မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ညေနအလုပ္ကအျပန္အိမ္ကုိေရာက္တာနဲ႔ အေမနဲ႔ဇနီးသည္ေျပာေနတဲ႔စကားေတြကုိၾကားေနရတယ္…

” သမီးရယ္ အေမေရာဂါနဲ႔ ဒီးဟင္းေတြနဲ႔ စားလုိ႔မွမရတာ တျခားဟင္းမရွိေတာ့ဘူးလား”

“ဒီမွာ ေတာ္သားရတဲ႔လစာနဲ႔ ဒီဟင္းနဲ႔ပဲစားရတာကံေကာင္းတယ္မွတ္”

မိန္းမျဖစ္သူရဲ႕စကားကုိၾကားလုိက္ရတဲ႔ကြ်န္ေတာ္ ေဒါသေတြျဖစ္မိတယ္

ျပီးေတာ့မိန္းမျဖစ္သူကုိေျပာလုိက္တယ္……

“မင္းကလဲကြာ အေမမွာဒီဟင္းေတြနဲ႔မတည့္ပါဘူး မစားနဲ႔လုိ႔ ေဒါက္တာကမွာထားတယ္ေလ ဒီေလာက္ေတာ့မင္းနားလည္ရမွာေပါ့”

“ဒီေလာက္စားခ်င္ေနရင္ ရွင့္အေမကုိရွင္ကုိယ္တုိင္ခ်က္ေကြ်းလုိက္……”

မိန္းမျဖစ္သူကမေက်မနပ္နဲ႔အခန္းထဲဝင္ျပီးတံခါးကုိေဆာင့္ပိတ္လိုက္တယ္ ဝုန္း…

ကြ်န္ေတာ္အေမဘက္ကုိလွည့္ျပီးအေမကုိၾကည့္လုိက္ေတာ့အေမရဲ႕မ်က္ဝန္းအိမ္မွာမ်က္ရည္စေတြတြဲခုိေနတာေတြ႔လုိက္ရတယ္……

“အေမ မငုိပါနဲ႔ေနာ္ အေမဒီးဟင္းေတြလဲမစားနဲ႔ အေမတြက္ သားေခါက္ဆြဲ တစ္ပဲြလုပ္ေပးမယ္ေနာ္”

“မလုပ္ပါနဲ႔သားရယ္ အေမစားနုိင္ပါတယ္ သားလဲအလုပ္ကျပန္လာတာ ပင္ပန္းေနမွာေပါ့ နားလုိက္ေတာ့ေနာ္……”

“ရပါတယ္ ေမေမရယ္ သားမပင္ပန္းပါဘူး ေမေမကုိအခုေခါက္ဆြဲတစ္ပြဲ ျပင္ေပးမယ္ေနာ္ ျပီးရင္သားေျပာစရာရွိတယ္ေမေမ သားေခါက္ဆြဲျပင္လုိက္မယ္ေနာ္”

“ေနပါအုံးသားရယ္ ေျပာစရာရွိတာအရင္ေျပာပါ”

“ဒီလုိပါ အိမ္မွာေနရတာကလဲအေမမွာအဆင္မေျပဘူးေလ ျပီးေတာ့သားမိန္းမကလဲအေမကုိဆုိအျမဲတမ္းအျပစ္ေျပာေနတာ အေမလဲစိတ္ဆင္းရဲရတယ္ ဒီေတာ့အေမအဆင္ေျပေအာင္သားစီစဥ္ထားတယ္”

“မေျပာပါနဲ႔ေတာ့သားရယ္”

အေမ့မွာေျပာရင္းမ်က္ရည္ေတြက်လာခဲ႔တယ္ ငုိေနတဲ႔ၾကားကေနမပီသတဲ႔ စကားေလးေတြနဲ႔အေမဆက္ေျပာတယ္……

“သားေျပာမွာကုိအေမသိပါတယ္ သားေမေမကုိဘုိးဘြားရိပ္သာမွာ ထားခ်င္တာမလား ေမေမသေဘာေပါက္ပါတယ္ ဒါေပမဲ႔သားးးးးရယ္

အေမ့သားေလးကုိအေမ့ကအခုခ်ိန္ထိမ်က္စိေအာက္ကအေပ်ာက္ခံခဲ႔တာ မဟုတ္ဘူးအေမ႔မွာ မ်က္စိေတြမျမင္နုိင္ရင္ေတာင္မွအေမသားေလးရဲ႕အသံေလးကုိေတာ့ၾကားခ်င္မိတာေပါ့ ဒါေပမဲ႔ သားအဆင္ေျပမယ္ဆုိေတာ့လဲ သားထားတဲ႔ေနရာေလးမွာအေမသြားေနရမွာေပါ့ သားရယ္”

ေမေမရဲ႕စကားသံေတြကုိနားေထာင္ရင္း ကြ်န္ေတာ္မ်က္ရည္က်ခဲ႔မိတယ္

ဒါေပမဲ႔ကြ်န္ေတာ္ဘာတက္နုိင္ေတာ့မွာလဲ မိန္းမျဖစ္သူကလဲ အေမကုိပဲအျမဲတမ္း ျပႆနာရွာေနတာ ဟူးးးးးးး

မထူးေတာ့ပါဘူးေလ အေမ့ကုိဘုိးဘြားရိပ္သာမွာပဲ လုိက္ပုိ႔ေတာ့မယ္……

“မငုိပါနဲ႔ေတာ့အေမရယ္ အေမအဆင္ေျပေအာင္သားအေကာင္းဆုံးလုပ္ေပးမယ္ေနာ္ အေမကုိညေနၾကရင္ သားလုိက္ပုိ႔မယ္ေနာ္ အေမပစၥည္းေတြ စုံေအာင္ထည့္ထားလုိက္ေပါ့ အခုသား ေခါက္ဆဲြျပင္လုိက္အုံမယ္ေနာ္”

“မလုပ္ပါနဲ႔ေတာ့သားရယ္ အေမမစားခ်င္ေတာ့ပါဘူး သားလဲသြားနားေတာ့ေလ အေမလဲရွိတဲ႔အဝတ္စားေလးေတြထည့္ထားလုိက္မယ္…”

အေမနားကေနကြ်န္ေတာ္ထြက္လာျပီးအခန္းေပါက္ဝေရာက္လုိ႔အေမကုိလွည့္ ၾကည့္လုိက္ေတာ့ စိတ္မေကာင္းစြာနဲ႔အေမကြ်န္ေတာ္ကုိႀကည့္ေနတာကုိ ေတြ႔လုိက္ရတယ္

ခြင့္လႊတ္ပါေမေမရယ္လုိ႔ စိတ္ထဲေနေတာင္းပန္မိတယ္

ညေနလဲေရာက္ေရာ ကြ်န္ေတာ္အခန္းထဲကထြက္လာေတာ့ အေမမွာ အဝတ္ေဟာင္းေလးနွစ္စုံေလာက္ကုိ ရင္ခြင္မွာပုိက္ျပီး ေစာင့္ေနတာကုိ ေတြ႔လုိက္ရတယ္…

“အေမအဆင္သင့္ျဖစ္ျပီလား အကုန္ထည့္ျပီးျပီးလားဟင္”

“ထည့္ျပီးပါျပီသားရယ္ အေမမွာ ဘာမွထူးထူးေထြေထြမရွိတာ”

“အဲဒါဆုိသြားရေအာင္ေနာ္”

အေမ႔ကုိေခၚျပီးဘုိးဘြားရိပ္သာကုိလုိက္ပုိ႔ဖုိ႔ထြက္ခဲ႔တယ္ လမ္းတစ္ေလ်ွာက္မွာလဲ စကားတစ္ခြန္းမွမေျပာခဲ႔ၾကဘူး အေမ့မွာေတာ့ကြ်န္ေတာ္စိတ္ခ်မ္းသာေအာင္လုိ႔ ရင္ထဲမွာဘယ္ေလာက္ပဲစိတ္ဒုကၡေတြမ်ားေနပါေစ အေမမ်က္နွာမွာအျပဳံး မပ်က္ခဲ႔ဘူး အေမဝမ္းနည္းေနမယ္ဆုိတာသားသိပါတယ္အေမရယ္……

အေမျဖစ္သူမွာလဲသားစိတ္ခ်မ္းသာဖုိ႔တာလုိက္ေလ်ွာခဲ႔ရတာ ရင္ထဲမွာေတာ့ ေျကကြဲေနမိတာေပါ့ သားရယ္

လူေတြေျပာေျပာေနတဲ႔ဘုိးဘြားရိပ္သာဆုိတာ အေမတုိ႔လုိလူေတြအတြက္ေတာ့ဒုကၡသယ္စခန္းတစ္ခုေပါ့

ဘယ္မိဘမွ ကုိခ်စ္တဲ႔သားသမီးခြဲခါြခ်င္တာမဟုတ္ပါဘူး ကုိယ္ေမြးထားတာသားသမီး ရွိရဲ႕သားနဲ႔ ဘုိးဘြားရိပ္သာမွာလာေနရတဲ႔ အေမတုိ႔လုိလူေတြကုိ အေမသနားမိတယ္သားရယ္

ငါ့သားငယ္ငယ္ေလးတုန္းက အေမတုိ႕ကမ်ား သားကုိမိဖမဲ႔ေက်ာင္းမွာပုိ႔ခဲ႔ရင္ငါသားေလးႀကီးလာရင္အေမတုိ႔ကုိစိတ္ဆုိးမွာပဲေနာ္

မိဘရွိရဲ႕သားနဲ႔သားအရင္းတစ္ေယာက္လုံးကုိမိဘမဲ႔ေက်ာင္းမွာပစ္ထား ရလားလုိ႔ သားေလးေတြျပီးစိတ္နာေနမွာေပါ့ အခုလဲအေမတုိ႔အျဖစ္ကအဲလုိပါပဲ

ကုိယ့္အသက္နဲ႔ရင္းျပီးေမြးခဲ႔ရတဲ႔သားသမီးေတြရွိေပမဲ႔လည္း ဘုိးဘြားရိပ္သာ ဆုိတဲ႔ေနရာကုိအေမ့သားေလးကလုိက္ပုိ႔ခဲ႔တယ္ေနာ္ အေမစိတ္မဆုိးပါဘူး သားရယ္ အေမ့သားေလးစိတ္ခ်မ္းသာရင္အေမေက်နပ္ပါျပီသားရယ္…

အေတြးကုိယ္စီနဲ႔ပဲဘုိးဘြားရိပ္သာထဲသု႔ိ ဝင္လာခဲ႔တယ္

အေမေနရမဲ႔အခန္းကုိလုိက္အပုိ႔ဧည့္ခန္းကုိျဖတ္အေလ်ွာက္ ၾကည့္လုိက္ေတာ့

tvၾကည့္ေနတဲ႔သူေတြရယ္ အားငယ္စြာနဲ႔ၾကည့္ေနတဲ႔မ်က္လုံးေတြရယ္

တစ္ေယာက္မွရည္ေမာေပ်ာ္ရႊင္တာကုိမေတြ႔ရဘူး အေမေနမဲ႔အခန္းေလးထဲမွာ ေနရာတက်စီစဥ္ေပးျပီး ကြ်န္ေတာ္ျပန္ဖုိ႔အတြက္အေမ့ကုိနူတ္ဆက္လုိက္တယ္

“အေမ သားသြားေတာ့မယ္ေနာ္ အေမဘာပဲလုိလုိ သားဆီကုိအေျကာင္းၾကားေနာ္သားလဲမၾကာခဏလာပါ့မယ္”

“သားလမ္းမွာကားကုိဂရုစုိက္ေမာင္းေနာ္”

အေမကုိေခါင္းေလးျငိမ့္ျပျပီးကြ်န္ေတာ္ထြက္လာခဲ႔တယ္ အိမ္ကုိျပန္ေရာက္ေတာ့ မိန္းမျဖစ္သူနဲ႔သူ႕အေမနဲ႔က ကြ်န္ေတာ္အေမေနတဲ႔အခန္းေလးကုိ အကုန္ရွင္းေနတယ္အေမပစၥည္းမွန္သမ်ွ အမႈိက္ပုံးထဲထည့္ေနတယ္

ကြ်န္ေတာ္ေဒါသႀကီးစြာနဲ႔ ေအာ္ေမးလုိက္တယ္

“ဒါကဘာျဖစ္တာလဲ ဘာလုပ္တာလဲလုိ႔ငါေမးေနတယ္ေလ”

“ရွင္ျမင္တဲ႔အတုိင္းပဲေလ ရွင့္အေမအခန္းကုိရွင္းျပီး က်မအေမေခၚထားမုိ႔ အေဖာ္ရေအာင္လုိ႔”

“ေအာ္ မင္းကငါ့အေမၾကေတာ့အိမ္မွာမထားခ်င္ဘူးမင္းအေမၾကေတာ့ အေဖာ္ရေအာင္လုိ႔ဟုတိလား ေတာက္…မင္းကြာ ဒီမွာငါ့အေမပစၥည္းကုိ မင္းလက္ဖ်ားနဲ႔ေတာင္မတုိ႔နဲ႔ေတာ့ အခုေနတာမင္းအိမ္မဟုတ္ဘူး ငါ့အေမအိမ္ မင္းမေက်နပ္ရင္ဆင္းသြားးးးးးဆင္းသြားးးးး”

အေမခန္းထဲကုိဝင္ျပီးၾကည့္ေတာ့အခန္းေထာင့္တစ္ေနရာေလးမွာ ညဆုိရင္ အေမလိမ္းေနၾကေဆးဗူးေလးကုိေတြ႔ရတယ္

အေမကဒီေဆးမလိမ္းရင္ ညညဆုိအိပ္မရဘူး အေမအိပ္မေပ်ာ္ပဲေနမွာလိမ့္မယ္ ငါအေမဆီကုိသြားပုိ႔ ရမယ္အခုပဲသြားမယ္ ကြ်န္ေတာ္အေမဆီကုိအေျပးေရာက္ခဲ႔တယ္

ကြ်န္ေတာ္ေရာက္သြားေတာ့အေမမွာမအိပ္ေသးပဲခုံတစ္လုံးမွာထုိင္ျပီး ထမင္းစားအေရးကုိထမင္းရွင္ေတြကုိဆုေတာင္းေပးေနတာကုိေတြ႔လုိက္ရတယ္

အေမကြ်န္ေတာ္ကုိျမင္ေတာ့ မ်က္ရည္ေတြကုိအျမန္သုတ္လုိက္တယ္ ျပီးေတာ့ကြ်န္ေတာ္ကုိေမးတယ္……

“ဘာလာလုပ္တာလဲသားရယ္”

ကြ်န္ေတာ္လဲေဆးဗူးေလးကုိအေမ့လက္ထဲထည့္လုိက္တယ္

“သားရယ္ေဆးဗူးေမ့ေနတာမ်ားပင္ပန္းခံျပီးလာေပးေနရလားသားရယ္ မနက္မွလာေပးလဲရတာပါပဲ ညဘက္ကားေမာင္းတာေကာင္းတာမဟုတ္ဘူး အေမ့သားေလးတစ္ခုခုျဖစ္မွာစုိးရိမ္မိတယ္သားရယ္””

“သားေဆးဘူးလာပုိ႔တာမဟုတ္ဘူးေမေမ ေမေမကုိသားလာေခၚတာ သားမွားခဲ႔တာေတြကုိသားေတာင္းပန္ပါတယ္ ေမေမရယ္ ”

“သားရယ္ေမေမကသားကုိဘယ္ေတာ့မွအျပစ္မတင္ခဲ႔ပါဘူး သားကုိခ်စ္လြန္းလုိ႔ေမေမအသက္နဲ႔ရင္းျပီးေတာ့ေတာင္မွလူေလာကထဲကုိ ေခၚလာခဲ႔ျပီပဲ တျခားအေၾကာင္းအရာေတြေျပာစရာလုိေသးလုိ႔လားသားရယ္”

“ေမေမသားတုိ႔အိမ္ျပန္ၾကရေအာင္ေနာ္………”

အေမ့မွာကြ်န္ေတာ္ပါးျပင္ေပၚကမ်က္ရည္ေတြကုိသုပ္ေပးရင္း ကြ်န္ေတာ္တုိ႔သားအမိနွစ္ေယာက္အိမ္ကုိျပန္ခဲ႔ၾကေတာ့တယ္………

********************************************
မိဘဆုိတာက သားသမီးဘယ္ေလာက္မ်ားမ်ား

ခါးလဲလွေအာင္ ဝမ္းလဲဝေအာင္ လုပ္ေကြ်းနုိင္ခဲ႔တယ္…………

သားသမီးေတြအမ်ားႀကီးရွိေပမဲ႔ မိဘနွစ္ပါးကုိၾက ခါးမလွခ်င္ေနပါေစ

ဝမ္းဝေအာင္ေတာ့လုပ္ေကြ်းနုိင္ပါေစ……………

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Response Motor
# Unicode Version ျဖင့္ ဖတ္ပါ #
ညနေအလုပ်ကအပြန်အိမ်ကိုရောက်တာနဲ့ အမေနဲ့ဇနီးသည်ပြောနေတဲ့စကားတွေကိုကြားနေရတယ်…

” သမီးရယ် အမေရောဂါနဲ့ ဒီးဟင်းတွေနဲ့ စားလို့မှမရတာ တခြားဟင်းမရှိတော့ဘူးလား”

“ဒီမှာ တော်သားရတဲ့လစာနဲ့ ဒီဟင်းနဲ့ပဲစားရတာကံကောင်းတယ်မှတ်”

မိန်းမဖြစ်သူရဲ့စကားကိုကြားလိုက်ရတဲ့ကျွန်တော် ဒေါသတွေဖြစ်မိတယ်

ပြီးတော့မိန်းမဖြစ်သူကိုပြောလိုက်တယ်……

“မင်းကလဲကွာ အမေမှာဒီဟင်းတွေနဲ့မတည့်ပါဘူး မစားနဲ့လို့ ဒေါက်တာကမှာထားတယ်လေ ဒီလောက်တော့မင်းနားလည်ရမှာပေါ့”

“ဒီလောက်စားချင်နေရင် ရှင့်အမေကိုရှင်ကိုယ်တိုင်ချက်ကျွေးလိုက်……”

မိန်းမဖြစ်သူကမကျေမနပ်နဲ့အခန်းထဲဝင်ပြီးတံခါးကိုဆောင့်ပိတ်လိုက်တယ် ဝုန်း…

ကျွန်တော်အမေဘက်ကိုလှည့်ပြီးအမေကိုကြည့်လိုက်တော့အမေရဲ့မျက်ဝန်းအိမ်မှာမျက်ရည်စတွေတွဲခိုနေတာတွေ့လိုက်ရတယ်……

“အမေ မငိုပါနဲ့နော် အမေဒီးဟင်းတွေလဲမစားနဲ့ အမေတွက် သားခေါက်ဆွဲ တစ်ပွဲလုပ်ပေးမယ်နော်”

“မလုပ်ပါနဲ့သားရယ် အမေစားနိုင်ပါတယ် သားလဲအလုပ်ကပြန်လာတာ ပင်ပန်းနေမှာပေါ့ နားလိုက်တော့နော်……”

“ရပါတယ် မေမေရယ် သားမပင်ပန်းပါဘူး မေမေကိုအခုခေါက်ဆွဲတစ်ပွဲ ပြင်ပေးမယ်နော် ပြီးရင်သားပြောစရာရှိတယ်မေမေ သားခေါက်ဆွဲပြင်လိုက်မယ်နော်”

“နေပါအုံးသားရယ် ပြောစရာရှိတာအရင်ပြောပါ”

“ဒီလိုပါ အိမ်မှာနေရတာကလဲအမေမှာအဆင်မပြေဘူးလေ ပြီးတော့သားမိန်းမကလဲအမေကိုဆိုအမြဲတမ်းအပြစ်ပြောနေတာ အမေလဲစိတ်ဆင်းရဲရတယ် ဒီတော့အမေအဆင်ပြေအောင်သားစီစဉ်ထားတယ်”

“မပြောပါနဲ့တော့သားရယ်”

အမေ့မှာပြောရင်းမျက်ရည်တွေကျလာခဲ့တယ် ငိုနေတဲ့ကြားကနေမပီသတဲ့ စကားလေးတွေနဲ့အမေဆက်ပြောတယ်……

“သားပြောမှာကိုအမေသိပါတယ် သားမေမေကိုဘိုးဘွားရိပ်သာမှာ ထားချင်တာမလား မေမေသဘောပေါက်ပါတယ် ဒါပေမဲ့သားးးးးရယ်

အမေ့သားလေးကိုအမေ့ကအခုချိန်ထိမျက်စိအောက်ကအပျောက်ခံခဲ့တာ မဟုတ်ဘူးအမေ့မှာ မျက်စိတွေမမြင်နိုင်ရင်တောင်မှအမေသားလေးရဲ့အသံလေးကိုတော့ကြားချင်မိတာပေါ့ ဒါပေမဲ့ သားအဆင်ပြေမယ်ဆိုတော့လဲ သားထားတဲ့နေရာလေးမှာအမေသွားနေရမှာပေါ့ သားရယ်”

မေမေရဲ့စကားသံတွေကိုနားထောင်ရင်း ကျွန်တော်မျက်ရည်ကျခဲ့မိတယ်

ဒါပေမဲ့ကျွန်တော်ဘာတက်နိုင်တော့မှာလဲ မိန်းမဖြစ်သူကလဲ အမေကိုပဲအမြဲတမ်း ပြဿနာရှာနေတာ ဟူးးးးးးး

မထူးတော့ပါဘူးလေ အမေ့ကိုဘိုးဘွားရိပ်သာမှာပဲ လိုက်ပို့တော့မယ်……

“မငိုပါနဲ့တော့အမေရယ် အမေအဆင်ပြေအောင်သားအကောင်းဆုံးလုပ်ပေးမယ်နော် အမေကိုညနေကြရင် သားလိုက်ပို့မယ်နော် အမေပစ္စည်းတွေ စုံအောင်ထည့်ထားလိုက်ပေါ့ အခုသား ခေါက်ဆွဲပြင်လိုက်အုံမယ်နော်”

“မလုပ်ပါနဲ့တော့သားရယ် အမေမစားချင်တော့ပါဘူး သားလဲသွားနားတော့လေ အမေလဲရှိတဲ့အဝတ်စားလေးတွေထည့်ထားလိုက်မယ်…”

အမေနားကနေကျွန်တော်ထွက်လာပြီးအခန်းပေါက်ဝရောက်လို့အမေကိုလှည့် ကြည့်လိုက်တော့ စိတ်မကောင်းစွာနဲ့အမေကျွန်တော်ကိုကြည့်နေတာကို တွေ့လိုက်ရတယ်

ခွင့်လွှတ်ပါမေမေရယ်လို့ စိတ်ထဲနေတောင်းပန်မိတယ်

ညနေလဲရောက်ရော ကျွန်တော်အခန်းထဲကထွက်လာတော့ အမေမှာ အဝတ်ဟောင်းလေးနှစ်စုံလောက်ကို ရင်ခွင်မှာပိုက်ပြီး စောင့်နေတာကို တွေ့လိုက်ရတယ်…

“အမေအဆင်သင့်ဖြစ်ပြီလား အကုန်ထည့်ပြီးပြီးလားဟင်”

“ထည့်ပြီးပါပြီသားရယ် အမေမှာ ဘာမှထူးထူးထွေထွေမရှိတာ”

“အဲဒါဆိုသွားရအောင်နော်”

အမေ့ကိုခေါ်ပြီးဘိုးဘွားရိပ်သာကိုလိုက်ပို့ဖို့ထွက်ခဲ့တယ် လမ်းတစ်လျှောက်မှာလဲ စကားတစ်ခွန်းမှမပြောခဲ့ကြဘူး အမေ့မှာတော့ကျွန်တော်စိတ်ချမ်းသာအောင်လို့ ရင်ထဲမှာဘယ်လောက်ပဲစိတ်ဒုက္ခတွေများနေပါစေ အမေမျက်နှာမှာအပြုံး မပျက်ခဲ့ဘူး အမေဝမ်းနည်းနေမယ်ဆိုတာသားသိပါတယ်အမေရယ်……

အမေဖြစ်သူမှာလဲသားစိတ်ချမ်းသာဖို့တာလိုက်လျှောခဲ့ရတာ ရင်ထဲမှာတော့ ကြေကွဲနေမိတာပေါ့ သားရယ်

လူတွေပြောပြောနေတဲ့ဘိုးဘွားရိပ်သာဆိုတာ အမေတို့လိုလူတွေအတွက်တော့ဒုက္ခသယ်စခန်းတစ်ခုပေါ့

ဘယ်မိဘမှ ကိုချစ်တဲ့သားသမီးခွဲခါွချင်တာမဟုတ်ပါဘူး ကိုယ်မွေးထားတာသားသမီး ရှိရဲ့သားနဲ့ ဘိုးဘွားရိပ်သာမှာလာနေရတဲ့ အမေတို့လိုလူတွေကို အမေသနားမိတယ်သားရယ်

ငါ့သားငယ်ငယ်လေးတုန်းက အမေတို့ကများ သားကိုမိဖမဲ့ကျောင်းမှာပို့ခဲ့ရင်ငါသားလေးကြီးလာရင်အမေတို့ကိုစိတ်ဆိုးမှာပဲနော်

မိဘရှိရဲ့သားနဲ့သားအရင်းတစ်ယောက်လုံးကိုမိဘမဲ့ကျောင်းမှာပစ်ထား ရလားလို့ သားလေးတွေပြီးစိတ်နာနေမှာပေါ့ အခုလဲအမေတို့အဖြစ်ကအဲလိုပါပဲ

ကိုယ့်အသက်နဲ့ရင်းပြီးမွေးခဲ့ရတဲ့သားသမီးတွေရှိပေမဲ့လည်း ဘိုးဘွားရိပ်သာ ဆိုတဲ့နေရာကိုအမေ့သားလေးကလိုက်ပို့ခဲ့တယ်နော် အမေစိတ်မဆိုးပါဘူး သားရယ် အမေ့သားလေးစိတ်ချမ်းသာရင်အမေကျေနပ်ပါပြီသားရယ်…

အတွေးကိုယ်စီနဲ့ပဲဘိုးဘွားရိပ်သာထဲသု့ိ ဝင်လာခဲ့တယ်

အမေနေရမဲ့အခန်းကိုလိုက်အပို့ဧည့်ခန်းကိုဖြတ်အလျှောက် ကြည့်လိုက်တော့

tvကြည့်နေတဲ့သူတွေရယ် အားငယ်စွာနဲ့ကြည့်နေတဲ့မျက်လုံးတွေရယ်

တစ်ယောက်မှရည်မောပျော်ရွှင်တာကိုမတွေ့ရဘူး အမေနေမဲ့အခန်းလေးထဲမှာ နေရာတကျစီစဉ်ပေးပြီး ကျွန်တော်ပြန်ဖို့အတွက်အမေ့ကိုနူတ်ဆက်လိုက်တယ်

“အမေ သားသွားတော့မယ်နော် အမေဘာပဲလိုလို သားဆီကိုအကြောင်းကြားနော်သားလဲမကြာခဏလာပါ့မယ်”

“သားလမ်းမှာကားကိုဂရုစိုက်မောင်းနော်”

အမေကိုခေါင်းလေးငြိမ့်ပြပြီးကျွန်တော်ထွက်လာခဲ့တယ် အိမ်ကိုပြန်ရောက်တော့ မိန်းမဖြစ်သူနဲ့သူ့အမေနဲ့က ကျွန်တော်အမေနေတဲ့အခန်းလေးကို အကုန်ရှင်းနေတယ်အမေပစ္စည်းမှန်သမျှ အမှိုက်ပုံးထဲထည့်နေတယ်

ကျွန်တော်ဒေါသကြီးစွာနဲ့ အော်မေးလိုက်တယ်

“ဒါကဘာဖြစ်တာလဲ ဘာလုပ်တာလဲလို့ငါမေးနေတယ်လေ”

“ရှင်မြင်တဲ့အတိုင်းပဲလေ ရှင့်အမေအခန်းကိုရှင်းပြီး ကျမအမေခေါ်ထားမို့ အဖော်ရအောင်လို့”

“အော် မင်းကငါ့အမေကြတော့အိမ်မှာမထားချင်ဘူးမင်းအမေကြတော့ အဖော်ရအောင်လို့ဟုတိလား တောက်…မင်းကွာ ဒီမှာငါ့အမေပစ္စည်းကို မင်းလက်ဖျားနဲ့တောင်မတို့နဲ့တော့ အခုနေတာမင်းအိမ်မဟုတ်ဘူး ငါ့အမေအိမ် မင်းမကျေနပ်ရင်ဆင်းသွားးးးးးဆင်းသွားးးးး”

အမေခန်းထဲကိုဝင်ပြီးကြည့်တော့အခန်းထောင့်တစ်နေရာလေးမှာ ညဆိုရင် အမေလိမ်းနေကြဆေးဗူးလေးကိုတွေ့ရတယ်

အမေကဒီဆေးမလိမ်းရင် ညညဆိုအိပ်မရဘူး အမေအိပ်မပျော်ပဲနေမှာလိမ့်မယ် ငါအမေဆီကိုသွားပို့ ရမယ်အခုပဲသွားမယ် ကျွန်တော်အမေဆီကိုအပြေးရောက်ခဲ့တယ်

ကျွန်တော်ရောက်သွားတော့အမေမှာမအိပ်သေးပဲခုံတစ်လုံးမှာထိုင်ပြီး ထမင်းစားအရေးကိုထမင်းရှင်တွေကိုဆုတောင်းပေးနေတာကိုတွေ့လိုက်ရတယ်

အမေကျွန်တော်ကိုမြင်တော့ မျက်ရည်တွေကိုအမြန်သုတ်လိုက်တယ် ပြီးတော့ကျွန်တော်ကိုမေးတယ်……

“ဘာလာလုပ်တာလဲသားရယ်”

ကျွန်တော်လဲဆေးဗူးလေးကိုအမေ့လက်ထဲထည့်လိုက်တယ်

“သားရယ်ဆေးဗူးမေ့နေတာများပင်ပန်းခံပြီးလာပေးနေရလားသားရယ် မနက်မှလာပေးလဲရတာပါပဲ ညဘက်ကားမောင်းတာကောင်းတာမဟုတ်ဘူး အမေ့သားလေးတစ်ခုခုဖြစ်မှာစိုးရိမ်မိတယ်သားရယ်””

“သားဆေးဘူးလာပို့တာမဟုတ်ဘူးမေမေ မေမေကိုသားလာခေါ်တာ သားမှားခဲ့တာတွေကိုသားတောင်းပန်ပါတယ် မေမေရယ် ”

“သားရယ်မေမေကသားကိုဘယ်တော့မှအပြစ်မတင်ခဲ့ပါဘူး သားကိုချစ်လွန်းလို့မေမေအသက်နဲ့ရင်းပြီးတော့တောင်မှလူလောကထဲကို ခေါ်လာခဲ့ပြီပဲ တခြားအကြောင်းအရာတွေပြောစရာလိုသေးလို့လားသားရယ်”

“မေမေသားတို့အိမ်ပြန်ကြရအောင်နော်………”

အမေ့မှာကျွန်တော်ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုပ်ပေးရင်း ကျွန်တော်တို့သားအမိနှစ်ယောက်အိမ်ကိုပြန်ခဲ့ကြတော့တယ်………

********************************************
မိဘဆိုတာက သားသမီးဘယ်လောက်များများ

ခါးလဲလှအောင် ဝမ်းလဲဝအောင် လုပ်ကျွေးနိုင်ခဲ့တယ်…………

သားသမီးတွေအများကြီးရှိပေမဲ့ မိဘနှစ်ပါးကိုကြ ခါးမလှချင်နေပါစေ

ဝမ်းဝအောင်တော့လုပ်ကျွေးနိုင်ပါစေ……………

ဖိုးသူတော် (www.phothutaw.com)
Credit: Response Motor
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top