×
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇီးကျွန်းကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာအနီး ဧရာဝတီမြစ်ထောင့်ကွေ့ ရိုးအတွင်း၌ ဇူလိုင်လ (၁၁)ရက်နေ့ နံနက် ၇း၃၀အချိန်က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် (၃)ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာသူဌေးကုန်းကျေးရွာနေဦးအောင်ဆန်းအသက် ၆၀ နှစ် တောင်သူလုပ်ငန်းလုပ်ကိုင်သူသည်သနပ်ကုန်းကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာမြစ်လယ်ကျွန်းသို့ ၄င်းပိုင်စက်လှေ(ဂျလို) အင်ဂျင်ပါဝါ မြင်းကောင်ရေ ၆ ကောင်ခွဲ KENBO အမျိုးအစား၊ အလျား (၁၈)ပေ၊ အနံ (၁)ပေ (၆)လက်မ၊ အကျယ် ၃ ပေ ၉လက်မ ရှိလှေအသေးဖြင့် ၀က်စာရှာရန်ထွက်လာစဉ် မြစ်ထောင့်ကွေ့တစ်နေရာ၌ တောင်မှမြောက်သို့ စီးဆင်းနေသောအကျယ် ၁၀၀၀ ပေ၊ အနက် ၆ ပေခန့်ရှိရိုးအတွင်း မြစ်အနောက်ဘက်ကမ်း ဇီးကျွန်းကျေးရွာမှ အရှေ့ဘက်ကမ်း သူဌေးကုန်းကျေးရွာရှိအ.လ.က(ခွဲ) ကျောင်းသို့ ကျောင်းတက်သွားရန်အတွက် စောင့်ဆိုင်းနေသူများအားတွေ့ရှိ၍ ဦးအောင်ဆန်းမှ စက်လှေပေါ်သို့ ဒေါ်ခင်ညွန့်ပါကျောင်းသား ၁ ဦးကျောင်းသူ ၉ ဦးစုစုပေါင်း ၁၁ ဦးတို့အားအခမဲ့ တင်ဆောင်မောင်းနှင်လာခဲ့သည်။
Credit: thithtoolwin
#Unicode Version#
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဇီးကျွန်းကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာအနီး ဧရာဝတီမြစ်ထောင့်ကွေ့ ရိုးအတွင်း၌ ဇူလိုင်လ (၁၁)ရက်နေ့ နံနက် ရး၃၀အချိန်က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် (၃)ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။
ဖြစ်စဉ်မှာသူဌေးကုန်းကျေးရွာနေဦးအောင်ဆန်းအသက် ၆၀ နှစ် တောင်သူလုပ်ငန်းလုပ်ကိုင်သူသည်သနပ်ကုန်းကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာမြစ်လယ်ကျွန်းသို့ ၎င်းပိုင်စက်လှေ(ဂျလို) အင်ဂျင်ပါဝါ မြင်းကောင်ရေ ၆ ကောင်ခွဲ KENBO အမျိုးအစား၊ အလျား (၁၈)ပေ၊ အနံ (၁)ပေ (၆)လက်မ၊ အကျယ် ၃ ပေ ၉လက်မ ရှိလှေအသေးဖြင့် ဝက်စာရှာရန်ထွက်လာစဉ် မြစ်ထောင့်ကွေ့တစ်နေရာ၌ တောင်မှမြောက်သို့ စီးဆင်းနေသောအကျယ် ၁၀၀၀ ပေ၊ အနက် ၆ ပေခန့်ရှိရိုးအတွင်း မြစ်အနောက်ဘက်ကမ်း ဇီးကျွန်းကျေးရွာမှ အရှေ့ဘက်ကမ်း သူဌေးကုန်းကျေးရွာရှိအ.လ.က(ခွဲ) ကျောင်းသို့ ကျောင်းတက်သွားရန်အတွက် စောင့်ဆိုင်းနေသူများအားတွေ့ရှိ၍ ဦးအောင်ဆန်းမှ စက်လှေပေါ်သို့ ဒေါ်ခင်ညွန့်ပါကျောင်းသား ၁ ဦးကျောင်းသူ ၉ ဦးစုစုပေါင်း ၁၁ ဦးတို့အားအခမဲ့ တင်ဆောင်မောင်းနှင်လာခဲ့သည်။
တင်ဆောင်မောင်းနှင်လာစဉ် ကမ်းစပ်မှပေ၆၀ ခန့်ကွာအရောက်တွင် လှိုင်းပုတ်၍ စက်လှေတိမ်းမှောက်သဖြင့် စက်လှေပေါ်လိုက် ပါစီးနင်းသူများထဲမှ သနပ်ကုန်းကျေးရွာအုပ်စု၊ ငွေသောင်ကျေးရွာနေတောင်သူလုပ်ငန်းလုပ်ကိုင်သူဒေါ်ခင်ညွန့် အသက် ၅၆ နှစ် သတ္တမတန်းကျောင်းသူမလှလှမွန် အသက် ၁၂ နှစ် နှင့် အဌမတန်းကျောင်းသူမဖူးသွယ်ငုံအသက် ၁၃ နှစ် ၃ ဦးတို့ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။
 ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စက်လှေပိုင်ရှင် ဦးအောင်ဆန်းအားဥပဒေအရအရေးယူဆောင်ရွက် နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top