ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီေန ့ေက် ာင္းကအျပန္ ၅၆ကိုစီးျပီး သခင္ျမပန္းျခံထိစီးခဲ့တာ။
ကားေပၚမွာ ခါးပိုက္နိုက္က က်မပိုက္ဆံအိတ္ကို နိုက္ျပီး တဲ့ အခ်ိန္
က်မအိတ္က္ိုျပန္စမ္းျကည့္နဲ့ ၾကံဳေတာ့ ကားသမားကို လွမ္းေျပာလိုက္တယ္ ။ခါးပိုက္နိုက္ပါတယ္လို ့ သူကားတံခါးမဖြင့္ေပးပါဘူး ပိတ္ထားဆဲပါ။ အေျခအေနမေကာင္းမွန္းသိေတာ့ ပိုက္ဆံအိတ္ကို တျခားတဖက္ကေန ကားျကမ္းေပၚပစ္ခ်ျပီး လွမ္းေအာ္တယ္ ။ဒီမွာတဲ ့ အိတ္ကေလ။
ကားေပၚပါတဲ့ အကိုတေယာက္က ေကာက္ေပးတယ္။ အိတ္ကိုျပန္စစ္ခိုင္းတယ္။ျပန္စစ္လို ့ အကုန္ပါတယ္ေျပာျပီး ကားတံခါးဖြင့္ေပးတဲ ့အခ်ိန္ အနားကေန လူတေယာက္က အတင္းတိုးေတာ့ လူအရမ္းၾကပ္ေနလို ့လို ့ထင္ခဲ့တာ။ ကားေပၚမွာ လူေတြ သိပ္ မက်န္တဲ ့ အခ်ိန္ ေအာက္ေရာက္ခ်ိန္မွ လူတေယာက္က ဓါးပါးပါးတခုကိုေထာင္ျပတယ္။အဲ့အခ်ိန္ထိ သိပ္မလန္ ့ေသးဘူး။
အသားကေတာ့ တုန္ေနျပီ။ ကားေပၚကအကိုတေယာက္က ေျပာတယ္ အဲ့ဒါ အဖြဲ ့လိုက္တဲ ့ ။ဂိတ္ဆံုးေရာက္တဲ ့အထိ မသိေသးတာက
ခါးအနားမွာ ေသြးစို ေနတာကို ။သိပ္မမ် ားပါဘူး အေပၚယံေလာက္ပါပဲ ဒဏ္ရာက ေတာ့ ဒါေပမယ့္ ေတာ္ေတာ္လန္ ့သြားတယ္။
ဒါေတာင္ အေနာက္က အမတေယာက္က ေသြးစြန္းေနတယ္ေျပာလို ့ၾကည့္မိလိုက္တာ။ အန္တီေတြက လမ္းနားမွာထိုင္ခိုင္းျပီး ေရလာတိုက္ေပးတယ္။မ်က္ရည္ေတြၾကျပီးတုန္ေနလို ့ အနားမွာ ထိုင္ေစာင့္ေပးၾကတယ္။
ဖုန္းဆက္ျပီးအိမ္ကို ေခၚေပးရမလားလို ့ေမးေပမယ့္ ဘယ္သူ ့ကိုမွ ဒုကၡမေပးခ်င္ေတာ့လို ့ မေခၚပါနဲ ့ေျပာျပီး ကားေပၚလိုက္တင္ေပးျပီးမွ ျပန္သြားၾကတယ္။
Women safety needဆိုတာ ဘာကိုေျပာမွန္းေတာင္ မသိေလာက္ေအာင္ပဲ ။ အခုထိေတာ့ ရင္တုန္ေနဆဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Bus Service

#Unicode Version#

ဒီနေ့ကျေ ာင်းကအပြန် ၅၆ကိုစီးပြီး သခင်မြပန်းခြံထိစီးခဲ့တာ။
ကားပေါ်မှာ ခါးပိုက်နိုက်က ကျမပိုက်ဆံအိတ်ကို နိုက်ပြီး တဲ့ အချိန်
ကျမအိတ်ကိုပြန်စမ်းကြည့်နဲ့ ကြုံတော့ ကားသမားကို လှမ်းပြောလိုက်တယ် ။ခါးပိုက်နိုက်ပါတယ်လို့ သူကားတံခါးမဖွင့်ပေးပါဘူး ပိတ်ထားဆဲပါ။ အခြေအနေမကောင်းမှန်းသိတော့ ပိုက်ဆံအိတ်ကို တခြားတဖက်ကနေ ကားကြမ်းပေါ်ပစ်ချပြီး လှမ်းအော်တယ် ။ဒီမှာတဲ့ အိတ်ကလေ။
ကားပေါ်ပါတဲ့ အကိုတယောက်က ကောက်ပေးတယ်။ အိတ်ကိုပြန်စစ်ခိုင်းတယ်။ပြန်စစ်လို့ အကုန်ပါတယ်ပြောပြီး ကားတံခါးဖွင့်ပေးတဲ့အချိန် အနားကနေ လူတယောက်က အတင်းတိုးတော့ လူအရမ်းကြပ်နေလို့လို့ထင်ခဲ့တာ။ ကားပေါ်မှာ လူတွေ သိပ် မကျန်တဲ့ အချိန် အောက်ရောက်ချိန်မှ လူတယောက်က ဓါးပါးပါးတခုကိုထောင်ပြတယ်။အဲ့အချိန်ထိ သိပ်မလန့်သေးဘူး။
အသားကတော့ တုန်နေပြီ။ ကားပေါ်ကအကိုတယောက်က ပြောတယ် အဲ့ဒါ အဖွဲ့လိုက်တဲ့ ။ဂိတ်ဆုံးရောက်တဲ့အထိ မသိသေးတာက
ခါးအနားမှာ သွေးစို နေတာကို ။သိပ်မမျ ားပါဘူး အပေါ်ယံလောက်ပါပဲ ဒဏ်ရာက တော့ ဒါပေမယ့် တော်တော်လန့်သွားတယ်။
ဒါတောင် အနောက်က အမတယောက်က သွေးစွန်းနေတယ်ပြောလို့ကြည့်မိလိုက်တာ။ အန်တီတွေက လမ်းနားမှာထိုင်ခိုင်းပြီး ရေလာတိုက်ပေးတယ်။မျက်ရည်တွေကြပြီးတုန်နေလို့ အနားမှာ ထိုင်စောင့်ပေးကြတယ်။
ဖုန်းဆက်ပြီးအိမ်ကို ခေါ်ပေးရမလားလို့မေးပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်တော့လို့ မခေါ်ပါနဲ့ပြောပြီး ကားပေါ်လိုက်တင်ပေးပြီးမှ ပြန်သွားကြတယ်။
Women safety needဆိုတာ ဘာကိုပြောမှန်းတောင် မသိလောက်အောင်ပဲ ။ အခုထိတော့ ရင်တုန်နေဆဲ။


ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Bus Service
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top