ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျပည္ေထာင္စု သမၼတ ျမန္မာနိုင္ငံေတာ္ႀကီး ျပန္လည္ထူေထာင္ေရးအတြက္ အေမရိကန္၏ အကူအညီကို နိုင္ငံေတာ္ အစိုးရက လက္ခံျပီး၊ ႀကိဳးပမ္းခဲ့ရာတြင္ အေမရိကန္ပညာသည္မ်ားကိုလည္း အသံုးျပဳ ခဲ့ရေလ သည္။ ထိုပညာသည္အဖြဲ႔တြင္ ေရွးေဟာင္းပစၥည္း ရွာေဖြတူးေဖာ္ေရးဆိုင္ရာ ပါရဂူႀကီး တစ္ဦးလည္း ပါဝင္ခဲ့သည္။ ယင္းပါရဂူႀကီးသည္ ၁၉၅၀ ျပည္နွစ္နွင့္ ၁၉၅၃ ခုနွစ္မ်ားအၾကားတြင္ ေရွးဒလျမိဳ႕ေဟာင္း၊တြံေတး ေတာႀကီးတန္းဌက္ေအာ္စန္းေတာထဲတြင္ ေရွးေဟာင္း သုေတသနမ်ား ျပဳလုပ္ခဲ့သည္။

ေရွးဒလျမိဳ႕ေဟာင္းေနရာ ကို တိုင္းထြာရန္ထက္ ပညာရွိအမတ္ႀကီး ရာဇသႀကၤန္၏ သခ်ိုင္းဂူကို ရွာေဖြရန္ အားသန္ခဲ့သည္။ ယင္းသို့ သုေတသန ျပဳစဥ္ ထူးျခားသည့္ ရွာေဖြေတြ႔ရွိခ်က္တစ္ခု ျပဳလုပ္ခဲ့သည္။ ပါရဂူျကီး သည္ ပုဂံအိမ္ေရွ႕မင္းသား သီဟသူ၏ အေလာင္းကို ရာဝင္ စဥ့္အိုးႀကီးထဲတြင္ မပုပ္မသိုးေအာင္ ေဆးရည္ဆီစိမ္ထားသည္ကိုေတြ႔လိုက္ရသည္။ သို႔နွင့္ ပါရဂူႀကီး အေမရိကန္နိုင္ငံသို႔ အျပန္တြက္ ယင္းသီဟသူ၏ အေလာင္းစိမ္ထား သည့္ ရာဝင္အိုးျကီးကို မကြဲမရွေစပဲ ေကာက္ရိုးႀကဳိးေခြမ်ားပတ္လွ်က္ သစ္သားဝက္ျခံေသတၱာထဲ ထည့္ျပီး သေဘၤာေပၚသို႔ တင္ေဆာင္သြားေလသည္။ ထိုရာဝင္အိုးႀကီးအား အလုပ္သမားမ်ား ထမ္းယူျပီး သေဘၤာကုန္းပတ္ေပၚ သို႔ တင္ေဆာင္သည္ကို ဒလျမိဳ႕သူျမိဳ႕သား အေတာ္မ်ားမ်ား မ်က္ျမင္ ကိုယ္ေတြ႔ျမင္လိုက္ၾကရသည္။ ယင္းအိုးႀကီး ကို သေဘၤာေပၚ သယ္ေဆာင္စဥ္ အေကာက္ေတာ္ဌာနမွ ဖြင့္ႀကည့္ စစ္ေဆးခြင့္ မရွိသည့္အတြက္ စဉ္းစားစရာပင္ အခ်က္တစ္ခ်က္ ျဖစ္ေနသည္။

နွစ္ေပါင္း ၇၀ဝ ေက်ာ္ခန့္က ပုဂံျပည့္ရွင္ မင္းၾတား၏ သားေတာ္ သီဟသူ၏ အေလာင္း ကို ရာဝင္အိုးနွင့္ ဆီစိမ္ထားရာမွ အေမရိကန္ စီးပြားေရးပါရဂူ တစ္ဦးက ၁၉၅၀- ၁၉၅၃ နွစ္အၾကား တူးေဖာ္ကာ အေမ ရိကန္နိုင္ငံသို႔ သယ္ေဆာင္သြား၍ ျပတိုက္တစ္ခုတြင္ ထားရွိေၾကာင္း ….စသျဖင့္ အက်ယ္တဝင့္ေရးသားေဖာ္ျပထားသည္။ ၎ရာဝင္အိုးႀကီး ကို သယ္ေဆာင္သြားစဥ္ ကိုယ္ေတြ႔မ်က္ျမင္ႀကံဳလိုက္ရေသာ ျမန္မာအမ်ိုးသားတစ္ဦးသည္ အေမရိကန္သို့ တိုက္တိုက္ ဆိုင္ဆိုင္ ဝင္ေရာက္ႀကည့္ရႈမိသည္။ ျပတိုက္တြင္ ကမၻာအရပ္ရပ္မွေရွးေဟာင္း ပစၥည္းမ်ားျဖင့္ သပ္သပ္ရပ္ရပ္ ျပင္ဆင္ထားရွိေလသည္။

ျပတိုက္၏ တစ္ခုေသာ ေနရာတြင္ ျမန္မာနိုင္ငံမွ သယ္ေဆာင္လာေသာ ရာဝင္စဥ့္အိုးႀကီး ကို ေတြ႕ရျပီး စဉ့္အိုးႀကီး ယွဥ္လ်က္နွင့္ ေက်ာက္စားပြဲရွည္ႀကီးေပၚတြင္ ေလလံုမွန္ေခါင္းတစ္ခုရွိျပီး မွန္ေခါင္းထဲတြင္ ဆီစိမ္ထားေသာ အသက္ ၂၀ ပင္မျပည့္ေသးေသာ လုလင္ပ်ိုအေလာင္း ကို ထင္ထင္ရွားရွား ေတြ႔ျမင္လိုက္ရသည္။ မွန္ေခါင္းတြင္ မင္းသားသီဟသူ ၊ ပုဂံေခတ္ ျမန္မာနိုင္ငံ ၁၂၅၄ ေအဒီ ဟူေသာ ကမၼည္းစာတန္းအဂၤလိပ္ဘာသာျဖင့္ ေရးထိုးထားသည္ ကို ေတြ့ရသျဖင့္ အေလာင္း၏ ရုပ္လကၡဏာ ကိုအနီးကပ္ ေလ့လာႀကည့္ရာ ၊ ေသွ်ာင္တေစာင္းထံုး၊ နႈတ္ခမ္းေမြးေရးေရး ၊ ကိုယ္လံုးကိုယ္ေပါက္ ေထာင္ေထာင္ေမာင္းေမာင္း ၊ အသားဝါ ၊ ျခေသၤ့ရုပ္မ်ား ေဖာ္ထားေသာ ေငြျခည္ေဖာက္ မည္းပုဆိုးနွင့္ ထိုင္မသိမ္းအကၤ်ီ ၊ ေရႊဆင္ျမန္းထား၍ ပိုးပဝါ ကို လက္တြင္ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္ ကို ေတြ႕ရေလသည္။ ပါးရိုးမ်ား ထေလာက္ေအာင္ အံႀကိတ္ထားသည့္ မ်က္နွာအသြင္ မ်က္လံုးမ်ားမွာ ကား ၿပဴးေႀကာင္လွ်က္ရွိေလသည္။

ယင္းျမန္မာအမ်ိုးသား နွင့္ အေမရိကန္ ပါရဂူႀကီးတို့ သီဟသူအေလာင္းနွင့္ ပတ္သက္၍ ေဆြးေႏြးၾကရာတြင္ ပါရဂူႀကီးက ၎မင္းသားအေလာင္းကို နွစ္ေပါင္း ၇၀ဝ ရာမွစ၍ ယေန႔တိုင္ မပုပ္မသိုး၊ မပ်က္မစီး ၊ေနာင္လည္း နွစ္ေပါင္းရာနွင့္ေထာင္နွင့္ ခ်ီ၍ တာရွည္ခံဦးမည္ျဖစ္ေလရာ ၊ ျမန္မာ့နည္းျဖင့္ ေဆးရည္စိမ္ထားပံုမွာ မွတ္သားစရာ အခ်က္ တစ္ရပ္ပင္ျဖစ္ေၾကာင္း ခ်ီးက်ုးသည္။ တစ္ဖန္ ေနာင္လူျကီးမင္းတို့ နိုင္ငံတြင္ ထိုက္ထိုက္တန္တန္ျပတိုက္ျကီး တည္ေဆာက္ျပီး ေသာအခါ ယင္းသီဟသူအေလာင္းကို ျပန္လည္ေပးအပ္မည္ျဖစ္ေျကာင္း ကတိေပးသြားသည္။ သီဟသူ၏ အေလာင္းနွင့္ ပတ္သက္၍ ကြ်န္ေတာ္တို့ နိုင္ငံမွ ရာဇဝင္သုေတသီမ်ား ေရွးေဟာင္းသုေတသီမ်ား ၊ သုေတသနျပဳလုပ္ ရန္ စိတ္ဝင္စားဖြယ္ ေကာင္းလွသည္ဟု ယူဆမိပါသည္။ ။

(မင္းသားသီဟသူဟာ ပုဂံ ဥဇနာမင္းရဲ႕သားေတာ္ျဖစ္ၿပီး အမ်က္ေဒါသႀကီးမႈေၾကာင့္ အမတ္မ်ားရဲ႕ အဆုံးစီရင္ျခင္းကုိ ခံခဲ့ရသူပါ။ ဒီအေၾကာင္းကုိ ေရးခဲ့သူဟာ သတင္းစာဆရာႀကီး ဦးသိန္းေမာင္ျဖစ္ပါတယ္။ တုိင္းသိျပည္သိ သတင္းစာဆရာႀကီးတစ္ဦးအေနနဲ႔ မဟုတ္တာကိုေတာ့ေရးမည္မထင္ပါ။ ဒါေပမယ့္ ဆုိးတာတစ္ခုကေတာ့ ဆရာႀကီးရဲ႕စာထဲမွာ မင္းသားသီဟသူရဲ႕မံမီဟာ အေမရိကန္ ဘယ္ၿမဳိ႕ ၊ ဘယ္ျပတုိက္ဆုိတာကုိ ေဖာ္ျပထားျခင္း မရွိတာပါပဲ ။ ေဖာ္ျပထားခဲ့ရင္ေတာ့ တစ္ခတ္တစ္ခါက ျမန္မာတုိ႔ရဲ႕ေဆးရည္စိမ္မႈအတတ္ကုိေလ့လာခြင့္ရၾကမွာပါ ၊ တတ္ကြ်မ္းနားလည္သူမ်ားအေနျဖင့္ မွတ္တမ္းမ်ားကိုရွာေဖြၿပီး ေဖာ္ထုတ္သင့္ပါတယ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thautazone

#Unicode Version#
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်၏ အကူအညီကို နိုင်ငံတော် အစိုးရက လက်ခံပြီး၊ ကြိုးပမ်းခဲ့ရာတွင် အမေရိကန်ပညာသည်များကိုလည်း အသုံးပြု ခဲ့ရလေ သည်။ ထိုပညာသည်အဖွဲ့တွင် ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်ရေးဆိုင်ရာ ပါရဂူကြီး တစ်ဦးလည်း ပါဝင်ခဲ့သည်။ ယင်းပါရဂူကြီးသည် ၁၉၅၀ ပြည်နှစ်နှင့် ၁၉၅၃ ခုနှစ်များအကြားတွင် ရှေးဒလမြို့ဟောင်း၊တွံတေး တောကြီးတန်းဌက်အော်စန်းတောထဲတွင် ရှေးဟောင်း သုတေသနများ ပြုလုပ်ခဲ့သည်။

ရှေးဒလမြို့ဟောင်းနေရာ ကို တိုင်းထွာရန်ထက် ပညာရှိအမတ်ကြီး ရာဇသင်္ကြန်၏ သချိုင်းဂူကို ရှာဖွေရန် အားသန်ခဲ့သည်။ ယင်းသို့ သုတေသန ပြုစဉ် ထူးခြားသည့် ရှာဖွေတွေ့ရှိချက်တစ်ခု ပြုလုပ်ခဲ့သည်။ ပါရဂူကြီး သည် ပုဂံအိမ်ရှေ့မင်းသား သီဟသူ၏ အလောင်းကို ရာဝင် စဉ့်အိုးကြီးထဲတွင် မပုပ်မသိုးအောင် ဆေးရည်ဆီစိမ်ထားသည်ကိုတွေ့လိုက်ရသည်။ သို့နှင့် ပါရဂူကြီး အမေရိကန်နိုင်ငံသို့ အပြန်တွက် ယင်းသီဟသူ၏ အလောင်းစိမ်ထား သည့် ရာဝင်အိုးကြီးကို မကွဲမရှစေပဲ ကောက်ရိုးကြိုးခွေများပတ်လျှက် သစ်သားဝက်ခြံသေတ္တာထဲ ထည့်ပြီး သင်္ဘောပေါ်သို့ တင်ဆောင်သွားလေသည်။ ထိုရာဝင်အိုးကြီးအား အလုပ်သမားများ ထမ်းယူပြီး သင်္ဘောကုန်းပတ်ပေါ် သို့ တင်ဆောင်သည်ကို ဒလမြို့သူမြို့သား အတော်များများ မျက်မြင် ကိုယ်တွေ့မြင်လိုက်ကြရသည်။ ယင်းအိုးကြီး ကို သင်္ဘောပေါ် သယ်ဆောင်စဉ် အကောက်တော်ဌာနမှ ဖွင့်ကြည့် စစ်ဆေးခွင့် မရှိသည့်အတွက် စဉ်းစားစရာပင် အချက်တစ်ချက် ဖြစ်နေသည်။

နှစ်ပေါင်း ရ၀ဝ ကျော်ခန့်က ပုဂံပြည့်ရှင် မင်းတြား၏ သားတော် သီဟသူ၏ အလောင်း ကို ရာဝင်အိုးနှင့် ဆီစိမ်ထားရာမှ အမေရိကန် စီးပွားရေးပါရဂူ တစ်ဦးက ၁၉၅၀- ၁၉၅၃ နှစ်အကြား တူးဖော်ကာ အမေ ရိကန်နိုင်ငံသို့ သယ်ဆောင်သွား၍ ပြတိုက်တစ်ခုတွင် ထားရှိကြောင်း ….စသဖြင့် အကျယ်တဝင့်ရေးသားဖော်ပြထားသည်။ ၎င်းရာဝင်အိုးကြီး ကို သယ်ဆောင်သွားစဉ် ကိုယ်တွေ့မျက်မြင်ကြုံလိုက်ရသော မြန်မာအမျိုးသားတစ်ဦးသည် အမေရိကန်သို့ တိုက်တိုက် ဆိုင်ဆိုင် ဝင်ရောက်ကြည့်ရှုမိသည်။ ပြတိုက်တွင် ကမ္ဘာအရပ်ရပ်မှရှေးဟောင်း ပစ္စည်းများဖြင့် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားရှိလေသည်။

ပြတိုက်၏ တစ်ခုသော နေရာတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရာဝင်စဉ့်အိုးကြီး ကို တွေ့ရပြီး စဉ့်အိုးကြီး ယှဉ်လျက်နှင့် ကျောက်စားပွဲရှည်ကြီးပေါ်တွင် လေလုံမှန်ခေါင်းတစ်ခုရှိပြီး မှန်ခေါင်းထဲတွင် ဆီစိမ်ထားသော အသက် ၂၀ ပင်မပြည့်သေးသော လုလင်ပျိုအလောင်း ကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။ မှန်ခေါင်းတွင် မင်းသားသီဟသူ ၊ ပုဂံခေတ် မြန်မာနိုင်ငံ ၁၂၅၄ အေဒီ ဟူသော ကမ္မည်းစာတန်းအင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားသည် ကို တွေ့ရသဖြင့် အလောင်း၏ ရုပ်လက္ခဏာ ကိုအနီးကပ် လေ့လာကြည့်ရာ ၊ သျှောင်တစောင်းထုံး၊ နှုတ်ခမ်းမွေးရေးရေး ၊ ကိုယ်လုံးကိုယ်ပေါက် ထောင်ထောင်မောင်းမောင်း ၊ အသားဝါ ၊ ခြင်္သေ့ရုပ်များ ဖော်ထားသော ငွေခြည်ဖောက် မည်းပုဆိုးနှင့် ထိုင်မသိမ်းအင်္ကျီ ၊ ရွှေဆင်မြန်းထား၍ ပိုးပဝါ ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည် ကို တွေ့ရလေသည်။ ပါးရိုးများ ထလောက်အောင် အံကြိတ်ထားသည့် မျက်နှာအသွင် မျက်လုံးများမှာ ကား ပြူးကြောင်လျှက်ရှိလေသည်။

ယင်းမြန်မာအမျိုးသား နှင့် အမေရိကန် ပါရဂူကြီးတို့ သီဟသူအလောင်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ပါရဂူကြီးက ၎င်းမင်းသားအလောင်းကို နှစ်ပေါင်း ရ၀ဝ ရာမှစ၍ ယနေ့တိုင် မပုပ်မသိုး၊ မပျက်မစီး ၊နောင်လည်း နှစ်ပေါင်းရာနှင့်ထောင်နှင့် ချီ၍ တာရှည်ခံဦးမည်ဖြစ်လေရာ ၊ မြန်မာ့နည်းဖြင့် ဆေးရည်စိမ်ထားပုံမှာ မှတ်သားစရာ အချက် တစ်ရပ်ပင်ဖြစ်ကြောင်း ချီးကျုးသည်။ တစ်ဖန် နောင်လူကြီးမင်းတို့ နိုင်ငံတွင် ထိုက်ထိုက်တန်တန်ပြတိုက်ကြီး တည်ဆောက်ပြီး သောအခါ ယင်းသီဟသူအလောင်းကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ကတိပေးသွားသည်။ သီဟသူ၏ အလောင်းနှင့် ပတ်သက်၍ ကျွန်တော်တို့ နိုင်ငံမှ ရာဇဝင်သုတေသီများ ရှေးဟောင်းသုတေသီများ ၊ သုတေသနပြုလုပ် ရန် စိတ်ဝင်စားဖွယ် ကောင်းလှသည်ဟု ယူဆမိပါသည်။ ။

(မင်းသားသီဟသူဟာ ပုဂံ ဥဇနာမင်းရဲ့သားတော်ဖြစ်ပြီး အမျက်ဒေါသကြီးမှုကြောင့် အမတ်များရဲ့ အဆုံးစီရင်ခြင်းကို ခံခဲ့ရသူပါ။ ဒီအကြောင်းကို ရေးခဲ့သူဟာ သတင်းစာဆရာကြီး ဦးသိန်းမောင်ဖြစ်ပါတယ်။ တိုင်းသိပြည်သိ သတင်းစာဆရာကြီးတစ်ဦးအနေနဲ့ မဟုတ်တာကိုတော့ရေးမည်မထင်ပါ။ ဒါပေမယ့် ဆိုးတာတစ်ခုကတော့ ဆရာကြီးရဲ့စာထဲမှာ မင်းသားသီဟသူရဲ့မံမီဟာ အမေရိကန် ဘယ်မြို့ ၊ ဘယ်ပြတိုက်ဆိုတာကို ဖော်ပြထားခြင်း မရှိတာပါပဲ ။ ဖော်ပြထားခဲ့ရင်တော့ တစ်ခတ်တစ်ခါက မြန်မာတို့ရဲ့ဆေးရည်စိမ်မှုအတတ်ကိုလေ့လာခွင့်ရကြမှာပါ ၊ တတ်ကျွမ်းနားလည်သူများအနေဖြင့် မှတ်တမ်းများကိုရှာဖွေပြီး ဖော်ထုတ်သင့်ပါတယ်)


ဖိုးသူတော် (www.phothutaw.com)
Credit:Thautazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top