AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

Sulphur (ဆာလ္ဖာ)ႏွင့္ လံုးဝမတည့္ေသာ လူနာတစ္ဦးျဖစ္ေၾကာင္း ကိုယ္တုိင္မွတ္ခ်က္ေရးထားပါလ်က္ ဆာလ္ဖာရာႏႈန္းျပည့္နီးပါး ပါဝင္သည့္ Megatrim DS ေဆးျပားစုစုေပါင္း ၈၀ ေက်ာ္ကို ၁၈ ရက္အတြင္း ေန႔စဥ္တုိက္ေကၽြးမႈေၾကာင့္ ကေလးတစ္ဦး မိခင္(၃၆)ႏွစ္အရြယ္ လူနာမေမဇင္ႏြယ္မွာ အသက္မေသသင့္ဘဲ ေသဆံုးခဲ့ရသည္ဆိုကာ သမားေတာ္ႀကီး ဦးရဲျမႏွင့္ ရန္ကုန္ၿမိဳ႕ ေရႊဂံုတိုင္အထူးကုေဆး႐ံုႀကီး (SSC)မွ တာဝန္ရွိသူမ်ားကို ထိေရာက္စြာ စစ္ေဆးအေရးယူေပးပါရန္ ေသဆံုးသူ လူနာ၏ဖခင္ ဦးတင္ျမင့္က ျမန္မာႏုိင္ငံေဆးေကာင္စီသို႔ တိုင္ၾကားခဲ့သည္။

 အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ 7Day Daily သတင္းစာက ေဆးေကာင္စီ တာဝန္ရွိသူမ်ားသို႔ ဆက္သြယ္ေသာ္လည္း အဆက္အသြယ္မရေသးေပ။ တိုင္ၾကားခံရသည့္ ဆရာဝန္ႀကီး ႏွင့္ဆက္သြယ္ရာ စင္ကာပူႏုိင္ငံ သို႔ ေရာက္ရွိေနသျဖင့္ ဆရာဝန္ႀကီးျပန္လည္ေရာက္ရွိလာပါက ဆက္သြယ္ေမးျမန္း၍ ဆက္ လက္ေဖာ္ျပေပးမည္ျဖစ္ပါသည္။

တိုင္ၾကားခံထားရသည့္ ေဆး႐ံုအုပ္ခ်ဳပ္ေရးအဖြဲ႕သို႔ သြားေရာက္ေမးျမန္းရာတုိင္ၾကားထားမႈႏွင့္ပတ္သက္၍ ၎တို႔အေနျဖင့္ တစ္စံုတစ္ရာ မွတ္ခ်က္မေပးလို ေၾကာင္း၊ ေဆးေကာင္စီ၏ၫႊန္ၾကားခ်က္ ေစာင့္ရမည္ျဖစ္ေၾကာင္း ေျပာၾကားထားသည္။

‘‘ဘယ္သူ႔ကိုမွ မထိခိုက္ေစလိုတာရယ္၊ Ethics ပိုင္းဆိုင္ရာအရ ေျပာလို႔ မျဖစ္တာေတြရယ္ ေၾကာင့္ေဆးေကာင္စီကိုသာ ဆက္သြယ္ေမးျမန္းပါ’’ဟု ေဆး႐ံု တာဝန္ရွိသူတစ္ဦးက ေျပာသည္။

သမီးျဖစ္သူ ေသဆံုးခဲ့၍ ဆရာဝန္ႏွင့္ ေဆး႐ံု တာဝန္ရွိသူမ်ားကို ဇူလိုင္ ၁၀ ရက္က တိုင္ၾကားထားေသာမိသားစုဝင္မ်ားႏွင့္ေတြ႕ဆံုေမးျမန္းထားမႈကို ေဖာ္ျပလိုက္ပါသည္။

ေဆး႐ံုတက္ရတာကစၿပီး ရွင္းျပ ေပးပါ။ ေဆး႐ံုတက္ေနစဥ္အ တြင္း ဘယ္သူနဲ႔ကုတာလဲ၊ ဘယ္ ေလာက္ၾကာၾကာကုသခဲ့ရလဲ။

နမိုးနီးယားေရာဂါေၾကာင့္ ပါ။ ပထမတစ္ႀကိမ္တက္တယ္။ အဲဒီအခ်ိန္မွာ နမိုးနီးယားလို႔ မေျပာေသးဘူး။ အဆုတ္အေအး ပတ္တယ္လို႔ပဲ ေျပာတာ။ အဲဒါျပ ၿပီးေတာ့ ေမလ ၉ ရက္ေလာက္မွာ ဆရာႀကီးက ပထမအႀကိမ္ျပန္ျပ ဆိုလို႔ သြားျပတာ။ သြားျပေတာ့ ေဆး႐ံုတက္ရမယ္လို႔ ေျပာလိုက္ ေတာ့ ေမလ ၁၀ ရက္မွာ SSC မွာပဲ တက္လိုက္တယ္။ စုစုေပါင္း ၁၈ ရက္တက္လိုက္တယ္။ တက္ တက္ခ်င္းမွာ ဆရာႀကီးေျပာတာ က ဒါ နမိုးနီးယား။ သူေျပာတဲ့အတိုင္း သူ႔ရဲ႕ကုသမႈအတုိင္း တစ္သေဝမတိမ္းလိုက္နာမယ္ဆိုရင္ လံုးဝေပ်ာက္ေအာင္ ကုေပးမယ္ ေျပာတယ္။ အဲဒီအခါက်ေတာ့ ကုတယ္ေပါ့။ တစ္ပတ္ေလာက္ကစၿပီး အစားအေသာက္စားရင္ လည္း အန္ၿပီ။ ေသြးေၾကာေလး ေတြ ေပါက္ထြက္သလိုျဖစ္လာ တယ္။ အေရျပားမွာ အနီစက္ေတြ ထြက္လာၿပီ။ ဆရာႀကီးကေတာ့ ေန႔တိုင္း Round တယ္။ ၁၈ ရက္ကာလမွာ ဘာျဖစ္လဲဆို အစားအ ေသာက္ေတြပ်က္တယ္။ ျဖည္း ျဖည္း ပထမ ဝမ္းအမာေတြ သြား တယ္။ ေနာက္ အေပ်ာ့ေတြ သြား တယ္။ ဒီၾကားထဲမွာ ဘာေတြျဖစ္ လဲဆိုေတာ့ ေသြးျဖဴဥက စတက္ တက္ခ်င္းမွာ ၇ ဒသမ ၈ ရွိတယ္။ ၂၆ ရက္ေန႔မွာ ေသြးျဖဴဥတုိင္း ေတာ့ ဒသမ ၈အထိ ထုိးက်သြား တယ္။  ဂရန္းဟံသာေဆး႐ံုကို ဆရာဝန္ႀကီးဦးရဲျမရဲ႕ခြင့္ျပဳခ်က္နဲ႔ ၂၈ ရက္မွာ ေျပာင္းေရႊ႕ကုသခဲ့ တယ္။ အဲဒီေဆး႐ံုေရာက္ေတာ့ လည္း ဆရာဝန္ႀကီးက သူထုိင္တဲ့ ေဆး႐ံုမဟုတ္ေပမယ့္ သူ႔လူနာ ဆိုေတာ့ လိုက္ၾကည့္ေပးတယ္။ ၂၉ ရက္မွာ ဂရန္းဟံသာက ဆရာ ဝန္ေတြက ဘာေျပာလဲဆို ေက်ာက္ ကပ္ကလည္း အေျခအေနမ ေကာင္းေတာ့ဘူး။ ေသြးျဖဴဥက လည္း မရေတာ့ဘူး။ စိုးရိမ္ရတဲ့ အေျခအေနရွိတယ္လို႔ ေျပာ တယ္။ ၃၀ ရက္ေန႔မွာ ေတာက္ ေလွ်ာက္ေဆးသြင္းတယ္။ ၃၁ ရက္ ေန႔ညေန ၆ နာရီ ၅၀ မွာ သမီးဆံုးတယ္။ ေက်ာက္ကပ္ေရာဂါနဲ႔ ေသြးျဖဴဥေတြ လံုးဝနီးပါးကုန္ဆံုး သြားၿပီး ေသြးေၾကာေတြ ေပါက္ ထြက္ယုိစီးေနတယ္လို႔ ေဆး႐ံုက ေျပာပါတယ္။

ဆာလ္ဖာနဲ႔ မတည့္တာကေကာ ဘယ္လိုသိခဲ့လဲ။ ေဆး႐ံုတက္ ေတာ့ လူနာနဲ႔ေဆးမတည့္မႈရွိတဲ့ အေၾကာင္း ဆရာဝန္ကို ေျပာျပခဲ့ လား။ ဒါမွမဟုတ္ ဆရာဝန္က ေမးခဲ့လား။

ဘယ္လိုသိခဲ့လဲ ဆိုေတာ့ ဂရန္းဟံသာေဆး႐ံုကို ေရာက္လာ တယ္။ အထူးၾကပ္မတ္ကုသ ေဆာင္ကို ပို႔လိုက္တယ္။ အဲဒီအ ခ်ိန္မွာ သူအန္ေတာ့ မအန္ဘူး။ ေသြးေတြဘာေတြေတာ့ ထြက္ခ်င္ တယ္။ အေျခအေနက အရမ္းဆိုး ေနၿပီ။ ဒါေပမဲ့ သမီးက ခံႏိုင္ရည္ ေတာ့ရွိတယ္။ ဂရန္းဟံသာက ဒီ လူနာမွာ မတည့္တဲ့ေဆးရွိလားဆို ၿပီးေမးတယ္။ ရွိတယ္လို႔ ျပန္ေျဖ လိုက္တယ္။ ဘာရွိလဲဆို ဆာလ္ဖာလို႔။ အဲဒါဆိုရင္ လူနာမွာ Mega-trim DS ေပးထားတယ္ဆိုၿပီး ေျပာတယ္။ အန္တီတို႔ကလည္း ေဆးေလာကက မဟုတ္ေတာ့ နားမလည္ဘူး။ အဲဒီလိုနဲ႔ေနေရာ။ ဆံုး ၿပီး တစ္ပတ္ေလာက္ၾကာေတာ့ သူနဲ႔ပတ္သက္တဲ့ ေဆး႐ံုမွတ္တမ္း ေတြကို အမိႈက္ပံုးထဲ ပစ္မယ္ဆိုၿပီး ပစ္ရင္းနဲ႔မွ ဘာလဲဆိုၿပီး Mega-trim DS ဘာပါလဲဆိုၿပီး ၾကည့္လိုက္ေတာ့ ေန႔တိုင္းနီးပါး ေတာ္ ေတာ္မ်ားမ်ားပါတယ္။ အားလံုး ေပါင္း ရွစ္ကတ္၊ ေမလ ၁၀ ရက္ေန႔ ကေန ၂၈ ရက္ထိ ေပးတယ္။ တျခားေဆးေတြလည္း ေပးတယ္။ ဟိုက္ဒ႐ိုေကာ္တီဆုန္းလည္း ေပးထားတယ္။ အဲဒီမွာ Megatrim DS ဆိုတာ ဘာလဲဆို အမ်ိဳးတစ္ေယာက္က သူက ဆာလ္ဖာနဲ႔ မတည့္ဘူး။ အိမ္မွာ သမီးဆံုးတာ လာေမးရင္းနဲ႔ ေျပာရင္းနဲ႔မွ ဆက္စပ္မိတာ။ သူက အဲဒီေဆးမတည့္ လို႔ မေသာက္ဘူးဆိုၿပီး ေျပာတယ္။ ဒီေခတ္မွာ ဆာလ္ဖာသံုးၾကလို႔ လား။ ဒါ Megatrim DS။ အဲဒါ ဆာလ္ဖာဟုတ္လို႔လားဆိုေတာ့ သူက ဟုတ္တယ္ဆိုၿပီး ေျပာလို႔ Google မွာ ႐ိုက္ရွာလိုက္ေတာ့ ဆာလ္ဖာအျပည့္နီးပါးေလာက္ ကို Double Sulphur ျဖစ္ေနတာ ေတြ႕တယ္။ ပံုမွန္ ဆာလ္ဖာႏွစ္ျပားစာ သူ႔ရဲ႕ အျပားတစ္ခု။ အဲဒီ ေတာ့ ဒါ ဆရာႀကီးမေတာ္တဆ မွားတာပဲ တြက္တာ။ ၾကည့္လိုက္တဲ့အခါက်ေတာ့မဟုတ္ဘူး။ ေမလ ၁၀ ရက္ကေန ၂၈ ရက္အထိ ေဆး႐ံုတက္ေနတဲ့ကာလပတ္လံုး ေပး ထားတာ။ သမီးနဲ႔ မတည့္ဘူး။ Sulphur Allergy ဆိုတာ ဆရာဝန္ႀကီးကိုယ္တုိင္ ေဆာ့ပင္အနီနဲ႔ ေရး ထားတာ။ အဲဒီေတာ့ ေပးတာကမတည့္တဲ့ ဆာလ္ဖာေဆး။ ဒီေဆး နဲ႔မတည့္ဘူးဆိုရင္ တျခားေဆး ေျပာင္းေပးရမယ္လို႔ ေဖာ္ျမဴလာ ရွိၿပီးသားပါ။ ၂၀၁၃ တုန္းက ပထမတုန္းကတည္းက ဆာလ္ဖာ နဲ႔ မတည့္ဘူးဆိုတာ သိတယ္။ ေျပာ႐ံုတင္မဟုတ္ဘူး။ စစ္လည္း စစ္ခဲ့တယ္။

လူနာက အရင္တုန္းကေကာ ေဆး႐ံုတက္ကုသမႈ ခံယူခဲ့ဖူးလား။ ေရာဂါအခံေတြ ဘာေတြေကာရွိလား။

နဂိုေရာဂါအခံကေတာ့ သူ႔ ဟာသူရွိမွာေပါ့ေလ။ သို႔ေသာ္ နမိုးနီးယားဆိုၿပီး တက္တာ။ ရွိေပ မယ့္ ဒီဟာႀကီးျဖစ္ရမယ္ဆိုတာ ခ်ည္းမဟုတ္ဘူးေလ။ အရင္တုန္း ကေတာ့ နမိုးနီးယားေတြ ဘာေတြ မျဖစ္ဖူးဘူး။ ေရာဂါအခံရွိခ်င္ ရွိ မယ္။ ဒါေပမဲ့ အခုတက္ရတာက နမိုးနီးယား။ ေပးတာက မတည့္ တဲ့ ဆာလ္ဖာေဆး။ ဒီေဆးနဲ႔မ တည့္ဘူးဆိုရင္ တျခားေဆး ေျပာင္းေပးရမယ္လို႔ ေဖာ္ျမဴလာ ရွိၿပီးသားပါ။

ဒီလိုအေျခအေနေတြျဖစ္လာတဲ့ အခါ ကုသေပးတဲ့ဆရာဝန္ႀကီးက ဘာေျပာလဲ။ သူ႔ေၾကာင့္ ျဖစ္ရတာလို႔ လက္ခံလား။ အခု သူက ႏုိင္ငံျခားခရီးသြားေနတယ္ ဆိုေတာ့ မသြားခင္ အေျခအေနအေပၚေကာ သူဘာေျပာခဲ့လဲ။

ဇြန္လ ၁၅ ရက္မွာ အန္တီ တို႔ကိုယ္တိုင္ SSC ကို သြားၿပီးမွ တိုင္လိုက္တယ္။ ညပိုင္း ၇ နာရီခြဲ ေလာက္မွာ လွမ္းဆက္တယ္။ ေနာက္ေန႔ ၁၀ နာရီမွာ ေတြ႕ခ်င္ ပါတယ္ဆိုၿပီး။ အဲဒါနဲ႔သြားေတာ့ ေဆး႐ံုအုပ္ႀကီး၊ လက္ေထာက္ ေဆး႐ံုအုပ္ႀကီးဘာညာ ႏွစ္ ေယာက္၊ သံုးေယာက္ပါတယ္။ သူေဌးပါတယ္။ ဦးရဲျမပါတယ္။ အဲဒီေတာ့ ဒီစာဖတ္ၿပီးေတာ့ ဆရာ ႀကီးက သူ႔ရဲ႕ကိုယ္ေရးရာဇဝင္ကို ေျပာတယ္။ ကုသမႈေပးတယ္။ ဆရာႀကီး ဒီမွာ ဆရာႀကီးကိုယ္ တိုင္ မွတ္ခ်က္ေပးထားတယ္။ အဓိကက ဆာလ္ဖာကို မတည့္ဘူးဆိုတာကို ဘာလို႔ ေပးထားလဲေမး ေတာ့။ သူက ဘာေျပာလဲဆိုေတာ့ ပထမက သူျငင္းတယ္။ ဒါ သူေရးထားတာမဟုတ္ဘူးေျပာတယ္။  အဲဒီေတာ့ ဘာျဖစ္လဲဆိုေတာ့ ဒီမွာ ဆရာႀကီးလက္ေရး၊ ဒီမွာ ႏွစ္ေနရာဆိုေျပာလုိက္ေတာ့ သူျငင္းတာ ေတြ၊ ဝန္ခံတာေတြ တစ္ခုမွ မလုပ္ ေတာ့ဘူး။ အဲဒါၿပီးေတာ့ ဒီကိစၥကို ေျပလည္ေအာင္ ေျဖရွင္းေပး ပါ။ သူကေတာ့ ေျပာတာေပါ့ေနာ္။ ဒီနမိုးနီးယားဆိုတာ လူတစ္သန္း မွာ တစ္ေယာက္ျဖစ္တယ္။ ဒီလို ပဲ ေျပာၾကမွာပဲ။ အဲဒီေတာ့ ေမးၿပီ။ ဒီေဆးနဲ႔ပတ္သက္လို႔ ဒီေဆးမ တည့္ရင္ တျခားေဆးေျပာင္းေပး လို႔ရတယ္။ မေပးဘူးဆိုလည္း ဆရာႀကီး မိသားစုခြင့္ျပဳခ်က္ ေတာင္းပါ။ မိသားစုနဲ႔လည္း မတုိင္ပင္ဘူး။ အခုသိတာေတာင္မွ စာ ရြက္ေတြ ဖ်က္ဆီးဖို႔ ၾကည့္လိုက္ လို႔ သိတာ။ အဲဒီအတြက္ စိတ္ထိ ခိုက္တယ္။ ဆရာႀကီးကို မုန္းလို႔ လည္းမဟုတ္ဘူး။ လြဲမွားတယ္ ထင္လို႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျဖ ရွင္းေပးပါ။ ေနာက္ဆံုးကုန္ကုန္ ေျပာရရင္ သူက ေသတဲ့သူအျပစ္ ပဲလို႔ ထင္တယ္။ ေတာင္းပန္မႈ ေတြ၊ ဝမ္းနည္းမႈေတြ မေျပာဘဲနဲ႔။ ေဆး႐ံုက တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြ  ကလည္း ဆရာႀကီးတာဝန္ယူမွာ  လို႔ပဲ ေျပာတယ္။ ဝမ္းနည္းေၾကာင္း ေတာင္မေျပာဘူး။ အဲဒီေတာ့ ထျပန္လာတယ္။ ဒီလို ၁၈ ရက္လံုးလံုး မတည့္တာကို မိသားစုကို တိုင္ပင္ခဲ့လားေမးေတာ့ အဲဒါေတာ့ ဟုတ္တယ္။ ကၽြန္ေတာ္ မတိုင္ပင္မိဘူးေျပာတယ္။ ဒီေဆး နဲ႔မတည့္ဘူး။ ဒီေရာဂါကလည္း ဒီေဆးနဲ႔ကုမွရမယ္ဆိုရင္ အဆိပ္ မွန္းလည္း သိေနရဲ႕သားနဲ႔။ မွန္မွန္ ေျပာရင္ အဆိပ္ကို အဆိပ္နဲ႔ ကုရမယ္မွန္းေတာ့ သိတယ္။ ဒါေပမဲ့ ကုရမယ္ဆိုလည္း မတည့္ပါဘူးဆိုတာက တကယ္ေသေစႏိုင္တာ ေလ။

သာမန္လူေတြေတာင္ သိေနၾကတဲ့ဟာ။ သူက တကယ့္သမား ေတာ္ႀကီးေလ။ တစ္ႀကိမ္ဆို မေျပာဘူး။ သူကေတာ့ ဆင္ေျခ ေပးတယ္။ ေဆးတိုင္းက အဆိပ္ ပဲတဲ့။ မွန္တယ္ေလ။ ဒါေပမဲ့ မိသားစုဆံုးျဖတ္ခ်က္ေတာင္းရ မယ္ေလ။ သေဘာတူလားေမးရ မယ္ေလ။ ေဆးေကာင္စီက ေခၚေတြ႕ယူ ထားတဲ့ အေျခအေနေလးကို လည္း ရွင္းျပေပးပါ။

ေဆးေကာင္စီက နည္းနည္း ေလးေတာ့ ေမးတာေပါ့။ Mega-trim ဆိုတာသိေတာ့ ဘာမွ မလုပ္ဘူးလားတဲ့။ မိသားစုက အဲဒီအခ်ိန္မွာ ပူပင္ေသာကေတြနဲ႔ မၾကည့္အားဘူး။ အခုေတာင္ ေသၿပီး တစ္ပတ္ေနမွ ဒီအေၾကာင္းကို သိတာ။ ဆရာဝန္ႀကီးက သူ႔မွတ္ခ်က္မွာ သူသိတာေတာင္မွ ေန႔တုိင္းမွားေနတာ။ ဂရန္းဟံသာ ေတာင္မွ ေရာက္ၿပီး တစ္နာရီ၊ ႏွစ္နာရီအတြင္းမွာ ဒီဟာနဲ႔မတည့္ဘူးဆိုတာ ေထာက္ျပႏိုင္တယ္။ ေဆးေကာင္စီက ဘာေျပာလဲဆို ဒီဟာကို ကိစၥအႀကီးႀကီးပါ။ ကၽြန္ေတာ္တို႔က ခ်ိန္ခြင္ပါ။ တရားသျဖင့္ ဒါကို မွန္မွန္ကန္ကန္ စစ္ေဆးၿပီးေတာ့ မွန္မွန္ကန္ကန္ဆံုးျဖတ္မွာပါ။ ဂရန္းဟံသာကိုလည္း တရားဝင္ ေဆးမွတ္တမ္းေတြ ေတာင္းတယ္။ SSC ကိုလည္း ေတာင္းထားတယ္တဲ့။ တာဝန္ရွိ တဲ့ပုဂၢိဳလ္ေတြကေတာ့ မလြဲမေသြ ေခၚစစ္မွာေပါ့ေလ။ ၿပီးရင္ ဦးတင္ ျမင့္ဆီကို အဖြဲ႕ရဲ႕ေတြ႕ရွိဆံုးျဖတ္ ခ်က္ကို အေၾကာင္းျပန္ပါ့မယ္။ တကယ္လို႔ ဒီစာရြက္စာတမ္းေတြ ကို သူတို႔စစ္လို႔ မလံုေလာက္ဘူး ထင္ရင္ေတာ့ ေနာက္ထပ္ ဒီထက္ႀကီးမားတဲ့ အဖြဲ႕စစ္မယ္။ စစ္ၿပီး ရင္လည္း အေျဖကို ျပန္ေျပာေပး မယ္ဆိုၿပီး ဒီဟာကို ေပးပါမယ္။ အင္မတန္ေကာင္းတယ္။ အခ်ိန္ ကာလေတာ့ မေျပာလိုက္ပါဘူး။ အင္မတန္ေကာင္းတယ္။ ေဆး ေကာင္စီရဲ႕ေျပာစကားအရ၊ သူတို႔ မူဝါဒအရ လက္ခံပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး တုိင္ၾကား ထားတာမ်ိဳးေကာရွိပါသလား။

ရွိပါတယ္။ ႏုိင္ငံေတာ္သမၼ တရယ္၊ က်န္းမာေရးဝန္ႀကီးရယ္၊ ေဆးေကာင္စီရယ္ ဒီသံုးခုကို တိုင္ ထားပါတယ္။

ထပ္ၿပီး ဘယ္လိုဆက္လုပ္သြားဖို႔ ရွိပါသလဲ။ မိသားစုဝင္ေတြအေနနဲ႔ ျဖစ္ေစခ်င္တဲ့ဆႏၵကို ေျပာျပေပးပါ။

ေဆးေကာင္စီက အေၾကာင္း ျပန္တာကို ေစာင့္မယ္။ ဆရာဝန္ ႀကီးကေတာ့ ဒီလကုန္ျပန္ေရာက္ မယ္ေျပာတယ္။ အဲဒီအေပၚမွာ ၾကည့္ၿပီးေတာ့ တရားစြဲတာလုပ္ မယ္။ ေက်နပ္မႈမရွိဘူးဆိုရင္၊ အ မ်ားျပည္သူအတြက္လည္း ဘာမွ အက်ိဳးမရွိဘူးဆိုရင္၊ ထိေရာက္တဲ့ ကူညီမႈမရွိဘူးဆိုရင္ မီဒီယာနဲ႔ ရွင္းလင္းပြဲလုပ္မယ္။ တရား လည္း စြဲမယ္။ သမားေတာ္ႀကီးေရာ၊ ေဆး႐ံုေရာ ႏွစ္ခုစလံုးကို အေရးယူေပးပါ။ ေဆးေကာင္စီရဲ႕ ျပန္စာေစာင့္မယ္။ အဲဒီကၿပီးရင္ေတာ့ မီဒီယာရွင္းလင္းပြဲလုပ္ မယ္။ တရားစြဲမယ္။ ေနာင္ကိုေပါ့ ေနာ္။ ဒီဟာကို ၾကည့္ၿပီးေတာ့ နမူနာျဖစ္ၿပီးေတာ့ ဘယ္ေဆး႐ံု ေဆးခန္းပဲျဖစ္လာလာ၊ ဘယ္ ဆရာဝန္ပဲျဖစ္လာလာ ကိုယ့္လူနာေတြအတြက္ အသက္တစ္ေခ်ာင္းကို တန္ဖိုးထားၿပီးေတာ့မွ ကိုယ္ခ်င္းစာေပးပါ။ အခုလို လူနာေတြ မခံစားရေအာင္၊ ၿပီးေတာ့ မိသားစုခံစားခ်က္က အသက္တစ္ေခ်ာင္း ဆံုး႐ႈံးသြား တယ္။ ဘာနဲ႔မွ အစားျပန္မရႏုိင္တဲ့ ဆံုး႐ႈံးမႈျဖစ္တယ္။ ေနာက္ သမီးမွာ ကေလးေလးတစ္ေယာက္က်န္ခဲ့ တယ္။ တာဝန္ယူေစခ်င္လို႔၊ တာ ဝန္ယူမႈေပါ့ေနာ္။ သူတုိ႔ဘက္က ေျပာဆိုခ်င္တယ္ဆိုရင္ တုိ႔ဘက္ ကလည္း ေဆြးေႏြးဖို႔ အဆင္သင့္ ရွိတယ္။ ေစ့စပ္ညႇိႏိႈင္းဖို႔ဆိုရင္ လက္ခံမယ္။ အခုက ဝမ္းနည္း ေၾကာင္း တစ္ခြန္းမေျပာဘူး။ ေဆး ႐ံုကလည္း ေခါင္းတညိတ္ညိတ္နဲ႔ ဆရာႀကီးတာဝန္ယူပါတယ္ေျပာ တယ္။ ဘာတာဝန္ယူပါတယ္ မေျပာဘူး။ ေဆးေကာင္စီေရာက္ ေတာ့ ဆရာဝန္ႀကီး၊ ဥကၠ႒ေရာ၊ အတြင္းေရးမွဴးေရာ ဘာေျပာလဲ ဆို သမီးအတြက္ ဝမ္းနည္းတယ္ ဆိုတဲ့အေၾကာင္း၊ သူတို႔ေတာင္မွ ဝမ္းနည္းေၾကာင္း ေျပာတယ္။ SSC လံုးဝမေျပာဘူး။ ဦးရဲျမလံုးဝ မေျပာဘူး။ စိတ္မေကာင္းပါဘူး လို႔ ဒီေလာက္ပဲေျပာတယ္။ တာဝန္ယူမႈလည္းမရွိဘူး။ အဲဒီေတာ့ သူ႔ကို မုန္းလို႔ေတာ့မဟုတ္ဘူး။ မိသားစုခံစားခ်က္လည္း အျပည့္ ရွိတယ္။

ျဖည့္စြက္ေျပာခ်င္တာရွိရင္ ေျပာ ေပးပါဦး။

အန္တီက သမီးအနားမွာ ေဆး႐ံုတက္ကတည္းက အၿမဲေန တာ။ အန္တီတို႔က ေကာင္းတာ အကုန္လံုးလုပ္။ ေပ်ာက္ရင္ ေတာ္ ၿပီ။ ဆရာဝန္ႀကီးကလည္း သူေျပာ တာသာ အကုန္လုပ္ ေပ်ာက္ေစရမယ္ဆိုၿပီး ေျပာေတာ့ အန္တီတို႔ အကုန္လုပ္ေပးတယ္။ အန္တီျဖစ္ ေစခ်င္တာက ဒီေဆးအာနိသင္ ေတြကိုဖတ္၊ အန္တီတို႔က နား လည္တာမဟုတ္ဘူး။ ယံုစားလို႔ ဒီေဆး႐ံုကို တက္တာ။ သူတို႔က ဒီလူနာတစ္ေယာက္ဆံုးသြားလို႔ ပိုက္ဆံမရတာတစ္ခုပဲရွိတယ္။ အန္တီတုိ႔မွာ သမီးတစ္ေယာက္ လံုး ဆံုး႐ႈံးရတာေလ။ သမီးက ေမြးခ်င္းသံုးေယာက္ထဲမွာ အ လတ္ပါ။ အဂၤလန္မွာ ေက်ာင္း သြားတက္ၿပီး ဘြဲ႕ယူထားတာ။ အသက္လည္း (၃၆)ႏွစ္ပဲ ရွိပါ ေသးတယ္။ သူဆံုးေတာ့ (၅)ႏွစ္ခြဲ အရြယ္ သမီးေလးတစ္ေယာက္ က်န္ခဲ့တယ္။ အန္တီ့သမီးက အားကိုးရတဲ့ သမီး။ ဆံုး႐ႈံးတာပါ။ သမီးက သူေကာင္းသြားမယ္၊ သူ လံုးဝမေသဘူးဆိုတာ ယံုၾကည္ ထားတယ္။ အန္တီတို႔ကလည္း လံုးဝပံုအပ္ထားတာေလ။ ေဆး နာမည္ေတြကို လံုးဝမဖတ္ၾကည့္ မိဘူး။ အန္တီတို႔က ဆရာဝန္ႀကီး ကို ယံုလိုက္တာလည္း ပါတယ္။ ဒီအခ်ိန္မွာ ဆာလ္ဖာဆိုတာ အန္တီတို႔က လံုးဝမသိဘူး။ အသက္႐ွဴက ေန႔တိုင္းက်ပ္တယ္။ ေဆး႐ံုတက္ၿပီး ၁၀ ရက္ေန႔ဆို တာနဲ႔ ေအာက္ဆီဂ်င္႐ွဴရတယ္။ အေမ အသက္႐ွဴက်ပ္တယ္တဲ့။ အန္တီက ဘာလို႔ အသက္႐ွဴက်ပ္ ရလဲ။ ေဆးေကာင္းေတြ ေပးေနတာ။ သမီးက ထမင္းလည္း ေကာင္းေကာင္းမစားဘူး။ ဆရာဝန္ေတြက အဲဒီအခ်ိန္မွာ သတိထားရမယ္။ ဆက္စပ္ၿပီး ေတြးၾကည့္တာေပါ့ေနာ္။ ဒီလိုလူနာက ဒီလိုျဖစ္တယ္ဆိုရင္ ေအာက္ဆီဂ်င္႐ွဴတယ္ဆိုရင္ အဲကြန္းလည္း ဖြင့္ထားတယ္။ ဘာလို႔ အသက္႐ွဴ က်ပ္ရတာလဲ။ အခုမွ ဆက္စပ္ ၾကည့္ေတာ့ ဆာလ္ဖာေပးလိုက္ တဲ့အတြက္ေၾကာင့္မို႔ ဆိုးက်ိဳးေတြ ျဖစ္တာထင္တယ္။ အေမ အသက္႐ွဴရမဝဘူးတဲ့။ အရင္က သမီးက အင္တာနက္မွာ ေဆးအေၾကာင္း ေတြကို အၿမဲဖတ္တယ္။ အခုက ဆရာဝန္၊ ဆရာမေတြကို ယံု လိုက္တဲ့အတြက္ သမီးက မရွာ ဖတ္ေတာ့ဘူး။ အေအးပတ္ၿပီး အသက္႐ွဴက်ပ္လို႔ ေအာက္ဆီ ဂ်င္လိုတယ္ပဲ ထင္တာ။ အမွန္ မွန္ေတာ့ စဥ္းစားရမယ္။ လူနာက ေျခာက္ထိေတာင္ ေပးထားတာ အသက္႐ွဴမဝဘူး။ ညပိုင္းဆို ရွိတဲ့ဆရာမေတြကို သြားေခၚရတယ္။ သမီး အသက္႐ွဴက်ပ္ေနၿပီဆိုၿပီး အဲဒီေတာ့ သူတို႔ျပန္ေလ့လာရ မယ္။ သြားေခၚေတာ့ လာလုပ္ေပး တယ္။ အန္တီက ဝမ္းနည္းတာက အကုန္လုပ္ေပးတယ္။ ညတိုင္းဆို သမီးက မအိပ္ႏိုင္ဘူး။ အသား ေတြ ယားတယ္။ အဲဒါကို ကာရာ ဒိုင္းလိမ္းေပးလိုက္တဲ့ ဆရာဝန္ ႀကီးက။ လိမ္းခိုင္းတယ္။ ကာရာ ဒိုင္းလိမ္းတဲ့အဆင့္ မေရာက္ရ ဘူး။ လူနာကေတာင္ သိတယ္။ အေမတဲ့ သမီးက ေျပာတယ္။ ေသြးေၾကာေတြေပါက္ေတာ့မယ္ တဲ့။ သမီးေဆးမတည့္တာတစ္ခုခု ျဖစ္လိမ့္မယ္တဲ့။ အန္တီတို႔က ကိုယ့္သမီး ေကာင္းသထက္ ေကာင္းေအာင္ ဆရာႀကီးေပးသ မွ် ေဆးေတြ အကုန္ေသာက္ တယ္။ လူနာက အားနည္းေန တာ။ ေတာ္ၾကာေန ေသြးစစ္လိုက္ လုပ္ေနတာ။ အနီစက္ေတြလည္း ေပၚလာတယ္။ ပိုးသတ္ေဆးကို နင္းကန္တိုက္တယ္။ ဒရစ္ခ်ိတ္တယ္။ အစာက ဆန္ျပဳတ္ေလာက္ပဲ စားရတယ္။ ဝမ္းသြားတယ္။ တစ္ခါသြားတယ္။ ႏွစ္ခါ၊ သံုးခါသြားတယ္။ ဆယ့္ေလးငါးခါ သြားတယ္။ ဟုတ္ကဲ့ လာမယ္ဆိုၿပီး လာခ်င္တဲ့အခ်ိန္လာတယ္။ ဘာေဆးထိုးမွန္းလည္း မသိဘူး။ အဲဒီေတာ့ ကာယကံရွင္မိဘအေနနဲ႔ ဘယ္လိုခံစားရလဲ ေတြးၾကည့္ ပါ။ ျဖစ္ေစခ်င္တာက အကုန္လံုး တာဝန္ယူသင့္တယ္။

ေက်းဇူးတင္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#


Sulphur (ဆာလ်ဖာ)နှင့် လုံးဝမတည့်သော လူနာတစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်မှတ်ချက်ရေးထားပါလျက် ဆာလ်ဖာရာနှုန်းပြည့်နီးပါး ပါဝင်သည့် Megatrim DS ဆေးပြားစုစုပေါင်း ၈၀ ကျော်ကို ၁၈ ရက်အတွင်း နေ့စဉ်တိုက်ကျွေးမှုကြောင့် ကလေးတစ်ဦး မိခင်(၃၆)နှစ်အရွယ် လူနာမမေဇင်နွယ်မှာ အသက်မသေသင့်ဘဲ သေဆုံးခဲ့ရသည်ဆိုကာ သမားတော်ကြီး ဦးရဲမြနှင့် ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)မှ တာဝန်ရှိသူများကို ထိရောက်စွာ စစ်ဆေးအရေးယူပေးပါရန် သေဆုံးသူ လူနာ၏ဖခင် ဦးတင်မြင့်က မြန်မာနိုင်ငံဆေးကောင်စီသို့ တိုင်ကြားခဲ့သည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ 7Day Daily သတင်းစာက ဆေးကောင်စီ တာဝန်ရှိသူများသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရသေးပေ။ တိုင်ကြားခံရသည့် ဆရာဝန်ကြီး နှင့်ဆက်သွယ်ရာ စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေသဖြင့် ဆရာဝန်ကြီးပြန်လည်ရောက်ရှိလာပါက ဆက်သွယ်မေးမြန်း၍ ဆက် လက်ဖော်ပြပေးမည်ဖြစ်ပါသည်။

တိုင်ကြားခံထားရသည့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့သို့ သွားရောက်မေးမြန်းရာတိုင်ကြားထားမှုနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက်မပေးလို ကြောင်း၊ ဆေးကောင်စီ၏ညွှန်ကြားချက် စောင့်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

‘‘ဘယ်သူ့ကိုမှ မထိခိုက်စေလိုတာရယ်၊ Ethics ပိုင်းဆိုင်ရာအရ ပြောလို့ မဖြစ်တာတွေရယ် ကြောင့်ဆေးကောင်စီကိုသာ ဆက်သွယ်မေးမြန်းပါ’’ဟု ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သမီးဖြစ်သူ သေဆုံးခဲ့၍ ဆရာဝန်နှင့် ဆေးရုံ တာဝန်ရှိသူများကို ဇူလိုင် ၁၀ ရက်က တိုင်ကြားထားသောမိသားစုဝင်များနှင့်တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

ဆေးရုံတက်ရတာကစပြီး ရှင်းပြ ပေးပါ။ ဆေးရုံတက်နေစဉ်အ တွင်း ဘယ်သူနဲ့ကုတာလဲ၊ ဘယ် လောက်ကြာကြာကုသခဲ့ရလဲ။

နမိုးနီးယားရောဂါကြောင့် ပါ။ ပထမတစ်ကြိမ်တက်တယ်။ အဲဒီအချိန်မှာ နမိုးနီးယားလို့ မပြောသေးဘူး။ အဆုတ်အအေး ပတ်တယ်လို့ပဲ ပြောတာ။ အဲဒါပြ ပြီးတော့ မေလ ၉ ရက်လောက်မှာ ဆရာကြီးက ပထမအကြိမ်ပြန်ပြ ဆိုလို့ သွားပြတာ။ သွားပြတော့ ဆေးရုံတက်ရမယ်လို့ ပြောလိုက် တော့ မေလ ၁၀ ရက်မှာ SSC မှာပဲ တက်လိုက်တယ်။ စုစုပေါင်း ၁၈ ရက်တက်လိုက်တယ်။ တက် တက်ချင်းမှာ ဆရာကြီးပြောတာ က ဒါ နမိုးနီးယား။ သူပြောတဲ့အတိုင်း သူ့ရဲ့ကုသမှုအတိုင်း တစ်သဝေမတိမ်းလိုက်နာမယ်ဆိုရင် လုံးဝပျောက်အောင် ကုပေးမယ် ပြောတယ်။ အဲဒီအခါကျတော့ ကုတယ်ပေါ့။ တစ်ပတ်လောက်ကစပြီး အစားအသောက်စားရင် လည်း အန်ပြီ။ သွေးကြောလေး တွေ ပေါက်ထွက်သလိုဖြစ်လာ တယ်။ အရေပြားမှာ အနီစက်တွေ ထွက်လာပြီ။ ဆရာကြီးကတော့ နေ့တိုင်း Round တယ်။ ၁၈ ရက်ကာလမှာ ဘာဖြစ်လဲဆို အစားအ သောက်တွေပျက်တယ်။ ဖြည်း ဖြည်း ပထမ ဝမ်းအမာတွေ သွား တယ်။ နောက် အပျော့တွေ သွား တယ်။ ဒီကြားထဲမှာ ဘာတွေဖြစ် လဲဆိုတော့ သွေးဖြူဥက စတက် တက်ချင်းမှာ ၇ ဒသမ ၈ ရှိတယ်။ ၂၆ ရက်နေ့မှာ သွေးဖြူဥတိုင်း တော့ ဒသမ ၈အထိ ထိုးကျသွား တယ်။  ဂရန်းဟံသာဆေးရုံကို ဆရာဝန်ကြီးဦးရဲမြရဲ့ခွင့်ပြုချက်နဲ့ ၂၈ ရက်မှာ ပြောင်းရွှေ့ကုသခဲ့ တယ်။ အဲဒီဆေးရုံရောက်တော့ လည်း ဆရာဝန်ကြီးက သူထိုင်တဲ့ ဆေးရုံမဟုတ်ပေမယ့် သူ့လူနာ ဆိုတော့ လိုက်ကြည့်ပေးတယ်။ ၂၉ ရက်မှာ ဂရန်းဟံသာက ဆရာ ဝန်တွေက ဘာပြောလဲဆို ကျောက် ကပ်ကလည်း အခြေအနေမ ကောင်းတော့ဘူး။ သွေးဖြူဥက လည်း မရတော့ဘူး။ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ပြော တယ်။ ၃၀ ရက်နေ့မှာ တောက် လျှောက်ဆေးသွင်းတယ်။ ၃၁ ရက် နေ့ညနေ ၆ နာရီ ၅၀ မှာ သမီးဆုံးတယ်။ ကျောက်ကပ်ရောဂါနဲ့ သွေးဖြူဥတွေ လုံးဝနီးပါးကုန်ဆုံး သွားပြီး သွေးကြောတွေ ပေါက် ထွက်ယိုစီးနေတယ်လို့ ဆေးရုံက ပြောပါတယ်။

ဆာလ်ဖာနဲ့ မတည့်တာကကော ဘယ်လိုသိခဲ့လဲ။ ဆေးရုံတက် တော့ လူနာနဲ့ဆေးမတည့်မှုရှိတဲ့ အကြောင်း ဆရာဝန်ကို ပြောပြခဲ့ လား။ ဒါမှမဟုတ် ဆရာဝန်က မေးခဲ့လား။

ဘယ်လိုသိခဲ့လဲ ဆိုတော့ ဂရန်းဟံသာဆေးရုံကို ရောက်လာ တယ်။ အထူးကြပ်မတ်ကုသ ဆောင်ကို ပို့လိုက်တယ်။ အဲဒီအ ချိန်မှာ သူအန်တော့ မအန်ဘူး။ သွေးတွေဘာတွေတော့ ထွက်ချင် တယ်။ အခြေအနေက အရမ်းဆိုး နေပြီ။ ဒါပေမဲ့ သမီးက ခံနိုင်ရည် တော့ရှိတယ်။ ဂရန်းဟံသာက ဒီ လူနာမှာ မတည့်တဲ့ဆေးရှိလားဆို ပြီးမေးတယ်။ ရှိတယ်လို့ ပြန်ဖြေ လိုက်တယ်။ ဘာရှိလဲဆို ဆာလ်ဖာလို့။ အဲဒါဆိုရင် လူနာမှာ Mega-trim DS ပေးထားတယ်ဆိုပြီး ပြောတယ်။ အန်တီတို့ကလည်း ဆေးလောကက မဟုတ်တော့ နားမလည်ဘူး။ အဲဒီလိုနဲ့နေရော။ ဆုံး ပြီး တစ်ပတ်လောက်ကြာတော့ သူနဲ့ပတ်သက်တဲ့ ဆေးရုံမှတ်တမ်း တွေကို အမှိုက်ပုံးထဲ ပစ်မယ်ဆိုပြီး ပစ်ရင်းနဲ့မှ ဘာလဲဆိုပြီး Mega-trim DS ဘာပါလဲဆိုပြီး ကြည့်လိုက်တော့ နေ့တိုင်းနီးပါး တော် တော်များများပါတယ်။ အားလုံး ပေါင်း ရှစ်ကတ်၊ မေလ ၁၀ ရက်နေ့ ကနေ ၂၈ ရက်ထိ ပေးတယ်။ တခြားဆေးတွေလည်း ပေးတယ်။ ဟိုက်ဒရိုကော်တီဆုန်းလည်း ပေးထားတယ်။ အဲဒီမှာ Megatrim DS ဆိုတာ ဘာလဲဆို အမျိုးတစ်ယောက်က သူက ဆာလ်ဖာနဲ့ မတည့်ဘူး။ အိမ်မှာ သမီးဆုံးတာ လာမေးရင်းနဲ့ ပြောရင်းနဲ့မှ ဆက်စပ်မိတာ။ သူက အဲဒီဆေးမတည့် လို့ မသောက်ဘူးဆိုပြီး ပြောတယ်။ ဒီခေတ်မှာ ဆာလ်ဖာသုံးကြလို့ လား။ ဒါ Megatrim DS။ အဲဒါ ဆာလ်ဖာဟုတ်လို့လားဆိုတော့ သူက ဟုတ်တယ်ဆိုပြီး ပြောလို့ Google မှာ ရိုက်ရှာလိုက်တော့ ဆာလ်ဖာအပြည့်နီးပါးလောက် ကို Double Sulphur ဖြစ်နေတာ တွေ့တယ်။ ပုံမှန် ဆာလ်ဖာနှစ်ပြားစာ သူ့ရဲ့ အပြားတစ်ခု။ အဲဒီ တော့ ဒါ ဆရာကြီးမတော်တဆ မှားတာပဲ တွက်တာ။ ကြည့်လိုက်တဲ့အခါကျတော့မဟုတ်ဘူး။ မေလ ၁၀ ရက်ကနေ ၂၈ ရက်အထိ ဆေးရုံတက်နေတဲ့ကာလပတ်လုံး ပေး ထားတာ။ သမီးနဲ့ မတည့်ဘူး။ Sulphur Allergy ဆိုတာ ဆရာဝန်ကြီးကိုယ်တိုင် ဆော့ပင်အနီနဲ့ ရေး ထားတာ။ အဲဒီတော့ ပေးတာကမတည့်တဲ့ ဆာလ်ဖာဆေး။ ဒီဆေး နဲ့မတည့်ဘူးဆိုရင် တခြားဆေး ပြောင်းပေးရမယ်လို့ ဖော်မြူလာ ရှိပြီးသားပါ။ ၂၀၁၃ တုန်းက ပထမတုန်းကတည်းက ဆာလ်ဖာ နဲ့ မတည့်ဘူးဆိုတာ သိတယ်။ ပြောရုံတင်မဟုတ်ဘူး။ စစ်လည်း စစ်ခဲ့တယ်။

လူနာက အရင်တုန်းကကော ဆေးရုံတက်ကုသမှု ခံယူခဲ့ဖူးလား။ ရောဂါအခံတွေ ဘာတွေကောရှိလား။

နဂိုရောဂါအခံကတော့ သူ့ ဟာသူရှိမှာပေါ့လေ။ သို့သော် နမိုးနီးယားဆိုပြီး တက်တာ။ ရှိပေ မယ့် ဒီဟာကြီးဖြစ်ရမယ်ဆိုတာ ချည်းမဟုတ်ဘူးလေ။ အရင်တုန်း ကတော့ နမိုးနီးယားတွေ ဘာတွေ မဖြစ်ဖူးဘူး။ ရောဂါအခံရှိချင် ရှိ မယ်။ ဒါပေမဲ့ အခုတက်ရတာက နမိုးနီးယား။ ပေးတာက မတည့် တဲ့ ဆာလ်ဖာဆေး။ ဒီဆေးနဲ့မ တည့်ဘူးဆိုရင် တခြားဆေး ပြောင်းပေးရမယ်လို့ ဖော်မြူလာ ရှိပြီးသားပါ။

ဒီလိုအခြေအနေတွေဖြစ်လာတဲ့ အခါ ကုသပေးတဲ့ဆရာဝန်ကြီးက ဘာပြောလဲ။ သူ့ကြောင့် ဖြစ်ရတာလို့ လက်ခံလား။ အခု သူက နိုင်ငံခြားခရီးသွားနေတယ် ဆိုတော့ မသွားခင် အခြေအနေအပေါ်ကော သူဘာပြောခဲ့လဲ။

ဇွန်လ ၁၅ ရက်မှာ အန်တီ တို့ကိုယ်တိုင် SSC ကို သွားပြီးမှ တိုင်လိုက်တယ်။ ညပိုင်း ၇ နာရီခွဲ လောက်မှာ လှမ်းဆက်တယ်။ နောက်နေ့ ၁၀ နာရီမှာ တွေ့ချင် ပါတယ်ဆိုပြီး။ အဲဒါနဲ့သွားတော့ ဆေးရုံအုပ်ကြီး၊ လက်ထောက် ဆေးရုံအုပ်ကြီးဘာညာ နှစ် ယောက်၊ သုံးယောက်ပါတယ်။ သူဌေးပါတယ်။ ဦးရဲမြပါတယ်။ အဲဒီတော့ ဒီစာဖတ်ပြီးတော့ ဆရာ ကြီးက သူ့ရဲ့ကိုယ်ရေးရာဇဝင်ကို ပြောတယ်။ ကုသမှုပေးတယ်။ ဆရာကြီး ဒီမှာ ဆရာကြီးကိုယ် တိုင် မှတ်ချက်ပေးထားတယ်။ အဓိကက ဆာလ်ဖာကို မတည့်ဘူးဆိုတာကို ဘာလို့ ပေးထားလဲမေး တော့။ သူက ဘာပြောလဲဆိုတော့ ပထမက သူငြင်းတယ်။ ဒါ သူရေးထားတာမဟုတ်ဘူးပြောတယ်။  အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ဒီမှာ ဆရာကြီးလက်ရေး၊ ဒီမှာ နှစ်နေရာဆိုပြောလိုက်တော့ သူငြင်းတာ တွေ၊ ဝန်ခံတာတွေ တစ်ခုမှ မလုပ် တော့ဘူး။ အဲဒါပြီးတော့ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းပေး ပါ။ သူကတော့ ပြောတာပေါ့နော်။ ဒီနမိုးနီးယားဆိုတာ လူတစ်သန်း မှာ တစ်ယောက်ဖြစ်တယ်။ ဒီလို ပဲ ပြောကြမှာပဲ။ အဲဒီတော့ မေးပြီ။ ဒီဆေးနဲ့ပတ်သက်လို့ ဒီဆေးမ တည့်ရင် တခြားဆေးပြောင်းပေး လို့ရတယ်။ မပေးဘူးဆိုလည်း ဆရာကြီး မိသားစုခွင့်ပြုချက် တောင်းပါ။ မိသားစုနဲ့လည်း မတိုင်ပင်ဘူး။ အခုသိတာတောင်မှ စာ ရွက်တွေ ဖျက်ဆီးဖို့ ကြည့်လိုက် လို့ သိတာ။ အဲဒီအတွက် စိတ်ထိ ခိုက်တယ်။ ဆရာကြီးကို မုန်းလို့ လည်းမဟုတ်ဘူး။ လွဲမှားတယ် ထင်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေ ရှင်းပေးပါ။ နောက်ဆုံးကုန်ကုန် ပြောရရင် သူက သေတဲ့သူအပြစ် ပဲလို့ ထင်တယ်။ တောင်းပန်မှု တွေ၊ ဝမ်းနည်းမှုတွေ မပြောဘဲနဲ့။ ဆေးရုံက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ  ကလည်း ဆရာကြီးတာဝန်ယူမှာ  လို့ပဲ ပြောတယ်။ ဝမ်းနည်းကြောင်း တောင်မပြောဘူး။ အဲဒီတော့ ထပြန်လာတယ်။ ဒီလို ၁၈ ရက်လုံးလုံး မတည့်တာကို မိသားစုကို တိုင်ပင်ခဲ့လားမေးတော့ အဲဒါတော့ ဟုတ်တယ်။ ကျွန်တော် မတိုင်ပင်မိဘူးပြောတယ်။ ဒီဆေး နဲ့မတည့်ဘူး။ ဒီရောဂါကလည်း ဒီဆေးနဲ့ကုမှရမယ်ဆိုရင် အဆိပ် မှန်းလည်း သိနေရဲ့သားနဲ့။ မှန်မှန် ပြောရင် အဆိပ်ကို အဆိပ်နဲ့ ကုရမယ်မှန်းတော့ သိတယ်။ ဒါပေမဲ့ ကုရမယ်ဆိုလည်း မတည့်ပါဘူးဆိုတာက တကယ်သေစေနိုင်တာ လေ။

သာမန်လူတွေတောင် သိနေကြတဲ့ဟာ။ သူက တကယ့်သမား တော်ကြီးလေ။ တစ်ကြိမ်ဆို မပြောဘူး။ သူကတော့ ဆင်ခြေ ပေးတယ်။ ဆေးတိုင်းက အဆိပ် ပဲတဲ့။ မှန်တယ်လေ။ ဒါပေမဲ့ မိသားစုဆုံးဖြတ်ချက်တောင်းရ မယ်လေ။ သဘောတူလားမေးရ မယ်လေ။ ဆေးကောင်စီက ခေါ်တွေ့ယူ ထားတဲ့ အခြေအနေလေးကို လည်း ရှင်းပြပေးပါ။

ဆေးကောင်စီက နည်းနည်း လေးတော့ မေးတာပေါ့။ Mega-trim ဆိုတာသိတော့ ဘာမှ မလုပ်ဘူးလားတဲ့။ မိသားစုက အဲဒီအချိန်မှာ ပူပင်သောကတွေနဲ့ မကြည့်အားဘူး။ အခုတောင် သေပြီး တစ်ပတ်နေမှ ဒီအကြောင်းကို သိတာ။ ဆရာဝန်ကြီးက သူ့မှတ်ချက်မှာ သူသိတာတောင်မှ နေ့တိုင်းမှားနေတာ။ ဂရန်းဟံသာ တောင်မှ ရောက်ပြီး တစ်နာရီ၊ နှစ်နာရီအတွင်းမှာ ဒီဟာနဲ့မတည့်ဘူးဆိုတာ ထောက်ပြနိုင်တယ်။ ဆေးကောင်စီက ဘာပြောလဲဆို ဒီဟာကို ကိစ္စအကြီးကြီးပါ။ ကျွန်တော်တို့က ချိန်ခွင်ပါ။ တရားသဖြင့် ဒါကို မှန်မှန်ကန်ကန် စစ်ဆေးပြီးတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်မှာပါ။ ဂရန်းဟံသာကိုလည်း တရားဝင် ဆေးမှတ်တမ်းတွေ တောင်းတယ်။ SSC ကိုလည်း တောင်းထားတယ်တဲ့။ တာဝန်ရှိ တဲ့ပုဂ္ဂိုလ်တွေကတော့ မလွဲမသွေ ခေါ်စစ်မှာပေါ့လေ။ ပြီးရင် ဦးတင် မြင့်ဆီကို အဖွဲ့ရဲ့တွေ့ရှိဆုံးဖြတ် ချက်ကို အကြောင်းပြန်ပါ့မယ်။ တကယ်လို့ ဒီစာရွက်စာတမ်းတွေ ကို သူတို့စစ်လို့ မလုံလောက်ဘူး ထင်ရင်တော့ နောက်ထပ် ဒီထက်ကြီးမားတဲ့ အဖွဲ့စစ်မယ်။ စစ်ပြီး ရင်လည်း အဖြေကို ပြန်ပြောပေး မယ်ဆိုပြီး ဒီဟာကို ပေးပါမယ်။ အင်မတန်ကောင်းတယ်။ အချိန် ကာလတော့ မပြောလိုက်ပါဘူး။ အင်မတန်ကောင်းတယ်။ ဆေး ကောင်စီရဲ့ပြောစကားအရ၊ သူတို့ မူဝါဒအရ လက်ခံပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တိုင်ကြား ထားတာမျိုးကောရှိပါသလား။

ရှိပါတယ်။ နိုင်ငံတော်သမ္မ တရယ်၊ ကျန်းမာရေးဝန်ကြီးရယ်၊ ဆေးကောင်စီရယ် ဒီသုံးခုကို တိုင် ထားပါတယ်။

ထပ်ပြီး ဘယ်လိုဆက်လုပ်သွားဖို့ ရှိပါသလဲ။ မိသားစုဝင်တွေအနေနဲ့ ဖြစ်စေချင်တဲ့ဆန္ဒကို ပြောပြပေးပါ။

ဆေးကောင်စီက အကြောင်း ပြန်တာကို စောင့်မယ်။ ဆရာဝန် ကြီးကတော့ ဒီလကုန်ပြန်ရောက် မယ်ပြောတယ်။ အဲဒီအပေါ်မှာ ကြည့်ပြီးတော့ တရားစွဲတာလုပ် မယ်။ ကျေနပ်မှုမရှိဘူးဆိုရင်၊ အ များပြည်သူအတွက်လည်း ဘာမှ အကျိုးမရှိဘူးဆိုရင်၊ ထိရောက်တဲ့ ကူညီမှုမရှိဘူးဆိုရင် မီဒီယာနဲ့ ရှင်းလင်းပွဲလုပ်မယ်။ တရား လည်း စွဲမယ်။ သမားတော်ကြီးရော၊ ဆေးရုံရော နှစ်ခုစလုံးကို အရေးယူပေးပါ။ ဆေးကောင်စီရဲ့ ပြန်စာစောင့်မယ်။ အဲဒီကပြီးရင်တော့ မီဒီယာရှင်းလင်းပွဲလုပ် မယ်။ တရားစွဲမယ်။ နောင်ကိုပေါ့ နော်။ ဒီဟာကို ကြည့်ပြီးတော့ နမူနာဖြစ်ပြီးတော့ ဘယ်ဆေးရုံ ဆေးခန်းပဲဖြစ်လာလာ၊ ဘယ် ဆရာဝန်ပဲဖြစ်လာလာ ကိုယ့်လူနာတွေအတွက် အသက်တစ်ချောင်းကို တန်ဖိုးထားပြီးတော့မှ ကိုယ်ချင်းစာပေးပါ။ အခုလို လူနာတွေ မခံစားရအောင်၊ ပြီးတော့ မိသားစုခံစားချက်က အသက်တစ်ချောင်း ဆုံးရှုံးသွား တယ်။ ဘာနဲ့မှ အစားပြန်မရနိုင်တဲ့ ဆုံးရှုံးမှုဖြစ်တယ်။ နောက် သမီးမှာ ကလေးလေးတစ်ယောက်ကျန်ခဲ့ တယ်။ တာဝန်ယူစေချင်လို့၊ တာ ဝန်ယူမှုပေါ့နော်။ သူတို့ဘက်က ပြောဆိုချင်တယ်ဆိုရင် တို့ဘက် ကလည်း ဆွေးနွေးဖို့ အဆင်သင့် ရှိတယ်။ စေ့စပ်ညှိနှိုင်းဖို့ဆိုရင် လက်ခံမယ်။ အခုက ဝမ်းနည်း ကြောင်း တစ်ခွန်းမပြောဘူး။ ဆေး ရုံကလည်း ခေါင်းတညိတ်ညိတ်နဲ့ ဆရာကြီးတာဝန်ယူပါတယ်ပြော တယ်။ ဘာတာဝန်ယူပါတယ် မပြောဘူး။ ဆေးကောင်စီရောက် တော့ ဆရာဝန်ကြီး၊ ဥက္ကဋ္ဌရော၊ အတွင်းရေးမှူးရော ဘာပြောလဲ ဆို သမီးအတွက် ဝမ်းနည်းတယ် ဆိုတဲ့အကြောင်း၊ သူတို့တောင်မှ ဝမ်းနည်းကြောင်း ပြောတယ်။ SSC လုံးဝမပြောဘူး။ ဦးရဲမြလုံးဝ မပြောဘူး။ စိတ်မကောင်းပါဘူး လို့ ဒီလောက်ပဲပြောတယ်။ တာဝန်ယူမှုလည်းမရှိဘူး။ အဲဒီတော့ သူ့ကို မုန်းလို့တော့မဟုတ်ဘူး။ မိသားစုခံစားချက်လည်း အပြည့် ရှိတယ်။

ဖြည့်စွက်ပြောချင်တာရှိရင် ပြော ပေးပါဦး။

အန်တီက သမီးအနားမှာ ဆေးရုံတက်ကတည်းက အမြဲနေ တာ။ အန်တီတို့က ကောင်းတာ အကုန်လုံးလုပ်။ ပျောက်ရင် တော် ပြီ။ ဆရာဝန်ကြီးကလည်း သူပြော တာသာ အကုန်လုပ် ပျောက်စေရမယ်ဆိုပြီး ပြောတော့ အန်တီတို့ အကုန်လုပ်ပေးတယ်။ အန်တီဖြစ် စေချင်တာက ဒီဆေးအာနိသင် တွေကိုဖတ်၊ အန်တီတို့က နား လည်တာမဟုတ်ဘူး။ ယုံစားလို့ ဒီဆေးရုံကို တက်တာ။ သူတို့က ဒီလူနာတစ်ယောက်ဆုံးသွားလို့ ပိုက်ဆံမရတာတစ်ခုပဲရှိတယ်။ အန်တီတို့မှာ သမီးတစ်ယောက် လုံး ဆုံးရှုံးရတာလေ။ သမီးက မွေးချင်းသုံးယောက်ထဲမှာ အ လတ်ပါ။ အင်္ဂလန်မှာ ကျောင်း သွားတက်ပြီး ဘွဲ့ယူထားတာ။ အသက်လည်း (၃၆)နှစ်ပဲ ရှိပါ သေးတယ်။ သူဆုံးတော့ (၅)နှစ်ခွဲ အရွယ် သမီးလေးတစ်ယောက် ကျန်ခဲ့တယ်။ အန်တီ့သမီးက အားကိုးရတဲ့ သမီး။ ဆုံးရှုံးတာပါ။ သမီးက သူကောင်းသွားမယ်၊ သူ လုံးဝမသေဘူးဆိုတာ ယုံကြည် ထားတယ်။ အန်တီတို့ကလည်း လုံးဝပုံအပ်ထားတာလေ။ ဆေး နာမည်တွေကို လုံးဝမဖတ်ကြည့် မိဘူး။ အန်တီတို့က ဆရာဝန်ကြီး ကို ယုံလိုက်တာလည်း ပါတယ်။ ဒီအချိန်မှာ ဆာလ်ဖာဆိုတာ အန်တီတို့က လုံးဝမသိဘူး။ အသက်ရှူက နေ့တိုင်းကျပ်တယ်။ ဆေးရုံတက်ပြီး ၁၀ ရက်နေ့ဆို တာနဲ့ အောက်ဆီဂျင်ရှူရတယ်။ အမေ အသက်ရှူကျပ်တယ်တဲ့။ အန်တီက ဘာလို့ အသက်ရှူကျပ် ရလဲ။ ဆေးကောင်းတွေ ပေးနေတာ။ သမီးက ထမင်းလည်း ကောင်းကောင်းမစားဘူး။ ဆရာဝန်တွေက အဲဒီအချိန်မှာ သတိထားရမယ်။ ဆက်စပ်ပြီး တွေးကြည့်တာပေါ့နော်။ ဒီလိုလူနာက ဒီလိုဖြစ်တယ်ဆိုရင် အောက်ဆီဂျင်ရှူတယ်ဆိုရင် အဲကွန်းလည်း ဖွင့်ထားတယ်။ ဘာလို့ အသက်ရှူ ကျပ်ရတာလဲ။ အခုမှ ဆက်စပ် ကြည့်တော့ ဆာလ်ဖာပေးလိုက် တဲ့အတွက်ကြောင့်မို့ ဆိုးကျိုးတွေ ဖြစ်တာထင်တယ်။ အမေ အသက်ရှူရမဝဘူးတဲ့။ အရင်က သမီးက အင်တာနက်မှာ ဆေးအကြောင်း တွေကို အမြဲဖတ်တယ်။ အခုက ဆရာဝန်၊ ဆရာမတွေကို ယုံ လိုက်တဲ့အတွက် သမီးက မရှာ ဖတ်တော့ဘူး။ အအေးပတ်ပြီး အသက်ရှူကျပ်လို့ အောက်ဆီ ဂျင်လိုတယ်ပဲ ထင်တာ။ အမှန် မှန်တော့ စဉ်းစားရမယ်။ လူနာက ခြောက်ထိတောင် ပေးထားတာ အသက်ရှူမဝဘူး။ ညပိုင်းဆို ရှိတဲ့ဆရာမတွေကို သွားခေါ်ရတယ်။ သမီး အသက်ရှူကျပ်နေပြီဆိုပြီး အဲဒီတော့ သူတို့ပြန်လေ့လာရ မယ်။ သွားခေါ်တော့ လာလုပ်ပေး တယ်။ အန်တီက ဝမ်းနည်းတာက အကုန်လုပ်ပေးတယ်။ ညတိုင်းဆို သမီးက မအိပ်နိုင်ဘူး။ အသား တွေ ယားတယ်။ အဲဒါကို ကာရာ ဒိုင်းလိမ်းပေးလိုက်တဲ့ ဆရာဝန် ကြီးက။ လိမ်းခိုင်းတယ်။ ကာရာ ဒိုင်းလိမ်းတဲ့အဆင့် မရောက်ရ ဘူး။ လူနာကတောင် သိတယ်။ အမေတဲ့ သမီးက ပြောတယ်။ သွေးကြောတွေပေါက်တော့မယ် တဲ့။ သမီးဆေးမတည့်တာတစ်ခုခု ဖြစ်လိမ့်မယ်တဲ့။ အန်တီတို့က ကိုယ့်သမီး ကောင်းသထက် ကောင်းအောင် ဆရာကြီးပေးသ မျှ ဆေးတွေ အကုန်သောက် တယ်။ လူနာက အားနည်းနေ တာ။ တော်ကြာနေ သွေးစစ်လိုက် လုပ်နေတာ။ အနီစက်တွေလည်း ပေါ်လာတယ်။ ပိုးသတ်ဆေးကို နင်းကန်တိုက်တယ်။ ဒရစ်ချိတ်တယ်။ အစာက ဆန်ပြုတ်လောက်ပဲ စားရတယ်။ ဝမ်းသွားတယ်။ တစ်ခါသွားတယ်။ နှစ်ခါ၊ သုံးခါသွားတယ်။ ဆယ့်လေးငါးခါ သွားတယ်။ ဟုတ်ကဲ့ လာမယ်ဆိုပြီး လာချင်တဲ့အချိန်လာတယ်။ ဘာဆေးထိုးမှန်းလည်း မသိဘူး။ အဲဒီတော့ ကာယကံရှင်မိဘအနေနဲ့ ဘယ်လိုခံစားရလဲ တွေးကြည့် ပါ။ ဖြစ်စေချင်တာက အကုန်လုံး တာဝန်ယူသင့်တယ်။

ကျေးဇူးတင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top