ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ဦးကိုနီအား လုပ္ႀကံရန္ ၫႊန္ျပေစခိုင္းသူသည္ ပစ္ခတ္လုပ္ႀကံခ်ိန္တြင္ ေလဆိပ္ ပတ္ဝန္းက်င္၌ ရွိေနခဲ့ေၾကာင္း ၾကည္လင္း က ယေန႔ ႐ုံးခ်ိန္းတြင္ ထြက္ဆိုသည္။

ေစခိုင္းသူ ျမင့္ေဆြက ေလဆိပ္ကားပါကင္တြင္ ဓာတ္ပုံမ်ားျပသကာ ေသနတ္ျဖင့္ ဦးေခါင္းအား ပစ္ခတ္ရန္ ၿခိမ္းေျခာက္ ခိုင္းေစခဲ့ၿပီးေနာက္ ေလဆိပ္ အဝင္အဝတြင္ ေစာင့္ဆိုင္းကာ ပစ္ခတ္ရမည့္ သူသည္ ဦးကိုနီ ျဖစ္သည္ဟု ၫႊန္ျပခဲ့ၿပီး ေသနတ္ ထည့္ထားသည့္ အိတ္ကို ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း ၾကည္လင္းက ေျပာသည္။

ၾကည္လင္းက “က်ေနာ္ကေတာ့ အမွန္အတိုင္းပဲ ထြက္ဆိုခဲ့တာပါ၊ အမွန္တိုင္းပဲ ေျပာခဲ့တာပါ”ဟု တရား႐ုံးမွ အထြက္ တြင္ ေျပာဆိုသည္။

လုပ္ႀကံခိုင္းသူ အေနျဖင့္ ၿခိမ္းေျခာက္ ေစခိုင္းျခင္းမျပဳခင္ ၎၏ေစခိုင္းမႈအား ျပဳလုပ္ေပးမည္ဆိုပါက မနစ္နာေအာင္ ေပးမည္ဟု ေျပာဆိုခဲ့ေၾကာင္းလည္း ၾကည္လင္းက တရားခြင္တြင္ ေျပာဆိုခဲ့သည္။

တရားလို သက္ေသမ်ားက တရား႐ုံးသို႔ တင္ျပထားသည့္ CCTV မွတ္တမ္းမ်ားတြင္ ျမင့္ေဆြ ဆိုသူအား ေဖာ္ထုတ္ ျပသ ႏိုင္ျခင္း မရွိေသာ္လည္း ယင္းသို႔ လုပ္ႀကံခ်ိန္တြင္ ေလဆိပ္အတြင္း ရွိေနသူမွာ ေအာင္ဝင္းေဇာ္ ျဖစ္ေၾကာင္း သက္ေသ ထြက္ဆိုထားသည္။

အျခားတရားလို သက္ေသ ရဲတပ္ဖြဲ႕ဝင္ တဦးကလည္း အခင္းမျဖစ္ခင္ ၾကည္လင္းႏွင့္ ေအာင္ဝင္းေဇာ္တို႔ ဖုန္း အျပန္ အလွန္ ေခၚဆို ထားေၾကာင္း ထြက္ဆိုၿပီး ဆက္သြယ္ေရး ဝန္ႀကီးဌာန၏ ဖုန္းေခၚဆိုမႈ မွတ္တမ္းမ်ားအား သက္ေသခံ အျဖစ္ တင္သြင္းထားသည္။

ဖုန္းမွတ္တမ္းမ်ားႏွင့္ ပတ္သက္ၿပီး ၾကည္လင္းက ျငင္းဆန္ထြက္ဆိုခဲ့ၿပီး ၎အေနျဖင့္ ေတြ႕ဆုံရန္ ခ်ိန္းထားသည့္ ဆူးေလ အနီးရွိ ပန္းၿခံတြင္ ျမင့္ေဆြအား မေတြ႕ရသျဖင့္ ျမင့္ေဆြ ထံသို႔သာ ထိုေန႔က ဖုန္းေခၚဆိုမႈ ရွိခဲ့ေၾကာင္း ေျပာ သည္။

တရားလိုဘက္က ေရွ႕ေန ဦးခင္ေမာင္ေဌးက “ၿခိမ္းေျခာက္တဲ့သူနဲ႔ ေလဆိပ္မွာ ရွိေနတယ္၊ ဦးကိုနီကို ၫႊန္ျပၿပီး ပစ္ခါ နီး အထိ သူနဲ႔ ရွိေနတယ္လို႔ ေျပာတယ္၊ သူေျပာတဲ့ ျမင့္ေဆြ ဆိုတာကို ရွာေတာ့လည္း မေတြ႕ဘူး၊ ေလဆိပ္ CCTV မွတ္တမ္း ေတြမွာလည္း မရွိဘူး၊ ဘယ္သူက ေလဆိပ္မွာ အဲ့ဒီ အခ်ိန္ရွိေနလဲဆိုတာ လူတိုင္းသိေနတာပဲေလ၊ အမႈက ေပၚသေလာက္ ရွိေနပါၿပီ”ဟု ေျပာၾကားသည္။

ယေန႔႐ုံးခ်ိန္းတြင္ ၾကည္လင္းအား စြဲခ်က္တင္ထားသည့္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂(၁)(ခ)/၃၄ ႏွင့္ ပုဒ္မ ၃၀၂(၂)၊ လက္နက္ဥပေဒ ပုဒ္မ ၁၉ (က)၊ ၁၉ (စ) တို႔အတြက္ စစ္ေဆးခဲ့ျခင္း ျဖစ္သည္။

အထူးခုံ႐ုံး တရားသူႀကီးအဖြဲ႕ အေနျဖင့္ ၾကည္လင္းအား ေမးခြန္း ၁၉ ခုခန႔္ ေမးျမန္းခဲ့ရာတြင္ ေသနတ္ ပစ္ခတ္မႈႏွင့္ ပတ္သက္ၿပီး ၎အေနျဖင့္ ဦးကိုနီအား ပစ္ခတ္စဥ္ တခ်က္သာ ပစ္ခဲ့ျခင္းျဖစ္ၿပီး ေလဆိပ္ အငွားယာဥ္ေမာင္း ဦးေနဝင္း မည္ကဲ့သို႔ ထိမွန္ ေသဆုံးသည္ကို မသိရွိေၾကာင္း၊ ၎အေနျဖင့္ ထပ္မံ ပစ္ခတ္ျခင္း မရွိေၾကာင္းလည္း ထြက္ဆိုခဲ့သည္။

ယေန႔ စစ္ေဆးခ်က္မ်ားတြင္ ေငြေပးသတ္သည္ ဆိုသည့္ အေၾကာင္းႏွင့္ပတ္သက္၍ ႐ုံးေတာ္က ေမးျမန္းသြားခဲ့ျခင္း မရွိဘဲ ေပၚေပါက္ျခင္းလည္း မရွိသည္ကို ရွင္းရွင္းလင္းလင္း သိခဲ့ရေၾကာင္း တရားခြင္ အေျခအေနကို ၾကည္လင္း၏ ေရွ႕ေန ဦးေက်ာ္ေက်ာ္ထိုက္ က ရွင္းျပသည္။

ဦးေက်ာ္ေက်ာ္ထိုက္က “ကိုၾကည္လင္းက သူ႔ကံၾကမၼာ သူဖန္တီးသြားတယ္၊ ကံကိုစီမံႏိုင္တဲ့ လူမ်ိဳးထဲမွာ သူမပါဘူး” လည္း ဟု ေျပာသည္။

ယေန႔႐ုံးခ်ိန္းတြင္ စြပ္စြဲခံထားရသူမ်ားဘက္မွ မူလတင္ျပထားသည့္ တရားခံျပ သက္ေသ ၅၀ အျပင္ ၁၆ ဦးကိုလည္း ထပ္တိုး တင္ျပခဲ့ေၾကာင္း စြပ္စြဲခံထားရသူမ်ား ဘက္က ေရွ႕ေနတဦးက ေျပာသည္။

အမႈအား အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးက တရားသူႀကီး ၃ ဦးပါဝင္သည့္ အထူးခုံ႐ုံး အဖြဲ႕ျဖင့္ စစ္ေဆးေနျခင္း ျဖစ္ၿပီး ဇူလိုင္ ၁၃ ရက္ေန႔တြင္ ၾကည္လင္းႏွင့္အတူ စြဲခ်က္တင္ ခံထားရသည့္ ေအာင္ဝင္းေဇာ္အား စစ္ေဆးမည္ျဖစ္သည္။

ေအာင္ဝင္းေဇာ္သည္ လုပ္ႀကံမႈႏွင့္ပတ္သက္ၿပီး ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၂(၁)(ခ)/၃၄ ျဖင့္ စြဲခ်က္တင္ ခံထားရ သူျဖစ္သည္။

တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီသည္ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္ေန႔က ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ေရွ႕ တြင္ ၾကည္လင္း၏ ပစ္ခတ္ လုပ္ႀကံခံရျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burma.irrawaddy

#Unicode Version#

ဦးကိုနီအား လုပ်ကြံရန် ညွှန်ပြစေခိုင်းသူသည် ပစ်ခတ်လုပ်ကြံချိန်တွင် လေဆိပ် ပတ်ဝန်းကျင်၌ ရှိနေခဲ့ကြောင်း ကြည်လင်း က ယနေ့ ရုံးချိန်းတွင် ထွက်ဆိုသည်။

စေခိုင်းသူ မြင့်ဆွေက လေဆိပ်ကားပါကင်တွင် ဓာတ်ပုံများပြသကာ သေနတ်ဖြင့် ဦးခေါင်းအား ပစ်ခတ်ရန် ခြိမ်းခြောက် ခိုင်းစေခဲ့ပြီးနောက် လေဆိပ် အဝင်အဝတွင် စောင့်ဆိုင်းကာ ပစ်ခတ်ရမည့် သူသည် ဦးကိုနီ ဖြစ်သည်ဟု ညွှန်ပြခဲ့ပြီး သေနတ် ထည့်ထားသည့် အိတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ကြည်လင်းက ပြောသည်။

ကြည်လင်းက “ကျနော်ကတော့ အမှန်အတိုင်းပဲ ထွက်ဆိုခဲ့တာပါ၊ အမှန်တိုင်းပဲ ပြောခဲ့တာပါ”ဟု တရားရုံးမှ အထွက် တွင် ပြောဆိုသည်။

လုပ်ကြံခိုင်းသူ အနေဖြင့် ခြိမ်းခြောက် စေခိုင်းခြင်းမပြုခင် ၎င်း၏စေခိုင်းမှုအား ပြုလုပ်ပေးမည်ဆိုပါက မနစ်နာအောင် ပေးမည်ဟု ပြောဆိုခဲ့ကြောင်းလည်း ကြည်လင်းက တရားခွင်တွင် ပြောဆိုခဲ့သည်။

တရားလို သက်သေများက တရားရုံးသို့ တင်ပြထားသည့် CCTV မှတ်တမ်းများတွင် မြင့်ဆွေ ဆိုသူအား ဖော်ထုတ် ပြသ နိုင်ခြင်း မရှိသော်လည်း ယင်းသို့ လုပ်ကြံချိန်တွင် လေဆိပ်အတွင်း ရှိနေသူမှာ အောင်ဝင်းဇော် ဖြစ်ကြောင်း သက်သေ ထွက်ဆိုထားသည်။

အခြားတရားလို သက်သေ ရဲတပ်ဖွဲ့ဝင် တဦးကလည်း အခင်းမဖြစ်ခင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ ဖုန်း အပြန် အလှန် ခေါ်ဆို ထားကြောင်း ထွက်ဆိုပြီး ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား သက်သေခံ အဖြစ် တင်သွင်းထားသည်။

ဖုန်းမှတ်တမ်းများနှင့် ပတ်သက်ပြီး ကြည်လင်းက ငြင်းဆန်ထွက်ဆိုခဲ့ပြီး ၎င်းအနေဖြင့် တွေ့ဆုံရန် ချိန်းထားသည့် ဆူးလေ အနီးရှိ ပန်းခြံတွင် မြင့်ဆွေအား မတွေ့ရသဖြင့် မြင့်ဆွေ ထံသို့သာ ထိုနေ့က ဖုန်းခေါ်ဆိုမှု ရှိခဲ့ကြောင်း ပြော သည်။

တရားလိုဘက်က ရှေ့နေ ဦးခင်မောင်ဌေးက “ခြိမ်းခြောက်တဲ့သူနဲ့ လေဆိပ်မှာ ရှိနေတယ်၊ ဦးကိုနီကို ညွှန်ပြပြီး ပစ်ခါ နီး အထိ သူနဲ့ ရှိနေတယ်လို့ ပြောတယ်၊ သူပြောတဲ့ မြင့်ဆွေ ဆိုတာကို ရှာတော့လည်း မတွေ့ဘူး၊ လေဆိပ် CCTV မှတ်တမ်း တွေမှာလည်း မရှိဘူး၊ ဘယ်သူက လေဆိပ်မှာ အဲ့ဒီ အချိန်ရှိနေလဲဆိုတာ လူတိုင်းသိနေတာပဲလေ၊ အမှုက ပေါ်သလောက် ရှိနေပါပြီ”ဟု ပြောကြားသည်။

ယနေ့ရုံးချိန်းတွင် ကြည်လင်းအား စွဲချက်တင်ထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ နှင့် ပုဒ်မ ၃၀၂(၂)၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (က)၊ ၁၉ (စ) တို့အတွက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အထူးခုံရုံး တရားသူကြီးအဖွဲ့ အနေဖြင့် ကြည်လင်းအား မေးခွန်း ၁၉ ခုခန့် မေးမြန်းခဲ့ရာတွင် သေနတ် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ဦးကိုနီအား ပစ်ခတ်စဉ် တချက်သာ ပစ်ခဲ့ခြင်းဖြစ်ပြီး လေဆိပ် အငှားယာဉ်မောင်း ဦးနေဝင်း မည်ကဲ့သို့ ထိမှန် သေဆုံးသည်ကို မသိရှိကြောင်း၊ ၎င်းအနေဖြင့် ထပ်မံ ပစ်ခတ်ခြင်း မရှိကြောင်းလည်း ထွက်ဆိုခဲ့သည်။

ယနေ့ စစ်ဆေးချက်များတွင် ငွေပေးသတ်သည် ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ ရုံးတော်က မေးမြန်းသွားခဲ့ခြင်း မရှိဘဲ ပေါ်ပေါက်ခြင်းလည်း မရှိသည်ကို ရှင်းရှင်းလင်းလင်း သိခဲ့ရကြောင်း တရားခွင် အခြေအနေကို ကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက် က ရှင်းပြသည်။

ဦးကျော်ကျော်ထိုက်က “ကိုကြည်လင်းက သူ့ကံကြမ္မာ သူဖန်တီးသွားတယ်၊ ကံကိုစီမံနိုင်တဲ့ လူမျိုးထဲမှာ သူမပါဘူး” လည်း ဟု ပြောသည်။

ယနေ့ရုံးချိန်းတွင် စွပ်စွဲခံထားရသူများဘက်မှ မူလတင်ပြထားသည့် တရားခံပြ သက်သေ ၅၀ အပြင် ၁၆ ဦးကိုလည်း ထပ်တိုး တင်ပြခဲ့ကြောင်း စွပ်စွဲခံထားရသူများ ဘက်က ရှေ့နေတဦးက ပြောသည်။

အမှုအား အနောက်ပိုင်းခရိုင် တရားရုံးက တရားသူကြီး ၃ ဦးပါဝင်သည့် အထူးခုံရုံး အဖွဲ့ဖြင့် စစ်ဆေးနေခြင်း ဖြစ်ပြီး ဇူလိုင် ၁၃ ရက်နေ့တွင် ကြည်လင်းနှင့်အတူ စွဲချက်တင် ခံထားရသည့် အောင်ဝင်းဇော်အား စစ်ဆေးမည်ဖြစ်သည်။

အောင်ဝင်းဇော်သည် လုပ်ကြံမှုနှင့်ပတ်သက်ပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့် စွဲချက်တင် ခံထားရ သူဖြစ်သည်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှေ့ တွင် ကြည်လင်း၏ ပစ်ခတ် လုပ်ကြံခံရခြင်း ဖြစ်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit: burma.irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top