×

အမ်ိဳးသမီးဘ၀မွ အမ်ိဳးသားအျဖစ္ လိင္အဂၤါေျပာင္းလဲထားသူတဦးဟာ သူ႔ရဲ႕ အတူေန အေဖာ္တဦးနဲ႔ ရရွိတဲ့ ကိုယ္၀န္ကို လြယ္ထားရၿပီလို႔ ထုတ္ေဖာ္ေျပာလိုက္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ ဒိုင္ယန္႐ုိဒရီဂတ္ဇ္ အမည္ရတဲ့ အမ်ိဳးသားဟာ လိင္အဂၤါေျပာင္းလဲၿပီး အမ်ိဳးသမီးတဦးလို ေနထိုင္ခဲ့ကာ အသက္ ၂၂ ႏွစ္အရြယ္ သူ႔အေဖာ္ ဖာနန္ဒိုမာရွာဒိုကေတာ့ အမ်ိဳးသမီးဘ၀မွ အမ်ိဳးသားလိင္အဂၤါ ေျပာင္းလဲၿပီး အမ်ိဳးသားတဦးလို ေနထိုင္တဲ့သူပါ။

သူတို႔ ၂ ဦးဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းက အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚကတဆင့္ ေတြ႔ဆံုခ်စ္ကၽြမ္း၀င္ခဲ့ၾကတာျဖစ္ၿပီး အီေကြေဒါႏိုင္ငံမွာ ေနထိုင္ခဲ့ၾကတယ္လို႔ ၿဗိတိန္အေျခစိုက္ ေဒးလီးေမရာသတင္းမွာ ဒီဇင္ဘာ ၂၁ ရက္ေန႔က ေဖာ္ျပပါတယ္။

ဖာနန္ဒိုမာရွာဒိုကေတာ့ ဗင္နီဇြဲလားႏိုင္ငံကျဖစ္ၿပီး ခုခ်ိန္မွာ ကိုယ္၀န္ ၃ လ လြယ္ထားရၿပီလို႔ ဆိုပါတယ္။

ဒိုင္ယန္က “ဒါဟာ က်မတို႔ ၂ ေယာက္လံုး ျဖစ္ခ်င္ခဲ့တာပါ။ ဒါကို က်မတို႔ ဇီ၀ျဖစ္စဥ္အရ၊ တရား၀င္ တားဆီးသြားမွာ မဟုတ္ပါဘူး” လို႔ ေျပာပါတယ္။

သူတို႔ ၂ ဦးဟာ ကိုယ္၀န္ရွိေနၿပီျဖစ္တဲ့သတင္းကို ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွတဆင့္ အသိေပးခဲ့ၾကၿပီး အီေကြေဒါႏိုင္ငံရဲ႕ ပထမဆံုးေသာ ရင္ေသြးရရွိတဲ့ လိင္ေျပာင္းစံုတြဲ ျဖစ္လာေတာ့မွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

“က်မတို႔ အမ်ိဳးသမီးနဲ႔ အမ်ိဳးသားအျဖစ္ ေနထိုင္ၾကတယ္။ က်မက အမ်ိဳးသမီးအျဖစ္ ခံယူေနထိုင္တယ္။ ဖာနန္ဒိုက အမ်ိဳးသားအျဖစ္ ခံယူေနထိုင္တယ္။ ဒီျဖစ္စဥ္ဟာ က်မတို႔အတြက္ ႐ႈပ္ေထြးပါတယ္။ က်မတို႔မိသားစုရဲ႕ အဖြဲ႔၀င္သစ္ကို လက္ခံဖို႔ ဆံုးျဖတ္တာဟာ က်မတို႔အခြင့္အေရးပါ” လို႔ ဒိုင္ယန္က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: xyznews
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးဘဝမှ အမျိုးသားအဖြစ် လိင်အင်္ဂါပြောင်းလဲထားသူတဦးဟာ သူ့ရဲ့ အတူနေ အဖော်တဦးနဲ့ ရရှိတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီလို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဒိုင်ယန်ရိုဒရီဂတ်ဇ် အမည်ရတဲ့ အမျိုးသားဟာ လိင်အင်္ဂါပြောင်းလဲပြီး အမျိုးသမီးတဦးလို နေထိုင်ခဲ့ကာ အသက် ၂၂ နှစ်အရွယ် သူ့အဖော် ဖာနန်ဒိုမာရှာဒိုကတော့ အမျိုးသမီးဘဝမှ အမျိုးသားလိင်အင်္ဂါ ပြောင်းလဲပြီး အမျိုးသားတဦးလို နေထိုင်တဲ့သူပါ။

သူတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပြီး အီကွေဒေါနိုင်ငံမှာ နေထိုင်ခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးမေရာသတင်းမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။

ဖာနန်ဒိုမာရှာဒိုကတော့ ဗင်နီဇွဲလားနိုင်ငံကဖြစ်ပြီး ခုချိန်မှာ ကိုယ်ဝန် ၃ လ လွယ်ထားရပြီလို့ ဆိုပါတယ်။

ဒိုင်ယန်က “ဒါဟာ ကျမတို့ ၂ ယောက်လုံး ဖြစ်ချင်ခဲ့တာပါ။ ဒါကို ကျမတို့ ဇီဝဖြစ်စဉ်အရ၊ တရားဝင် တားဆီးသွားမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

သူတို့ ၂ ဦးဟာ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အသိပေးခဲ့ကြပြီး အီကွေဒေါနိုင်ငံရဲ့ ပထမဆုံးသော ရင်သွေးရရှိတဲ့ လိင်ပြောင်းစုံတွဲ ဖြစ်လာတော့မှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

“ကျမတို့ အမျိုးသမီးနဲ့ အမျိုးသားအဖြစ် နေထိုင်ကြတယ်။ ကျမက အမျိုးသမီးအဖြစ် ခံယူနေထိုင်တယ်။ ဖာနန်ဒိုက အမျိုးသားအဖြစ် ခံယူနေထိုင်တယ်။ ဒီဖြစ်စဉ်ဟာ ကျမတို့အတွက် ရှုပ်ထွေးပါတယ်။ ကျမတို့မိသားစုရဲ့ အဖွဲ့ဝင်သစ်ကို လက်ခံဖို့ ဆုံးဖြတ်တာဟာ ကျမတို့အခွင့်အရေးပါ” လို့ ဒိုင်ယန်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top