ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေနျပည္ေတာ္ မဂၤလာသီရိဟိုတယ္ အမ်ဳိးသမီးအိမ္သာအတြင္း ဖုန္းကင္မရာျဖင့္ ဓာတ္ပံုခိုး႐ိုက္သည့္ အမ်ဳိးသား အေရးယူခံရ

ေနျပည္ေတာ္ဒကိၡဏသီရိၿမိဳ႕နယ္ မဂၤလာသီရိဟိုတယ္ အခန္းအမွတ္(၃၀၂)တြင္ တည္းခိုေနေသာ ေဒၚခင္မ်ဳိးသန္႔ (၄၁)ႏွစ္ ဗဟန္းၿမိဳ႕နယ္

ရန္ကုန္တုိင္းေဒသႀကီးေနသူသည္ ဇူလိုင္ ၁၁ ရက္ ၁၀း၄၅ နာရီအခ်ိန္ခန္႔က ဟုိတယ္စႀကၤ ံအတြင္းရွိ (မ)အိမ္သာ အခန္းအမွတ္ (၄)အတြင္း ၀င္ေရာက္အသံုးျပဳေနစဥ္

ကပ္လ်က္ (မ)အိမ္သာအခန္းအမွတ္ (၃) အတြင္းမွ ေဒၚခင္မ်ဳိးသန္႔ အိမ္သာဘက္သို႔ ေဘးအကာေအာက္ေျခ လစ္လပ္ေသာေနရာမွ

လက္အရိပ္တခုႏွင့္ လက္ကိုင္ဖုန္းကင္မရာအား ေတြ႕လိုက္ရသျဖင့္

ေဒၚခင္မ်ဳိးသန္႔မွ အိမ္သာအျပင္ထြက္ၿပီး အိမ္သာအခန္းအမွတ္ (၃) တံခါးအား ေခါက္၍ဖြင့္ခုိင္းရာ မ်ဳိးကုိကုိသန္း (၂၀)ႏွစ္၊ ႏွင္းဆီကုန္းရပ္ကြက္၊ သု၀ဏၰၿမိဳ႕နယ္၊
ရန္ကုန္တုိင္းေဒသႀကီးေနသူျဖစ္ၿပီး ၎က ဓာတ္ပံု႐ုိက္ခဲ့မိေၾကာင္း ေတာင္းပန္ေျပာဆိုကာ (က်ား)အိမ္သာဘက္သို႔ ၀င္ေရာက္ပုန္းေအာင္းေနသျဖင့္

ဟုိတယ္လံုၿခံဳေရး ၀န္ထမ္းမ်ားႏွင့္အတူ ၎အား အျပင္သုိ႔ ေခၚေဆာင္ခဲ့ၿပီး ႏုိင္ငံသားတဦးဦး၏ ဂုဏ္သိကၡာကုိ ထိခုိက္ေစရန္ တနည္းနည္းျဖင့္ ေဆာင္ရြက္ခဲ့သူ မ်ဳိးကုိကုိသန္းအား

ဇူလိုင္ ၁၁ ရက္ ၁၆း၀၀ နာရီအခ်ိန္တြင္ တုိင္ၾကားလာသည့္အတြက္ နယ္ေျမရဲစခန္း (ဧည့္ေဂဟာ) (ပ)၅၅/၂၀၁၈-၂၀၁၇ ခုႏွစ္ ႏုိင္ငံသားမ်ား၏ ပုဂၢိဳလ္ဆိုင္ရာလံုၿခံဳမႈကို

အကာအကြယ္ေပးေရးဥပေဒပုဒ္မ (၁၀)ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။
(မွတ္ခ်က္ – ဓာတ္ပံုမွာ သ႐ုပ္ေဖာ္ပံုသာျဖစ္သည္။)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထြန္း(ေနျပည္ေတာ္)

#Unicode Version#

နေပြည်တော် မင်္ဂလာသီရိဟိုတယ် အမျိုးသမီးအိပ်သာအတွင်း ဖုန်းကင်မရာဖြင့် ဓာတ်ပုံခိုးရိုက်သည့် အမျိုးသား အရေးယူခံရ

နေပြည်တော်ဒက္ခိဏသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ် အခန်းအမှတ်(၃၀၂)တွင် တည်းခိုနေသော ဒေါ်ခင်မျိုးသန့် (၄၁)နှစ် ဗဟန်းမြို့နယ်

ရန်ကုန်တိုင်းဒေသကြီးနေသူသည် ဇူလိုင် ၁၁ ရက် ၁၀း၄၅ နာရီအချိန်ခန့်က ဟိုတယ်စြင်္က ံအတွင်းရှိ (မ)အိမ်သာ အခန်းအမှတ် (၄)အတွင်း ဝင်ရောက်အသုံးပြုနေစဉ်

ကပ်လျက် (မ)အိမ်သာအခန်းအမှတ် (၃) အတွင်းမှ ဒေါ်ခင်မျိုးသန့် အိမ်သာဘက်သို့ ဘေးအကာအောက်ခြေ လစ်လပ်သောနေရာမှ

လက်အရိပ်တခုနှင့် လက်ကိုင်ဖုန်းကင်မရာအား တွေ့လိုက်ရသဖြင့်

ဒေါ်ခင်မျိုးသန့်မှ အိမ်သာအပြင်ထွက်ပြီး အိမ်သာအခန်းအမှတ် (၃) တံခါးအား ခေါက်၍ဖွင့်ခိုင်းရာ မျိုးကိုကိုသန်း (၂၀)နှစ်၊ နှင်းဆီကုန်းရပ်ကွက်၊ သုဝဏ္ဏမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ပြီး ၎င်းက ဓာတ်ပုံရိုက်ခဲ့မိကြောင်း တောင်းပန်ပြောဆိုကာ (ကျား)အိမ်သာဘက်သို့ ဝင်ရောက်ပုန်းအောင်းနေသဖြင့်

ဟိုတယ်လုံခြုံရေး ဝန်ထမ်းများနှင့်အတူ ၎င်းအား အပြင်သို့ ခေါ်ဆောင်ခဲ့ပြီး နိုင်ငံသားတဦးဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် တနည်းနည်းဖြင့် ဆောင်ရွက်ခဲ့သူ မျိုးကိုကိုသန်းအား

ဇူလိုင် ၁၁ ရက် ၁၆း၀၀ နာရီအချိန်တွင် တိုင်ကြားလာသည့်အတွက် နယ်မြေရဲစခန်း (ဧည့်ဂေဟာ) (ပ)၅၅/၂၀၁၈-၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို

အကာအကွယ်ပေးရေးဥပဒေပုဒ်မ (၁၀)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
(မှတ်ချက် – ဓာတ်ပုံမှာ သရုပ်ဖော်ပုံသာဖြစ်သည်။)
ဖိုးသူတော် (www.phothutaw.com)
Credit: ထွန်း(နေပြည်တော်)



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top