×

Hernia အူက်-မက် သိပါရေစ
1. က်ေနာ္မွာ hernia ရွိေနပါတယ္။ ႏုိင္ငံျခားခရီးထြက္ရမွာမုိ႔ ဆရာဝန္က အခ်ိန္မီ မက်က္မွာစုိး၍ ခြဲမေပးလုိက္ပါ။ ေရခဲကပ္၍ ေဘာင္းဘီက်ပ္က်ပ္ဝတ္ရန္ေျပာပါသည္။ အလုပ္က စားပြဲမွာ တစ္ေန႔ ၉ နာရီ ထုိင္ရပါသည္။ ႏုိဝင္ဘာ၊ ဒီဇင္ဘာ ခြင့္ျပန္မွ ခြဲရန္စီစဥ္ထားပါသည္။ ေရွ႕ႏွစ္ အိမ္ေထာင္ျပဳမည္ျဖစ္သျဖင့္ hernia က သားသမီးကိစၥကုိ ထိခုိက္ႏုိင္မထိခုိက္ႏုိင္သိလုိပါသည္။ ေဆာင္ရန္ေရွာင္ရန္မ်ားကုိ သိလုိပါသည္ခင္ဗ်ာ။

2. ကန္ေတာ့ေနာ္ဆရာ ကြ်န္တာ့ ညာဖက္အေစ့ဖက္မွာ အူက်တာျဖစ္ေနပါတယ္။ ျဖစ္ေနတာကေတာ့ ၅ နစ္ ေလာက္ရွိပါၿပီ။ ခြဲစိတ္ဖို႔လုိပါသလား။ ခြဲစိတ္သင့္ပါသလား သိခ်င္ပါတယ္။ အလုပ္ပင္ပန္းရင္ ေတာ္ေတာ္ ၾကီးလားၿပီး နည္းနည္းေတာ့ ေအာင့္ပါတယ္ဆရာ။

3. ဆရာခင္ဗ်ား ကိုယ့္ကိုယ္ကို အူက်-မက် သိရေအာင္ မည္သို႔ စမ္းသပ္ စစ္ေဆးႏိုင္ပါသလဲ။ ေက်းဇူးျပဳၿပီး ေျဖၾကားေပးပါ။

ေယာက္်ားေတြမွာ အဲဒီေနရာမယ္ ျဖစ္တဲ့ ေရာဂါေတြ အဓိက ၄ မ်ိဳး ရွိတယ္။
1. Hernia အူက်တာ၊
2. Hydrocele မုတၲေရာဂါ၊
3. Epididymitis က်ားအေစ့ေရာင္တာ နဲ႔
4. Varicocele (ေဗရီကိုဆီးလ္) ေသြးျပန္ေၾကာထံုးတာေတြ ျဖစ္ၾကတယ္။

ေယာက္်ားတိုင္းရဲ႕ Scrotum ကပ္ပယ္အိတ္ တဖက္စီထဲမယ္ Testis ေဝွးေစ့ တလံုးစီ ရွိၾကရတယ္။ အေစ့အထက္မွာ အထက္-ေအာက္ တန္းေနတာကို အေၾကာလို႔ အလြယ္ေခၚတဲ့ထဲမွာ Arteries and Vein ေသြးေၾကာေတြ၊ Nerve အာရံုေၾကာနဲ႔ Vas deferens သုတ္ရည္ျပြန္အားလံုးက ကပ္ေနၾကျပီး လက္ေခ်ာင္းေလး တေခ်ာင္း စာေလာက္သာ တုတ္တယ္။

ဗိုက္ထဲမွာသာေနရတဲ့ အူက ေအာက္ဆင္းျပီး ကပ္ပယ္အိတ္ထဲ က်လာတာကို Hernia (ဟာနီယာ) အူက်တာ ေခၚပါတယ္။ မုတ္ ဆိုတဲ့ မုတၠ Hydrocele (ဟိုက္ဒရိုဆီး) ကေတာ့ အေစ့ကို ဖံုးေနတဲ့ အိတ္ထဲက ပံုမွန္ရွိရမဲ့ ခပ္ပါးပါး အရည္ေတြ အမ်ားၾကီး ျဖစ္လာတာကို ေခၚတယ္။ အူက်တာနဲ႔ မုတ္က မနာၾကတာမွာ လာတူတယ္။ အသက္အရြယ္ မေရြးျဖစ္တာလဲ တူတယ္။ အေၾကာ-အေစ့ ေရာင္တယ္ ဆိုတာ အေတာ္ နာတယ္။ (စာတပုဒ္ ေရးထားပါတယ္။) ေဝွးေစ့ရဲ႕ ေသြးျပန္ေၾကာေတြ ေဖါင္းၾကြေနတာကို Varicocele (ေဗရီကိုဆီး) ေခၚတယ္။ မနာဘူး။ (စာတပုဒ္ ေရးထားပါတယ္။)

ဒီေရာဂါ ေလးမ်ိဳးအျပင္ ရွားရွားပါးပါးေတြလည္း ရွိေသးတယ္။ Scrotal elephantiasis ဆင္ေျခေထာက္ပိုးေၾကာင့္ မုတ္လို ျဖစ္တာ၊ Hydrocele of testis အေစ့က မုတ္လိုျဖစ္တာ၊ Spermatocele သုတ္ပိုးအိတ္ျဖစ္တာ၊ Testicular torsion အေၾကာထံုးတာ၊ Testicular cancer အေစ့ ကင္ဆာ နဲ႔ TB အေစ့ တီဘီေတြ ျဖစ္တယ္။ ေနာက္ ထူးဆန္းတာတခုက Undescended testis ေမြးကတည္းက အေစ့က တဖက္ျဖစ္ ႏွစ္ဘက္လံုးျဖစ္ျဖစ္ ကပ္ပဲ့အိတ္ထဲမွာ မရွိတာ။ အေစ့ တဖက္ထဲသာ စမ္းလို႔ရရင္ ဒါျဖစ္မယ္။ ေအာက္အထိမက်ဘဲ ေပါင္ျခံမွာျဖစ္ျဖစ္ ဗိုက္ထဲျဖစ္ျဖစ္ ရွိေနမယ္။ ခြဲစိတ္ျပဳျပင္ေပးရတယ္။ (စာတပုဒ္ ေရးထားပါတယ္။)

(ဟာနီယာ) အူက်တာက မတ္တပ္ရပ္ရင္ က်လာမယ္။ ေခ်ာင္းဆိုး-ႏွာေခ်ရင္၊ ေျပးရင္၊-ခုန္ရင္၊ အေလးအပင္မရင္၊ ဗိုက္ကို ညွစ္လိုက္ရင္ ထြက္လာမယ္။ အိပ္ေနရင္ သူ႔ဖါသာ ျဖစ္ျဖစ္၊ သြင္းေပးလို႔ျဖစ္ျဖစ္ ျပန္ဝင္သြားမယ္။ ၁ လ၊ ၁ ႏွစ္ကေန၊ ၁ဝ ႏွစ္၊ အႏွစ္ ၂ဝ အထိ ၾကာႏိုင္တယ္။ ၾကာၾကာ ျဖစ္ေနသူမွာ ယုတ္တရက္ နာလာတာကေတာ့ အေရးေပၚ။ ျပန္မဝင္ႏိုင္ဘဲ က်ေနတဲ့ အူက ေခါက္ေနလို႔။ အူက ေရာင္-နာ-ပိတ္တာ ျဖစ္လာတယ္။ Strangulated Hernia ေန႔ေန႔-ညည အေရးေပၚ ခြဲရလိမ့္မယ္။

က်လာတဲ့ အူဆိုတာကို အေစ့ရဲ႕ အေပၚမွာ၊ သီးသန္႔ စမ္းလို႔ရတယ္။ မျဖစ္တဲ့ ဘက္နဲ႔ ယွဥ္ၾကည့္ပါ။ ေခ်ာင္းအတု ဆိုးခိုင္းရင္ က်က်လာလို႔၊ ေဖါင္းေဖါင္း လာမယ္။ လွဲအိပ္ခိုင္းတာနဲ႔ ဝင္သြားမယ္။ က်လာတဲ့ေနရာက ဗိုက္ေအာက္ပိုင္း၊ ေပါင္ျခံအထက္ ေနရာက ျဖစ္တယ္။ ျပန္သြင္းေပးရင္ ထြက္လာတဲ့ ေနရာဆီကို သြင္းေပးရတယ္။ အတိအက် ေျပာရင္ ကပ္ပဲ့အိတ္ အထက္ တည့္တည့္၊ ဆီးစပ္က အရိုးမာမာရဲ႕ ျဖစ္တဲ့ဘက္ အထက္-ေဘး ၂ လကၼေလာက္ ေနရာပါ။ က်ေနတဲ့အူကုိ ျပန္သြင္းျပီး၊ မတ္တပ္ရပ္ အေနအထားမွာ အဲဒီေနရာမွာ စမ္းတဲ့သူက လက္နဲ႔ ဖိ-ပိတ္ထားရင္ ေခ်ာင္းဆိုးခိုင္းေပမဲ့ အူက က်မလာဘူး၊ ထြက္ေပါက္ကို ဖိ-ပိတ္ထားလို႔ပါ။ ဒါဆို အူက်ေရာဂါ ေသျခာျပီ။

ထြက္လာတဲ့ ေနရာဆိုတာ ဘာလဲ။ ဗိုက္ကို ဖံုးကာေပးထားတဲ့ ၾကြက္သားလႊာက ၃-၄ ထပ္ရွိတယ္။ (ဒါရိုက္ရွင္) လားရာ အမ်ိဳးမ်ိဳး ရွိတယ္။ အထက္-ေအာက္၊ တေစာင္း။ ၾကြက္သားေတြက ေပါင္ျခံထိပ္က အရြတ္ရွည္မွာ လာတြယ္တာေတြက အူက်တာနဲ႔ ဆိုင္တယ္။ လာတြယ္ၾကတဲ့အခါ ဂေဟဆက္သလို မဟုတ္ဘူး။ အဟေလးေတြ က်န္ေနတယ္။ အဲဒီ ေနရာေလးေတြက အေပါက္လို ျဖစ္ေနလို႔ အားနည္းခ်က္ဘဲ။ ဗိုက္ကို တင္းအား-ညွစ္အား လုပ္တဲ့အခါ ဗိုက္ထဲ ရွိတာေတြဟာ အေပါက္ ေနရာေတြကေန ထြက္ဘို႔ ၾကိဳးစားပါတယ္။ ထြက္လာႏိုင္ရင္ Hernia ျဖစ္ျပီေပါ့။ ေခၚေတာ့သာ အူက်တယ္လို႔ အလြယ္ေခၚတာ၊ ဗိုက္ထဲက အနီးအနာက ထြက္လို႔ရတာ ထြက္မွာဘဲ။

က်လာတယ္ဆိုတာ အူသပ္သပ္ က်တာေတာ့ မဟုတ္ဘူး။ ၾကြက္သားေတြရဲ႕ အတြင္းမွာ ဗိုက္တျပင္လံုးကို ဖံုးေနတဲ့ အလႊာပါးပါးေလး ရွိေသးတယ္။ အဲဒီအလႊာက ထြက္မဲ့ေနရာကေန တေျဖးေျဖးခ်င္း စူစူထြက္လာတာမို႔ အိတ္ကေလးျဖစ္ျပီး၊ အိတ္ထဲမွာက အူသိမ္၊ အူေျမွးေတြလဲ ကပ္ပါေနမယ္။ ညာဘက္မွာျဖစ္ရင္ အူအတက္ ဆိုတာလည္း ပါႏိုင္တယ္။

(ဟာနီယာ) ဆိုတာ ေယာက္်ားေတြ မွာသာ ျဖစ္တယ္ ထင္ၾကတယ္။ အမ်ိဳးသမီးေတြလည္း အူက်တာ ျဖစ္တယ္။ နည္းပါတယ္။ ေယာက္်ားေတြကို ခြဲေပးဘူးတာ မေရတြက္ႏိုင္ေပမဲ့ အမ်ိဳးသမီး ၂ ေယာက္သာ ခြဲေပးရဘူးတယ္။ သူတို႔မွာ ကပ္ပဲ့အိတ္ မဟုတ္ဘဲ မ-အဂၤါ ႏႈတ္ခမ္းသားထဲကို က်လာတယ္။ သိပ္လဲမၾကီးလွဘူး။

(၁) အခုထိေရးခဲ့တာက အမ်ားဆံုးျဖစ္တဲ့ ေပါင္ျခံမွာျဖစ္တယ္။ Inguinal hernia ေခၚတယ္။
(၂) ေပါင္ထိပ္မွာျဖစ္ရင္ Femoral hernia ေခၚျပီး၊ ဒီအမ်ိဳးအစားက အမ်ိဳးသမီးေတြ ပိုျဖစ္တယ္။
(၃) ကေလးငိုရင္ ခ်က္မွာ စူထြက္လာတာကို Umbilical hernia ေခၚတယ္။ ကေလးကိုတခါတည္း နာမယ္ေပးတယ္။ “ခ်က္ေဖါင္း” လို႔။ ကေလးမွာအဲလိုျဖစ္တိုင္းေတာ့ မခြဲရပါ။ ၾကီးတဲ့အထိရွိေနေသးမွာ ခြဲရတယ္။
(၄) ဗိုက္ခြဲထားတဲ့ ခ်ဳပ္ရိုးေနရာကေန စူထြက္တာကို Incision hernia ေခၚတယ္။
(၅) ဗိုက္နဲ႔ ရင္ေခါင္းကို ပိုင္းျခားထားေပးတဲ့ ၾကြက္သားၾကီးမွာျဖစ္ရင္ Diaphragmatic hernia ေခၚတယ္။ Acid Reflux အူက်တာ မဟုတ္တဲ့ (ဟာနီယာ) စာတပုဒ္ထဲမွာ ေရးထားပါတယ္။

ဘာလို႔ အူက်တာလဲ။ ဗိုက္ဖံုးၾကြက္သား ခႏၶာေဗဒမွာ အားနည္းေနသူ၊ ဗိုက္ကို တင္းအားျဖစ္ေစမွာေတြ လုပ္တာ မ်ားလို႔ေၾကာင့္ ျဖစ္တယ္။ မျဖစ္ေစခ်င္သူေတြ ဒါမ်ိဳး ဆင္ျခင္ရမယ္။ အေျပး-အခုန္၊ အေလးမ၊ အတက္-အဆင္း။ ဒါ့ေၾကာင့္ အားကစားသမား ေရာဂါလို႔ ထင္ရတယ္။ အမွန္က အဲလိုေတာ့ မဟုတ္ဘူး။ ခႏၶာေဗဒက (ပါဖက္) ဆိုရင္ မျဖစ္ပါဘူး။

(ဟာနီယာ) ေသျခာရင္ ခြဲရမွာပါ။ မခြဲဘဲ ယာယီ သက္သာေအာင္ လုပ္တာမ်ိဳးေတာ့ ရွိတယ္။ အသက္ၾကီးသူေတြ၊ အခြဲ မခံသင့္ေသးသူေတြ ဥပမာ ဆီးခ်ိဳ၊ ႏွလံုးေရာဂါရွိေနသူေတြ အတြက္သာ ညႊန္းပါတယ္။ Hernia Belt ခါးပတ္တမ်ိဳး ပတ္ထားရတယ္။ အခ်ိန္ေရြးျပီးခြဲႏိုင္ပါတယ္။ တခ်ိဳ႕ အသက္အေတာ္ၾကီးမွခြဲတယ္။ သတိထားဘို႔ေတာ့ရွိတယ္။ ၾကာေလေလ ၾကီးေလေလျဖစ္မယ္။ အေနရခက္မယ္။ စိတ္ထဲမွာ ငါ့မွာ ဒီေရာဂါရွိေနတယ္လို႔ ကသိကေအာင့္ ခံစားေနရႏိုင္တယ္။

ခြဲစိတ္တာက ထမင္းစားေရေသာက္ ေျပာလို႔ရပါတယ္။ ဆရာဝန္မ်ား ခြဲတာ-စိတ္တာ လက္ေတြ႔သင္ရင္ (ဖိုင္မိုးဆစ္) ပန္းငံုတာကေန စၾကရတယ္။ ဒိေနာက္မွာ (ဟိုက္ဒရိုဆီး) မုတ္ခြဲတာ။ ဒိေနာက္မွာ (ဟာနီယာ) ခြဲရတယ္။ အေတြ႔အၾကံဳေတာ့ လိုတယ္။ တခါတေလ ခြဲရင္းနဲ႔ အိတ္ ရွာမေတြ႔ရင္ ေတာအုပ္ထဲ လမ္းေပ်ာက္သူလဲ ျဖစ္တတ္တယ္။ ခြဲျပီးမွ ျပန္ျဖစ္သူေတြလည္း ရွိတတ္တယ္။ အသက္ၾကီးသူေတြ အတြက္ေတာ့ နည္းနည္း ပိုလုပ္ ေပးရတာမ်ိဳး ရွိတယ္။ ဖါေထးရတာမ်ိဳး။ ဇရာက ဆရာဝန္ေတြကို ပိုဒုကၡေပးပါတယ္။

ဒီစာကို ၁၇-၈-၂ဝ ေန႔က ေရးျပီးတင္ေတာ့ ေမးလာတာတခုရွိတယ္။ မခြဲေသးဘဲေစာင့္ခ်င္သူေတြအတြက္ ဆက္ဖတ္ပါ။

2011/1/11
ကြ်န္ေတာ္ အူက်ေနတာ ဂ ႏွစ္ေလာက္ရွိပါျပီ။ ခုကြ်န္ေတာ္ ႏိုင္ငံျခားသို႔ ေရာက္ေနပါသည္။ အရင္က အူကို တင္လို႔ ရေသးတယ္။ အခု အူက မာျပီး တင္လို႔မရဘူး ျဖစ္ေနပါတယ္။ အရမ္းလည္း ေအာင့္ေနပါတယ္။ ဘယ္လို သက္သာေအာင္ လုပ္ေပးရမည္ကို ေျပာျပေပးပါ။

အခုခ်က္ခ်င္း အိပ္ယာမွာ လဲလိုက္ပါ။ အူက်တဲ့ ေနရာေပၚမွာ ေရခဲတင္ပါ။ ေရခဲကို ပလပ္စတစ္အိတ္မွာ ထည့္ျပီးတင္ပါ။ လိုေသးရင္ ကုတင္ ေျခရင္းပိုင္းကို ျမွင့္ထားပါ။ စိတ္ေရာ ကိုယ္ပါ နားလိုက္ပါ။ အစာအမာ မစားနဲ႔အံုး။ သြားရည္စာလဲ ဆာလြန္းမွသာ စားပါ။ ၁-၂ နာရီအတြင္း ျပန္ဝင္ရမယ္။ ကိုယ့္ဖါသာ ျပန္သြင္းၾကည့္ပါ။ သြင္းတဲ့အခါမွာ ကပ္ပဲ့အိတ္ကေန အထက္၊ ေနာက္၊ ေဘးဘက္ဆီ ဦးတည္ပါ။ ဝင္သြားပါလိမ့္မယ္။ ၂-၃ နာရီမွ မဝင္ရင္ ဆရာဝန္ျပပါ။

ဆရာဝန္က ျငိမ္ေဆး၊ အိပ္ေဆး ထိုးေပးမယ္။ သြင္းၾကည့္မယ္။ အဲဒါေတြနဲ႔ မရရင္ေတာ့ အေရးေပၚခြဲရပါမယ္။ ႏိုင္ငံျခားေရာက္ေနလဲ ခြဲရပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr.တင့္ေဆြ

#Unicode Version#
Hernia အူကျ-မကျ သိပါရစေ
1. ကျနော်မှာ hernia ရှိနေပါတယ်။ နိုင်ငံခြားခရီးထွက်ရမှာမို့ ဆရာဝန်က အချိန်မီ မကျက်မှာစိုး၍ ခွဲမပေးလိုက်ပါ။ ရေခဲကပ်၍ ဘောင်းဘီကျပ်ကျပ်ဝတ်ရန်ပြောပါသည်။ အလုပ်က စားပွဲမှာ တစ်နေ့ ၉ နာရီ ထိုင်ရပါသည်။ နိုဝင်ဘာ၊ ဒီဇင်ဘာ ခွင့်ပြန်မှ ခွဲရန်စီစဉ်ထားပါသည်။ ရှေ့နှစ် အိမ်ထောင်ပြုမည်ဖြစ်သဖြင့် hernia က သားသမီးကိစ္စကို ထိခိုက်နိုင်မထိခိုက်နိုင်သိလိုပါသည်။ ဆောင်ရန်ရှောင်ရန်များကို သိလိုပါသည်ခင်ဗျာ။

2. ကန်တော့နော်ဆရာ ကျွန်တာ့ ညာဖက်အစေ့ဖက်မှာ အူကျတာဖြစ်နေပါတယ်။ ဖြစ်နေတာကတော့ ၅ နစ် လောက်ရှိပါပြီ။ ခွဲစိတ်ဖို့လိုပါသလား။ ခွဲစိတ်သင့်ပါသလား သိချင်ပါတယ်။ အလုပ်ပင်ပန်းရင် တော်တော် ကြီးလားပြီး နည်းနည်းတော့ အောင့်ပါတယ်ဆရာ။

3. ဆရာခင်ဗျား ကိုယ့်ကိုယ်ကို အူကျ-မကျ သိရအောင် မည်သို့ စမ်းသပ် စစ်ဆေးနိုင်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ယောက်ျားတွေမှာ အဲဒီနေရာမယ် ဖြစ်တဲ့ ရောဂါတွေ အဓိက ၄ မျိုး ရှိတယ်။
1. Hernia အူကျတာ၊
2. Hydrocele မုတ္တရောဂါ၊
3. Epididymitis ကျားအစေ့ရောင်တာ နဲ့
4. Varicocele (ဗေရီကိုဆီးလ်) သွေးပြန်ကြောထုံးတာတွေ ဖြစ်ကြတယ်။

ယောက်ျားတိုင်းရဲ့ Scrotum ကပ်ပယ်အိတ် တဖက်စီထဲမယ် Testis ဝှေးစေ့ တလုံးစီ ရှိကြရတယ်။ အစေ့အထက်မှာ အထက်-အောက် တန်းနေတာကို အကြောလို့ အလွယ်ခေါ်တဲ့ထဲမှာ Arteries and Vein သွေးကြောတွေ၊ Nerve အာရုံကြောနဲ့ Vas deferens သုတ်ရည်ပြွန်အားလုံးက ကပ်နေကြပြီး လက်ချောင်းလေး တချောင်း စာလောက်သာ တုတ်တယ်။

ဗိုက်ထဲမှာသာနေရတဲ့ အူက အောက်ဆင်းပြီး ကပ်ပယ်အိတ်ထဲ ကျလာတာကို Hernia (ဟာနီယာ) အူကျတာ ခေါ်ပါတယ်။ မုတ် ဆိုတဲ့ မုတ္က Hydrocele (ဟိုက်ဒရိုဆီး) ကတော့ အစေ့ကို ဖုံးနေတဲ့ အိတ်ထဲက ပုံမှန်ရှိရမဲ့ ခပ်ပါးပါး အရည်တွေ အများကြီး ဖြစ်လာတာကို ခေါ်တယ်။ အူကျတာနဲ့ မုတ်က မနာကြတာမှာ လာတူတယ်။ အသက်အရွယ် မရွေးဖြစ်တာလဲ တူတယ်။ အကြော-အစေ့ ရောင်တယ် ဆိုတာ အတော် နာတယ်။ (စာတပုဒ် ရေးထားပါတယ်။) ဝှေးစေ့ရဲ့ သွေးပြန်ကြောတွေ ဖေါင်းကြွနေတာကို Varicocele (ဗေရီကိုဆီး) ခေါ်တယ်။ မနာဘူး။ (စာတပုဒ် ရေးထားပါတယ်။)

ဒီရောဂါ လေးမျိုးအပြင် ရှားရှားပါးပါးတွေလည်း ရှိသေးတယ်။ Scrotal elephantiasis ဆင်ခြေထောက်ပိုးကြောင့် မုတ်လို ဖြစ်တာ၊ Hydrocele of testis အစေ့က မုတ်လိုဖြစ်တာ၊ Spermatocele သုတ်ပိုးအိတ်ဖြစ်တာ၊ Testicular torsion အကြောထုံးတာ၊ Testicular cancer အစေ့ ကင်ဆာ နဲ့ TB အစေ့ တီဘီတွေ ဖြစ်တယ်။ နောက် ထူးဆန်းတာတခုက Undescended testis မွေးကတည်းက အစေ့က တဖက်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ် ကပ်ပဲ့အိတ်ထဲမှာ မရှိတာ။ အစေ့ တဖက်ထဲသာ စမ်းလို့ရရင် ဒါဖြစ်မယ်။ အောက်အထိမကျဘဲ ပေါင်ခြံမှာဖြစ်ဖြစ် ဗိုက်ထဲဖြစ်ဖြစ် ရှိနေမယ်။ ခွဲစိတ်ပြုပြင်ပေးရတယ်။ (စာတပုဒ် ရေးထားပါတယ်။)

(ဟာနီယာ) အူကျတာက မတ်တပ်ရပ်ရင် ကျလာမယ်။ ချောင်းဆိုး-နှာချေရင်၊ ပြေးရင်၊-ခုန်ရင်၊ အလေးအပင်မရင်၊ ဗိုက်ကို ညှစ်လိုက်ရင် ထွက်လာမယ်။ အိပ်နေရင် သူ့ဖါသာ ဖြစ်ဖြစ်၊ သွင်းပေးလို့ဖြစ်ဖြစ် ပြန်ဝင်သွားမယ်။ ၁ လ၊ ၁ နှစ်ကနေ၊ ၁ဝ နှစ်၊ အနှစ် ၂ဝ အထိ ကြာနိုင်တယ်။ ကြာကြာ ဖြစ်နေသူမှာ ယုတ်တရက် နာလာတာကတော့ အရေးပေါ်။ ပြန်မဝင်နိုင်ဘဲ ကျနေတဲ့ အူက ခေါက်နေလို့။ အူက ရောင်-နာ-ပိတ်တာ ဖြစ်လာတယ်။ Strangulated Hernia နေ့နေ့-ညည အရေးပေါ် ခွဲရလိမ့်မယ်။

ကျလာတဲ့ အူဆိုတာကို အစေ့ရဲ့ အပေါ်မှာ၊ သီးသန့် စမ်းလို့ရတယ်။ မဖြစ်တဲ့ ဘက်နဲ့ ယှဉ်ကြည့်ပါ။ ချောင်းအတု ဆိုးခိုင်းရင် ကျကျလာလို့၊ ဖေါင်းဖေါင်း လာမယ်။ လှဲအိပ်ခိုင်းတာနဲ့ ဝင်သွားမယ်။ ကျလာတဲ့နေရာက ဗိုက်အောက်ပိုင်း၊ ပေါင်ခြံအထက် နေရာက ဖြစ်တယ်။ ပြန်သွင်းပေးရင် ထွက်လာတဲ့ နေရာဆီကို သွင်းပေးရတယ်။ အတိအကျ ပြောရင် ကပ်ပဲ့အိတ် အထက် တည့်တည့်၊ ဆီးစပ်က အရိုးမာမာရဲ့ ဖြစ်တဲ့ဘက် အထက်-ဘေး ၂ လက္မလောက် နေရာပါ။ ကျနေတဲ့အူကို ပြန်သွင်းပြီး၊ မတ်တပ်ရပ် အနေအထားမှာ အဲဒီနေရာမှာ စမ်းတဲ့သူက လက်နဲ့ ဖိ-ပိတ်ထားရင် ချောင်းဆိုးခိုင်းပေမဲ့ အူက ကျမလာဘူး၊ ထွက်ပေါက်ကို ဖိ-ပိတ်ထားလို့ပါ။ ဒါဆို အူကျရောဂါ သေခြာပြီ။

ထွက်လာတဲ့ နေရာဆိုတာ ဘာလဲ။ ဗိုက်ကို ဖုံးကာပေးထားတဲ့ ကြွက်သားလွှာက ၃-၄ ထပ်ရှိတယ်။ (ဒါရိုက်ရှင်) လားရာ အမျိုးမျိုး ရှိတယ်။ အထက်-အောက်၊ တစောင်း။ ကြွက်သားတွေက ပေါင်ခြံထိပ်က အရွတ်ရှည်မှာ လာတွယ်တာတွေက အူကျတာနဲ့ ဆိုင်တယ်။ လာတွယ်ကြတဲ့အခါ ဂဟေဆက်သလို မဟုတ်ဘူး။ အဟလေးတွေ ကျန်နေတယ်။ အဲဒီ နေရာလေးတွေက အပေါက်လို ဖြစ်နေလို့ အားနည်းချက်ဘဲ။ ဗိုက်ကို တင်းအား-ညှစ်အား လုပ်တဲ့အခါ ဗိုက်ထဲ ရှိတာတွေဟာ အပေါက် နေရာတွေကနေ ထွက်ဘို့ ကြိုးစားပါတယ်။ ထွက်လာနိုင်ရင် Hernia ဖြစ်ပြီပေါ့။ ခေါ်တော့သာ အူကျတယ်လို့ အလွယ်ခေါ်တာ၊ ဗိုက်ထဲက အနီးအနာက ထွက်လို့ရတာ ထွက်မှာဘဲ။

ကျလာတယ်ဆိုတာ အူသပ်သပ် ကျတာတော့ မဟုတ်ဘူး။ ကြွက်သားတွေရဲ့ အတွင်းမှာ ဗိုက်တပြင်လုံးကို ဖုံးနေတဲ့ အလွှာပါးပါးလေး ရှိသေးတယ်။ အဲဒီအလွှာက ထွက်မဲ့နေရာကနေ တဖြေးဖြေးချင်း စူစူထွက်လာတာမို့ အိတ်ကလေးဖြစ်ပြီး၊ အိတ်ထဲမှာက အူသိမ်၊ အူမြှေးတွေလဲ ကပ်ပါနေမယ်။ ညာဘက်မှာဖြစ်ရင် အူအတက် ဆိုတာလည်း ပါနိုင်တယ်။

(ဟာနီယာ) ဆိုတာ ယောက်ျားတွေ မှာသာ ဖြစ်တယ် ထင်ကြတယ်။ အမျိုးသမီးတွေလည်း အူကျတာ ဖြစ်တယ်။ နည်းပါတယ်။ ယောက်ျားတွေကို ခွဲပေးဘူးတာ မရေတွက်နိုင်ပေမဲ့ အမျိုးသမီး ၂ ယောက်သာ ခွဲပေးရဘူးတယ်။ သူတို့မှာ ကပ်ပဲ့အိတ် မဟုတ်ဘဲ မ-အင်္ဂါ နှုတ်ခမ်းသားထဲကို ကျလာတယ်။ သိပ်လဲမကြီးလှဘူး။

(၁) အခုထိရေးခဲ့တာက အများဆုံးဖြစ်တဲ့ ပေါင်ခြံမှာဖြစ်တယ်။ Inguinal hernia ခေါ်တယ်။
(၂) ပေါင်ထိပ်မှာဖြစ်ရင် Femoral hernia ခေါ်ပြီး၊ ဒီအမျိုးအစားက အမျိုးသမီးတွေ ပိုဖြစ်တယ်။
(၃) ကလေးငိုရင် ချက်မှာ စူထွက်လာတာကို Umbilical hernia ခေါ်တယ်။ ကလေးကိုတခါတည်း နာမယ်ပေးတယ်။ “ချက်ဖေါင်း” လို့။ ကလေးမှာအဲလိုဖြစ်တိုင်းတော့ မခွဲရပါ။ ကြီးတဲ့အထိရှိနေသေးမှာ ခွဲရတယ်။
(၄) ဗိုက်ခွဲထားတဲ့ ချုပ်ရိုးနေရာကနေ စူထွက်တာကို Incision hernia ခေါ်တယ်။
(၅) ဗိုက်နဲ့ ရင်ခေါင်းကို ပိုင်းခြားထားပေးတဲ့ ကြွက်သားကြီးမှာဖြစ်ရင် Diaphragmatic hernia ခေါ်တယ်။ Acid Reflux အူကျတာ မဟုတ်တဲ့ (ဟာနီယာ) စာတပုဒ်ထဲမှာ ရေးထားပါတယ်။

ဘာလို့ အူကျတာလဲ။ ဗိုက်ဖုံးကြွက်သား ခန္ဓာဗေဒမှာ အားနည်းနေသူ၊ ဗိုက်ကို တင်းအားဖြစ်စေမှာတွေ လုပ်တာ များလို့ကြောင့် ဖြစ်တယ်။ မဖြစ်စေချင်သူတွေ ဒါမျိုး ဆင်ခြင်ရမယ်။ အပြေး-အခုန်၊ အလေးမ၊ အတက်-အဆင်း။ ဒါ့ကြောင့် အားကစားသမား ရောဂါလို့ ထင်ရတယ်။ အမှန်က အဲလိုတော့ မဟုတ်ဘူး။ ခန္ဓာဗေဒက (ပါဖက်) ဆိုရင် မဖြစ်ပါဘူး။

(ဟာနီယာ) သေခြာရင် ခွဲရမှာပါ။ မခွဲဘဲ ယာယီ သက်သာအောင် လုပ်တာမျိုးတော့ ရှိတယ်။ အသက်ကြီးသူတွေ၊ အခွဲ မခံသင့်သေးသူတွေ ဥပမာ ဆီးချို၊ နှလုံးရောဂါရှိနေသူတွေ အတွက်သာ ညွှန်းပါတယ်။ Hernia Belt ခါးပတ်တမျိုး ပတ်ထားရတယ်။ အချိန်ရွေးပြီးခွဲနိုင်ပါတယ်။ တချို့ အသက်အတော်ကြီးမှခွဲတယ်။ သတိထားဘို့တော့ရှိတယ်။ ကြာလေလေ ကြီးလေလေဖြစ်မယ်။ အနေရခက်မယ်။ စိတ်ထဲမှာ ငါ့မှာ ဒီရောဂါရှိနေတယ်လို့ ကသိကအောင့် ခံစားနေရနိုင်တယ်။

ခွဲစိတ်တာက ထမင်းစားရေသောက် ပြောလို့ရပါတယ်။ ဆရာဝန်များ ခွဲတာ-စိတ်တာ လက်တွေ့သင်ရင် (ဖိုင်မိုးဆစ်) ပန်းငုံတာကနေ စကြရတယ်။ ဒိနောက်မှာ (ဟိုက်ဒရိုဆီး) မုတ်ခွဲတာ။ ဒိနောက်မှာ (ဟာနီယာ) ခွဲရတယ်။ အတွေ့အကြုံတော့ လိုတယ်။ တခါတလေ ခွဲရင်းနဲ့ အိတ် ရှာမတွေ့ရင် တောအုပ်ထဲ လမ်းပျောက်သူလဲ ဖြစ်တတ်တယ်။ ခွဲပြီးမှ ပြန်ဖြစ်သူတွေလည်း ရှိတတ်တယ်။ အသက်ကြီးသူတွေ အတွက်တော့ နည်းနည်း ပိုလုပ် ပေးရတာမျိုး ရှိတယ်။ ဖါထေးရတာမျိုး။ ဇရာက ဆရာဝန်တွေကို ပိုဒုက္ခပေးပါတယ်။

ဒီစာကို ၁၇-၈-၂ဝ နေ့က ရေးပြီးတင်တော့ မေးလာတာတခုရှိတယ်။ မခွဲသေးဘဲစောင့်ချင်သူတွေအတွက် ဆက်ဖတ်ပါ။

2011/1/11
ကျွန်တော် အူကျနေတာ ဂ နှစ်လောက်ရှိပါပြီ။ ခုကျွန်တော် နိုင်ငံခြားသို့ ရောက်နေပါသည်။ အရင်က အူကို တင်လို့ ရသေးတယ်။ အခု အူက မာပြီး တင်လို့မရဘူး ဖြစ်နေပါတယ်။ အရမ်းလည်း အောင့်နေပါတယ်။ ဘယ်လို သက်သာအောင် လုပ်ပေးရမည်ကို ပြောပြပေးပါ။

အခုချက်ချင်း အိပ်ယာမှာ လဲလိုက်ပါ။ အူကျတဲ့ နေရာပေါ်မှာ ရေခဲတင်ပါ။ ရေခဲကို ပလပ်စတစ်အိတ်မှာ ထည့်ပြီးတင်ပါ။ လိုသေးရင် ကုတင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ စိတ်ရော ကိုယ်ပါ နားလိုက်ပါ။ အစာအမာ မစားနဲ့အုံး။ သွားရည်စာလဲ ဆာလွန်းမှသာ စားပါ။ ၁-၂ နာရီအတွင်း ပြန်ဝင်ရမယ်။ ကိုယ့်ဖါသာ ပြန်သွင်းကြည့်ပါ။ သွင်းတဲ့အခါမှာ ကပ်ပဲ့အိတ်ကနေ အထက်၊ နောက်၊ ဘေးဘက်ဆီ ဦးတည်ပါ။ ဝင်သွားပါလိမ့်မယ်။ ၂-၃ နာရီမှ မဝင်ရင် ဆရာဝန်ပြပါ။

ဆရာဝန်က ငြိမ်ဆေး၊ အိပ်ဆေး ထိုးပေးမယ်။ သွင်းကြည့်မယ်။ အဲဒါတွေနဲ့ မရရင်တော့ အရေးပေါ်ခွဲရပါမယ်။ နိုင်ငံခြားရောက်နေလဲ ခွဲရပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr.တင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top