iMyanmarHouse.com - Best Property Website for Myanmar
×

တေခတ္ တခါက ျမန္မာနိုင္ငံက အလွမယ္ လည္းျဖစ္ ႐ုပ္ရွင္မင္းသမီး အဆိုေတာ္လည္းျဖစ္တဲ့ ေနာ္လူဝီဇာ ဘင္ဇင္ ရဲ႕ ဘ၀ ေကာက္ေၾကာင္း ကို မၾကာမီ ျမန္မာ စာဖတ္ပရိသတ္ေတြ ဖတ္ရႈၾကရေတာ့မွာပါ။

ေနာ္လူဝီဇာ ဘင္ဇင္ ရဲ႕ သမီး Charmaine Craig ရွာမိန္း ခရိတ္ က “Miss Burma” “မယ္ဗမာ” အမည္နဲ႕ မိခင္ ေနာ္လူဝီဇာ ဘင္ဇင္ အေၾကာင္း အဂၤလိပ္ဘာသာနဲ႕ ထုတ္ေဝ လိုက္ ပါတယ္။ အခု ဒီစာအုပ္ကို ျပည္တြင္းက ထုတ္ေဝသူတစ္ဦးက ျမန္မာဘာသာ ျပန္ဆိုေနၿပီး မၾကာမီမွာ ပရိသတ္ ေရွ႕ေမွာက္ေရာက္ေတာ့မွာပါလို႔ ရွာမိန္းခရိတ္က ေျပာပါတယ္။

ဒ႑ာရီပုံျပင္ ဆန္လွတဲ့ ေနာ္လူဝီဇာ ဘင္ဇင္ ဘဝ ဇာတ္လမ္းကို သမီးျဖစ္သူ စာအုပ္ေရးခ်င္ေနတာ ဆယ္ေက်ာ္သက္ အ႐ြယ္ကတည္းကပါ လို႔ အေမရိကန္နိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေနထိုင္ေန တဲ့ ရွာမိန္း ခရိတ္ က ဘီဘီစီကို အခုလို ေျပာပါတယ္။

ရွာမိန္း ခရိတ္ ။ ။ က်မငယ္ငယ္ကတည္းက အေမရဲ႕ ေက်ာ္ၾကားမႈေတြကို ၾကားဖူးေနတယ္။ သူ႐ုပ္ရွင္ မင္းသမီးျဖစ္ခဲ့တာ၊ မစၥဘားမား မယ္ဗမာ အလွမယ္ ဘြဲ႕ကို ႏွစ္ႀကိမ္ဆြတ္ခူးရရွိခဲ့တာ၊ ေနာက္ပိုင္းမွာ ကရင္ေတာ္လွန္ေရး ေခါင္းေဆာင္နဲ႕ အိမ္ေထာင္က်ခဲ့ပုံ၊ ခင္ပြန္းသည္ လုပ္ႀကံခံရပုံ၊ အဲ့ဒီ ေနာက္မွာ သူကိုယ္တိုင္ ကရင္ ေတာ္လွန္ေရး ေခါင္းေဆာင္တစ္ဦး အေနနဲ႕ သူ႕ခင္ပြန္းရဲ႕ တပ္ကို ဦးေဆာင္ခဲ့ပုံေတြပါ။ ကြၽန္မ သိပ္ကို စိတ္ဝင္စားတာကေတာ့ ကြၽန္မသိကြၽမ္းခဲ့ရတဲ့ ကြၽန္မ ရဲ႕ မိခင္၊ ေနာက္ ကြၽန္မ သိခ်င္ေနတဲ့ ဒ႑ာရီ ဆန္လွတဲ့ ရာဇဝင္တြင္တဲ့ ကြၽန္မ ရဲ႕ မိခင္ပါ။ ဒီလို ျခားနားလွတဲ့ ဘဝကို စာေရးခ်င္ေန တာ ကြၽန္မ အထက္တန္းေက်ာင္းသူ ဘဝကတည္းကပါ လို႔ ရွာမိန္း ခရိတ္က ေျပာပါတယ္။

၁၉၆၃ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္ႀကီး ေနဝင္း ဦးေဆာင္တဲ့ ေတာ္လွန္ေရးေကာင္စီ အစိုးရနဲ႕ Karen Revolutionary Council (KRC) အၾကား ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့ၿပီး ေနာက္ ၁၉၆၄ ခုႏွစ္မွာ KRC တပ္မဟာ (၅) ရဲ႕ တပ္မႉး ဗိုလ္မႉးခ်ဳပ္ လင္းထင္ နဲ႕ ေနာ္လူဝီဇာ ဘင္ဇင္တို႔ ရန္ကုန္ၿမိဳ႕မွာ တခမ္းတနား လက္ထပ္ခဲ့ပါတယ္။

အလြန္ေခ်ာေမာလွပတဲ့ နံမည္ေက်ာ္ အလွမယ္ ေနာ္လူဝီဇာ ဘင္ဇင္ ဟာ ကရင္လက္နက္ကိုင္ အဖြဲ႕ရဲ႕ အရာရွိ ဗိုလ္မႉးခ်ဳပ္ လင္းထင္ နဲ႕ လက္ထပ္လိုက္တဲ့ သတင္းက တစ္ၿမိဳ႕လုံး ဟိုးေလးတေက်ာ္ ျဖစ္သြား ပါတယ္။

ဗိုလ္မႉးခ်ဳပ္ လင္းထင္ရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ကို ကာကြယ္ေရး တပ္အျဖစ္ အသြင္ေျပာင္းဖို႔ ဖိအားေပးခံေနရတဲ့ အခ်ိန္မွာ ၁၉၆၅ခုႏွစ္မွာ ဗိုလ္မႉးခ်ဳပ္ လင္းထင္ ဟာ စစ္ေထာက္လွမ္းေရးရဲ႕ ပစ္ခတ္ သတ္ျဖတ္တာကိုခံရပါတယ္။ ခင္ပြန္းသည္ အသတ္ခံရၿပီး ေနာက္မွာ ေနာ္လူဝီဇာ ဘင္ဇင္ ဟာ သူ႕ခင္ပြန္းရဲ႕ တပ္သားေတြကို စုေဆာင္းၿပီ ေကအန္ယူ တပ္မဟာ ၅ နယ္ေျမထဲ တိမ္းေရွာင္သြား ပါတယ္။ အခုလို ကရင္လက္နက္ကိုင္ေတာ္လွန္ေရးထဲ ေျခစုံျပစ္ဝင္လိုက္တဲ့ အခါမွာ အားလုံးက အံ့အားသင့္သြားပါတယ္။

ဒါေပမယ့္ ကရင္လူမ်ိဳးေတြ အၾကားမွာေတာ့ သူ႕ကို အထူး ၾကည္ညိုေလးစားၾကပါတယ္။

ေနာ္လူဝီဇာ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္စဥ္ မယ္ဗမာ၊ ႐ုပ္ရွင္မင္းသမီး ဘ၀မွာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းအိမ္ကို မၾကာခန ဝင္ထြက္ သြားလာ ခဲ့တဲ့ အတြက္ သူနဲ႕ ဦးေနဝင္းကို စြပ္စြဲေျပာဆို တဲ့ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

ေကအန္ယူနယ္ေျမ ထဲကို တိမ္းေရွာင္လာတဲ့ ေနာ္လူဝီဇာဟာ ေတာေတာင္ထဲမွာ အခက္အခဲ အမ်ိဳးမ်ိဳးေတြနဲ႕ ရင္ဆိုင္ ခဲ့ရၿပီး ေနာက္ဆုံးမွာ သူ႕ရဲ႕ ရည္းစားေဟာင္းျဖစ္သူ အေမရိကန္ နိုင္ငံသား Glen Craig ဂလင္ ခရိတ္နဲ႕ အဆက္အသြယ္ျပန္ရခဲ့ပါတယ္။ ၁၉၆၇ ခုႏွစ္မွာ သူတို႔ ႏွစ္ဦး လက္ထပ္လိုက္ၾကၿပီး ေယာင္ေနာက္ ဆံထုံးပါ ဆိုသလို သူ လည္း အေမရိကနိုင္ငံ ကယ္လီဖိုးနီးယား ျပည္နယ္ကို ေျပာင္းေ႐ႊ႕ေနထိုင္ ခဲ့ပါတယ္။

အေမရိကန္ မွာ ေနထိုင္စဥ္ ေနာ္လူဝီဇာ ဟာ ထိုင္းျမန္မာ နယ္စပ္က ကရင္ ဒုကၡသည္ေတြ အေမရိကန္နိုင္ငံကို ေျပာင္းေ႐ႊ႕ အေျခခ်နိုင္ဖို႔ အားႀကိဳးမာန္တက္ ေဆာင္႐ြက္ခဲ့ပါ တယ္။

ျပည္တြင္းစစ္ေၾကာင့္ ဒုကၡေရာက္ေနတဲ့ ကရင္လူမ်ိဳးေတြအေရးကို အားႀကိဳးမန္တက္ ကူညီေဆာင္႐ြက္ေပးခဲ့တဲ့ လူ႕အခြင့္အေရး လႈပ္ရွားသူ တဦးလည္း ျဖစ္ပါတယ္။ ကရင္လူထုအေပၚ ထားတဲ့ သူ႕ရဲ႕ ေစတနာ ကို ကရင္ လူမ်ိဳးေတြက အသိအမွတ္ျပဳခဲ့ၿပီး အခုခ်ိန္ထိ ကရင္ေတြ ေလးစားခံရတဲ့ ပုဂၢိဳလ္တဦးျဖစ္တယ္လို႔ သူ႕သမီး ရွာမိန္းခရိတ္က ေျပာပါတယ္။

ရွာမိန္းခရိတ္။ ။ လြန္ခဲ့တဲ့ ၂၂ ႏွစ္ေလာက္က က်မ ျမန္မာျပည္ ဆီ အလည္အပတ္ ေရာက္ခဲ့တုံးက ကရင္ေတြနဲ႔ ေတြ႕တဲ့ အခါမွာ ကြၽန္မ အေမဟာ အခုအထိ ကရင္ေတြ အၾကားမွာ ေက်ာ္ၾကားေနဆဲဆိုတာကို သိရေတာ့ ကြၽန္မ ရင္ထဲမွာ ေႏြးေထြးတဲ့ ခံစားမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ အဲဒီတုန္းက သူဟာ ကရင္လူမ်ိဳး ေတာ္ေတာ္မ်ားမ်ားအတြက္ ရာဇဝင္တြင္တဲ့ သူတစ္ဦး ျဖစ္ပါတယ္။ အဲ့ဒီအျပင္ သူဟာ ကရင္လူမ်ိဳးေတြ အျပင္ တျခားအဖိႏွိပ္ခံလူေတြအတြက္ လည္း ေရွ႕တန္းက လူ႕အခြင့္အေရး လႈပ္ရွားသူ တစ္ဦးျဖစ္ခဲ့ပါတယ္။ အေမရိကန္ကို ျမန္မာဒုကၡသည္ေတြ ေျပာင္းေ႐ႊ႕အေျခခ်နိဳင္ေအာင္ သူ အမ်ားႀကီး လုပ္ေပးခဲ့ပါတယ္။ ၁၉၈၈ ခုႏွစ္ ကေန ၂၀၁၀ ခုႏွစ္ သူ မကြန္လြန္ခ်ိန္အထိ သူကဒုကၡသည္ေတြကို အကူအညီေတြ ေပးခဲ့ပါတယ္။ သူဟာ လူထုေလးစားတဲ့ ကရင္ ေခါင္းေဆာင္တဦးလို႔ က်မခံစားရတယ္။

ေနာ္လူဝီဇာဟာ အေမရိကနိုင္ငံအေျခစိုက္ ျမန္မာ့အေရး လႈပ္ရွားသူအဖြဲ႕ ျဖစ္တဲ့ Burma Forum ႏွင့္ US Campaign for Burma ရဲ႕ အဖြဲ႕ဝင္တဦးလည္း ျဖစ္ပါတယ္။ သူဟာ ျမန္မာ႐ုပ္ရွင္ကား အနည္းငယ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး အဆိုေတာ္ တဦးလည္း ျဖစ္ပါတယ္။

ေနာ္လူဝီဇာ ရဲ႕ ဖခင္ဟာ ဂ်ဴးလူမ်ိဳးျဖစ္ၿပီး မိခင္ က ကရင္တိုင္းရင္းသူ တဦးျဖစ္တယ္။

သူဟာ ၂၀၁၀ ေဖေဖၚဝါရီလမွာ ဦးေႏွာက္ကင္ဆာေရာဂါနဲ႕ ကယ္လီဖိုးျပည္နယ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။

BBC Burmese မွကူးယူေဖာ္ျပပါသည္။#BurmaDemocracy

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC
# Unicode Version ျဖင့္ ဖတ္ပါ #
တခေတ် တခါက မြန်မာနိုင်ငံက အလှမယ် လည်းဖြစ် ရုပ်ရှင်မင်းသမီး အဆိုတော်လည်းဖြစ်တဲ့ နော်လူဝီဇာ ဘင်ဇင် ရဲ့ ဘ၀ ကောက်ကြောင်း ကို မကြာမီ မြန်မာ စာဖတ်ပရိသတ်တွေ ဖတ်ရှုကြရတော့မှာပါ။

နော်လူဝီဇာ ဘင်ဇင် ရဲ့ သမီး Charmaine Craig ရှာမိန်း ခရိတ် က “Miss Burma” “မယ်ဗမာ” အမည်နဲ့ မိခင် နော်လူဝီဇာ ဘင်ဇင် အကြောင်း အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေ လိုက် ပါတယ်။ အခု ဒီစာအုပ်ကို ပြည်တွင်းက ထုတ်ဝေသူတစ်ဦးက မြန်မာဘာသာ ပြန်ဆိုနေပြီး မကြာမီမှာ ပရိသတ် ရှေ့မှောက်ရောက်တော့မှာပါလို့ ရှာမိန်းခရိတ်က ပြောပါတယ်။

ဒဏ္ဍာရီပုံပြင် ဆန်လှတဲ့ နော်လူဝီဇာ ဘင်ဇင် ဘဝ ဇာတ်လမ်းကို သမီးဖြစ်သူ စာအုပ်ရေးချင်နေတာ ဆယ်ကျော်သက် အရွယ်ကတည်းကပါ လို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေ တဲ့ ရှာမိန်း ခရိတ် က ဘီဘီစီကို အခုလို ပြောပါတယ်။

ရှာမိန်း ခရိတ် ။ ။ ကျမငယ်ငယ်ကတည်းက အမေရဲ့ ကျော်ကြားမှုတွေကို ကြားဖူးနေတယ်။ သူရုပ်ရှင် မင်းသမီးဖြစ်ခဲ့တာ၊ မစ္စဘားမား မယ်ဗမာ အလှမယ် ဘွဲ့ကို နှစ်ကြိမ်ဆွတ်ခူးရရှိခဲ့တာ၊ နောက်ပိုင်းမှာ ကရင်တော်လှန်ရေး ခေါင်းဆောင်နဲ့ အိမ်ထောင်ကျခဲ့ပုံ၊ ခင်ပွန်းသည် လုပ်ကြံခံရပုံ၊ အဲ့ဒီ နောက်မှာ သူကိုယ်တိုင် ကရင် တော်လှန်ရေး ခေါင်းဆောင်တစ်ဦး အနေနဲ့ သူ့ခင်ပွန်းရဲ့ တပ်ကို ဦးဆောင်ခဲ့ပုံတွေပါ။ ကျွန်မ သိပ်ကို စိတ်ဝင်စားတာကတော့ ကျွန်မသိကျွမ်းခဲ့ရတဲ့ ကျွန်မ ရဲ့ မိခင်၊ နောက် ကျွန်မ သိချင်နေတဲ့ ဒဏ္ဍာရီ ဆန်လှတဲ့ ရာဇဝင်တွင်တဲ့ ကျွန်မ ရဲ့ မိခင်ပါ။ ဒီလို ခြားနားလှတဲ့ ဘဝကို စာရေးချင်နေ တာ ကျွန်မ အထက်တန်းကျောင်းသူ ဘဝကတည်းကပါ လို့ ရှာမိန်း ခရိတ်က ပြောပါတယ်။

၁၉၆၃ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အစိုးရနဲ့ Karen Revolutionary Council (KRC) အကြား ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး နောက် ၁၉၆၄ ခုနှစ်မှာ KRC တပ်မဟာ (၅) ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် လင်းထင် နဲ့ နော်လူဝီဇာ ဘင်ဇင်တို့ ရန်ကုန်မြို့မှာ တခမ်းတနား လက်ထပ်ခဲ့ပါတယ်။

အလွန်ချောမောလှပတဲ့ နံမည်ကျော် အလှမယ် နော်လူဝီဇာ ဘင်ဇင် ဟာ ကရင်လက်နက်ကိုင် အဖွဲ့ရဲ့ အရာရှိ ဗိုလ်မှူးချုပ် လင်းထင် နဲ့ လက်ထပ်လိုက်တဲ့ သတင်းက တစ်မြို့လုံး ဟိုးလေးတကျော် ဖြစ်သွား ပါတယ်။

ဗိုလ်မှူးချုပ် လင်းထင်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ကာကွယ်ရေး တပ်အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ အချိန်မှာ ၁၉၆၅ခုနှစ်မှာ ဗိုလ်မှူးချုပ် လင်းထင် ဟာ စစ်ထောက်လှမ်းရေးရဲ့ ပစ်ခတ် သတ်ဖြတ်တာကိုခံရပါတယ်။ ခင်ပွန်းသည် အသတ်ခံရပြီး နောက်မှာ နော်လူဝီဇာ ဘင်ဇင် ဟာ သူ့ခင်ပွန်းရဲ့ တပ်သားတွေကို စုဆောင်းပြီ ကေအန်ယူ တပ်မဟာ ၅ နယ်မြေထဲ တိမ်းရှောင်သွား ပါတယ်။ အခုလို ကရင်လက်နက်ကိုင်တော်လှန်ရေးထဲ ခြေစုံပြစ်ဝင်လိုက်တဲ့ အခါမှာ အားလုံးက အံ့အားသင့်သွားပါတယ်။

ဒါပေမယ့် ကရင်လူမျိုးတွေ အကြားမှာတော့ သူ့ကို အထူး ကြည်ညိုလေးစားကြပါတယ်။

နော်လူဝီဇာ ရန်ကုန်မြို့မှာ နေထိုင်စဉ် မယ်ဗမာ၊ ရုပ်ရှင်မင်းသမီး ဘဝမှာ ဗိုလ်ချုပ်ကြီးနေဝင်းအိမ်ကို မကြာခန ဝင်ထွက် သွားလာ ခဲ့တဲ့ အတွက် သူနဲ့ ဦးနေဝင်းကို စွပ်စွဲပြောဆို တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကေအန်ယူနယ်မြေ ထဲကို တိမ်းရှောင်လာတဲ့ နော်လူဝီဇာဟာ တောတောင်ထဲမှာ အခက်အခဲ အမျိုးမျိုးတွေနဲ့ ရင်ဆိုင် ခဲ့ရပြီး နောက်ဆုံးမှာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ အမေရိကန် နိုင်ငံသား Glen Craig ဂလင် ခရိတ်နဲ့ အဆက်အသွယ်ပြန်ရခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ သူတို့ နှစ်ဦး လက်ထပ်လိုက်ကြပြီး ယောင်နောက် ဆံထုံးပါ ဆိုသလို သူ လည်း အမေရိကနိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ကို ပြောင်းရွှေ့နေထိုင် ခဲ့ပါတယ်။

အမေရိကန် မှာ နေထိုင်စဉ် နော်လူဝီဇာ ဟာ ထိုင်းမြန်မာ နယ်စပ်က ကရင် ဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ အခြေချနိုင်ဖို့ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါ တယ်။

ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေတဲ့ ကရင်လူမျိုးတွေအရေးကို အားကြိုးမန်တက် ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးလည်း ဖြစ်ပါတယ်။ ကရင်လူထုအပေါ် ထားတဲ့ သူ့ရဲ့ စေတနာ ကို ကရင် လူမျိုးတွေက အသိအမှတ်ပြုခဲ့ပြီး အခုချိန်ထိ ကရင်တွေ လေးစားခံရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့ သူ့သမီး ရှာမိန်းခရိတ်က ပြောပါတယ်။

ရှာမိန်းခရိတ်။ ။ လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က ကျမ မြန်မာပြည် ဆီ အလည်အပတ် ရောက်ခဲ့တုံးက ကရင်တွေနဲ့ တွေ့တဲ့ အခါမှာ ကျွန်မ အမေဟာ အခုအထိ ကရင်တွေ အကြားမှာ ကျော်ကြားနေဆဲဆိုတာကို သိရတော့ ကျွန်မ ရင်ထဲမှာ နွေးထွေးတဲ့ ခံစားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ကရင်လူမျိုး တော်တော်များများအတွက် ရာဇဝင်တွင်တဲ့ သူတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီအပြင် သူဟာ ကရင်လူမျိုးတွေ အပြင် တခြားအဖိနှိပ်ခံလူတွေအတွက် လည်း ရှေ့တန်းက လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့ပါတယ်။ အမေရိကန်ကို မြန်မာဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချနိုင်အောင် သူ အများကြီး လုပ်ပေးခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ကနေ ၂၀၁၀ ခုနှစ် သူ မကွန်လွန်ချိန်အထိ သူကဒုက္ခသည်တွေကို အကူအညီတွေ ပေးခဲ့ပါတယ်။ သူဟာ လူထုလေးစားတဲ့ ကရင် ခေါင်းဆောင်တဦးလို့ ကျမခံစားရတယ်။

နော်လူဝီဇာဟာ အမေရိကနိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူအဖွဲ့ ဖြစ်တဲ့ Burma Forum နှင့် US Campaign for Burma ရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာရုပ်ရှင်ကား အနည်းငယ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဆိုတော် တဦးလည်း ဖြစ်ပါတယ်။

နော်လူဝီဇာ ရဲ့ ဖခင်ဟာ ဂျူးလူမျိုးဖြစ်ပြီး မိခင် က ကရင်တိုင်းရင်းသူ တဦးဖြစ်တယ်။

သူဟာ ၂၀၁၀ ဖေဖေါ်ဝါရီလမှာ ဦးနှောက်ကင်ဆာရောဂါနဲ့ ကယ်လီဖိုးပြည်နယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

BBC Burmese မှကူးယူဖော်ပြပါသည်။#BurmaDemocracy

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top