×

ဥာဏ္ထိုင္းေစမယ့္ ဘဝေနထိုင္မႈပံုစံ ၁၀ ခ်က္ဆုိျပီး ေဆးပညာ ဝဘ္ဆိုဒ္မွာ ေဖာ္ျပထားပါတယ္။ အဲဒါေတြကေတာ့-

၁။ မနက္စာ မစားျခင္း
မနက္စာ မစားျခင္း

လူအမ်ားစုဟာ မနက္စာ စားေလ့မရွိၾကပါဘူး။ ဒီလုိ မနက္စာ မစားျခင္းကလည္း ဥာဏ္ထိုင္းေစပါတယ္တဲ့။ မနက္စာ မစားတဲ့ အတြက္ေၾကာင့္ ကိုယ္တြင္း သၾကားဓာတ္ ပမာဏ က်ဆင္းျပီး ဦးေႏွာက္ကို လံုေလာက္တဲ့ အာဟာရ မေရာက္ေစပါဘူး။

၂။ ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္ျခင္းက ဦးေႏွာက္ကို တိုက္ရိုက္ထိခိုက္ျပီး အယ္ဇ္ဇိုင္းမား တို႔လို ေရာဂါ၊ အတိတ္ေမ့ ေရာဂါတို႔ကိုေတာင္ ျဖစ္ေစပါတယ္။

၃။ သၾကားဓာတ္ အမ်ားအျပား စားသံုးျခင္း

သၾကားဓာတ္လိုအပ္တာ မွန္ေပမယ့္ လိုတာထက္ စာသံုးမိရင္လည္း မေကာင္းပါဘူး။ အသက္ငယ္တုန္းက သၾကားဓာတ္က လိုအပ္ေပမယ့္ လူလတ္ပိုင္းက စလို႔ လူတစ္ေယာက္ရဲ ႔ အခ်ိဳစာသံုးမွုက ကေလးေတြနဲ႔ သြားမယွဥ္သင့္ေတာ့ပါဘူး။ သူက ပရိုတိန္းဓာတ္ ဆုပ္ယူမွုအား ကို ေလ်ာ့ေစျပီး ဦးေႏွာက္လုပ္ေဆာင္ခ်က္ကို အတားအဆီး ျဖစ္ေစပါတယ္။
သၾကားဓာတ္ အမ်ားအျပား စားသံုးျခင္း

၄။ ေလမသန္႔ျခင္း

ကိုယ္ေနထိုင္၊ စားေသာက္တဲ့ ပတ္ဝန္းက်င္က အန႔ံေပါင္း စံုေနျပီး ေလေကာင္းေလသန္႔ ရွုရွိုက္ရမွု နည္းရင္ လည္း ေအာက္ဆီ ဂ်င္ရရွိမွုႏွုန္းနည္းတဲ့အတြက္ ဦးေႏွာက္ ဖြံ႔ျဖိဳးမွုကို ေႏွးေကြး ေစပါတယ္။

၅။ အအိပ္လြန္ျခင္း

အိပ္သင့္အိပ္ထိုက္တဲ့ အခိ်န္ပမာဏထက္ ပိုျပီးေတာ့ အိပ္ရင္ ဦးေႏွာက္က ဆဲလ္ေတြကို ေသေစတ့ဲအတြက္ ဥာဏ္ထိုင္းေစပါတယ္။

၆။ အိပ္ခ်ိန္နည္းျခင္း

သူကလည္း ထိုနည္းတူစြာပဲ။ သာမန္လူတစ္ေယာက္ အိပ္သင့္တဲ့ လိုအပ္တဲ့ အခ်ိန္ ပမာဏ မအိပ္ပဲ ေနသူဟာ ဦးေႏွာက္ေသြးဆီးမွု ေႏွးေကြးမွု ဥာဏ္ထိုင္း ေစပါတယ္။
အိပ္ခ်ိန္နည္းျခင္း

၇။ အိပ္ေနစဥ္ ေခါင္းျခံဳျခင္း

ေခါင္းျခံဳျပီးအိပ္သူဟာ သာမန္အတိုင္း အိပ္သူေလာက္ ေအာက္ဆီဂ်င္ မရပါဘူး။ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ ပမာဏသာ တိုးလာေစျပီး ဦးေႏွာက္ က်န္းမာေရးကိုပါ ထိခိုက္လာႏိုင္ေစ ပါတယ္။

၈။ ဖ်ားနာေနစဥ္ ဦးေႏွာက္အလုပ္လုပ္မ်ားျခင္း

ဖ်ားနာေနစဥ္မွာ ဦးေႏွာက္အလုပ္ေပးမွုကို မလုပ္သင့္ပါဘူး။ ဦးေႏွာက္က ဒီတိုင္းေနလည္း မနားတန္း အလုပ္လုပ္တာ မွန္ေပမယ့္ တကူးတက စာလုပ္တာတို႔၊ ပေရာဂ်က္လုပ္တာတို႔၊ လုပ္ငန္းေဆာင္တာ တစ္ခုခုအတြက္ ေတြးေခၚ လုပ္ကိုင္တာတို႔က ဦးေႏွာက္စြမ္းရည္ က်ဆင္းေစ မယ့္ အမူအက်င့္ေတြပါ။

၉။ ေတြးေခၚမွုနည္းျခင္း

တစ္ေန႔ျပီးတစ္ေန႔ လုပ္စရာ ရွိတာေတြသာ လုပ္ေနျပီး ဘာမွေတြးေခၚ စဥ္းစားမွု မရွိရင္လည္း မေကာင္းပါဘူး။ ယင္း သုိ႔ နည္းပါးျခင္းေၾကာင့္ ဥာဏ္ကြန္႔ျမဴးမွုကို ျဖစ္မလာေစပဲ ဥာဏ္သာ ထိုင္းလာေစတတ္ပါတယ္။
ေတြးေခၚမွုနည္းျခင္း

၁၀။ စကားနည္းျခင္း

ပညာရွိ စကားနည္း ဆုိတာေတာ့ ဟုတ္ပါတယ္။ သု႔ိေပမယ့္ စကားမေျပာ တိုင္းလည္း ပညာရွိမဟုတ္ပါဘူး။ လူမွုဆက္ဆံေရးမွာပဲ ျဖစ္ျဖစ္၊ သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ပဲ ျဖစ္ျဖစ္၊ တစ္ေယာက္နဲ႔ တစ္ေယာက္ အေတြးအျမင္မ်ား ဖလွယ္ျခင္း၊ က်ဘန္း ျငင္းခံုေျပာဆုိျခင္းတို႔ကလည္း ဦးေႏွာက္ ကို ေကာင္း ေစပါတယ္။ သုိ႔ေပမယ့္ ယင္းကဲ့သု႔ိ မလုပ္ရင္ေတာ့ ၾကိမ္းေသ ဥာဏ္ထိုင္းေစပါတယ္။

Ref: medic-facts
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thutzone

#Unicode Version#
ဉာဏ်ထိုင်းစေမယ့် ဘဝနေထိုင်မှုပုံစံ ၁၀ ချက်ဆိုပြီး ဆေးပညာ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အဲဒါတွေကတော့-

၁။ မနက်စာ မစားခြင်း
မနက်စာ မစားခြင်း

လူအများစုဟာ မနက်စာ စားလေ့မရှိကြပါဘူး။ ဒီလို မနက်စာ မစားခြင်းကလည်း ဉာဏ်ထိုင်းစေပါတယ်တဲ့။ မနက်စာ မစားတဲ့ အတွက်ကြောင့် ကိုယ်တွင်း သကြားဓာတ် ပမာဏ ကျဆင်းပြီး ဦးနှောက်ကို လုံလောက်တဲ့ အာဟာရ မရောက်စေပါဘူး။

၂။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ဦးနှောက်ကို တိုက်ရိုက်ထိခိုက်ပြီး အယ်ဇ်ဇိုင်းမား တို့လို ရောဂါ၊ အတိတ်မေ့ ရောဂါတို့ကိုတောင် ဖြစ်စေပါတယ်။

၃။ သကြားဓာတ် အများအပြား စားသုံးခြင်း

သကြားဓာတ်လိုအပ်တာ မှန်ပေမယ့် လိုတာထက် စာသုံးမိရင်လည်း မကောင်းပါဘူး။ အသက်ငယ်တုန်းက သကြားဓာတ်က လိုအပ်ပေမယ့် လူလတ်ပိုင်းက စလို့ လူတစ်ယောက်ရဲ့ အချိုစာသုံးမှုက ကလေးတွေနဲ့ သွားမယှဉ်သင့်တော့ပါဘူး။ သူက ပရိုတိန်းဓာတ် ဆုပ်ယူမှုအား ကို လျော့စေပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အတားအဆီး ဖြစ်စေပါတယ်။
သကြားဓာတ် အများအပြား စားသုံးခြင်း

၄။ လေမသန့်ခြင်း

ကိုယ်နေထိုင်၊ စားသောက်တဲ့ ပတ်ဝန်းကျင်က အနံ့ပေါင်း စုံနေပြီး လေကောင်းလေသန့် ရှုရှိုက်ရမှု နည်းရင် လည်း အောက်ဆီ ဂျင်ရရှိမှုနှုန်းနည်းတဲ့အတွက် ဦးနှောက် ဖွံ့ဖြိုးမှုကို နှေးကွေး စေပါတယ်။

၅။ အအိပ်လွန်ခြင်း

အိပ်သင့်အိပ်ထိုက်တဲ့ အချိန်ပမာဏထက် ပိုပြီးတော့ အိပ်ရင် ဦးနှောက်က ဆဲလ်တွေကို သေစေတဲ့အတွက် ဉာဏ်ထိုင်းစေပါတယ်။

၆။ အိပ်ချိန်နည်းခြင်း

သူကလည်း ထိုနည်းတူစွာပဲ။ သာမန်လူတစ်ယောက် အိပ်သင့်တဲ့ လိုအပ်တဲ့ အချိန် ပမာဏ မအိပ်ပဲ နေသူဟာ ဦးနှောက်သွေးဆီးမှု နှေးကွေးမှု ဉာဏ်ထိုင်း စေပါတယ်။
အိပ်ချိန်နည်းခြင်း

၇။ အိပ်နေစဉ် ခေါင်းခြုံခြင်း

ခေါင်းခြုံပြီးအိပ်သူဟာ သာမန်အတိုင်း အိပ်သူလောက် အောက်ဆီဂျင် မရပါဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ် ပမာဏသာ တိုးလာစေပြီး ဦးနှောက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်စေ ပါတယ်။

၈။ ဖျားနာနေစဉ် ဦးနှောက်အလုပ်လုပ်များခြင်း

ဖျားနာနေစဉ်မှာ ဦးနှောက်အလုပ်ပေးမှုကို မလုပ်သင့်ပါဘူး။ ဦးနှောက်က ဒီတိုင်းနေလည်း မနားတန်း အလုပ်လုပ်တာ မှန်ပေမယ့် တကူးတက စာလုပ်တာတို့၊ ပရောဂျက်လုပ်တာတို့၊ လုပ်ငန်းဆောင်တာ တစ်ခုခုအတွက် တွေးခေါ် လုပ်ကိုင်တာတို့က ဦးနှောက်စွမ်းရည် ကျဆင်းစေ မယ့် အမူအကျင့်တွေပါ။

၉။ တွေးခေါ်မှုနည်းခြင်း

တစ်နေ့ပြီးတစ်နေ့ လုပ်စရာ ရှိတာတွေသာ လုပ်နေပြီး ဘာမှတွေးခေါ် စဉ်းစားမှု မရှိရင်လည်း မကောင်းပါဘူး။ ယင်း သို့ နည်းပါးခြင်းကြောင့် ဉာဏ်ကွန့်မြူးမှုကို ဖြစ်မလာစေပဲ ဉာဏ်သာ ထိုင်းလာစေတတ်ပါတယ်။
တွေးခေါ်မှုနည်းခြင်း

၁၀။ စကားနည်းခြင်း

ပညာရှိ စကားနည်း ဆိုတာတော့ ဟုတ်ပါတယ်။ သု့ိပေမယ့် စကားမပြော တိုင်းလည်း ပညာရှိမဟုတ်ပါဘူး။ လူမှုဆက်ဆံရေးမှာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ ဖြစ်ဖြစ်၊ တစ်ယောက်နဲ့ တစ်ယောက် အတွေးအမြင်များ ဖလှယ်ခြင်း၊ ကျဘန်း ငြင်းခုံပြောဆိုခြင်းတို့ကလည်း ဦးနှောက် ကို ကောင်း စေပါတယ်။ သို့ပေမယ့် ယင်းကဲ့သု့ိ မလုပ်ရင်တော့ ကြိမ်းသေ ဉာဏ်ထိုင်းစေပါတယ်။

Ref: medic-facts

ဖိုးသူတော် (www.phothutaw.com)
Credit:  Thutzone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top