×

အေမရိကန္ နယူးဂ်ာစီျပည္နယ္၊ Ewing High School ေက်ာင္းမွာတာဝန္ထမ္းေဆာင္တဲ့ ဆရာမတစ္ဦးဟာ အသက္ (၁၇)ႏွစ္သာရွိေသးတဲ့ ေက်ာင္းသားေလးတစ္ေယာက္ထံကို မဖြယ္မရာ ဓာတ္ပုံေတြ ပုိ႔ေပးခဲ့ပါတယ္။ ဒါ့အျပဖစ္ အဲဒီေကာင္ေလးကိုလည္း သူမနဲ႔ ခ်စ္တင္းေႏွာဖုိ႔ မရွက္မရြံ ေတာင္းဆုိခဲ့တယ္လုိ႔ သိရပါတယ္။

ဆရာမရဲ႕အမည္ကေတာ့ Chelsea Hahn ျဖစ္ၿပီး သူမရဲ႕ ျပစ္မႈေတြဟာ ေက်ာင္းဆရာမတစ္ဦးမွာ မရွိသင့္မရွိထုိက္ဖူးလုိ႔ ေက်ာင္းေကာ္မတီက ဆုံးျဖတ္ၿပီးေနာက္ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ကပင္ သူမကို တာဝန္ကေန ရပ္ဆဲလုိက္တာလုိ႔ သိရပါတယ္။ ဒါ့အျပင္ ရဲကုိလည္း သတင္းေပး တုိင္ၾကားခဲ့တယ္လုိ႔ သိရပါတယ္။

အဆုိပါေက်ာင္းသားေလးဟာ သူမရဲ႕ စာသင္ခန္းထဲက အထက္တန္းေက်ာင္းသားတစ္ဦး ျဖစ္ၿပီး မ်က္ျမင္သက္ေသေတြရဲ႕ အဆုိအရ Hahn ဟာ အဲဒီေက်ာင္းသားေလးကို စာသင္ခန္းထဲမွာ ႏႈတ္ခမ္းခ်င္းေတ့ၿပီး နမ္းခဲ့ေၾကာင္း၊ ဒါ့အျပင္ သူမရဲ႕ ကုိယ္လုံးတီး႐ုိက္ထားတဲ့ပုံေတြနဲ႔၊ အတူတူ အိပ္ဖုိ႔ ဆြယ္ထားတဲ့ မက္ေဆ့ေတြလည္း ပုိ႔ခဲ့ေၾကာင္း သိရပါတယ္။

Hahn ဟာ ၿပီးခဲ့တဲ့ (၂၀၁၇) ဧၿပီလကတည္းက အစားထုိးဆရာမျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး၊ တစ္ႏွစ္လုပ္ခ (၄၈၈၅၀) ရရွိတယ္လုိ႔ သိရပါတယ္။ သူမကို သက္ဆုိင္ရာက ပုဒ္မသုံးခုနဲ႔ တရားစြဲဆုိခဲ့ေၾကာင္း သိရၿပီး၊ ျပစ္မႈထင္ရွားပါက ျမင့္မားတဲ့ ေထာင္ဒဏ္၊ က်ခံရဖုိ႔ရွိေနပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #


အမေရိကန် နယူးဂျာစီပြည်နယ်၊ Ewing High School ကျောင်းမှာတာဝန်ထမ်းဆောင်တဲ့ ဆရာမတစ်ဦးဟာ အသက် (၁၇)နှစ်သာရှိသေးတဲ့ ကျောင်းသားလေးတစ်ယောက်ထံကို မဖွယ်မရာ ဓာတ်ပုံတွေ ပို့ပေးခဲ့ပါတယ်။ ဒါ့အပြဖစ် အဲဒီကောင်လေးကိုလည်း သူမနဲ့ ချစ်တင်းနှောဖို့ မရှက်မရွံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဆရာမရဲ့အမည်ကတော့ Chelsea Hahn ဖြစ်ပြီး သူမရဲ့ ပြစ်မှုတွေဟာ ကျောင်းဆရာမတစ်ဦးမှာ မရှိသင့်မရှိထိုက်ဖူးလို့ ကျောင်းကော်မတီက ဆုံးဖြတ်ပြီးနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပင် သူမကို တာဝန်ကနေ ရပ်ဆဲလိုက်တာလို့ သိရပါတယ်။ ဒါ့အပြင် ရဲကိုလည်း သတင်းပေး တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျောင်းသားလေးဟာ သူမရဲ့ စာသင်ခန်းထဲက အထက်တန်းကျောင်းသားတစ်ဦး ဖြစ်ပြီး မျက်မြင်သက်သေတွေရဲ့ အဆိုအရ Hahn ဟာ အဲဒီကျောင်းသားလေးကို စာသင်ခန်းထဲမှာ နှုတ်ခမ်းချင်းတေ့ပြီး နမ်းခဲ့ကြောင်း၊ ဒါ့အပြင် သူမရဲ့ ကိုယ်လုံးတီးရိုက်ထားတဲ့ပုံတွေနဲ့၊ အတူတူ အိပ်ဖို့ ဆွယ်ထားတဲ့ မက်ဆေ့တွေလည်း ပို့ခဲ့ကြောင်း သိရပါတယ်။

Hahn ဟာ ပြီးခဲ့တဲ့ (၂၀၁၇) ဧပြီလကတည်းက အစားထိုးဆရာမဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ တစ်နှစ်လုပ်ခ (၄၈၈၅၀) ရရှိတယ်လို့ သိရပါတယ်။ သူမကို သက်ဆိုင်ရာက ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခဲ့ကြောင်း သိရပြီး၊ ပြစ်မှုထင်ရှားပါက မြင့်မားတဲ့ ထောင်ဒဏ်၊ ကျခံရဖို့ရှိနေပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top