ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တာခ်ီလိတ္ခရုိင္၊မုိင္းျဖတ္ျမိဳ႕နယ္၊ျပည္သူ႕ေဆးရံုတြင္
ေနအိမ္ေပၚမွျပဳတ္က်သျဖင့္ ေသဆံုးသူတစ္ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ ၂၀၁၈ခုႏွစ္ဇူလုိင္လ(၉)ရက္ ည(၁၀)နာရီ ခန္႕တြင္ မုိင္းျဖတ္ျမိဳမရဲစခန္းမွ ဒု- စခန္းမွဴး ရဲအုပ္ကုိကုိေအာင္ဦးစီးတပ္ဖြဲ႕၀င္မ်ားသည္ မုိင္းျဖတ္ျမိဳ႕ ျပည္သူ႕ေဆးရံုသုိ႕ သြားေရာက္ၾကည့္ရွဳရာ မုိင္းျဖတ္ျမိဳ႕ နယ္ ၊ စြပ္ပေလာင္းေက်းရြာေန ဦးဒါ၀ိဒ္ (၇၀)ႏွစ္ သည္ ဦးေခါင္း၀ဲဖက္ခ်ိဳေစာင္းတြင္ လက္မ၀က္ခန္႕ေပါက္ျပဲဒဏ္ရာ၊ ၀ဲဘက္နံရုိးအေပၚဖူးေယာင္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကုိ ေတြ႕ရွိရေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ စြပ္ပေလာင္းေက်းရြာေန ေသဆံုးသူ ဦးဒါ၀ိဒ္ (၇၀)ႏွစ္သည္ သားျဖစ္သူ က်လယ္(၃၂)ႏွစ္ႏွင့္ စကားမ်ားရန္ျဖစ္ရာမွ သားျဖစ္သူ က်လယ္ ကဖခင္ျဖစ္သူ ဦးဒါ၀ိဒ္ အား ေျခေထာက္ျဖင့္ကန္လုိက္ရာ ဦးဒါ၀ိဒ္ သည္ (၅)ေပခန္႕ ျမင့္ေသာေနအိမ္ေပၚမွအိမ္ေအာက္သုိ႕ျပဳတ္က်ျပီး ၊ဦးေခါင္း ၀ဲဖက္ခ်ိဳေစာင္း ႏွင့္ ၀ဲဘက္နံရုိးမ်ားတြင္ဒဏ္ရာရရွိခဲ့ျပီး၊မုိင္းျဖတ္ျမိဳ႕နယ္ျပည္သူ႕ေဆးရံုသုိ႕ပုိ႕ေဆာင္ကုသစဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သုိ႕ျဖစ္၍ ဖခင္အား ေနအိမ္ေပၚမွေျခေထာက္ျဖင့္ ကန္ခ်သူ က်လယ္ (၃၂)ႏွစ္ အား မုိင္းျဖတ္ျမိဳ႕မ ရဲစခန္း မွ (ပ) ၁၁/၂၀၁၈၊ရာဇသတ္ၾကီး ဥပေဒပုဒ္မ၃၀၄(က) အ ရ အမွဳဖြင့္လွစ္လ်က္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

သတင္းႏွင့္ဓါတ္ပံု- မုိင္းျဖတ္ေထြ/အုပ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: tachileikdistrictgad
# Unicode Version ျဖင့္ ဖတ္ပါ #
တာချီလိတ်ခရိုင်၊မိုင်းဖြတ်မြို့နယ်၊ပြည်သူ့ဆေးရုံတွင်
နေအိမ်ပေါ်မှပြုတ်ကျသဖြင့် သေဆုံးသူတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ ၂၀၁၈ခုနှစ်ဇူလိုင်လ(၉)ရက် ည(၁၀)နာရီ ခန့်တွင် မိုင်းဖြတ်မြိုမရဲစခန်းမှ ဒု- စခန်းမှူး ရဲအုပ်ကိုကိုအောင်ဦးစီးတပ်ဖွဲ့ဝင်များသည် မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုရာ မိုင်းဖြတ်မြို့ နယ် ၊ စွပ်ပလောင်းကျေးရွာနေ ဦးဒါဝိဒ် (၇၀)နှစ် သည် ဦးခေါင်းဝဲဖက်ချိုစောင်းတွင် လက်မဝက်ခန့်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်နံရိုးအပေါ်ဖူးယောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စွပ်ပလောင်းကျေးရွာနေ သေဆုံးသူ ဦးဒါဝိဒ် (၇၀)နှစ်သည် သားဖြစ်သူ ကျလယ်(၃၂)နှစ်နှင့် စကားများရန်ဖြစ်ရာမှ သားဖြစ်သူ ကျလယ် ကဖခင်ဖြစ်သူ ဦးဒါဝိဒ် အား ခြေထောက်ဖြင့်ကန်လိုက်ရာ ဦးဒါဝိဒ် သည် (၅)ပေခန့် မြင့်သောနေအိမ်ပေါ်မှအိမ်အောက်သို့ပြုတ်ကျပြီး ၊ဦးခေါင်း ဝဲဖက်ချိုစောင်း နှင့် ဝဲဘက်နံရိုးများတွင်ဒဏ်ရာရရှိခဲ့ပြီး၊မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ဖခင်အား နေအိမ်ပေါ်မှခြေထောက်ဖြင့် ကန်ချသူ ကျလယ် (၃၂)နှစ် အား မိုင်းဖြတ်မြို့မ ရဲစခန်း မှ (ပ) ၁၁/၂၀၁၈၊ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၄(က) အ ရ အမှုဖွင့်လှစ်လျက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းနှင့်ဓါတ်ပုံ- မိုင်းဖြတ်ထွေ/အုပ်

ဖိုးသူတော် (www.phothutaw.com)
Credit: tachileikdistrictgad
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top