×

အားလံုးပဲမဂၤလာပါေနာ္။ ၾကက္ဥဟင္းခ်ိဳ ပူပူေလးခ်က္စားၾကရေအာင္။

ထမင္းစားတဲ့အခါ အရည္မပါဘဲစားရင္ ေျခာက္ကပ္ကပ္ႀကီးနဲ႔ စားရတာ ခံတြင္းမၿမိန္လွပါဘူး။ဒါ့ေၾကာင့္ ေျခာက္ကပ္ကပ္ႀကီးမျဖစ္ေစဘဲ အားလည္းရွိ အရသာလည္းရွိတဲ့  ၾကက္ဥဟင္းခ်ိဳခ်က္နည္းေလးကို မွ်ေဝေပးခ်င္ပါတယ္ေနာ္။

ပါဝင္ပစၥည္း

    ၾကက္စြပ္ျပဳတ္ရည္ ၄ ခြက္
    ၾကက္ဥ ၃ လံုးမွ ၄ လံုး (ခေလာက္ထားပါ)
    ပဲငံျပာရည္ အနည္းငယ္
    ဆီ၊ ဆားအနည္းငယ္
    ၾကက္သြန္ၿမိတ္ အနည္းငယ္ ပါးပါးလွီးပါ

ျပဳလုပ္နည္း

အရင္ဆံုး စြပ္ျပဳတ္ရည္ကို အပူေပးလိုက္ၿပီး ၾကက္ဥထည့္လိုက္ပါ။ ၿပီးရင္ ပဲငံျပာရည္နဲ႔ ဆားထည့္လိုက္ပါ။ အဲဒီေနာက္ ဆူလာၿပီဆိုရင္ေတာ့ အပူခ်ိန္ကို နည္းနည္းေလွ်ာ့ၿပီး ၾကက္ဥကို ေမႊေပးလိုက္ပါ။

ခဏထားၿပီး ဆီနည္းနည္းထည့္လိုက္ပါ။ အဲဒီေနာက္ ၾကက္သြန္ၿမိတ္ထည့္ၿပီး မီးဖိုေပၚကခ်ကာ သံုးေဆာင္လို႔ရပါၿပီ။

Source: www.mykoreankitchen.com
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  MyFood Myanmar

#Unicode Version#
အားလုံးပဲမင်္ဂလာပါနော်။ ကြက်ဥဟင်းချို ပူပူလေးချက်စားကြရအောင်။

ထမင်းစားတဲ့အခါ အရည်မပါဘဲစားရင် ခြောက်ကပ်ကပ်ကြီးနဲ့ စားရတာ ခံတွင်းမမြိန်လှပါဘူး။ဒါ့ကြောင့် ခြောက်ကပ်ကပ်ကြီးမဖြစ်စေဘဲ အားလည်းရှိ အရသာလည်းရှိတဲ့  ကြက်ဥဟင်းချိုချက်နည်းလေးကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

    ကြက်စွပ်ပြုတ်ရည် ၄ ခွက်
    ကြက်ဥ ၃ လုံးမှ ၄ လုံး (ခလောက်ထားပါ)
    ပဲငံပြာရည် အနည်းငယ်
    ဆီ၊ ဆားအနည်းငယ်
    ကြက်သွန်မြိတ် အနည်းငယ် ပါးပါးလှီးပါ

ပြုလုပ်နည်း

အရင်ဆုံး စွပ်ပြုတ်ရည်ကို အပူပေးလိုက်ပြီး ကြက်ဥထည့်လိုက်ပါ။ ပြီးရင် ပဲငံပြာရည်နဲ့ ဆားထည့်လိုက်ပါ။ အဲဒီနောက် ဆူလာပြီဆိုရင်တော့ အပူချိန်ကို နည်းနည်းလျှော့ပြီး ကြက်ဥကို မွှေပေးလိုက်ပါ။

ခဏထားပြီး ဆီနည်းနည်းထည့်လိုက်ပါ။ အဲဒီနောက် ကြက်သွန်မြိတ်ထည့်ပြီး မီးဖိုပေါ်ကချကာ သုံးဆောင်လို့ရပါပြီ။

Source: www.mykoreankitchen.com
ဖိုးသူတော် (www.phothutaw.com)
Credit:  MyFood Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top