iMyanmarHouse.com - Best Property Website for Myanmar
×

India ႏိုင္ငံအလယ္ပိုင္း Mandsaur ၿမိဳ႕မွာ အသက္ ၇ ႏွစ္အ႐ြယ္ေက်ာင္သူေလး တေယာက္ အဓမၼျပဳက်င့္ခံရမႈအတြက္ က်ဴးလြန္သူေတြကို ေသဒဏ္ ေပးဖုိ႔ ေထာင္နဲ႔ခ်ီ လမ္းေပၚထြက္ ေတာင္းဆိုခဲ့ၾကပါတယ္။ မသကၤာသူ ၂ ေယာက္ကို ဖမ္းဆီးထားတယ္လို႔ ရဲကေျပာပါတယ္။

မိဘေတြ ေက်ာင္းလာ ႀကိဳတာ ေနာက္က်လို႔ေစာင့္ေနတဲ့ အဲဒီမိန္းကေလးနဲ႔ စြပ္စြဲခံထားရ သူတေယာက္ လမ္းေလွ်ာက္ၿပီးထြက္သြားတဲ့ပံုကို အနားက CCTV မွာ ေတ႔ြရပါတယ္။ ေနာက္ပုိင္းမွာေတာ့ အနားကၿခံဳထဲမွာ မိန္းကေလး သတိေမ့ေနတာကို ရဲကေတြ႔႐ွိခဲ့ပါ တယ္။ ေဆး႐ံုမွာ ကုသမႈခံေနတဲ့ ေက်ာင္းသူေလး သက္သာလာၿပီလို႔ ဆရာဝန္ေတြက ေျပာပါတယ္။

Madhya Pradesh ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကလည္း အျပစ္ရွိေၾကာင္းထင္႐ွားရင္ ေသဒဏ္ ခ်ဖုိ႔ ေတာင္းဆိုထားတယ္လုိ႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။ India ဝန္ႀကီးခ်ဳပ္ Narendra Modi အစိုးရလက္ထက္မွာ အသက္ ၁၂ ႏွစ္ေအာက္ငယ္႐ြယ္တဲ့ မိန္းကေလးေတြကို အဓမၼ ျပဳသူေတြကို ေသဒဏ္အျပစ္ေပးဖုိ႔ သတ္မွတ္ခဲ့သလို ၁၆ ႏွစ္ေအာက္ မိန္းကေလးေတြကို အဓၶမျပဳသူေတြအတြက္ အနိမ့္ဆံုးျပစ္ဒဏ္ကိုလည္း တိုးျမႇင့္ခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ Modi ပါတီအုပ္ခ်ဳပ္တဲ့ ျပည္နယ္ ၂ ခုမွာ ၈ ႏွစ္အ႐ြယ္ မိန္းကေလးတေယာက္ နဲ႔ အမ်ဳိးသမီးငယ္တေယာက္တို႔ အဓၶမက်င့္ခံခဲ့ရၿပီးေနာက္ ျပည္သူေတြဆႏၵျပခဲ့ၾကလို႔ ခုလို ျပစ္ဒဏ္ေတြကို တိုးျမႇင့္ခဲ့တာျဖစ္ပါတယ္။

India ႏိုင္ငံမွာ အဓၶမက်င့္ခံရသူစုစုေပါင္းရဲ႕ ၄၀% ေလာက္က ကေလးငယ္ေတြ ျဖစ္ၾကပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗြီအိုုေအ (ျမန္မာဌာန)
https://burmese.voanews.com

#Unicode Version#
India နိုင်ငံအလယ်ပိုင်း Mandsaur မြို့မှာ အသက် ၇ နှစ်အရွယ်ကျောင်သူလေး တယောက် အဓမ္မပြုကျင့်ခံရမှုအတွက် ကျူးလွန်သူတွေကို သေဒဏ် ပေးဖို့ ထောင်နဲ့ချီ လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြပါတယ်။ မသင်္ကာသူ ၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲကပြောပါတယ်။

မိဘတွေ ကျောင်းလာ ကြိုတာ နောက်ကျလို့စောင့်နေတဲ့ အဲဒီမိန်းကလေးနဲ့ စွပ်စွဲခံထားရ သူတယောက် လမ်းလျှောက်ပြီးထွက်သွားတဲ့ပုံကို အနားက CCTV မှာ တေ့ွရပါတယ်။ နောက်ပိုင်းမှာတော့ အနားကခြုံထဲမှာ မိန်းကလေး သတိမေ့နေတာကို ရဲကတွေ့ရှိခဲ့ပါ တယ်။ ဆေးရုံမှာ ကုသမှုခံနေတဲ့ ကျောင်းသူလေး သက်သာလာပြီလို့ ဆရာဝန်တွေက ပြောပါတယ်။

Madhya Pradesh ပြည်နယ် ဝန်ကြီးချုပ်ကလည်း အပြစ်ရှိကြောင်းထင်ရှားရင် သေဒဏ် ချဖို့ တောင်းဆိုထားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ India ဝန်ကြီးချုပ် Narendra Modi အစိုးရလက်ထက်မှာ အသက် ၁၂ နှစ်အောက်ငယ်ရွယ်တဲ့ မိန်းကလေးတွေကို အဓမ္မ ပြုသူတွေကို သေဒဏ်အပြစ်ပေးဖို့ သတ်မှတ်ခဲ့သလို ၁၆ နှစ်အောက် မိန်းကလေးတွေကို အဓ္ဓမပြုသူတွေအတွက် အနိမ့်ဆုံးပြစ်ဒဏ်ကိုလည်း တိုးမြှင့်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Modi ပါတီအုပ်ချုပ်တဲ့ ပြည်နယ် ၂ ခုမှာ ၈ နှစ်အရွယ် မိန်းကလေးတယောက် နဲ့ အမျိုးသမီးငယ်တယောက်တို့ အဓ္ဓမကျင့်ခံခဲ့ရပြီးနောက် ပြည်သူတွေဆန္ဒပြခဲ့ကြလို့ ခုလို ပြစ်ဒဏ်တွေကို တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

India နိုင်ငံမှာ အဓ္ဓမကျင့်ခံရသူစုစုပေါင်းရဲ့ ၄၀% လောက်က ကလေးငယ်တွေ ဖြစ်ကြပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top