ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဝက္ၿခံဆိုတာ နာက်င္ေစၿပီးေတာ့ ရွက္႐ြံ႕ေစတဲ့အရာျဖစ္ပါတယ္။ ဝက္ၿခံမွာ ေရာင္ရမ္းတတ္တဲ့ဝက္ၿခံနဲ႔ ေရာင္ရမ္းမႈမရွိတဲ့ ဝက္ၿခံဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

ေရာင္ရမ္းတတ္တဲ့ဝက္ၿခံဟာ ပိုၿပီး အမာ႐ြတ္ေတြ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ဝက္ၿခံေတြ ပိုဆိုးလာၿပီဆိုရင္ အမာ႐ြတ္ေတြက်န္ခဲ့မွာ အေသအခ်ာပါပဲ။ ဒါေပမဲ့ စိတ္မပူပါနဲ႔။ သင့္မ်က္ႏွာမွာရွိတဲ့ ဝက္ၿခံအမာ႐ြတ္ေတြကို ျမန္ျမန္သက္သာ ေပ်ာက္ကင္းေအာင္ အိမ္မွာရွိတဲ့ပစၥည္းေလးေတြနဲ႔ ျပဳလုပ္ႏိုင္မဲ့နည္းလမ္းေတြကို ေဝမၽွေပးလိုက္ပါမယ္။

၁။ လိေမၼာ္ခြံအမႈန္႔

လိုအပ္တဲ့ပစၥည္းကေတာ့ လိေမၼာ္ခြံအမႈန္႔နဲ႔ ပ်ားရည္၊ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစီ လိုအပ္ပါတယ္။ ၿပီးရင္ ပါဝင္ပစၥည္းေတြကို ေရာေမႊေပးပါ။ ေရာေႏွာထားတာကို သင့္မ်က္ႏွာကို လိမ္းေပးပါ။ ေျခာက္သြားရင္ ေရေဆးေပးပါ။ ရက္ျခားၿပီး တစ္ႀကိမ္စီျပဳလုပ္ေပးပါ။ လိေမၼာ္ခြံအမႈန္႔မွာ ဝက္ၿခံအမာ႐ြတ္နဲ႔ တင္းတိပ္တို႔ကို ေလၽွာ႔ခ်ႏိုင္တဲ့ အံ့ဩစရာ အစြမ္းသတၱိေတြရွိပါတယ္။

၂။ အုန္းဆီ

အုန္းဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ယူၿပီး သင့္လက္ဝါးနဲ႔ မ်က္ႏွာကိုပြတ္ေပးပါ။ ဝက္ၿခံအမာ႐ြတ္ေတြထဲ စိမ့္ဝင္သြားေအာင္ သင့္မ်က္ႏွာတစ္ခုလုံးကို ပြတ္လိမ္းေပးပါ။ တစ္ညလုံးလိမ္းထားၿပီး မနက္က်ရင္ ေရေဆးခ်လိုက္ပါ။ ေန႔တိုင္း ဒါမွမဟုတ္ ရက္ျခားၿပီး ျပဳလုပ္ႏိုင္ပါတယ္။ အုန္းဆီမွာပါဝင္တဲ့ ဗီတာမင္အီးနဲ႔ ေကက သင့္မ်က္ႏွာကို ျပန္ျပဳျပင္ေပးၿပီး အေရျပားတစ္႐ႉးကို က်န္းမာေစပါတယ္။

၃။ Tea Tree အဆီ

Tea tree အဆီ ၃၊ ၄ စက္ေလာက္နဲ႔ အုန္းဆီတစ္ဇြန္းတို႔ လိုအပ္ပါတယ္။ ပါဝင္ပစၥည္းေတြကို ေရာေမႊၿပီး အမာ႐ြတ္ေတြကို လိမ္းေပးပါ။ ၁ နာရီ ၂ နာရိခန္႔ၾကာလၽွင္ မ်က္ႏွာသစ္ႏိုင္ပါတယ္။ ေန႔တိုင္းျပဳလုပ္ေပးရင္ သိသာတဲ့ရလဒ္ကို ရရွိေစမွာပါ။ Tea tree အဆီက ဝက္ၿခံျဖစ္ျခင္းက ေလၽွာ႔ခ်ေပး႐ုံသာမက အမာ႐ြတ္ေတြကိုလည္း သက္သာေပ်ာက္ကင္းေစတဲ့အတြက္ အသုံးအမ်ားဆုံး ေဆးနည္းျဖစ္ပါတယ္။

၄။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္ကိုခြာၿပီး ဂ်ဲလ္ကို ျခစ္ယူပါ။ ဂ်ဲလ္ကို မ်က္ႏွာတစ္ခုလုံးကို လိမ္းေပးၿပီး တစ္ညလုံး ထားေပးပါ။ ရွားေစာင္းလက္ပတ္ဂ်ဲလ္ကို ေန႔တိုင္းလိမ္းေပးႏိုင္ပါတယ္။ ဒီဂ်ဲလ္မွာ ဝက္ၿခံေရာင္ရမ္းမႈကို ေလၽွာ႔ခ်ႏိုင္တဲ့ အစြမ္းသတၱိေတြ ပါဝင္ၿပီးေတာ့ ပ်က္စီးေနတဲ့ အသားအေရကိုလည္း ျပန္လည္ျပဳျပင္ေပးပါတယ္။

၅။ မုန္႔ဖုတ္ဆိုဒါ

မုန္႔ဖုတ္ဆိုဒါလက္ဖက္ရည္ဇြန္းႏွစ္ဇြန္းနဲ႔ ေရလက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရာေမႊေပးပါ။ ဝက္ၿခံအမာ႐ြတ္ေတြကို လိမ္းေပးပါ။ ေျခာက္သြားရင္ ေရေဆးခ်ေပးပါ။ ေန႔တိုင္းတစ္ႀကိမ္စီ ျပဳလုပ္ေပးရင္ အက်ိဳးရလဒ္ သိသာလာမွာပါ။ မုန္႔ဖုတ္ဆိုဒါက သင့္အေရျပားကို ေရဓာတ္ထိန္းေပးၿပီး ဝက္ၿခံကို သက္သာေစပါတယ္။

၆။ လီမြန္ေဖ်ာ္ရည္

လီမြန္တစ္ျခမ္းမွ အရည္ကို ၫွစ္ထုတ္ေပးပါ။ ဂြမ္းဖတ္ကို လီမြန္ရည္ထဲ ႏွစ္ၿပီး မ်က္ႏွာကို လိမ္းေပးပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ထားၿပီး ေရေဆးခ်ပါ။ ရက္မွန္မွန္ျခားၿပီး ျပဳလုပ္ေပးပါ။ လီမြန္ေဖ်ာ္ရည္ဟာ ဝက္ၿခံအမာ႐ြတ္ေတြကို ျမန္ျမန္အေရာင္ေဖ်ာ့ေစပါတယ္။

၇။ အာလူး

အာလူးကိုေခ်ၿပီး အရည္ကိုထုတ္ယူပါ။ အရည္ကို ဂြမ္းနဲ႔စုပ္ယူၿပီး ဝက္ၿခံအမာ႐ြတ္ေတြ ဒါမွမဟုတ္ တစ္မ်က္ႏွာလုံးကို လိမ္းေပးပါ။ မိနစ္ ၂၀-၃၀ ေလာက္ထားၿပီး ေရနဲ႔ေဆးေၾကာေပးပါ။ ေန႔တိုင္းျပဳလုပ္ေပးႏိုင္ပါတယ္။ အာလူးဟာ အမာ႐ြတ္နဲ႔ တင္းတိပ္ေတြကို ေလၽွာ႔ခ်ေပးၿပီး အေရျပားကို လင္းေစတာေၾကာင့္ တြင္တြင္က်ယ္က်ယ္ အသုံးျပဳၾကပါတယ္။

၈။ ႏွင္းဆီရည္

ဂြမ္းလုံးေလးနဲ႔ ႏွင္းဆီရည္ကို စုပ္ယူၿပီး သင့္ရဲ႕သန္႔စင္တဲ့မ်က္ႏွာကို ညင္သာစြာ လိမ္းေပးပါ။ ႏွင္းဆီရည္ကို မ်က္ႏွာမွာ သူ႕အလိုလို ေျခာက္သြားပါေစ။ ေန႔တိုင္း တစ္ေန႔ကိုႏွစ္ႀကိမ္ ျပဳလုပ္ရပါမယ္။ ႏွင္းဆီရည္ရဲ႕ကုသႏိုင္စြမ္းနဲ႔ ေရဓာတ္ျဖည့္ႏိုင္စြမ္းက သင့္မ်က္ႏွာရဲ႕အမာ႐ြတ္တစ္႐ႉးကို ေပ်ာက္ကင္းေစပါတယ္။

၉။ ၾကက္ဥအကာ

ၾကက္ဥတစ္လုံးကို ယူၿပီး အႏွစ္ကိုဖယ္ထုတ္ပါ။ လီမြန္ရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ၾကက္ဥအကာနဲ႔ေရာၿပီး ေမႊပါ။ ၿပီးရင္သင့္မ်က္ႏွာအႏွံ လိမ္းေပးပါ။ မိနစ္ ၃၀ ေလာက္ထားၿပီး မ်က္ႏွာသစ္ႏိုင္ပါတယ္။

၁၀။ လက္ဖက္စိမ္း

လက္ဖက္စိမ္းအထုပ္ေလးကို ယူၿပီး သင့္မ်က္ႏွာကို လိမ္းေပးပါ။ လက္ဖက္စိမ္းအ႐ြက္နဲ႔လည္း မ်က္ႏွာေပါင္းတင္ႏိုင္ပါတယ္။ ေန႔စဥ္တစ္ႀကိမ္စီ ျပဳလုပ္ႏိုင္ပါတယ္။ လက္ဖက္စိမ္းဟာ ေရာင္ရမ္းတာနဲ႔ အမာ႐ြတ္အ႐ြယ္အစားကို သက္သာေစပါတယ္။

Ref: www.stylecraze.com “How to get rid of acne scars and pimple marks”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wint Wah (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ဝက်ခြံဆိုတာ နာကျင်စေပြီးတော့ ရှက်ရွံ့စေတဲ့အရာဖြစ်ပါတယ်။ ဝက်ခြံမှာ ရောင်ရမ်းတတ်တဲ့ဝက်ခြံနဲ့ ရောင်ရမ်းမှုမရှိတဲ့ ဝက်ခြံဆိုပြီး နှစ်မျိုးရှိပါတယ်။

ရောင်ရမ်းတတ်တဲ့ဝက်ခြံဟာ ပိုပြီး အမာရွတ်တွေ ဖြစ်နိုင်ချေများပါတယ်။ ဝက်ခြံတွေ ပိုဆိုးလာပြီဆိုရင် အမာရွတ်တွေကျန်ခဲ့မှာ အသေအချာပါပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သင့်မျက်နှာမှာရှိတဲ့ ဝက်ခြံအမာရွတ်တွေကို မြန်မြန်သက်သာ ပျောက်ကင်းအောင် အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ ပြုလုပ်နိုင်မဲ့နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါမယ်။

၁။ လိမ္မော်ခွံအမှုန့်

လိုအပ်တဲ့ပစ္စည်းကတော့ လိမ္မော်ခွံအမှုန့်နဲ့ ပျားရည်၊ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ လိုအပ်ပါတယ်။ ပြီးရင် ပါဝင်ပစ္စည်းတွေကို ရောမွှေပေးပါ။ ရောနှောထားတာကို သင့်မျက်နှာကို လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးပေးပါ။ ရက်ခြားပြီး တစ်ကြိမ်စီပြုလုပ်ပေးပါ။ လိမ္မော်ခွံအမှုန့်မှာ ဝက်ခြံအမာရွတ်နဲ့ တင်းတိပ်တို့ကို လျှော့ချနိုင်တဲ့ အံ့ဩစရာ အစွမ်းသတ္တိတွေရှိပါတယ်။

၂။ အုန်းဆီ

အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ယူပြီး သင့်လက်ဝါးနဲ့ မျက်နှာကိုပွတ်ပေးပါ။ ဝက်ခြံအမာရွတ်တွေထဲ စိမ့်ဝင်သွားအောင် သင့်မျက်နှာတစ်ခုလုံးကို ပွတ်လိမ်းပေးပါ။ တစ်ညလုံးလိမ်းထားပြီး မနက်ကျရင် ရေဆေးချလိုက်ပါ။ နေ့တိုင်း ဒါမှမဟုတ် ရက်ခြားပြီး ပြုလုပ်နိုင်ပါတယ်။ အုန်းဆီမှာပါဝင်တဲ့ ဗီတာမင်အီးနဲ့ ကေက သင့်မျက်နှာကို ပြန်ပြုပြင်ပေးပြီး အရေပြားတစ်ရှူးကို ကျန်းမာစေပါတယ်။

၃။ Tea Tree အဆီ

Tea tree အဆီ ၃၊ ၄ စက်လောက်နဲ့ အုန်းဆီတစ်ဇွန်းတို့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး အမာရွတ်တွေကို လိမ်းပေးပါ။ ၁ နာရီ ၂ နာရိခန့်ကြာလျှင် မျက်နှာသစ်နိုင်ပါတယ်။ နေ့တိုင်းပြုလုပ်ပေးရင် သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။ Tea tree အဆီက ဝက်ခြံဖြစ်ခြင်းက လျှော့ချပေးရုံသာမက အမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေတဲ့အတွက် အသုံးအများဆုံး ဆေးနည်းဖြစ်ပါတယ်။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကိုခွာပြီး ဂျဲလ်ကို ခြစ်ယူပါ။ ဂျဲလ်ကို မျက်နှာတစ်ခုလုံးကို လိမ်းပေးပြီး တစ်ညလုံး ထားပေးပါ။ ရှားစောင်းလက်ပတ်ဂျဲလ်ကို နေ့တိုင်းလိမ်းပေးနိုင်ပါတယ်။ ဒီဂျဲလ်မှာ ဝက်ခြံရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပြီးတော့ ပျက်စီးနေတဲ့ အသားအရေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။

၅။ မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းနှစ်ဇွန်းနဲ့ ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပေးပါ။ ဝက်ခြံအမာရွတ်တွေကို လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးချပေးပါ။ နေ့တိုင်းတစ်ကြိမ်စီ ပြုလုပ်ပေးရင် အကျိုးရလဒ် သိသာလာမှာပါ။ မုန့်ဖုတ်ဆိုဒါက သင့်အရေပြားကို ရေဓာတ်ထိန်းပေးပြီး ဝက်ခြံကို သက်သာစေပါတယ်။

၆။ လီမွန်ဖျော်ရည်

လီမွန်တစ်ခြမ်းမှ အရည်ကို ညှစ်ထုတ်ပေးပါ။ ဂွမ်းဖတ်ကို လီမွန်ရည်ထဲ နှစ်ပြီး မျက်နှာကို လိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချပါ။ ရက်မှန်မှန်ခြားပြီး ပြုလုပ်ပေးပါ။ လီမွန်ဖျော်ရည်ဟာ ဝက်ခြံအမာရွတ်တွေကို မြန်မြန်အရောင်ဖျော့စေပါတယ်။

၇။ အာလူး

အာလူးကိုချေပြီး အရည်ကိုထုတ်ယူပါ။ အရည်ကို ဂွမ်းနဲ့စုပ်ယူပြီး ဝက်ခြံအမာရွတ်တွေ ဒါမှမဟုတ် တစ်မျက်နှာလုံးကို လိမ်းပေးပါ။ မိနစ် ၂၀-၃၀ လောက်ထားပြီး ရေနဲ့ဆေးကြောပေးပါ။ နေ့တိုင်းပြုလုပ်ပေးနိုင်ပါတယ်။ အာလူးဟာ အမာရွတ်နဲ့ တင်းတိပ်တွေကို လျှော့ချပေးပြီး အရေပြားကို လင်းစေတာကြောင့် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။

၈။ နှင်းဆီရည်

ဂွမ်းလုံးလေးနဲ့ နှင်းဆီရည်ကို စုပ်ယူပြီး သင့်ရဲ့သန့်စင်တဲ့မျက်နှာကို ညင်သာစွာ လိမ်းပေးပါ။ နှင်းဆီရည်ကို မျက်နှာမှာ သူ့အလိုလို ခြောက်သွားပါစေ။ နေ့တိုင်း တစ်နေ့ကိုနှစ်ကြိမ် ပြုလုပ်ရပါမယ်။ နှင်းဆီရည်ရဲ့ကုသနိုင်စွမ်းနဲ့ ရေဓာတ်ဖြည့်နိုင်စွမ်းက သင့်မျက်နှာရဲ့အမာရွတ်တစ်ရှူးကို ပျောက်ကင်းစေပါတယ်။

၉။ ကြက်ဥအကာ

ကြက်ဥတစ်လုံးကို ယူပြီး အနှစ်ကိုဖယ်ထုတ်ပါ။ လီမွန်ရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကြက်ဥအကာနဲ့ရောပြီး မွှေပါ။ ပြီးရင်သင့်မျက်နှာအနှံ လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး မျက်နှာသစ်နိုင်ပါတယ်။

၁၀။ လက်ဖက်စိမ်း

လက်ဖက်စိမ်းအထုပ်လေးကို ယူပြီး သင့်မျက်နှာကို လိမ်းပေးပါ။ လက်ဖက်စိမ်းအရွက်နဲ့လည်း မျက်နှာပေါင်းတင်နိုင်ပါတယ်။ နေ့စဉ်တစ်ကြိမ်စီ ပြုလုပ်နိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ရောင်ရမ်းတာနဲ့ အမာရွတ်အရွယ်အစားကို သက်သာစေပါတယ်။

Ref: www.stylecraze.com “How to get rid of acne scars and pimple marks”

ဖိုးသူတော် (www.phothutaw.com)
Credit: Wint Wah (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top