န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

တ႐ုတ္ႏုိင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ င႐ုတ္သီး အစပ္စားၿပိဳင္ပြဲမွာ အႏုိင္ရရွိခဲ့သူကေတာ့ Tang Shuaihui လုိ႔ အမည္ရတဲ့ အမိ်ဳးသားျဖစ္ပါတယ္။ သူဟာ အပူခ်ိန္(၄၀)ဒီဂရီေအာက္မွာ င႐ုတ္သီးေတြကို ေခၽြးသံတရႊဲရႊဲနဲ႔စားျပခဲ့ၿပီး ခ်န္ပီယံဆုတံဆိပ္ႀကီးျဖစ္တဲ့ (၂၄)ကာရက္အေလးခ်ိန္ရွိ ေရႊစင္ျပားႀကီးကို ရယူႏုိင္ခဲ့ပါတယ္။

Tang ဟာ တစ္မိနစ္ကို င႐ုတ္သီးအစပ္ေတာင့္(၅၀)အထိ စားျပခဲ့ၿပီး ေရကန္ထဲမွာ ေရနဲ႔အတူ င႐ုတ္သီးေတြကလည္း ကန္အျပည့္ ေပါေလာေပၚေနတာကို အားလုံးျမင္ေတြ႕ရမွာပါ။ ဒီၿပိဳင္ပြဲကို ဟူနန္ျပည္နယ္မွာ က်င္းပခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္သူေတြလည္း ရာနဲ႔ခ်ီရွိခဲ့ပါတယ္။

Tang ဟာ ရဲရဲေတာက္ေနတဲ့ င႐ုတ္သီးေတြၾကားမွာ American Beauty ဇာတ္ကားထဲက ဇာတ္ေဆာင္မင္းသမီးရဲ႕ ပုံစံနဲ႔ေတာင္ ဆင္တူေနတယ္လုိ႔ သတင္းေတြက ဆုိၾကပါတယ္။ Tang ရဲ႕ ပုံစံဟာ င႐ုတ္သီးကုိ အသားဟင္းငါးဟင္း စားရသလုိ စိတ္ထဲမွာ မွတ္ယူထားပုံရပါတယ္။

American Beauty ဇာတ္ကားထဲမွာ မင္းသမီးဟာ နီနီရဲေနတဲ့ႏွင္းဆီဖြင့္ဖက္ေတြေပၚမွာ အဝတ္မဲ့အေနအထားနဲ႔ လဲေလွ်ာင္းေနတဲ့ ဇာတ္ဝင္ခန္းဟာ အေတာ္ေလး လူႀကိဳက္မ်ားခဲ့ပါတယ္။ အဆုိပါဇာတ္ကားဟာ (၁၉၉၉)ခုႏွစ္က ထုတ္လုပ္ခဲ့တာျဖစ္ၿပီး အေကာင္းဆုံး႐ုပ္ရွင္ဆု ရရွိခဲ့ပါတယ္။

အခုလည္း င႐ုတ္သီးစားခ်န္ပီယံျဖစ္တဲ့ Tang ဟာ သူ႕ကုိယ္သူ ႏွင္းဆီပြင့္ဖက္ေတြစိမ္ထားတဲ့ ေရထဲမွာ ကူးခတ္ေနရသည့္အလား ၿပိဳင္ဘက္ေတြကို အမႈမထားပဲ၊ စံခ်ိန္တင္ င႐ုတ္သီးေတာင့္ေတြကုိ စားျပခဲ့တာပါ။ ဟူနန္ကေန မုိင္(၄၀၀)ေဝးတဲ့ ေခ်ာင္ကြင္ျပည္နယ္မွာေတာ့ င႐ုတ္သီးေတြစိမ္ထားတဲ့ ေရပူကန္ထဲမွာ (၅)မိနစ္ၾကာစိမ္ၿပီး ဆုရရွိဖုိ႔ ၿပိဳင္ဆုိင္ခဲ့ၾကေသးတယ္လုိ႔ သိရပါတယ္။

Tang ဟာ ၿပိဳင္ဘက္ေတြကိုေက်ာ္ျဖတ္ကာ (၂၄)ကာရက္ရွိ ေရႊစင္ျပားကို ဆြတ္ခူးႏုိင္ခဲ့ေပမယ့္ သူ႕အေနနဲ႔လည္း အလြန္ျပင္းထန္တဲ့ ဝမ္းကုိက္ေဝဒနာကို ခံစားရမွာျဖစ္လုိ႔ ၿပိဳင္ပြဲၿပီးတာနဲ႔ ေသခ်ာေပါက္ ေဆးကုသခြင့္ခံယူရမွာ ျဖစ္ပါတယ္။ ဒီလုိၿပိဳင္ပြဲေတြဟာ အခန္႔မသင့္ရင္ အသက္အႏၱရာယ္ထိပါ ရွိႏုိင္ပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ငရုတ်သီး အစပ်စားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သူကတော့ Tang Shuaihui လို့ အမည်ရတဲ့ အမျိုးသားဖြစ်ပါတယ်။ သူဟာ အပူချိန်(၄၀)ဒီဂရီအောက်မှာ ငရုတ်သီးတွေကို ချွေးသံတရွှဲရွှဲနဲ့စားပြခဲ့ပြီး ချန်ပီယံဆုတံဆိပ်ကြီးဖြစ်တဲ့ (၂၄)ကာရက်အလေးချိန်ရှိ ရွှေစင်ပြားကြီးကို ရယူနိုင်ခဲ့ပါတယ်။

Tang ဟာ တစ်မိနစ်ကို ငရုတ်သီးအစပ်တောင့်(၅၀)အထိ စားပြခဲ့ပြီး ရေကန်ထဲမှာ ရေနဲ့အတူ ငရုတ်သီးတွေကလည်း ကန်အပြည့် ပေါလောပေါ်နေတာကို အားလုံးမြင်တွေ့ရမှာပါ။ ဒီပြိုင်ပွဲကို ဟူနန်ပြည်နယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်သူတွေလည်း ရာနဲ့ချီရှိခဲ့ပါတယ်။

Tang ဟာ ရဲရဲတောက်နေတဲ့ ငရုတ်သီးတွေကြားမှာ American Beauty ဇာတ်ကားထဲက ဇာတ်ဆောင်မင်းသမီးရဲ့ ပုံစံနဲ့တောင် ဆင်တူနေတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ Tang ရဲ့ ပုံစံဟာ ငရုတ်သီးကို အသားဟင်းငါးဟင်း စားရသလို စိတ်ထဲမှာ မှတ်ယူထားပုံရပါတယ်။

American Beauty ဇာတ်ကားထဲမှာ မင်းသမီးဟာ နီနီရဲနေတဲ့နှင်းဆီဖွင့်ဖက်တွေပေါ်မှာ အဝတ်မဲ့အနေအထားနဲ့ လဲလျှောင်းနေတဲ့ ဇာတ်ဝင်ခန်းဟာ အတော်လေး လူကြိုက်များခဲ့ပါတယ်။ အဆိုပါဇာတ်ကားဟာ (၁၉၉၉)ခုနှစ်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။

အခုလည်း ငရုတ်သီးစားချန်ပီယံဖြစ်တဲ့ Tang ဟာ သူ့ကိုယ်သူ နှင်းဆီပွင့်ဖက်တွေစိမ်ထားတဲ့ ရေထဲမှာ ကူးခတ်နေရသည့်အလား ပြိုင်ဘက်တွေကို အမှုမထားပဲ၊ စံချိန်တင် ငရုတ်သီးတောင့်တွေကို စားပြခဲ့တာပါ။ ဟူနန်ကနေ မိုင်(၄၀၀)ဝေးတဲ့ ချောင်ကွင်ပြည်နယ်မှာတော့ ငရုတ်သီးတွေစိမ်ထားတဲ့ ရေပူကန်ထဲမှာ (၅)မိနစ်ကြာစိမ်ပြီး ဆုရရှိဖို့ ပြိုင်ဆိုင်ခဲ့ကြသေးတယ်လို့ သိရပါတယ်။

Tang ဟာ ပြိုင်ဘက်တွေကိုကျော်ဖြတ်ကာ (၂၄)ကာရက်ရှိ ရွှေစင်ပြားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် သူ့အနေနဲ့လည်း အလွန်ပြင်းထန်တဲ့ ဝမ်းကိုက်ဝေဒနာကို ခံစားရမှာဖြစ်လို့ ပြိုင်ပွဲပြီးတာနဲ့ သေချာပေါက် ဆေးကုသခွင့်ခံယူရမှာ ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေဟာ အခန့်မသင့်ရင် အသက်အန္တရာယ်ထိပါ ရှိနိုင်ပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top