျပီ”လို႔ေျဖၾကားထားပါတယ္။

မထက္ရဲ႕ခ်စ္သူအေၾကာင္းေျပာရရင္ေတာ့ ဘယ္သူမွန္းမသိတဲ့၊ခ်ျပဖို႔လည္းအစီအစဥ္မရွိဘူးဆိုတဲ့မထက္ရဲ႕ခ်စ္သူဟာ မထက္ကုိေတာ့အလြန္ခ်စ္ပံုပါပဲ။ မထက္ကုိခ်စ္တဲ့သူ႔ရဲ႕ခ်စ္ျခင္းေမတၱာကိုမထက္ရဲ႕ ခ်စ္သူအေၾကာင္းေျပာတဲ့စကားေတြမွာအထင္းသားျမင္ေတြ႕နိုင္ပါတယ္။ မထက္ကသူမရဲ႕ခ်စ္သူအေၾကာင္းကို “ခ်စ္သူကနားလည္မႈေပးပါတယ္။မဂၤလာေဆာင္ေပးမလားလို႔ေမးလို႔ရွိရင္လည္းမဂၤလာေဆာင္ေပးမယ္လုိ႔အျမဲတမ္းေျပာပါတယ္။ အဲ့ဒီအတြက္အဲလုိ ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ အဲလိုေျဖေပးတဲ့အခ်ိန္တိုင္းမွာ အစ္မကေက်နပ္ပါတယ္။အဲ့အတြက္ေၾကာင့္ အစ္မကေတာ့ အစ္မရဲ႕အခ်စ္ေရးကုိ အစ္မက ေက်နပ္ပါတယ္။”လို႔ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ရဲ႕ပရိသတ္ၾကီးမွာေရာ မထက္ရဲ႕ခ်စ္သူလိုကုိယ့္ကုိအရမ္းခ်စ္တဲ့သူပုိင္ဆုိင္ထားျပီလား.. ဒါမွမဟုတ္ ကုိယ္ကအရမ္းခ်စ္ေပးရတဲ့သူေရာ..ရွိျပီလား။ ေလာကၾကီးမွာအခ်စ္ရွိမွျပည့္စံုတာဆိုေတာ့ ခ်စ္သူမရေသးတဲ့သူေတြလည္းခ်စ္သူျမန္ျမန္ရွာေတြ႕ပါေစလို႔ဆုေတာင္းေပးပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
မင်းသားမင်းသမီးတွေအားထားရတဲ့ အောင်မြင်ကျော်ကြားတဲ့မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက် (Pop Soul) ဟာ အင်တာဗျူးတွေဖြေရင် အမြဲတမ်းပွင့်ပွင့်လင်းလင်းဖြေတတ်သူဖြစ်လို့ ပရိသတ်ကအချစ်ပိုရသူတစ်ဦးပါ။ အခုနောက်ပိုင်းမှာဆိုရင် မထက်ဟာ မိန်းမသားဘဝရဖို့ ခွဲစိတ်မှုပြီးကာမှ တကယ့်မိန်းကလေးအစစ်ဖြစ်သွားလို့လားမသိ အရင်တုန်းက ယောက်ျားလေးဖြစ်ခဲ့တယ်ဆိုတာတောင်ယုံရခပ်ခက်ခက်ဖြစ်ရလောက်အောင်ကို အလှသွေးကြွယ်လာခဲ့တာပါ။ သိပ်လှတဲ့မထက်ကို ချစ်ချင်သူတွေကလည်း ဝိုင်းဝိုင်းလည်နေမှာအသေအချာပါပဲ။ ဒါပေမယ့် မထက်မှာချစ်ရသူကရှိပြီးသားပါ။ မထက်က Sunday Journal နဲ့ Interview တစ်ခုမှာ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးဖွင့်ဟသွားပါတယ်။

မထက် က အရာရာကို အေးဆေးသိုသိပ်စွာပြုမူဖြတ်သန်းတတ်ပုံပါပဲ။ ချစ်သူနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်ကိုအသိပေးထားခဲ့ရင် အချစ်ရေးအလှည့်အပြောင်းတွေရှိတိုင်းမှာ အင်တာနက်စာမျက်နှာတွေပေါ်တက်ပြီးဟိုးလေးတကျော်ဖြစ်နေမှာကိုလည်းသဘောကျတဲ့ပုံမပေါ်ပါဘူး။ ဒါကြောင့် ချစ်သူကိုပရိသတ်ကိုဘယ်တော့လောက်အသိပေးမလဲဆိုတဲ့မေးခွန်းကို “အစ်မကတော့ ချစ်သူကိုချပြဖို့အစီအစဉ်မရှိပါဘူး၊ဘယ်တော့မှ ချပြမှာမဟုတ်ဘူး”လို့ ဖြေထားပါတယ်။

မထက်သဘောကျတဲ့ချစ်သူပုံစံက straight ပါတဲ့။ ဒါပေမယ့် မထက်ဟာ ဘယ်အရာကိုမှ ကိုယ့်စိတ်တိုင်းကျ ဒီလိုပဲဖြစ်ရမယ်ဆိုတာမျိုုး မျှော်လင့်ထားတာရှိပုံမရပါဘူး။ ဒါကြောင့်ပဲ “ကိုယ့်ချစ်သူက ယောက်ျားလား ဂေးလားဆိုတာကတော့ အစ်မကတော့ ထူးထွေပြီးမပြောချင်ပါဘူး။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကပိုပြီးတော့သိပါလိမ့်မယ်။ အဲ့ဒီတော့ အစ်မက ထူးထွေပြီးတော့ ကျွန်မရည်းစားက ဘာပါလို့ထုတ်ပြောစရာမလိုပါဘူး။ အစ်မက အရှင်းဆုံးပြောရရင်တော့ အစ်မက straight ကို ပိုကြိုက်တာပေါ့နော်။ ဖြစ်နိုင်ရင်ပေါ့နော်။ကြိုက်ခဲ့တဲ့လူကလည်း straight ဖြစ်ဖို့ကိုယ်က ခုံမင်တာပေါ့နော်။ ဖြစ်နေလားမဖြစ်လားဆိုတာကတော့ ပတ်ဝန်းကျင်နဲ့အချိန်အခါပေါ်ကတော့ မူတည်ပါတယ်။” လို့ ကျွမ်းကျင်လိမ်မာစွာဖြေကြားထားပါသေးတယ်။

ဒါ့အပြင်မထက်ဟာလည်း မိန်းကလေးဖြစ်တဲ့အလျောက် မိန်းကလေးတွေရဲ့စိတ်ကူးအိပ်မက်ဖြစ်တဲ့ ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာဆောင်မျိုးကို အိပ်မက်မက်ဖူးမှာပါပဲ။ ဒါပေမယ့် မထက်ဟာ မြီးကောင်ပေါက်လေးမဟုတ်ပဲရင့်ကျက်ထက်မြက်သူတစ်ဦးဖြစ်လေတော့ လက်ထပ်ပွဲနဲ့ပတ်သက်တဲ့သူမရဲ့သဘောထားကို “အစ်မမှာလည်းမင်္ဂလာဆောင်ချင်တဲ့စိတ်ရှိပါတယ်။ဒါပေမယ့် အစ်မတို့နိုင်ငံအနေအထားအရတော့ မင်္ဂလာဆောင်ဖို့ဆိုတာကတော့ အရမ်းကိုခက်ခဲပါတယ်။ အဲ့အတွက်ကြောင့် အစ်မက မမျှော်မှန်းပါဘူး။အစ်မက လက်ရှိအနေအထားမှာပဲပျော်ရွှင်နေပါပြီ”လို့ဖြေကြားထားပါတယ်။

မထက်ရဲ့ချစ်သူအကြောင်းပြောရရင်တော့ ဘယ်သူမှန်းမသိတဲ့၊ချပြဖို့လည်းအစီအစဉ်မရှိဘူးဆိုတဲ့မထက်ရဲ့ချစ်သူဟာ မထက်ကိုတော့အလွန်ချစ်ပုံပါပဲ။ မထက်ကိုချစ်တဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာကိုမထက်ရဲ့ ချစ်သူအကြောင်းပြောတဲ့စကားတွေမှာအထင်းသားမြင်တွေ့နိုင်ပါတယ်။ မထက်ကသူမရဲ့ချစ်သူအကြောင်းကို “ချစ်သူကနားလည်မှုပေးပါတယ်။မင်္ဂလာဆောင်ပေးမလားလို့မေးလို့ရှိရင်လည်းမင်္ဂလာဆောင်ပေးမယ်လို့အမြဲတမ်းပြောပါတယ်။ အဲ့ဒီအတွက်အဲလို ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အဲလိုဖြေပေးတဲ့အချိန်တိုင်းမှာ အစ်မကကျေနပ်ပါတယ်။အဲ့အတွက်ကြောင့် အစ်မကတော့ အစ်မရဲ့အချစ်ရေးကို အစ်မက ကျေနပ်ပါတယ်။”လို့ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ရဲ့ပရိသတ်ကြီးမှာရော မထက်ရဲ့ချစ်သူလိုကိုယ့်ကိုအရမ်းချစ်တဲ့သူပိုင်ဆိုင်ထားပြီလား.. ဒါမှမဟုတ် ကိုယ်ကအရမ်းချစ်ပေးရတဲ့သူရော..ရှိပြီလား။ လောကကြီးမှာအချစ်ရှိမှပြည့်စုံတာဆိုတော့ ချစ်သူမရသေးတဲ့သူတွေလည်းချစ်သူမြန်မြန်ရှာတွေ့ပါစေလို့ဆုတောင်းပေးပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top