န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ဘယ္မိန္းကေလးမဆို ကိုယ့္ရဲ့ခ်စ္သူဟာ ႐ုပ္ေခ်ာရမယ္၊ ပညာတတ္ရမယ္၊ စိတ္ထားေကာင္းရမယ္ စတဲ့ အေျခခံက်တဲ့ အခ်က္ေလးေတြ ျပည့္စုံဖို႔ကိုေတာ့ စိတ္ကူးယဥ္ စဥ္းစားထားမယ္လို႔ ယုံၾကည္ပါတယ္။
စိတ္ထားေကာင္းရမယ္ဆိုတဲ့ အခ်က္ကိုေတာ့ ခ်က္ခ်င္းႀကီး မသိနိုင္ၾကေပမယ့္ ႐ုပ္ရည္နဲ႔ ပညာအရည္အခ်င္းကေတာ့ လြယ္လြယ္နဲ႔ပဲ သိနိုင္ပါတယ္။

ပညာဆိုတဲ့ေနရာမွာလည္း အာရွတိုက္သားေတြ အေတာ္မ်ားမ်ား အရိုးစြဲ ယုံၾကည္ထားၾကတာက ဆရာဝန္၊ အင္ဂ်င္နီယာျဖစ္မွ ဘဝအာမခံခ်က္ေကာင္းတယ္လို႔ ခံယူထားၾကပါတယ္ (မွန္သင့္သေလာက္ေတာ့ မွန္ပါလိမ့္မယ္)။

ဒါေၾကာင့္မို႔ ကိုယ္ရဲ့ အိမ္ေထာင္ဖက္ဟာ ဆရာဝန္၊ အင္ဂ်င္နီယာျဖစ္ရင္ သိပ္ေကာင္းမွာပဲလို႔ မိန္းကေလးအမ်ားစု စိတ္ကူးယဥ္ၾကမွာပါ။ တစ္စုံတစ္ေယာက္ဟာ ဆရာဝန္ လို႔ သိလိုက္ရတာနဲ႔ အျခားအရာေတြေတာင္ သိပ္မေတြးတတ္ေလာက္ေအာင္ ျဖစ္သြားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးရဲ့ ျဖစ္ရပ္မွန္ သတင္းေလးကို ေဝမၽွေပးလိုက္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ Ms Lin ဆိုသူ ထိုင္ဝမ္အမ်ိဳးသမီးတစ္ဦးဟာ အြန္လိုင္းကေန ခ်စ္သူရွာေဖြတဲ့ ‘Tinder App’ ကေနတစ္ဆင့္ စင္ကာပူနိုင္ငံက ဆရာဝန္ဘြဲ႕နဲ႔ ေက်ာင္းၿပီးထားတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ အြန္းလိုင္းေပၚမွာ စတင္ေတြ႕ဆုံခဲ့ၾကပါတယ္။ အဲဒီေနာက္ လအနည္းငယ္ အၾကာမွာေတာ့ ခ်စ္သူေတြ ျဖစ္သြားခဲ့ပါတယ္။

အဲဒီအခ်ိန္က Ms Lin ဟာ ဖီလစ္ပိုင္နိုင္ငံမွာ အလုပ္လုပ္ေနတာျဖစ္ပါတယ္။ အြန္လိုင္းမွာ စင္ကာပူအမ်ိဳးသားရဲ့ ကိုယ္ေရးေဖာ္ျပခ်က္ ပရိုဖိုင္မွာ ဆရာဝန္ဘြဲ႕ရ လို႔ ေဖာ္ျပထားတာေၾကာင့္ သူမက စိတ္ဝင္စားခဲ့ရတာပါ။

“သူက စင္ကာပူနိုင္ငံက နန္ယန္းနည္းပညာတကၠသိုလ္ကေန ဆရာဝန္ဘြဲ႕ရထားတယ္၊ ဒါေပမယ့္ ဆရာဝန္လုပ္ဖို႔ ဝါသနာမပါဘူး”
“ဒါေၾကာင့္ သူက ဆရာဝန္မလုပ္ပဲ အြန္လိုင္းမွာ Bitcoin ေတြအေရာင္းအဝယ္လုပ္ပါတယ္” လို႔ Ms Lin က ေျပာပါတယ္။

ဒါ့အျပင္ သူ႔ရဲ့ခ်စ္သူဟာ တစ္ကယ္ဝါရင့္ ပိုကာဖဲကစားသမားလည္းျဖစ္ၿပီး ၿပီးခဲ့တဲ့ မတ္လက ဖီလစ္ပိုင္နိုင္ငံ မနီလာမွာ က်င္းပခဲ့တဲ့ ၿပိဳင္ပြဲႀကီးမွာေတာင္ ဝင္ကစားခဲ့ေသးတယ္လို႔ ေျပာပါတယ္။

အခ်ိန္တိုေလးအတြင္းမွာပဲ သူတို႔ႏွစ္ဦး ခဏခဏေတြ႕ျဖစ္ၾကၿပီး ေတြ႕ကာစမွာေတာ့ သူမကို အလွျပင္ပစၥည္းေတြ ဝယ္ေပးတာတို႔ သူမ အလုပ္လုပ္ေနတဲ့ မနီလာကို စင္ကာပူကေန ေတြ႕ခ်င္႐ုံသက္သက္ေလးနဲ႔ ေလယာဥ္စီးလာခဲ့တာတို႔ေတြ လုပ္ျပၿပီး အရမ္းေကာင္းျပခဲ့ပါတယ္။

သူတို႔ႏွစ္ဦး ေတြ႕ဆုံခိုက္ အနာဂါတ္ဘဝခရီးအတြက္ တိုင္ပင္ၾကတဲ့အခါ စိတ္တူကိုယ္တူ ရွိၾကတာမို႔ သူ႔အတြက္ စိတ္အခ်ရဆုံး ဘဝအေဖာ္မြန္တစ္ေယာက္ပဲလို႔ သတ္မွတ္ၿပီး သူမရဲ့ အပ်ိဳစင္ဘဝကိုပါ ယုံၾကည္အပ္ႏွံလိုက္ပါတယ္။ ဒီလိုနဲ႔ ေနရာခဲ့ၾကရင္း ၂၀၁၈ ခုႏွစ္ ဇြန္လမွာေတာ့ သူမရဲ့ ေဖ့စ္ဘြခ္မက္ဆင္ဂ်ာထဲကို ကိုရီးယားအမ်ိဳးသမီးတစ္ေယာက္က စာပို႔ၿပီး သူဟာ စင္ကာပူအမ်ိဳးသားရဲ့ ရည္းစားျဖစ္တယ္လို႔ ဆိုလာပါတယ္။ အဲဒီမွာ မယုံၾကည္နိုင္ေလာက္ေအာင္ သူမ ေရွာ့ခ္ရခဲ့ပါတယ္။

ကိုရီးယားသူက သူမဟာ ေလယာဥ္မယ္ တစ္ေယာက္ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ တြဲလာတာ တစ္ႏွစ္ေက်ာ္ၾကာၿပီျဖစ္ေၾကာင္း၊ သူတို႔ႏွစ္ဦးဟာ လက္မထပ္ပဲ အတူေနၾကသူေတြျဖစ္ၿပီး ဒီအေၾကာင္းေတြကို ႏွစ္ဖက္မိဘေတြလည္း သိေၾကာင္း ေျပာလာပါတယ္။

ဇြန္လ ၂၂ ရက္ေန႔က စင္ကာပူကို ျပန္လာစဥ္ အမ်ိဳးသားရဲ့ဖုန္းထဲကေန Ms Lin နဲ႔တြဲေနတဲ့အေၾကာင္းကို သိသြားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သူတို႔ အမ်ိဳးသမီးႏွစ္ဦး အြန္လိုင္းမွာ အျပန္အလွန္ ေျပာဆိုၿပီးေနာက္မွာေတာ့ စင္ကာပူအမ်ိဳးသားဟာ ေဆးေက်ာင္းၿပီးထားတဲ့ ဆရာဝန္တစ္ေယာက္လည္း မဟုတ္သလို သူေျပာခဲ့သမၽွ အရာေတြအားလုံးဟာ အလိမ္အညာေတြခ်ည္းသာ ျဖစ္ၿပီး ျမာေပြတတ္တဲ့ အမ်ိဳးသားတစ္ဦးသာ ျဖစ္လို႔ေနပါတယ္။

အဲဒီေနာက္မွာ Ms Lin က စင္ကာပူအမ်ိဳးသားရဲ့ အင္စတာဂရမ္ အေကာင့္ထဲက အမ်ိဳးသမီးေတြကို မက္ေဆ့ပို႔ၿပီး စုံစမ္းၾကည့္တဲ့အခါမွာလည္း မရိုးသားတဲ့ ဆက္ဆံေရးေတြ ရွိေနၾကတယ္ဆိုတာကို ေတြ႕လိုက္ရပါတယ္။

သူမကေတာ့ တစ္ဘဝလုံးစာ ယုံၾကည္ၿပီး ပုံအပ္လိုက္မိေပမယ့္ ေနာက္ဆုံးမွာေတာ့ ေသာကေတြ ပူေဆြးမွုေတြ၊ မခံခ်ည့္မခံသာ ျဖစ္မွုေတြနဲ႔သာ က်န္ေနရစ္ပါတယ္။ ဒါေပမယ့္ သူမလုပ္နိုင္တာ တစ္ခုေတာ့ ရွိေနပါတယ္၊ အဲဒါကေတာ့ သူမလို အျခားမိန္းကေလးေတြ မခံစားရေအာင္ စင္ကာပူသားနဲ႔ ပက္သက္ေနတဲ့ အမ်ိဳးသမီးေတြကို သတိထားဖို႔ လိုက္ေျပာမိေနတာပါပဲ..။

ဒါေၾကာင့္မို႔ ဝါဝါျမင္တိုင္းလည္း ေရႊမထင္ၾကပါနဲ႔၊ ေျပာတိုင္းယုံတဲ့ ပုတ္သင္ညိဳေလးလိုလဲ မအၾကဖို႔၊ ဘဝတစ္ခုလုံး မပုံအပ္မီ သူ႔အေၾကာင္း ေသေသခ်ာခ်ာသိေအာင္ ေလ့လာသင့္ၾကပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
 ဘယ်မိန်းကလေးမဆို ကိုယ့်ရဲ့ချစ်သူဟာ ရုပ်ချောရမယ်၊ ပညာတတ်ရမယ်၊ စိတ်ထားကောင်းရမယ် စတဲ့ အခြေခံကျတဲ့ အချက်လေးတွေ ပြည့်စုံဖို့ကိုတော့ စိတ်ကူးယဉ် စဉ်းစားထားမယ်လို့ ယုံကြည်ပါတယ်။
စိတ်ထားကောင်းရမယ်ဆိုတဲ့ အချက်ကိုတော့ ချက်ချင်းကြီး မသိနိုင်ကြပေမယ့် ရုပ်ရည်နဲ့ ပညာအရည်အချင်းကတော့ လွယ်လွယ်နဲ့ပဲ သိနိုင်ပါတယ်။

ပညာဆိုတဲ့နေရာမှာလည်း အာရှတိုက်သားတွေ အတော်များများ အရိုးစွဲ ယုံကြည်ထားကြတာက ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မှ ဘဝအာမခံချက်ကောင်းတယ်လို့ ခံယူထားကြပါတယ် (မှန်သင့်သလောက်တော့ မှန်ပါလိမ့်မယ်)။

ဒါကြောင့်မို့ ကိုယ်ရဲ့ အိမ်ထောင်ဖက်ဟာ ဆရာဝန်၊ အင်ဂျင်နီယာဖြစ်ရင် သိပ်ကောင်းမှာပဲလို့ မိန်းကလေးအများစု စိတ်ကူးယဉ်ကြမှာပါ။ တစ်စုံတစ်ယောက်ဟာ ဆရာဝန် လို့ သိလိုက်ရတာနဲ့ အခြားအရာတွေတောင် သိပ်မတွေးတတ်လောက်အောင် ဖြစ်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖြစ်ရပ်မှန် သတင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် Ms Lin ဆိုသူ ထိုင်ဝမ်အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းကနေ ချစ်သူရှာဖွေတဲ့ ‘Tinder App’ ကနေတစ်ဆင့် စင်ကာပူနိုင်ငံက ဆရာဝန်ဘွဲ့နဲ့ ကျောင်းပြီးထားတဲ့ အမျိုးသားတစ်ဦးနဲ့ အွန်းလိုင်းပေါ်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် လအနည်းငယ် အကြာမှာတော့ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။

အဲဒီအချိန်က Ms Lin ဟာ ဖီလစ်ပိုင်နိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ အွန်လိုင်းမှာ စင်ကာပူအမျိုးသားရဲ့ ကိုယ်ရေးဖော်ပြချက် ပရိုဖိုင်မှာ ဆရာဝန်ဘွဲ့ရ လို့ ဖော်ပြထားတာကြောင့် သူမက စိတ်ဝင်စားခဲ့ရတာပါ။

“သူက စင်ကာပူနိုင်ငံက နန်ယန်းနည်းပညာတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ရထားတယ်၊ ဒါပေမယ့် ဆရာဝန်လုပ်ဖို့ ဝါသနာမပါဘူး”
“ဒါကြောင့် သူက ဆရာဝန်မလုပ်ပဲ အွန်လိုင်းမှာ Bitcoin တွေအရောင်းအဝယ်လုပ်ပါတယ်” လို့ Ms Lin က ပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့ချစ်သူဟာ တစ်ကယ်ဝါရင့် ပိုကာဖဲကစားသမားလည်းဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လက ဖီလစ်ပိုင်နိုင်ငံ မနီလာမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးမှာတောင် ဝင်ကစားခဲ့သေးတယ်လို့ ပြောပါတယ်။

အချိန်တိုလေးအတွင်းမှာပဲ သူတို့နှစ်ဦး ခဏခဏတွေ့ဖြစ်ကြပြီး တွေ့ကာစမှာတော့ သူမကို အလှပြင်ပစ္စည်းတွေ ဝယ်ပေးတာတို့ သူမ အလုပ်လုပ်နေတဲ့ မနီလာကို စင်ကာပူကနေ တွေ့ချင်ရုံသက်သက်လေးနဲ့ လေယာဉ်စီးလာခဲ့တာတို့တွေ လုပ်ပြပြီး အရမ်းကောင်းပြခဲ့ပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံခိုက် အနာဂါတ်ဘဝခရီးအတွက် တိုင်ပင်ကြတဲ့အခါ စိတ်တူကိုယ်တူ ရှိကြတာမို့ သူ့အတွက် စိတ်အချရဆုံး ဘဝအဖော်မွန်တစ်ယောက်ပဲလို့ သတ်မှတ်ပြီး သူမရဲ့ အပျိုစင်ဘဝကိုပါ ယုံကြည်အပ်နှံလိုက်ပါတယ်။ ဒီလိုနဲ့ နေရာခဲ့ကြရင်း ၂၀၁၈ ခုနှစ် ဇွန်လမှာတော့ သူမရဲ့ ဖေ့စ်ဘွခ်မက်ဆင်ဂျာထဲကို ကိုရီးယားအမျိုးသမီးတစ်ယောက်က စာပို့ပြီး သူဟာ စင်ကာပူအမျိုးသားရဲ့ ရည်းစားဖြစ်တယ်လို့ ဆိုလာပါတယ်။ အဲဒီမှာ မယုံကြည်နိုင်လောက်အောင် သူမ ရှော့ခ်ရခဲ့ပါတယ်။

ကိုရီးယားသူက သူမဟာ လေယာဉ်မယ် တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက် တွဲလာတာ တစ်နှစ်ကျော်ကြာပြီဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ လက်မထပ်ပဲ အတူနေကြသူတွေဖြစ်ပြီး ဒီအကြောင်းတွေကို နှစ်ဖက်မိဘတွေလည်း သကြိကြောင်း ပြောလာပါတယ်။

ဇွန်လ ၂၂ ရက်နေ့က စင်ကာပူကို ပြန်လာစဉ် အမျိုးသားရဲ့ဖုန်းထဲကနေ Ms Lin နဲ့တွဲနေတဲ့အကြောင်းကို သိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူတို့ အမျိုးသမီးနှစ်ဦး အွန်လိုင်းမှာ အပြန်အလှန် ပြောဆိုပြီးနောက်မှာတော့ စင်ကာပူအမျိုးသားဟာ ဆေးကျောင်းပြီးထားတဲ့ ဆရာဝန်တစ်ယောက်လည်း မဟုတ်သလို သူပြောခဲ့သမျှ အရာတွေအားလုံးဟာ အလိမ်အညာတွေချည်းသာ ဖြစ်ပြီး မြာပွေတတ်တဲ့ အမျိုးသားတစ်ဦးသာ ဖြစ်လို့နေပါတယ်။

အဲဒီနောက်မှာ Ms Lin က စင်ကာပူအမျိုးသားရဲ့ အင်စတာဂရမ် အကောင့်ထဲက အမျိုးသမီးတွေကို မက်ဆေ့ပို့ပြီး စုံစမ်းကြည့်တဲ့အခါမှာလည်း မရိုးသားတဲ့ ဆက်ဆံရေးတွေ ရှိနေကြတယ်ဆိုတာကို တွေ့လိုက်ရပါတယ်။

သူမကတော့ တစ်ဘဝလုံးစာ ယုံကြည်ပြီး ပုံအပ်လိုက်မိပေမယ့် နောက်ဆုံးမှာတော့ သောကတွေ ပူဆွေးမှုတွေ၊ မခံချည့်မခံသာ ဖြစ်မှုတွေနဲ့သာ ကျန်နေရစ်ပါတယ်။ ဒါပေမယ့် သူမလုပ်နိုင်တာ တစ်ခုတော့ ရှိနေပါတယ်၊ အဲဒါကတော့ သူမလို အခြားမိန်းကလေးတွေ မခံစားရအောင် စင်ကာပူသားနဲ့ ပက်သက်နေတဲ့ အမျိုးသမီးတွေကို သတိထားဖို့ လိုက်ပြောမိနေတာပါပဲ..။

ဒါကြောင့်မို့ ဝါဝါမြင်တိုင်းလည်း ရွှေမထင်ကြပါနဲ့၊ ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလေးလိုလဲ မအကြဖို့၊ ဘဝတစ်ခုလုံး မပုံအပ်မီ သူ့အကြောင်း သေသေချာချာသိအောင် လေ့လာသင့်ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top