ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

လိုဏ္ဂူအတြင္း ႏွစ္ပတ္ေက်ာ္ၾကာပိတ္မိိေနေသာ ထိုင္းလူငယ္ ၁၂ ဦးႏွင့္ ၎တို႔၏ ေဘာလံုးအသင္းနည္းျပတို႔ကို ယမန္ေန႔က အားလံုးကယ္ထုတ္ႏုိင္ခဲ့ၿပီျဖစ္သည္။

ေမွာင္မည္းၿပီး ေရလႊမ္းေနသည့္ဂူထဲတြင္ ၁၈ ရက္ၾကာျမင့္ၿပီး ေနာက္ ထုိင္းႏုိင္ငံ မယ္ဆိုင္ေဒသ

ရွိ လူငယ္ေဘာလံုးအသင္းသား ၁၂ ဦးစလံုးႏွင့္ ၎တို႔၏ နည္းျပ ကို ဂူအျပင္သို႔ ေအာင္ျမင္စြာ ကယ္ထုတ္ႏိုင္ခဲ့ၿပီျဖစ္သည္။

လူငယ္မ်ားကို ကယ္ထုတ္ သည့္ တတိယေန႔ လုပ္ငန္းစဥ္ကို ဇူလုိင္ ၁၀ ရက္ နံနက္ပိုင္းတြင္ အစျပဳၿပီး   ညေနပိုင္းတြင္  လက္ က်န္ငါးဦးကို ေအာင္ျမင္စြာ ကယ္ဆယ္ႏုိင္ခဲ့သည္။ က်န္ရွစ္ဦးမွာမူ ပထမႏွစ္ရက္ကတည္းက လြတ္ ေျမာက္လာၿပီး ခ်င္း႐ိုင္ရွိ ေဆး႐ံု တစ္ခုတြင္ ေစာင့္ေရွာက္ကုသမႈ ခံယူေနသည္။

ကယ္ဆယ္ေရး က႑ကို အဓိကတာဝန္ယူေနသည့္ ထုိင္း ေရတပ္ အထူးကြန္မန္ဒို အဖြဲ႕က ေတာဝက္ ေဘာလံုးအသင္းမွ အဖြဲ႕သား ၁၂ ဦးေရာ နည္းျပပါ ဂူအျပင္ ျပန္ေရာက္လာၿပီဟု ည ေနတြင္ ေၾကညာခဲ့သည္။ ‘‘လွ်ိဳ႕

ဝွက္သည္းဖိုပဲလား၊ သိပၸံပညာဆိုင္ရာပဲလားဆိုတာေတာ့ မေသခ်ာပါဘူး။ ဘာပဲျဖစ္ျဖစ္ ေတာဝက္၁၃ ေယာက္စလံုး ဂူအျပင္ကို ထြက္လာႏုိင္ခဲ့ပါၿပီ’’ဟု ကြန္မန္ဒိုတပ္ဖြဲ႕ ၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပခဲ့သည္။

လူငယ္မ်ားကို ကယ္ထုတ္ရန္ႀကိဳးစားရင္း ေရငုပ္သမားတစ္ ဦး ေအာက္ဆီဂ်င္ျပတ္လပ္၍ ေသဆံုးခဲ့သည့္ အေျခအေနသာ မႀကံဳ ပါက ယခုကယ္ဆယ္ေရးသည္ အဖိတ္အစဥ္လံုးဝမရွိဘဲ ရာႏႈန္း ျပည့္ ေအာင္ျမင္ခဲ့သည္ဟု ၫႊန္းဆိုရမည္ျဖစ္သည္။ ကယ္ဆယ္ ေရးက႑တြင္ ထိုင္းစစ္တပ္ကို အေမရိကန္၊ တ႐ုတ္ႏွင့္ ဩစ ေၾတးလ်မွ ကြၽမ္းက်င္သူမ်ားအပါ အဝင္ ႏုိင္ငံတကာက စုေပါင္း ကူညီေပးခဲ့သည္။ လူငယ္မ်ား ေပ်ာက္ဆံုးေနခ်ိန္ အေစာပိုင္းေန႔ရက္မ်ားအတြက္ ျမန္မာဘက္ ကလည္း ဆက္စပ္ဂူေပါက္မ်ား ထဲတြင္ လုိက္လံရွာေဖြေပးခဲ့ဖူး သည္။

ထိုင္းကယ္ဆယ္ေရး ေအာင္ျမင္သြားၿပီဆိုသည့္ သတင္းကိုၾကားရခ်ိန္တြင္ ထုိင္းျပည္သူမ်ားက ေပ်ာ္ရႊင္စြာ ေအာင္ပြဲခံခဲ့သည္။ ကမၻာအရပ္ရပ္မွ လူမႈကြန္ရက္ မီဒီယာသံုးစြဲသူမ်ားကလည္း လက္ ေတြ႕ႀကိဳးစား ေဆာင္ရြက္ခဲ့သူမ်ား အတြက္ ဂုဏ္ျပဳေၾကာင္း ေရး သားခဲ့သည္။

ထိုင္းေရတပ္ ကြန္မန္ဒိုအဖြဲ႕၏ ထုတ္ျပန္ခ်က္ထြက္ေပၚလာ ၿပီး တစ္နာရီအတြင္းတြင္ အေမရိကန္သမၼတ ေဒၚနယ္ထရန္႔၊ ဂ်ာမနီ အဓိပတိ အန္ဂ်လာမာကယ္လ္၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ထရီဆာေမတို႔ အပါအဝင္ ႏုိင္ငံ့ေခါင္းေဆာင္ မ်ား၊ အျခားနယ္ပယ္အသီးသီးမွ ထင္ရွားေက်ာ္ၾကားသူမ်ားက လည္း  ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္းသတင္းစကားပါးခဲ့သည္။ ကမၻာေက်ာ္ ေဘာလံုးအသင္း မန္ခ်က္ စတာ ယူႏိုက္တက္ကလည္း သတင္းေကာင္းအတြက္ ဝမ္း ေျမာက္ေၾကာင္း၊ လာမည့္ ေဘာလံုးရာသီတြင္ အသင္းသို႔ လာ ေရာက္လည္ပတ္ရန္ ဂုဏ္ယူစြာဖိတ္ၾကားလိုေၾကာင္း ေၾကညာ သည္။

အခင္းျဖစ္ရာ သမ္ေလာင္ဂူအနီးတြင္လည္း ေစတနာ့ ဝန္ထမ္းမ်ားက သတင္းမီဒီယာ သမားမ်ားကို ပန္းသီးမ်ား လိုက္လံေဝငွေကြၽးေမြးရင္း ေပ်ာ္ရႊင္စြာ အတူေအာင္ပြဲ ခံေနသည္ကို ေတြ႕ရသည္။ ကယ္ဆယ္ေရးလုပ္ငန္းတြင္ ၿဗိတိန္ေရငုပ္သမားမ်ားက စြမ္းစြမ္းတမံ ပါဝင္ကူညီသည့္ အေပၚ ေက်းဇူးတံု႔ျပန္သည့္အေန ျဖင့္ လက္ရွိ က်င္းပေနသည့္ ကမၻာ့ဖလားၿပိဳင္ပြဲတြင္ အဂၤလန္အသင္း ကို အားေပးမည္ဟု လူမႈကြန္ရက္မီဒီယာေပၚတြင္ ေရးသားလာ သည့္ ထုိင္းျပည္သူ အမ်ားအျပား ကိုလည္း ေတြ႕ရသည္။

လူငယ္မ်ား ပိတ္မိေနခဲ့ရာ သမ္ေလာင္ဂူသည္ ကမၻာသိေန ရာတစ္ခု ျဖစ္လာသည့္ေနာက္ အနာဂတ္တြင္ ခရီးသြားဧည့္သည္ အေျမာက္အျမား လာေရာက္ လည္ပတ္ဖြယ္ရွိေနသည္။ ထုိ႔ေၾကာင့္ ေနာက္ထပ္ အလားတူ အေျခအေနမ်ိဳး ထပ္မံမေပၚ ေပါက္ေစရန္ ဂူထဲတြင္ လံုၿခံဳေရးအစီအမံမ်ား တိုးျမႇင့္သတ္မွတ္ မည္ဟု ထုိင္းဝန္ႀကီးခ်ဳပ္ ပရာ ယြတ္ခ်န္အိုခ်ာက ဆိုသည္။

‘‘ေနာက္ဆိုရင္ ဂူရဲ႕ ဝင္ ေပါက္၊ ထြက္ေပါက္ေတြအားလံုးကို ကြၽန္ေတာ္တုိ႔ ပိုၿပီး ႏိုးႏိုးၾကားၾကား ေစာင့္ၾကည့္ရပါမယ္။ အခု ဆို ဒီဂူက ကမၻာေက်ာ္သြားပါၿပီ။ ပိုသတိထားရပါမယ္။ ဂူထဲမွာ မီးေတြလည္း ဆင္ရပါမယ္’’ဟုပရာယြတ္က သတင္းေထာက္မ်ား အား ေျပာၾကားခဲ့သည္။

ကယ္ဆယ္ေရး ပထမႏွစ္ ရက္တြင္ ေလးဦးစီသာ ကယ္ထုတ္ခဲ့သည့္ေနာက္ တတိယေန႔တြင္ လက္က်န္ငါးဦးစလံုးကို ဂူအျပင္ ေခၚထုတ္ရန္ အစီအစဥ္ ရွိ၊ မရွိ ဒြိဟမ်ား ျဖစ္ခဲ့ေသာ္လည္း ေနာက္ဆံုးတြင္မူ အားလံုးကို ေအာင္ျမင္ စြာ ကယ္ဆယ္ႏုိင္ခဲ့ျခင္းလည္းျဖစ္ သည္။ ေတာဝက္ေဘာလံုးအ သင္းသည္ ခ်င္း႐ိုင္တြင္ ခုနစ္ရက္ မွ်ထိ ေဆးဝါးကုသမႈမ်ား ခံယူၿပီး မွသာ ေဆး႐ံုမွ ဆင္းခြင့္ရဖြယ္ရွိ ေၾကာင္းလည္း သိရသည္။

—Ref: Guardian, Bangkok Post
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#
လိုဏ်ဂူအတွင်း နှစ်ပတ်ကျော်ကြာပိတ်မိနေသော ထိုင်းလူငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးအသင်းနည်းပြတို့ကို ယမန်နေ့က အားလုံးကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

မှောင်မည်းပြီး ရေလွှမ်းနေသည့်ဂူထဲတွင် ၁၈ ရက်ကြာမြင့်ပြီး နောက် ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသ

ရှိ လူငယ်ဘောလုံးအသင်းသား ၁၂ ဦးစလုံးနှင့် ၎င်းတို့၏ နည်းပြ ကို ဂူအပြင်သို့ အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

လူငယ်များကို ကယ်ထုတ် သည့် တတိယနေ့ လုပ်ငန်းစဉ်ကို ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် အစပြုပြီး   ညနေပိုင်းတွင်  လက် ကျန်ငါးဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။ ကျန်ရှစ်ဦးမှာမူ ပထမနှစ်ရက်ကတည်းက လွတ် မြောက်လာပြီး ချင်းရိုင်ရှိ ဆေးရုံ တစ်ခုတွင် စောင့်ရှောက်ကုသမှု ခံယူနေသည်။

ကယ်ဆယ်ရေး ကဏ္ဍကို အဓိကတာဝန်ယူနေသည့် ထိုင်း ရေတပ် အထူးကွန်မန်ဒို အဖွဲ့က တောဝက် ဘောလုံးအသင်းမှ အဖွဲ့သား ၁၂ ဦးရော နည်းပြပါ ဂူအပြင် ပြန်ရောက်လာပြီဟု ည နေတွင် ကြေညာခဲ့သည်။ ‘‘လျှို့

ဝှက်သည်းဖိုပဲလား၊ သိပ္ပံပညာဆိုင်ရာပဲလားဆိုတာတော့ မသေချာပါဘူး။ ဘာပဲဖြစ်ဖြစ် တောဝက်၁၃ ယောက်စလုံး ဂူအပြင်ကို ထွက်လာနိုင်ခဲ့ပါပြီ’’ဟု ကွန်မန်ဒိုတပ်ဖွဲ့ ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

လူငယ်များကို ကယ်ထုတ်ရန်ကြိုးစားရင်း ရေငုပ်သမားတစ် ဦး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးခဲ့သည့် အခြေအနေသာ မကြုံ ပါက ယခုကယ်ဆယ်ရေးသည် အဖိတ်အစဉ်လုံးဝမရှိဘဲ ရာနှုန်း ပြည့် အောင်မြင်ခဲ့သည်ဟု ညွှန်းဆိုရမည်ဖြစ်သည်။ ကယ်ဆယ် ရေးကဏ္ဍတွင် ထိုင်းစစ်တပ်ကို အမေရိကန်၊ တရုတ်နှင့် ဩစ တြေးလျမှ ကျွမ်းကျင်သူများအပါ အဝင် နိုင်ငံတကာက စုပေါင်း ကူညီပေးခဲ့သည်။ လူငယ်များ ပျောက်ဆုံးနေချိန် အစောပိုင်းနေ့ရက်များအတွက် မြန်မာဘက် ကလည်း ဆက်စပ်ဂူပေါက်များ ထဲတွင် လိုက်လံရှာဖွေပေးခဲ့ဖူး သည်။

ထိုင်းကယ်ဆယ်ရေး အောင်မြင်သွားပြီဆိုသည့် သတင်းကိုကြားရချိန်တွင် ထိုင်းပြည်သူများက ပျော်ရွှင်စွာ အောင်ပွဲခံခဲ့သည်။ ကမ္ဘာအရပ်ရပ်မှ လူမှုကွန်ရက် မီဒီယာသုံးစွဲသူများကလည်း လက် တွေ့ကြိုးစား ဆောင်ရွက်ခဲ့သူများ အတွက် ဂုဏ်ပြုကြောင်း ရေး သားခဲ့သည်။

ထိုင်းရေတပ် ကွန်မန်ဒိုအဖွဲ့၏ ထုတ်ပြန်ချက်ထွက်ပေါ်လာ ပြီး တစ်နာရီအတွင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ ဂျာမနီ အဓိပတိ အန်ဂျလာမာကယ်လ်၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေတို့ အပါအဝင် နိုင်ငံ့ခေါင်းဆောင် များ၊ အခြားနယ်ပယ်အသီးသီးမှ ထင်ရှားကျော်ကြားသူများက လည်း  ချီးကျူးဂုဏ်ပြုကြောင်းသတင်းစကားပါးခဲ့သည်။ ကမ္ဘာကျော် ဘောလုံးအသင်း မန်ချက် စတာ ယူနိုက်တက်ကလည်း သတင်းကောင်းအတွက် ဝမ်း မြောက်ကြောင်း၊ လာမည့် ဘောလုံးရာသီတွင် အသင်းသို့ လာ ရောက်လည်ပတ်ရန် ဂုဏ်ယူစွာဖိတ်ကြားလိုကြောင်း ကြေညာ သည်။

အခင်းဖြစ်ရာ သမ်လောင်ဂူအနီးတွင်လည်း စေတနာ့ ဝန်ထမ်းများက သတင်းမီဒီယာ သမားများကို ပန်းသီးများ လိုက်လံဝေငှကျွေးမွေးရင်း ပျော်ရွှင်စွာ အတူအောင်ပွဲ ခံနေသည်ကို တွေ့ရသည်။ ကယ်ဆယ်ရေးလုပ်ငန်းတွင် ဗြိတိန်ရေငုပ်သမားများက စွမ်းစွမ်းတမံ ပါဝင်ကူညီသည့် အပေါ် ကျေးဇူးတုံ့ပြန်သည့်အနေ ဖြင့် လက်ရှိ ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ကို အားပေးမည်ဟု လူမှုကွန်ရက်မီဒီယာပေါ်တွင် ရေးသားလာ သည့် ထိုင်းပြည်သူ အများအပြား ကိုလည်း တွေ့ရသည်။

လူငယ်များ ပိတ်မိနေခဲ့ရာ သမ်လောင်ဂူသည် ကမ္ဘာသိနေ ရာတစ်ခု ဖြစ်လာသည့်နောက် အနာဂတ်တွင် ခရီးသွားဧည့်သည် အမြောက်အမြား လာရောက် လည်ပတ်ဖွယ်ရှိနေသည်။ ထို့ကြောင့် နောက်ထပ် အလားတူ အခြေအနေမျိုး ထပ်မံမပေါ် ပေါက်စေရန် ဂူထဲတွင် လုံခြုံရေးအစီအမံများ တိုးမြှင့်သတ်မှတ် မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်အိုချာက ဆိုသည်။

‘‘နောက်ဆိုရင် ဂူရဲ့ ဝင် ပေါက်၊ ထွက်ပေါက်တွေအားလုံးကို ကျွန်တော်တို့ ပိုပြီး နိုးနိုးကြားကြား စောင့်ကြည့်ရပါမယ်။ အခု ဆို ဒီဂူက ကမ္ဘာကျော်သွားပါပြီ။ ပိုသတိထားရပါမယ်။ ဂူထဲမှာ မီးတွေလည်း ဆင်ရပါမယ်’’ဟုပရာယွတ်က သတင်းထောက်များ အား ပြောကြားခဲ့သည်။

ကယ်ဆယ်ရေး ပထမနှစ် ရက်တွင် လေးဦးစီသာ ကယ်ထုတ်ခဲ့သည့်နောက် တတိယနေ့တွင် လက်ကျန်ငါးဦးစလုံးကို ဂူအပြင် ခေါ်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ ဒွိဟများ ဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင်မူ အားလုံးကို အောင်မြင် စွာ ကယ်ဆယ်နိုင်ခဲ့ခြင်းလည်းဖြစ် သည်။ တောဝက်ဘောလုံးအ သင်းသည် ချင်းရိုင်တွင် ခုနစ်ရက် မျှထိ ဆေးဝါးကုသမှုများ ခံယူပြီး မှသာ ဆေးရုံမှ ဆင်းခွင့်ရဖွယ်ရှိ ကြောင်းလည်း သိရသည်။

—Ref: Guardian, Bangkok Post
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top