AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ျမန္မာျပည္မွာ သရဲဇာတ္လမ္းေတြက နားေထာင္လုိက္ရင္ ကိုယ္တုိင္ အေျခာက္ခံရတဲ့ ဇာတ္လမ္းက နည္းတယ္ကြ၊ သူတစ္ပါး အေျခာက္ခံရတာကို ျပန္ေျပာတာက မ်ားတယ္။

သရဲဆုိတာ မရွိဘူးလု႔ိ ငါမေျပာပါဘူးကြာ၊ ဘုရားေဟာထဲမွာ ေပတဝထၳဳဆုိတာ ပါတယ္၊ အဲဒါ သရဲ အေၾကာင္းပဲ၊ အဲဒါကို မယံုဘူးဆုိရင္ ဘုရားေဟာကို မယံုဘူး ဆုိတာ ျဖစ္သြားမွာေပ့ါကြာ၊ ၿပီးေတာ့ ေယာမင္းႀကီးဦးဖုိးလႈိင္လို ပညာရွိကလည္း ‘တေစၧတၱဒီပနီ’ဆုိတဲ့ သရဲတေစၧ ရွိေၾကာင္းကို ခုိင္မာတဲ့ က်မ္းတစ္အုပ္ ေရးသြားခဲ့ဖူးတယ္၊ အဲဒီေတာ့ ဒီေလာကမွာ သရဲတေစၧ မရွိဘူး ဆုိတာ ေျပာလုိ႔ ဘယ္ျဖစ္မွာလဲကြာ၊ ပညာရွိ ေျပာတဲ့ စကားကို မယံုသလို ျဖစ္ေတာ့မွာေပါ့။

ေန႔စဥ္ေန႔တုိင္း အခ်ိန္မွန္မွန္ ျပဳလုပ္ခဲ့တဲ့ သခၤါရအမႈေတြဟာ Wave အျဖစ္ က်န္ခဲ့တယ္၊ သူမရွိေပမယ့္ အဲဒီ သခၤါရအမႈေတြဟာ အရွိန္ရၿပီး ဆက္လက္ လႈပ္ရွားတာေပ့ါကြာ၊ အဲဒါကို မသိတဲ့လူက သရဲ ေျခာက္သလို ေအာက္ေမ့ရတယ္၊ အမွန္က သရဲ မဟုတ္ဘူး။

ေတာထဲမွာ သစ္ပင္ႏွစ္ပင္ ကပ္လ်က္ ေပါက္ေနတယ္၊ အဲဒီသစ္ပင္ႏွစ္ပင္ရဲ႕ သစ္ကုိင္းႏွစ္ကိုင္းဟာ တစ္ကိုင္းနဲ႔ တစ္ကိုင္း ကပ္လ်က္ ထိေနၾကတယ္၊ ေလတုိက္တဲ့ အခါတုိင္းမွာ တစ္ကိုင္းနဲ႔တစ္ကိုင္း ပြတ္ႀကိတ္ၿပီးေတာ့ ကြၽီကြၽီနဲ႔ ျမည္တယ္ကြ၊ ႏွစ္ေပါင္းမ်ားစြာ ျမည္လာတယ္ ဆုိပါေတာ့ကြာ၊ တစ္ေန႔မွာ သစ္ခုတ္သမားက အဲဒီသစ္ပင္ ႏွစ္ပင္လံုးကို ခုတ္ပစ္လိုက္တယ္၊ တစ္ပင္က မႏၱေလးသစ္ခြဲစက္ကို ပါသြားတယ္၊ တစ္ပင္က ရန္ကုန္ သစ္ခြဲစက္ကုိ ပါသြားတယ္၊ မႏၲေလးကို ပါသြားတဲ့ သစ္သားကလဲ အိမ္လဲ ေဆာက္ၿပီးေရာ တကြၽီကြၽဲိနဲ႔ ျမည္ေတာ့တာပဲ၊ ရန္ကုန္မွာ ေဆာက္တဲ့ အိမ္ရဲ႕ သစ္သားကလဲ တကြၽီကီြၽနဲ႔ ျမည္ေတာ့တာပဲ အဲဒါကို မသိတဲ့ လူေတြက သစ္ေျခာက္လုိ႔ ေျပာေနၾကတာ၊ အမွန္က သစ္ကုိင္းႏွစ္ကိုင္း ႏွစ္ေပါင္းမ်ားစြာ ပြတ္ႀကိတ္ၿပီး ျမည္လာတဲ့ အသံဟာ Wave အျဖစ္နဲ႔ ဆက္ၿပီး ျမည္ေေနတာ၊ ဘာသရဲမွ မဟုတ္ဘူး။

တုိ႔လူမ်ဳိးေတြဟာ သရဲနဲ႔ တေစၧကို ခြဲၿပီး နားမလည္ဘူးကြ၊ သရဲေျခာက္တာကို တေစၧေျခာက္တယ္လို႔ ေျပာလိုေျပာ၊ ခြဲခြဲျခားျခား မသိၾကဘူး၊ ေခါက္ဆြဲထုပ္ ဆြဲၿပီး အိမ္ျပန္လာတာ ထန္းပင္ႀကီးနားလဲ ေရာက္ေရာ၊ သရဲက ေခါက္ဆြဲထုပ္ကို ဆြဲလုလို႔ ေခါက္ဆြဲထုပ္ ပါသြားတယ္ ေျပာလိုေျပာ၊ သရဲ ဆုိတာ အဂၤလိပ္လို Ghost လို႔ ေခၚတာ၊ သူက ဘာမွ ထိလို႔ ကိုင္လို႔ မရဘူး၊ တေစၧကေတာ့ အဂၤလိပ္လို Devil လို႔ ေခၚတယ္ ထိလို႔ ကိုင္လို႔ ရိုက္လို႔ ႏွက္လို႔ ရတယ္၊ တေစၧတၱ ဆုိတဲ့ ပါဠိစကားဟာ ရုိက္ပုတ္ႏွိပ္စက္တယ္လို႔ အဓိပၸါယ္ ရတယ္။ ၿပီးေတာ့ သဘက္ဆုိတာ ရွိေသးတယ္ကြ၊ သူကေတာ့ အပ်င္းႀကီးတေစၧမ်ဳိးပဲ။ ေနာက္ၿပီးေတာ့ ၿပိတၱာဆုိတာ ရွိေသးတယ္။ သူကေတာ့ ငတ္ႀကီးက် တေစၧတစ္မ်ဳိးပဲ။

ေျပာရဦးမယ္၊ အဲဒါကေတာ့ ေျမဘုတ္ဆုိတဲ့ အေၾကာင္းပဲ၊ ဒီေကာင္က လူေတြ ဘာေတြ ေခ်ာ္လဲတဲ့အခါ ေျခေထာက္ကို လာၿပီး ဖိထားတတ္တဲ့ မေကာင္းဆုိးဝါးပဲ၊ သူ႔ကို အဂၤလိပ္လို အာ့သ္စြမ္း လို႔ ေခၚတယ္၊ တုိ႔ျမန္မာ ေတြကေတာ့ ေျမဘုတ္ဘီလူး ဆုိၿပီး ေခၚတယ္။

သရဲလည္း မဟုတ္၊ နတ္လည္း မဟုတ္တဲ့ နတ္ျပာနတ္မြဲ နတ္ဆင္းရဲ ဆုိတဲ့ ေကာင္လဲ ရွိေသးတယ္ကြ၊ သူ႔ကိုလဲ ခ်မ္းလို႔ ေခၚတယ္၊ အဲဒီေကာင္က ေတာ္ေတာ္ ေနာက္တီးေနာက္ေတာက္ ႏုိင္တယ္၊ ပစၥည္းေတြဘာေတြ က်ေပ်ာက္ရင္ သူက လက္နဲ႔ အုပ္ထားတယ္၊ တေအာင့္ေလာက္ ၾကာမွ ထုတ္ေပးတယ္၊ မွင္စာ အေသးစားေလးေပါ့ကြာ။

မုန္႔သည္ေတြ အထူးသျဖင့္ ဘိန္းမုန္႔ ေခါက္မုန္႔တုိ႔ လုပ္တဲ့ မုန္႔သည္ေတြ ပထမဆံုး မုန္႔ေသးေသးေလး လုပ္ၿပီး ဖုိေပၚမွာ တင္ေျမွာက္တာ ေတြ႔ဖူးတယ္မွလား၊ အဲဒါ ဖုိေစာင့္နတ္ေပ့ါကြာ၊ အဲဒီဖုိေစာင့္နတ္ကလဲ မေကာင္းဆုိးဝါးပါပဲ။ ရြာေတြ ဘာေတြ ဖန္ဆင္းၿပီး အုပ္စုနဲ႔ ေျခာက္တဲ့ သရဲတေစၧတစ္မ်ဳိး ရွိေသးတယ္ကြ၊ ျမန္မာလို ၾကပ္လို႔ ေခၚတယ္၊ အဂၤလိပ္လို ဘေရာင္နီလို႔ ေခၚတယ္။

သရဲေျခာက္တယ္လို႔ ေျပာတဲ့ ေနရာေတြမွာ ဒိုင္နမိုတစ္လံုး သြားထားေပးလိုက္ပါဗ်ာ၊ ၿပီးေတာ့ အဲဒီဒုိင္နမုိကုိ ေမာင္းေပးလိုက္စမ္းပါ၊ သရဲေျခာက္တယ္ ဆိုတဲ့ သတင္းဟာ တစ္မုဟုတ္ခ်င္း ေပ်ာက္သြား လိမ့္မယ္။

ရာဇဝင္မွာ ပါတဲ့ သူရဲေကာင္း ဥဒိန္ေက်ာ္ေခါင္ဟာ သရဲျဖစ္သြားတယ္ ဆုိေပမယ့္ သရဲဘဝနဲ႔ကို စစ္ေတြ ဝင္ၿပီး တုိက္ေပးတယ္တဲ့၊ အဲဒါေၾကာင့္ ဘုရင္က လူစြမ္းသူရဲေကာင္းေတြကို ဆုခ်ီးျမွင့္တဲ့အခါမွာ သူ႔ကိုပါ ဆုတံဆိပ္ေတြ ခ်တယ္လုိ႔ ၾကားဖူးတယ္။ ၾကားဖူးတယ္ ဆုိတာက ေယာမင္းႀကီးဦးဖုိးလႈိင္ ေရးတဲ့ တေစၧတၲဒီပနီမွာ အတိအလင္း ဆုိထားတယ္။

(ဆရာႀကီးမင္းသိခၤ ရဲ႕ ဆားပုလင္းႏွင္းေမာင္ႏွင့္ ဘုမၼဝတီအရႈပ္ေတာ္ပံုဝထၳဳကေန ျပန္လည္ ေကာက္ႏုတ္ တင္ျပတာ ျဖစ္ပါတယ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဗဒင္သုတ
#Unicode Version#
မြန်မာပြည်မှာ သရဲဇာတ်လမ်းတွေက နားထောင်လိုက်ရင် ကိုယ်တိုင် အခြောက်ခံရတဲ့ ဇာတ်လမ်းက နည်းတယ်ကွ၊ သူတစ်ပါး အခြောက်ခံရတာကို ပြန်ပြောတာက များတယ်။

သရဲဆိုတာ မရှိဘူးလု့ိ ငါမပြောပါဘူးကွာ၊ ဘုရားဟောထဲမှာ ပေတဝထ္ထုဆိုတာ ပါတယ်၊ အဲဒါ သရဲ အကြောင်းပဲ၊ အဲဒါကို မယုံဘူးဆိုရင် ဘုရားဟောကို မယုံဘူး ဆိုတာ ဖြစ်သွားမှာပေ့ါကွာ၊ ပြီးတော့ ယောမင်းကြီးဦးဖိုးလှိုင်လို ပညာရှိကလည်း ‘တစ္ဆေတ္တဒီပနီ’ဆိုတဲ့ သရဲတစ္ဆေ ရှိကြောင်းကို ခိုင်မာတဲ့ ကျမ်းတစ်အုပ် ရေးသွားခဲ့ဖူးတယ်၊ အဲဒီတော့ ဒီလောကမှာ သရဲတစ္ဆေ မရှိဘူး ဆိုတာ ပြောလို့ ဘယ်ဖြစ်မှာလဲကွာ၊ ပညာရှိ ပြောတဲ့ စကားကို မယုံသလို ဖြစ်တော့မှာပေါ့။

နေ့စဉ်နေ့တိုင်း အချိန်မှန်မှန် ပြုလုပ်ခဲ့တဲ့ သင်္ခါရအမှုတွေဟာ Wave အဖြစ် ကျန်ခဲ့တယ်၊ သူမရှိပေမယ့် အဲဒီ သင်္ခါရအမှုတွေဟာ အရှိန်ရပြီး ဆက်လက် လှုပ်ရှားတာပေ့ါကွာ၊ အဲဒါကို မသိတဲ့လူက သရဲ ခြောက်သလို အောက်မေ့ရတယ်၊ အမှန်က သရဲ မဟုတ်ဘူး။

တောထဲမှာ သစ်ပင်နှစ်ပင် ကပ်လျက် ပေါက်နေတယ်၊ အဲဒီသစ်ပင်နှစ်ပင်ရဲ့ သစ်ကိုင်းနှစ်ကိုင်းဟာ တစ်ကိုင်းနဲ့ တစ်ကိုင်း ကပ်လျက် ထိနေကြတယ်၊ လေတိုက်တဲ့ အခါတိုင်းမှာ တစ်ကိုင်းနဲ့တစ်ကိုင်း ပွတ်ကြိတ်ပြီးတော့ ကျွီကျွီနဲ့ မြည်တယ်ကွ၊ နှစ်ပေါင်းများစွာ မြည်လာတယ် ဆိုပါတော့ကွာ၊ တစ်နေ့မှာ သစ်ခုတ်သမားက အဲဒီသစ်ပင် နှစ်ပင်လုံးကို ခုတ်ပစ်လိုက်တယ်၊ တစ်ပင်က မန္တလေးသစ်ခွဲစက်ကို ပါသွားတယ်၊ တစ်ပင်က ရန်ကုန် သစ်ခွဲစက်ကို ပါသွားတယ်၊ မန္တလေးကို ပါသွားတဲ့ သစ်သားကလဲ အိမ်လဲ ဆောက်ပြီးရော တကျွီကျွဲိနဲ့ မြည်တော့တာပဲ၊ ရန်ကုန်မှာ ဆောက်တဲ့ အိမ်ရဲ့ သစ်သားကလဲ တကျွီကီျွနဲ့ မြည်တော့တာပဲ အဲဒါကို မသိတဲ့ လူတွေက သစ်ခြောက်လို့ ပြောနေကြတာ၊ အမှန်က သစ်ကိုင်းနှစ်ကိုင်း နှစ်ပေါင်းများစွာ ပွတ်ကြိတ်ပြီး မြည်လာတဲ့ အသံဟာ Wave အဖြစ်နဲ့ ဆက်ပြီး မြည်ေနေတာ၊ ဘာသရဲမှ မဟုတ်ဘူး။

တို့လူမျိုးတွေဟာ သရဲနဲ့ တစ္ဆေကို ခွဲပြီး နားမလည်ဘူးကွ၊ သရဲခြောက်တာကို တစ္ဆေခြောက်တယ်လို့ ပြောလိုပြော၊ ခွဲခွဲခြားခြား မသိကြဘူး၊ ခေါက်ဆွဲထုပ် ဆွဲပြီး အိမ်ပြန်လာတာ ထန်းပင်ကြီးနားလဲ ရောက်ရော၊ သရဲက ခေါက်ဆွဲထုပ်ကို ဆွဲလုလို့ ခေါက်ဆွဲထုပ် ပါသွားတယ် ပြောလိုပြော၊ သရဲ ဆိုတာ အင်္ဂလိပ်လို Ghost လို့ ခေါ်တာ၊ သူက ဘာမှ ထိလို့ ကိုင်လို့ မရဘူး၊ တစ္ဆေကတော့ အင်္ဂလိပ်လို Devil လို့ ခေါ်တယ် ထိလို့ ကိုင်လို့ ရိုက်လို့ နှက်လို့ ရတယ်၊ တစ္ဆေတ္တ ဆိုတဲ့ ပါဠိစကားဟာ ရိုက်ပုတ်နှိပ်စက်တယ်လို့ အဓိပ္ပါယ် ရတယ်။ ပြီးတော့ သဘက်ဆိုတာ ရှိသေးတယ်ကွ၊ သူကတော့ အပျင်းကြီးတစ္ဆေမျိုးပဲ။ နောက်ပြီးတော့ ပြိတ္တာဆိုတာ ရှိသေးတယ်။ သူကတော့ ငတ်ကြီးကျ တစ္ဆေတစ်မျိုးပဲ။

ပြောရဦးမယ်၊ အဲဒါကတော့ မြေဘုတ်ဆိုတဲ့ အကြောင်းပဲ၊ ဒီကောင်က လူတွေ ဘာတွေ ချော်လဲတဲ့အခါ ခြေထောက်ကို လာပြီး ဖိထားတတ်တဲ့ မကောင်းဆိုးဝါးပဲ၊ သူ့ကို အင်္ဂလိပ်လို အာ့သ်စွမ်း လို့ ခေါ်တယ်၊ တို့မြန်မာ တွေကတော့ မြေဘုတ်ဘီလူး ဆိုပြီး ခေါ်တယ်။

သရဲလည်း မဟုတ်၊ နတ်လည်း မဟုတ်တဲ့ နတ်ပြာနတ်မွဲ နတ်ဆင်းရဲ ဆိုတဲ့ ကောင်လဲ ရှိသေးတယ်ကွ၊ သူ့ကိုလဲ ချမ်းလို့ ခေါ်တယ်၊ အဲဒီကောင်က တော်တော် နောက်တီးနောက်တောက် နိုင်တယ်၊ ပစ္စည်းတွေဘာတွေ ကျပျောက်ရင် သူက လက်နဲ့ အုပ်ထားတယ်၊ တအောင့်လောက် ကြာမှ ထုတ်ပေးတယ်၊ မှင်စာ အသေးစားလေးပေါ့ကွာ။

မုန့်သည်တွေ အထူးသဖြင့် ဘိန်းမုန့် ခေါက်မုန့်တို့ လုပ်တဲ့ မုန့်သည်တွေ ပထမဆုံး မုန့်သေးသေးလေး လုပ်ပြီး ဖိုပေါ်မှာ တင်မြှောက်တာ တွေ့ဖူးတယ်မှလား၊ အဲဒါ ဖိုစောင့်နတ်ပေ့ါကွာ၊ အဲဒီဖိုစောင့်နတ်ကလဲ မကောင်းဆိုးဝါးပါပဲ။ ရွာတွေ ဘာတွေ ဖန်ဆင်းပြီး အုပ်စုနဲ့ ခြောက်တဲ့ သရဲတစ္ဆေတစ်မျိုး ရှိသေးတယ်ကွ၊ မြန်မာလို ကြပ်လို့ ခေါ်တယ်၊ အင်္ဂလိပ်လို ဘရောင်နီလို့ ခေါ်တယ်။

သရဲခြောက်တယ်လို့ ပြောတဲ့ နေရာတွေမှာ ဒိုင်နမိုတစ်လုံး သွားထားပေးလိုက်ပါဗျာ၊ ပြီးတော့ အဲဒီဒိုင်နမိုကို မောင်းပေးလိုက်စမ်းပါ၊ သရဲခြောက်တယ် ဆိုတဲ့ သတင်းဟာ တစ်မုဟုတ်ချင်း ပျောက်သွား လိမ့်မယ်။

ရာဇဝင်မှာ ပါတဲ့ သူရဲကောင်း ဥဒိန်ကျော်ခေါင်ဟာ သရဲဖြစ်သွားတယ် ဆိုပေမယ့် သရဲဘဝနဲ့ကို စစ်တွေ ဝင်ပြီး တိုက်ပေးတယ်တဲ့၊ အဲဒါကြောင့် ဘုရင်က လူစွမ်းသူရဲကောင်းတွေကို ဆုချီးမြှင့်တဲ့အခါမှာ သူ့ကိုပါ ဆုတံဆိပ်တွေ ချတယ်လို့ ကြားဖူးတယ်။ ကြားဖူးတယ် ဆိုတာက ယောမင်းကြီးဦးဖိုးလှိုင် ရေးတဲ့ တစ္ဆေတ္တဒီပနီမှာ အတိအလင်း ဆိုထားတယ်။

(ဆရာကြီးမင်းသိင်္ခ ရဲ့ ဆားပုလင်းနှင်းမောင်နှင့် ဘုမ္မဝတီအရှုပ်တော်ပုံဝထ္ထုကနေ ပြန်လည် ကောက်နုတ် တင်ပြတာ ဖြစ်ပါတယ်)

ဖိုးသူတော် (www.phothutaw.com)
Credit: ဗေဒင်သုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top