မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ခ်စ္ျခင္းေတြကို သက္ေသျပဖို႔အတြက္ နည္းလမ္းေတြအမ်ားႀကီး ရွိတဲ့အထဲမွာမွ ခ်စ္သူခ်င္း လက္ေဆာင္ေပးၾကတယ္ဆိုတာကလည္း ဒီနည္းလမ္းေတြထဲက တစ္ခုပဲေပါ့။ တန္ဖိုးနည္းတယ္ မ်ားတယ္မဟုတ္ဘဲ သူ႔မွာ ဘာလိုအပ္ေနလဲဆိုတာကို မ်က္စိ ေထာက္ ေထာက္ၾကည့္ၿပီး ျဖည့္ဆည္းေပးလိုက္ရတဲ့အခ်ိန္ သူ႔ဆီက ပ်ံ႕လြင့္လာမယ့္ အၿပံဳးေလးကို ေငးရင္း ကိုယ္ပါေရာၿပီး ေပ်ာ္ရတဲ့ စိတ္ခံစားခ်က္က ေတာ္ေတာ္ေလး ေပ်ာ္ဖို႔၊ ပီတိျဖစ္ဖို႔ေကာင္းပါတယ္။ ဒါေပမဲ့ ေရွးအယူအဆေတြအရ လွပတဲ့အဓိပၸာယ္ေတြ ေပ်ာက္ၿပီး အလြမ္းဇာတ္ေတြ ျဖစ္ေစမယ့္ လက္ေဆာင္ပစၥည္းေတြလည္း ရွိေနပါတယ္တဲ့။ အဲဒီပစၥည္းေတြကေတာ့…

လက္ကိုင္ပုဝါ

လက္ကိုင္ပုဝါဆိုတာ အညစ္အေၾကးေတြကို သန္႕စင္ဖို႔လို႔ယူဆၿပီး ေပးခ်င္ေပမဲ့ တကယ္တမ္း သူ႔အဓိပၸာယ္က ကိုယ့္ခ်စ္သူကို မ်က္ရည္က်ေစမယ့္လူမို႔ မ်က္ရည္သုတ္ဖို႔အတြက္ လက္ေဆာင္လို႔အဓိပၸာယ္ရပါတယ္လို႔ ေရွးက ယူဆခဲ့ၾကပါတယ္တဲ့ ေယာင္းတို႔ေရ။ ေနာက္ၿပီး ကိုယ့္အေပၚထားတဲ့ ကိုယ့္အခ်စ္ေတြကို သုတ္ပစ္လိုက္မယ့္ ၾကားခံပစၥည္းလို႔လည္း ယူဆၾကတာမို႔ ခ်စ္သူခ်င္းမေပးၾကပါဘူးတဲ့။ (ႏွပ္သုတ္လို႔ေတာ့ရတယ္ ဆိုတဲ့အဓိပၸာယ္ေပါ့ :P)

ဖိနပ္

ဖိနပ္ေပးလိုက္ရင္ေတာ့ ကိုယ္ေပးလိုက္တဲ့လူက ကိုုယ့္ဆီကေန ထြက္ေျပးသြားမယ္လို႔ အယူရွိပါတယ္။ ေနာက္ၿပီး ဖိနပ္ဆိုတာ ကံဆိုးျခင္းေတြကို ယူေဆာင္လာတတ္ေသးတာမို႔ ခ်စ္သူခ်င္းမေပးသင့္တဲ့ လက္ေဆာင္ထဲမွာ ပါေနပါတယ္တဲ့။ (ဘာၾကည့္ေနတာလဲ… ဖိနပ္ပူဆာေနတဲ့ခ်စ္သူကို မန္းရွင္းေခၚျပသြားေတာ့ေလ။)

ပိုက္ဆံအိတ္

ဒါေတာ့ ခ်စ္သူမွ မဟုတ္ဘူးေပါ့ေနာ္… လူတစ္ေယာက္ကို ပိုက္ဆံအိတ္ေပးရင္ အၿမဲတမ္း ပိုက္ဆံနည္းနည္းေတာ့ ထည့္ေပးရပါတယ္တဲ့။ ပိုက္ဆံအိတ္အလြတ္ေပးရင္ အဲဒီလက္ေဆာင္ရတဲ့လူက အၿမဲတမ္းမြဲေနတတ္တဲ့ အယူရွိပါတယ္လို႔ဆိုပါတယ္။ ကိုယ့့္ခ်စ္ခ်စ္မြဲေအာင္ မလုပ္ရပုေနာ္ 😛 (အက္မင္ဆို လက္ေဆာင္လည္းမရထားဘဲနဲ႔ လဆန္းနဲ႔တင္ လစာကကုန္သေလာက္နီးပါးျဖစ္ေနၿပီ။ အၿမဲကိုမြဲေတေနတာ။)

လက္အိတ္

လက္ေဝွ႔ထိုးတဲ့ လက္အိတ္မဟုတ္ဘဲ ရိုးရိုးလက္အိတ္ေပးရင္ေတာင္ အခ်င္းခ်င္း ရန္ျဖစ္တတ္ပါတယ္တဲ့။ ပိုဆိုးတာက အဲဒီလက္အိတ္ကို ဘယ္ဘက္လက္နဲ႔ ယူမိရင္ေတာ့ သူနဲ႔အဆက္အသြယ္ပါ လံုးဝျပတ္သြားပါလိမ့္မယ္လို႔ အယူအဆရွိပါေသးတယ္။ ဒါေၾကာင့္ လက္အိတ္ကို လက္ေဆာင္မေပးၾကပါနဲ႔တဲ့။ (မေပးလည္း ရန္ပဲျဖစ္ျဖစ္ေနရတာကို ဝုတ္တယ္ :’ )

ခၽြန္ထက္တဲ့ ပစၥည္းေတြ

ဓားတို႔ ကတ္ေၾကးတို႔ကိုေျပာတာပါ။ သာမန္ဆိုရင္ မေပးၾကေပမဲ့ မသိလိုက္မသိဘာသာနဲ႔ ဝယ္ေပး ျပဳေပးမိတာမ်ိဳးဆိုရင္ အဲ့ဒီလိုခၽြန္ထက္တဲ့ ပစၥည္းေတြက သူနဲ႔ကိုယ့္ၾကားက သံေယာဇဥ္ေတြကို ျပတ္ေတာက္ေစတာမို႔ ခ်စ္သူခ်င္း ကြဲၿပဲသြားႏိုင္တယ္ဆိုတဲ့ အယူအဆမ်ိဳးရွိပါတယ္။ အဲဒါေၾကာင့္ ခၽြန္ခၽြန္ထက္ထက္ ပစၥည္းေတြကို ကိုယ့္ခ်စ္သူကို လက္ေဆာင္မေပးပါနဲ႔လို႔။ (အဆင္မေျပတဲ့အခ်ိန္မွ ကိုယ္ေပးထားတဲ့လက္ေဆာင္နဲ႔ ကိုယ့္ကိုျပန္လာလုပ္ေနဦးမယ္။ ေခတ္ကယံုရတာမဟုတ္ဘူး ေၾကာက္ရတယ္။ 🙁 )

ဒါကေတာ့ ေရွးအယူအဆေတြေပါ့ေလ။ ႏွင္းကေတာ့ အမွန္အတိုင္းေျပာရရင္ အကုန္ေပးတယ္။ ဘာေၾကာင့္ ဘာညာနဲ႔ အယူအမသီးတတ္တာလည္းပါေတာ့ သူလိုတာရွိလည္း ကိုယ္ဝယ္၊ ကိုယ္လိုတာရွိလည္း သူဝယ္ေပးလိုက္တာပဲ။ ဥပါဒါန္ေၾကာင့္ ဥပါဒ္ ျဖစ္တတ္တယ္ ဆိုတဲ့စကားလည္းရွိတာမို႔ တခ်ိဳ႕ဟာေတြ အရမ္းအစြဲႀကီးမထားဘဲ ေပါ့ေပါ့ပါးပါးပဲေပးလိုက္ပါ။ လက္ေဆာင္ပစၥည္းေပးၿပီးတဲ့ေနာက္ ကိစၥတစ္ခုတစ္စံုျဖစ္လာရင္လည္း ဒီပစၥည္းေၾကာင့္ဆိုတာမ်ိဳးမဟုတ္ဘဲ ျဖစ္ခ်ိန္တန္လို႔ ျဖစ္လာတယ္လို႔ပဲသတ္မွတ္လုိက္ရင္ အဆင္ေျပသြားပါလိမ့္မယ္။ ဒါေပမဲ့ စိတ္စႏိုးစေနာင့္ ျဖစ္တတ္တယ္ဆိုရင္ေတာ့ ဒီပစၥည္းေလးေတြ ေရွာင္ေပးေပါ့ေနာ္႔။ ခ်စ္သူတိုင္း အခက္အခဲ အဖုအထစ္ေတြမရွိဘဲ တစ္သက္လံုးေပါင္းသင္းသြားႏိုင္ၾကပါေစ <3

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်ခြင်းတွေကို သက်သေပြဖို့အတွက် နည်းလမ်းတွေအများကြီး ရှိတဲ့အထဲမှာမှ ချစ်သူချင်း လက်ဆောင်ပေးကြတယ်ဆိုတာကလည်း ဒီနည်းလမ်းတွေထဲက တစ်ခုပဲပေါ့။ တန်ဖိုးနည်းတယ် များတယ်မဟုတ်ဘဲ သူ့မှာ ဘာလိုအပ်နေလဲဆိုတာကို မျက်စိ ထောက် ထောက်ကြည့်ပြီး ဖြည့်ဆည်းပေးလိုက်ရတဲ့အချိန် သူ့ဆီက ပျံ့လွင့်လာမယ့် အပြုံးလေးကို ငေးရင်း ကိုယ်ပါရောပြီး ပျော်ရတဲ့ စိတ်ခံစားချက်က တော်တော်လေး ပျော်ဖို့၊ ပီတိဖြစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ရှေးအယူအဆတွေအရ လှပတဲ့အဓိပ္ပာယ်တွေ ပျောက်ပြီး အလွမ်းဇာတ်တွေ ဖြစ်စေမယ့် လက်ဆောင်ပစ္စည်းတွေလည်း ရှိနေပါတယ်တဲ့။ အဲဒီပစ္စည်းတွေကတော့…

လက်ကိုင်ပုဝါ

လက်ကိုင်ပုဝါဆိုတာ အညစ်အကြေးတွေကို သန့်စင်ဖို့လို့ယူဆပြီး ပေးချင်ပေမဲ့ တကယ်တမ်း သူ့အဓိပ္ပာယ်က ကိုယ့်ချစ်သူကို မျက်ရည်ကျစေမယ့်လူမို့ မျက်ရည်သုတ်ဖို့အတွက် လက်ဆောင်လို့အဓိပ္ပာယ်ရပါတယ်လို့ ရှေးက ယူဆခဲ့ကြပါတယ်တဲ့ ယောင်းတို့ရေ။ နောက်ပြီး ကိုယ့်အပေါ်ထားတဲ့ ကိုယ့်အချစ်တွေကို သုတ်ပစ်လိုက်မယ့် ကြားခံပစ္စည်းလို့လည်း ယူဆကြတာမို့ ချစ်သူချင်းမပေးကြပါဘူးတဲ့။ (နှပ်သုတ်လို့တော့ရတယ် ဆိုတဲ့အဓိပ္ပာယ်ပေါ့ :P)

ဖိနပ်

ဖိနပ်ပေးလိုက်ရင်တော့ ကိုယ်ပေးလိုက်တဲ့လူက ကိုယ့်ဆီကနေ ထွက်ပြေးသွားမယ်လို့ အယူရှိပါတယ်။ နောက်ပြီး ဖိနပ်ဆိုတာ ကံဆိုးခြင်းတွေကို ယူဆောင်လာတတ်သေးတာမို့ ချစ်သူချင်းမပေးသင့်တဲ့ လက်ဆောင်ထဲမှာ ပါနေပါတယ်တဲ့။ (ဘာကြည့်နေတာလဲ… ဖိနပ်ပူဆာနေတဲ့ချစ်သူကို မန်းရှင်းခေါ်ပြသွားတော့လေ။)

ပိုက်ဆံအိတ်

ဒါတော့ ချစ်သူမှ မဟုတ်ဘူးပေါ့နော်… လူတစ်ယောက်ကို ပိုက်ဆံအိတ်ပေးရင် အမြဲတမ်း ပိုက်ဆံနည်းနည်းတော့ ထည့်ပေးရပါတယ်တဲ့။ ပိုက်ဆံအိတ်အလွတ်ပေးရင် အဲဒီလက်ဆောင်ရတဲ့လူက အမြဲတမ်းမွဲနေတတ်တဲ့ အယူရှိပါတယ်လို့ဆိုပါတယ်။ ကိုယ့်ချစ်ချစ်မွဲအောင် မလုပ်ရပုနော် 😛 (အက်မင်ဆို လက်ဆောင်လည်းမရထားဘဲနဲ့ လဆန်းနဲ့တင် လစာကကုန်သလောက်နီးပါးဖြစ်နေပြီ။ အမြဲကိုမွဲတေနေတာ။)

လက်အိတ်

လက်ဝှေ့ထိုးတဲ့ လက်အိတ်မဟုတ်ဘဲ ရိုးရိုးလက်အိတ်ပေးရင်တောင် အချင်းချင်း ရန်ဖြစ်တတ်ပါတယ်တဲ့။ ပိုဆိုးတာက အဲဒီလက်အိတ်ကို ဘယ်ဘက်လက်နဲ့ ယူမိရင်တော့ သူနဲ့အဆက်အသွယ်ပါ လုံးဝပြတ်သွားပါလိမ့်မယ်လို့ အယူအဆရှိပါသေးတယ်။ ဒါကြောင့် လက်အိတ်ကို လက်ဆောင်မပေးကြပါနဲ့တဲ့။ (မပေးလည်း ရန်ပဲဖြစ်ဖြစ်နေရတာကို ဝုတ်တယ် :’ )

ချွန်ထက်တဲ့ ပစ္စည်းတွေ

ဓားတို့ ကတ်ကြေးတို့ကိုပြောတာပါ။ သာမန်ဆိုရင် မပေးကြပေမဲ့ မသိလိုက်မသိဘာသာနဲ့ ဝယ်ပေး ပြုပေးမိတာမျိုးဆိုရင် အဲ့ဒီလိုချွန်ထက်တဲ့ ပစ္စည်းတွေက သူနဲ့ကိုယ့်ကြားက သံယောဇဉ်တွေကို ပြတ်တောက်စေတာမို့ ချစ်သူချင်း ကွဲပြဲသွားနိုင်တယ်ဆိုတဲ့ အယူအဆမျိုးရှိပါတယ်။ အဲဒါကြောင့် ချွန်ချွန်ထက်ထက် ပစ္စည်းတွေကို ကိုယ့်ချစ်သူကို လက်ဆောင်မပေးပါနဲ့လို့။ (အဆင်မပြေတဲ့အချိန်မှ ကိုယ်ပေးထားတဲ့လက်ဆောင်နဲ့ ကိုယ့်ကိုပြန်လာလုပ်နေဦးမယ်။ ခေတ်ကယုံရတာမဟုတ်ဘူး ကြောက်ရတယ်။ 🙁 )

ဒါကတော့ ရှေးအယူအဆတွေပေါ့လေ။ နှင်းကတော့ အမှန်အတိုင်းပြောရရင် အကုန်ပေးတယ်။ ဘာကြောင့် ဘာညာနဲ့ အယူအမသီးတတ်တာလည်းပါတော့ သူလိုတာရှိလည်း ကိုယ်ဝယ်၊ ကိုယ်လိုတာရှိလည်း သူဝယ်ပေးလိုက်တာပဲ။ ဥပါဒါန်ကြောင့် ဥပါဒ် ဖြစ်တတ်တယ် ဆိုတဲ့စကားလည်းရှိတာမို့ တချို့ဟာတွေ အရမ်းအစွဲကြီးမထားဘဲ ပေါ့ပေါ့ပါးပါးပဲပေးလိုက်ပါ။ လက်ဆောင်ပစ္စည်းပေးပြီးတဲ့နောက် ကိစ္စတစ်ခုတစ်စုံဖြစ်လာရင်လည်း ဒီပစ္စည်းကြောင့်ဆိုတာမျိုးမဟုတ်ဘဲ ဖြစ်ချိန်တန်လို့ ဖြစ်လာတယ်လို့ပဲသတ်မှတ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမဲ့ စိတ်စနိုးစနောင့် ဖြစ်တတ်တယ်ဆိုရင်တော့ ဒီပစ္စည်းလေးတွေ ရှောင်ပေးပေါ့နော့်။ ချစ်သူတိုင်း အခက်အခဲ အဖုအထစ်တွေမရှိဘဲ တစ်သက်လုံးပေါင်းသင်းသွားနိုင်ကြပါစေ <3

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top