မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

က်ြန္​​ေတာ္​ဇာတိက မုဒံု ကပါ။

အသက္​​ေမြး ဝမ္​း​ေၾကာင္​းက​ေတာ့ ရာဘာ​ေစးျခစ္​တဲ့ အလုပ္​ပါအသက္​၁၅ နွစ္​သားအ႐ြယ္​​ေလာက္​ကတည္​းက ရာဘာ​ေစးျခစ္​တဲ့အလုပ္​ကို လုပ္​ကိုင္​ လာတာပါ။

မြန္​ျပည္​နယ္​ နယ္​နမိတ္​ အဆံုး ​ေအာက္​ဘက္​မာဆို ​ေရးၿမိဳ႕နယ္​ အာယု​ေတာင္​ ကြမ္​ဒူး နွင္​းစံု ​ေမာ့ကနင္​ လမိုင္​း လိ​ေမၼာ္​ၿခံ အဲ​ေက်း႐ြာ​ေတြမွာဆို ရာဘာကိုင္​းဆက္​လုပ္​ကိုင္​ခဲ့တာ​ေပါ့။

အထက္​မွာဆို က်ိဳက္​ထိုၿမိဳ႕ထိ ​ေရာက္​ခဲ့ပါတယ္​။

အခု အ​ေတြ႕ႀကံဳက က်ိဳက္​ထိုၿမိဳ႕မွာ ႀကံဳခဲ့ရတာပါ။

သီတင္​းက်ြတ္​ လဆန္​း​ေလာက္​ဆိုရမာ​ေပါ့ မိုးပါး​ေတာ့ ရာဘာၿခံ​ ေတြ ျပန္​ဖြင္​့ပီ​ေလ. .

ဒီနွစ္​ လူငွားအ​ေနနဲ႔ သြားလုပ္​ရမဲ့ ရာဘာၿခံက က်ိဳက္​ထိုၿမိဳ႕နယ္​ မရမ္​း​ေခ်ာင္​း​ေက်း႐ြာ မွာ​ေပါ့

ကြာရီ ​ေက်း႐ြာလို႔လဲ ​ေခၚၾကတယ္

အဲမာက ရဲဘက္​စခန္​းရွိတယ္​

ပီး​ေတာ့ ​ေ႐ႊသံလြင္​ ​ေက်ာက္​ထုတ္​လုပ္​​ေရး ကုမၼဏီ လဲရွိတယ္​ဗ်

ရာဘာၿခံ စိုက္​ထားတာက ရဲဘက္​စခန္​းရဲ႕အ​ေနာက္​ဖက္​မွာ​ေပါ့

အလုပ္​သြားလုပ္​တာ က်ြန္​​ေတာ္​ရယ္​ အကိုႀကီးရယ္​

ပီး​ေတာ့ ရာဘာ​ေစး ဝိုင္​းသိမ္​း ဖို႔ တူ​ေလးတ​ေယာက္​ရယ္​

က်ြန္​​ေတာ္​တို႔ ​ေရာက္​သြား​ေတာ့ ​ေနဖို႔ တဲ ​ေဆာက္​ ပီး​ေတာ့ ​ေတာခုတ္​ဘာခုတ္​နဲ႔​ေပါ့

ၿခံထဲ စဝင္​လာ​ေတာ့ ၿခံရွင္​က မွာထားတယ္​ ဝတ္​သား စားမရဘူးတဲ့

က်ြန္​​ေတာ္​တို႔လဲ မစားပါဘူး။

အဲရာဘာၿခံထဲမွာ ၿခံ​ေစာင္​လင္​မယား ရွိတယ္​ဗ်

လင္​မယားနွစ္​​ေယာက္​နဲ႔ က​ေလးနွစ္​​ေယာက္​။

သူတို႔ လင္​မယားက အဲ့႐ြာဇာတိပဲ

က်ြန္​​ေတာ္​တို႔ ညီအကို ​ေရာက္​သြား​ေတာ့ သူတို႔လင္​မယား​ေျပာျပတာက ဒီၿခံက အရမ္​းၾကမ္​းတာတဲ့ သရဲ ရွိတယ္​ အဲလို​ေျပာတယ္​။

က်ြန္​​ေတာ္​လဲ ျပန္​​ေမးတာ​ေပါ့

သရဲရွိရင္​ အမတို႔က ဘာလို႔ ဒီၿခံမွာ ​ေနတာလဲလို႔​ေပါ့. .

သူက စားဝတ္​​ေန​ေရး အဆင္​မ​ေျပလို႔ ​ေနရတာ​ေပါ့ ငါ့​ေမာင္​ရယ္​ တဲ့

သရဲဆိုတာ​ေတာ့ ​ေနရာတိုင္​းလိုလို ရွိ​ေနတာပဲ​ေလ သူ႔ဟာနဲ႔သူ​ေန ကို႔​ေနရာ ကို​ေနတာပဲလို႔ ျပန္​​ေျပာလိုက္​တယ္​

သူတို႔က​ေျပာ​ေသးတယ္​ ဒီၿခံမွာ ရာဘာ​ေစးျခစ္​တဲ့သူက နွစ္​ဆံုး​ေအာင္​ဘယ္​သူမွ မ​ေနၾကဘူးတဲ့ လာပီးမၾကာဘူး ​ေျပာင္​း​ေျပးၾကတာပဲတဲ့

က်ြန္​​ေတာ္​က မ​ေၾကာက္​တက္​ပါဘူးလို႔ ​ျပန္​​ေျပာလိုက္​တယ္​

က်ြန္​​ေတာ္​က မ​ေၾကာက္​တက္​​ေပမဲ့ က်ြန္​​ေတာ္​ ကိုႀကီးက​ေတာ့ ​ေၾကာက္​တက္​တယ္​

မိုး​ေလသာလို႔ ရာဘာ​ေစးစျခစ္​ၾကပီ

ပထမ တည နွစ္​ည​ေတာ့ ကိုႀကီးနဲ႔ က်ြန္​​ေတာ္​က အတူတူပဲ တ​ေယာက္​တတန္​း ျခစ္​ၾကတယ္​

ဘာထူးျခားမႈမွလဲ မ​ေတြ႕ဘူး

၁၀ ရက္​ ၁၅ ရက္​ ​ေလာက္​ျခစ္​လာတာ ဘာမွထူးျခားမႈ မ​ေတြ႕ပါ

မိုး​ေလသာလာ​ေတာ့ က်ြန္​​ေတာ္​က ကိုႀကီးကို ​ေျပာပါတယ္​ ကိုႀကီး တ​ေယာက္​တ​ေနရာဆီ ခြဲျခစ္​ၾကရင္​ ​ေကာင္​းမယ္​လို႔

ဘာ​ေၾကာင္​့လဲဆို​ေတာ့ နွစ္​​ေယာက္​အတူျခစ္​တဲ့အခါက်​ေတာ့ တတန္​းပီး တတန္​း ​ေက်ာ္​သြား​ေနရ​ေတာ့ အခ်ိန္​လင္​့ဟင္​းတယ္​​ေလ

တ​ေယာက္​တ​ေနရာဆို​ေတာ့ အခ်ိန္​ပိုထြက္​တာ​ေပါ့

ကိုႀကီးကလဲ သ​ေဘာတူပါတယ္​ ၿခံ​ေစာင္​့အမ​ေျပာတဲ့စကားကိုလဲ သူလဲ ​ေမ့​ေန​ေလာက္​ပီ​ေပါ့ ဘာထူးျခားမႈမွ မ​ေတြ႕တာပဲ

မိုး​ေလသာတဲ့ ညတည ​ေပါ့ ရာဘာ​ေစးျခစ္​ဖို႔ ကိုႀကီးနဲ႔က်ြန္​​ေတာ္​ အိပ္​ယာက ထလိုက္​တယ္​. .

ည ၁၂ နာရီ. .က်ြန္​​ေတာ္​က ၿခံရဲ႕အ​ေနာက္​ဘက္​က​ေန စျခစ္​လာမယ္​. .

ကိုႀကီးက အ​ေရွ႕ ဘက္​က​ေန ျခစ္​လာဖို႔ က်ြန္​​ေတာ္​က ​ေျပာလိုက္​​ေတာ့ ကိုႀကီးက ​ေအး ​ေအး ဆိုပီ ၿခံထဲကို ​ေရာက္​သြား ၾကတယ္​

ရာဘာၿခံထဲ​ေရာက္​လို႔ စျခစ္​​ေနပါပီ . .

ရာဘာပင္​ အပင္​ ၆၀ ​ေလာက္​ပဲ ျခစ္​ရ​ေသးတယ္​. . ကိုႀကီးက အ​ေျပး​ေရာက္​လာတယ္​

က်ြန္​​ေတာ္​ကို ​ေခၚတယ္​. .

က်ြန္​​ေတာ္​က ကိုႀကီးဘာျဖစ္​လဲလို႔ ​ေမး​ေတာ့ ငါ့ကို သရဲ ​ေျခာက္​တယ္​ ညီ​ေလး

“ဟာ ကိုႀကီး ကလဲ ဟုက္​ရဲ႕လား ​?”

“မင္​းကလဲ တကယ္​ပဲ ​ေျခာက္​တာဟ”

က်ြန္​​ေတာ္​က သိပ္​မယံုခ်င္​းဘူး​ေလ။

“ဘယ္​လို ​ေျခာက္​တာလဲ ကိုႀကီး”

“ငါ့အ​ေရွ႕မွာ လူတ​ေယာက္​​ေျပး​ေနတာကြ”

“ကိုႀကီး ​ေသခ်ာ ျမင္​လိုက္​ရလို႔လား”

“​ေသခ်ာ​ေတာ့ မျမင္​ဘူး​ေပါ့ ကြ”

အဲလိုနဲ႔ က်ြန္​​ေတာ္​နဲ႔ ကိုႀကီး တဲ ဆီျပန္​လာပီး ခဏ စကား​ေျပာၾကတယ္​

။က်ြန္​​ေတာ္​က ကိုႀကီးကို ​ေျပာလိုက္​တယ္​။

”ကိုႀကီး စိတ္​က ​ေၾကာက္​လို႔​ေနမွာပါ အိပ္​မႈန္​စံုဖြားနဲ႔ အျမင္​မွားလို႔ ​ေနမွာ ဗ်”

အဲလို က်ြန္​​ေတာ္​​ေျပာလိုက္​​ေတာ့ သူ ဇ​ေဝဇဝါျဖစ္​သြားတယ္​

“ကဲ ဒါဆို ကိုႀကီးအ​ေနာက္​ဘက္​ျခမ္​းက ျခစ္​လာခဲ့ က်ြန္​​ေတာ္​အ​ေရွ႕ဘက္​ျခမ္​းက ျခစ္​လာမယ္​”

“​ေအး ​ေအး “ကိုႀကီးက အဲလို ျပန္​​ေျပာ​ေတာ့ က်ြန္​​ေတာ္​အ​ေရွ႕ဘက္​ကို သြားပီး ရာဘာ​ေစးျပန္​ျခစ္​တာ​ေပါ့ ..

​ေျပာဖို႔ က်န္​သြားတယ္​ ​ေဘာင္​းဘီအိတ္​ထဲကို​ေတာ့ ​ေလးခြ ထည္​့ယူလာခဲ့လိုက္​တယ္​

​ေလးသီးက​ေတာ့ ဘယ္​​ေနရာ ​ေကာက္​​ေကာက္​ရတယ္​​ေလ

​ေက်ာက္​ကုန္​း ရာဘာၿခံဆို​ေတာ့. . .ကိုႀကီးစျခစ္​တဲ့​ေနရာက​ေန က်ြန္​​ေတာ္​ ျပန္​ျခစ္​လာလိုက္​တာ အပင္​ ၁၀၀ ​ေက်ာ္​​ေက်ာ္​​ေလာက္​ ရလာပီ

ရာဘာပင္​တန္​း တဝက္​ ၿခံအလယ္​​ေလာက္​​ေရာက္​ေတာ့

ဘုက္​ ဘုတ္​ ဘုတ္​ ဘုက္​. . . အမ္​ ​ေျပးသြားတဲ့

​ေျခသံဗ် က်ြန္​​ေတာ္​ မီးကို ​ေရပိုခ်လိုက္​တယ္​ ကာဗြန္​တံုးနဲ႔ လင္​း​ေစတဲ့မီးက ​ေရထိရင္​မ်ားရင္​ မီးအလင္​း​ေရာင္​ပိုတယ္​​ေလ

က်ြန္​​ေတာ္​မီးနဲ႔ လိုက္​ထိုး႔ၾကည္​့တယ္​ ဘာမွမရွိဘူး..

ဘာမွလဲမ​ေတြ႕ဘူး က်ြန္​​ေတာ္​လဲ ၾကက္​သီး​ေတာ့ ထသြားတယ္​

​ေၾကာက္​စိတ္​ကို အားတင္​းပီ ျပန္​ျခစ္​​ေနလိုက္​တယ္​

အတန္​းဆံုးထိ​ေရာက္​သြားတယ္​ ဘာထူးျခားမႈမွ ထပ္​မ​ေတြ႕ဘူး

​ေနာက္​တတန္​းျပန္​ဆင္​းလာလို႔ အလယ္​​ေလာက္​​ေရာက္​လာျပန္​တယ္​. .

ဘုက္​ ဘုက္​ ဘုက္​ ဘုက္​ ​ေျပးသံ ထပ္​ၾကားရျပန္​တယ္​

က်ြန္​​ေတာ္​ ကျပာကယာ မီးထိုးၾကည္​့​ေတာ့ တညင္​းပင္​​ေအာက္​မွာ ​ေခြးလိုလို လူလိုလို တ​ေကာင္​​ေတာ့ ​ေတြ႕ လိုက္​တယ္​

က်ြန္​​ေတာ္​လဲ စိတ္​ထဲမွာ ​ေၾကာက္​သလိုလို ​ေဒါသ ထြက္​သလိုလိုနဲ႔ စိုက္​ၾကည္​့​ေနလိုက္​​ေသးတယ္​…

ဘယ္​လို လုပ္​ရမလဲ ဆိုတာလဲ အ​ေျပလႊားစဥ္​းစားရင္​းနဲ႔ သတိရသြား တာက ​ေလာက္​​ေလးခြ

အပင္​နားကိုလဲ ကပ္​မသြားရဲဘူး. .

​ေလးခြကို ကိုင္​တယ္​ ပီး​ေတာ့ ထိုင္​ခ်လိုက္​တယ္​. ..

မီးကို​ေတာ့ အပင္​​ေအာက္​က​ေနခြာမရဲဘူး မီးထိုးထားရက္​ပဲ. . လက္​က​ေတာ့ ​ေလးသီးရဖို႔ ​ေက်ာက္​စရစ္​ခဲ​ေတြ လိုက္​စမ္​း​ေနတယ္​

​ကိုင္​မိပီ. . . ​ေက်ာက္​စရစ္​ခဲ လံုးလံုး​ေလး​ေတြ ၄ ၅ လံုး​ေလာက္​ ​ေကာက္​ယူပီး အပင္​​ေအာက္​ကို ပစ္​​ေတာ့တာပဲ . .

ထိ​ေတာ့ ထိတယ္​ဗ်. . .

ဒါ​ေပမဲ့ မလႈပ္​ဘူး ရွိ​ေနလ်ွက္​ပဲ

အဲ အခ်ိန္​မာ ကာဗြန္​​ေငြ႕နဲ႔ မီးလင္​း​ေနတဲ့ အ​ေပါက္​က ခ်ီး​ေတြပိတ္​ပီး ဖ်က္​ ခနဲ႔ ​ေသသြား​ေရာ. . .

ဘာ​ေျပာ​ေကာင္​းမလဲ ​ေလးခြကို ခ်ပီး ရာဘာျခစ္​ဓားကို က်စ္​​ေန​ေအာင္​ ဆုပ္​ထားတယ္​

လက္​တဖက္​က ​ဂတ္​မီးျခစ္​နဲ႔ ကာဗြန္​​ေငြ႕ ထြတ္​တဲ့ မီးလင္​း​ေပါက္​ကို မီးတို႔​ေနတာ. . . .

ကာဗြန္​ ​ေငြ႕မာ မီးလင္​းလာ​ေတာ့ တညင္​းပင္​​ေအာက္​ကို က်ြန္​​ေတာ္​ ျပန္​ၾကည္​့လိုက္​​ေတာ့ ဘာမွ မရွိ​ေတာ့ဘူး

က်ြန္​​ေတာ္​လဲ ​ေၾကာက္​သလို စိတ္​တိုသလိုနဲ႔ . .

ဆဲလဲဆဲ ​ေလးခြနဲ႔လဲ အပင္​​ေပၚကို ရမ္​းပီးပစ္​​ေနလိုက္​တာ ​ေတာ္​​ေတာ္​ ၾကာသြားတယ္​. . .

ကိုႀကီးလဲ အ​ေနာက္​ဘက္​က ရာဘာပင္​​ေတြ ျခစ္​လာလို႔ သူ႔မီးအလင္​း​ေရာင္​ကို က်ြန္​​ေတာ္​ ​ေတြ႕​ေနပီ

သူ႔ဆီ က်ြန္​​ေတာ္​ သြား​ေတာ့ က်ြန္​​ေတာ္​ႀကံဳခဲ့တာ ​ေျပာျပလိုက္​တယ္​

သူ႔က ငါ ​ေျပာတာ မင္​းယံုပီးလားတဲ့

က်ြန္​​ေတာ္​လဲ ဘာမွ ျပန္​မ​ေျပာပဲ အတူတူ ျပန္​ျခစ္​ၾကတယ္​

အဲလို ျဖစ္​ပီး ရက္​ ၂၀ ​ေလာက္​ ၾကာမယ္​ ထင္​တယ္​

​ေရတြင္​းနားမွာ ​ေခ်ာ္​လဲတာ ျဖည္​းျဖည္​းပဲ က်ြန္​​ေတာ္​ ထ လို႔မရ​ေတာ့ဘူး. .

ခါးက ျဖစ္​တာလား ​ေျခ​ေထာက္​က ျဖစ္​တာလား ဆိုတာ မသိဘူး

​​ေကာင္​းနိုးနိုးနဲ႔ ​ေဆးလိမ္​းလိုက္​တာ တပတ္​​ေလာက္​ၾကာသြားတယ္​ ​ေကာင္​းမလာဘူး. .

မုဒံု ျပန္​ပီး အ​ေၾကာ​ဆရာဝန္​ အရိုးဆရာဝန္​ျပတယ္​. . နွိပ္​တယ္​ မ​ေကာင္​းလာဘူး

​ေနာက္​ဆံုး အ​ေမတို႔က မယံု​ေပမဲ့ ပ​ေရာဂဆရာဆီသြား​ေတာ့ ပ​ေရာဂဆရာက က်ြန္​​ေတာ္​ကို မင္​း​ကံ​ေကာင္​း​ေန​ေသးတယ္​ မ​ေသတာ . .

လုပ္​တာက အ​ေသပဲတဲ့ . .

ဘယ္​သူလုပ္​တာလဲ ​ေမး​ေတာ့ တညင္​းပင္​က သရဲႀကီးတဲ့

​ေနာက္​​ေတာ့ သူ ​ေျပာတဲ့ အတိုင္​း အသားစိမ္​းငါးစိမ္​း ပီး​ေတာ့ အက်ၤီတထည္​ ပုဆိုးတထည္​နဲ႔ ​ေတာင္​းပန္​ဖို႔ ကိုႀကီးကို မွာၾကားတယ္​. .

ကိုႀကီးက အဲကို သြားလုပ္​ပီး ျပန္​လာ​ေတာ့ က်ြန္​​ေတာ္​ ခနၶာကိုယ္​က ​ေပါ့သြားသလိုပဲ

တရက္​နွစ္​ရက္​ၾကာလာ​ေတာ့ သိသိသာသာ သက္​သာလာတယ္​

ကိုႀကီးလဲ အာ့ၿခံကို ​ေၾကာက္​ . . .က်ြန္​​ေတာ္​လဲ ​ေၾကာက္​

က်ြန္​​ေတာ္​ လမ္​း​ေလ်ွာက္​ရ​ေတာ့ အဲ့ၿခံရွင္​ကို ထိုင္​းသြားမယ္​လို႔ ညာ​ေျပာပီး ပစၥည္​း​ေတြ သိမ္​းပီးျပန္​လာ ​ေတာ့တာပါပဲ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: sundaynewsmedia
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်ဇာတိက မုဒုံ ကပါ။

အသက်မွေး ဝမ်းကြောင်းကတော့ ရာဘာစေးခြစ်တဲ့ အလုပ်ပါအသက်၁၅ နှစ်သားအရွယ်လောက်ကတည်းက ရာဘာစေးခြစ်တဲ့အလုပ်ကို လုပ်ကိုင် လာတာပါ။

မွန်ပြည်နယ် နယ်နမိတ် အဆုံး အောက်ဘက်မာဆို ရေးမြို့နယ် အာယုတောင် ကွမ်ဒူး နှင်းစုံ မော့ကနင် လမိုင်း လိမ္မော်ခြံ အဲကျေးရွာတွေမှာဆို ရာဘာကိုင်းဆက်လုပ်ကိုင်ခဲ့တာပေါ့။

အထက်မှာဆို ကျိုက်ထိုမြို့ထိ ရောက်ခဲ့ပါတယ်။

အခု အတွေ့ကြုံက ကျိုက်ထိုမြို့မှာ ကြုံခဲ့ရတာပါ။

သီတင်းကျွတ် လဆန်းလောက်ဆိုရမာပေါ့ မိုးပါးတော့ ရာဘာခြံ တွေ ပြန်ဖွင့်ပီလေ. .

ဒီနှစ် လူငှားအနေနဲ့ သွားလုပ်ရမဲ့ ရာဘာခြံက ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာ မှာပေါ့

ကွာရီ ကျေးရွာလို့လဲ ခေါ်ကြတယ်

အဲမာက ရဲဘက်စခန်းရှိတယ်

ပီးတော့ ရွှေသံလွင် ကျောက်ထုတ်လုပ်ရေး ကုမ္မဏီ လဲရှိတယ်ဗျ

ရာဘာခြံ စိုက်ထားတာက ရဲဘက်စခန်းရဲ့အနောက်ဖက်မှာပေါ့

အလုပ်သွားလုပ်တာ ကျွန်တော်ရယ် အကိုကြီးရယ်

ပီးတော့ ရာဘာစေး ဝိုင်းသိမ်း ဖို့ တူလေးတယောက်ရယ်

ကျွန်တော်တို့ ရောက်သွားတော့ နေဖို့ တဲ ဆောက် ပီးတော့ တောခုတ်ဘာခုတ်နဲ့ပေါ့

ခြံထဲ စဝင်လာတော့ ခြံရှင်က မှာထားတယ် ဝတ်သား စားမရဘူးတဲ့

ကျွန်တော်တို့လဲ မစားပါဘူး။

အဲရာဘာခြံထဲမှာ ခြံစောင်လင်မယား ရှိတယ်ဗျ

လင်မယားနှစ်ယောက်နဲ့ ကလေးနှစ်ယောက်။

သူတို့ လင်မယားက အဲ့ရွာဇာတိပဲ

ကျွန်တော်တို့ ညီအကို ရောက်သွားတော့ သူတို့လင်မယားပြောပြတာက ဒီခြံက အရမ်းကြမ်းတာတဲ့ သရဲ ရှိတယ် အဲလိုပြောတယ်။

ကျွန်တော်လဲ ပြန်မေးတာပေါ့

သရဲရှိရင် အမတို့က ဘာလို့ ဒီခြံမှာ နေတာလဲလို့ပေါ့. .

သူက စားဝတ်နေရေး အဆင်မပြေလို့ နေရတာပေါ့ ငါ့မောင်ရယ် တဲ့

သရဲဆိုတာတော့ နေရာတိုင်းလိုလို ရှိနေတာပဲလေ သူ့ဟာနဲ့သူနေ ကို့နေရာ ကိုနေတာပဲလို့ ပြန်ပြောလိုက်တယ်

သူတို့ကပြောသေးတယ် ဒီခြံမှာ ရာဘာစေးခြစ်တဲ့သူက နှစ်ဆုံးအောင်ဘယ်သူမှ မနေကြဘူးတဲ့ လာပီးမကြာဘူး ပြောင်းပြေးကြတာပဲတဲ့

ကျွန်တော်က မကြောက်တက်ပါဘူးလို့ ပြန်ပြောလိုက်တယ်

ကျွန်တော်က မကြောက်တက်ပေမဲ့ ကျွန်တော် ကိုကြီးကတော့ ကြောက်တက်တယ်

မိုးလေသာလို့ ရာဘာစေးစခြစ်ကြပီ

ပထမ တည နှစ်ညတော့ ကိုကြီးနဲ့ ကျွန်တော်က အတူတူပဲ တယောက်တတန်း ခြစ်ကြတယ်

ဘာထူးခြားမှုမှလဲ မတွေ့ဘူး

၁၀ ရက် ၁၅ ရက် လောက်ခြစ်လာတာ ဘာမှထူးခြားမှု မတွေ့ပါ

မိုးလေသာလာတော့ ကျွန်တော်က ကိုကြီးကို ပြောပါတယ် ကိုကြီး တယောက်တနေရာဆီ ခွဲခြစ်ကြရင် ကောင်းမယ်လို့

ဘာကြောင့်လဲဆိုတော့ နှစ်ယောက်အတူခြစ်တဲ့အခါကျတော့ တတန်းပီး တတန်း ကျော်သွားနေရတော့ အချိန်လင့်ဟင်းတယ်လေ

တယောက်တနေရာဆိုတော့ အချိန်ပိုထွက်တာပေါ့

ကိုကြီးကလဲ သဘောတူပါတယ် ခြံစောင့်အမပြောတဲ့စကားကိုလဲ သူလဲ မေ့နေလောက်ပီပေါ့ ဘာထူးခြားမှုမှ မတွေ့တာပဲ

မိုးလေသာတဲ့ ညတည ပေါ့ ရာဘာစေးခြစ်ဖို့ ကိုကြီးနဲ့ကျွန်တော် အိပ်ယာက ထလိုက်တယ်. .

ည ၁၂ နာရီ. .ကျွန်တော်က ခြံရဲ့အနောက်ဘက်ကနေ စခြစ်လာမယ်. .

ကိုကြီးက အရှေ့ ဘက်ကနေ ခြစ်လာဖို့ ကျွန်တော်က ပြောလိုက်တော့ ကိုကြီးက အေး အေး ဆိုပီ ခြံထဲကို ရောက်သွား ကြတယ်

ရာဘာခြံထဲရောက်လို့ စခြစ်နေပါပီ . .

ရာဘာပင် အပင် ၆၀ လောက်ပဲ ခြစ်ရသေးတယ်. . ကိုကြီးက အပြေးရောက်လာတယ်

ကျွန်တော်ကို ခေါ်တယ်. .

ကျွန်တော်က ကိုကြီးဘာဖြစ်လဲလို့ မေးတော့ ငါ့ကို သရဲ ခြောက်တယ် ညီလေး

“ဟာ ကိုကြီး ကလဲ ဟုက်ရဲ့လား ?”

“မင်းကလဲ တကယ်ပဲ ခြောက်တာဟ”

ကျွန်တော်က သိပ်မယုံချင်းဘူးလေ။

“ဘယ်လို ခြောက်တာလဲ ကိုကြီး”

“ငါ့အရှေ့မှာ လူတယောက်ပြေးနေတာကွ”

“ကိုကြီး သေချာ မြင်လိုက်ရလို့လား”

“သေချာတော့ မမြင်ဘူးပေါ့ ကွ”

အဲလိုနဲ့ ကျွန်တော်နဲ့ ကိုကြီး တဲ ဆီပြန်လာပီး ခဏ စကားပြောကြတယ်

။ကျွန်တော်က ကိုကြီးကို ပြောလိုက်တယ်။

”ကိုကြီး စိတ်က ကြောက်လို့နေမှာပါ အိပ်မှုန်စုံဖွားနဲ့ အမြင်မှားလို့ နေမှာ ဗျ”

အဲလို ကျွန်တော်ပြောလိုက်တော့ သူ ဇဝေဇဝါဖြစ်သွားတယ်

“ကဲ ဒါဆို ကိုကြီးအနောက်ဘက်ခြမ်းက ခြစ်လာခဲ့ ကျွန်တော်အရှေ့ဘက်ခြမ်းက ခြစ်လာမယ်”

“အေး အေး “ကိုကြီးက အဲလို ပြန်ပြောတော့ ကျွန်တော်အရှေ့ဘက်ကို သွားပီး ရာဘာစေးပြန်ခြစ်တာပေါ့ ..

ပြောဖို့ ကျန်သွားတယ် ဘောင်းဘီအိတ်ထဲကိုတော့ လေးခွ ထည့်ယူလာခဲ့လိုက်တယ်

လေးသီးကတော့ ဘယ်နေရာ ကောက်ကောက်ရတယ်လေ

ကျောက်ကုန်း ရာဘာခြံဆိုတော့. . .ကိုကြီးစခြစ်တဲ့နေရာကနေ ကျွန်တော် ပြန်ခြစ်လာလိုက်တာ အပင် ၁၀၀ ကျော်ကျော်လောက် ရလာပီ

ရာဘာပင်တန်း တဝက် ခြံအလယ်လောက်ရောက်တော့

ဘုက် ဘုတ် ဘုတ် ဘုက်. . . အမ် ပြေးသွားတဲ့

ခြေသံဗျ ကျွန်တော် မီးကို ရေပိုချလိုက်တယ် ကာဗွန်တုံးနဲ့ လင်းစေတဲ့မီးက ရေထိရင်များရင် မီးအလင်းရောင်ပိုတယ်လေ

ကျွန်တော်မီးနဲ့ လိုက်ထိုး့ကြည့်တယ် ဘာမှမရှိဘူး..

ဘာမှလဲမတွေ့ဘူး ကျွန်တော်လဲ ကြက်သီးတော့ ထသွားတယ်

ကြောက်စိတ်ကို အားတင်းပီ ပြန်ခြစ်နေလိုက်တယ်

အတန်းဆုံးထိရောက်သွားတယ် ဘာထူးခြားမှုမှ ထပ်မတွေ့ဘူး

နောက်တတန်းပြန်ဆင်းလာလို့ အလယ်လောက်ရောက်လာပြန်တယ်. .

ဘုက် ဘုက် ဘုက် ဘုက် ပြေးသံ ထပ်ကြားရပြန်တယ်

ကျွန်တော် ကပြာကယာ မီးထိုးကြည့်တော့ တညင်းပင်အောက်မှာ ခွေးလိုလို လူလိုလို တကောင်တော့ တွေ့ လိုက်တယ်

ကျွန်တော်လဲ စိတ်ထဲမှာ ကြောက်သလိုလို ဒေါသ ထွက်သလိုလိုနဲ့ စိုက်ကြည့်နေလိုက်သေးတယ်…

ဘယ်လို လုပ်ရမလဲ ဆိုတာလဲ အပြေလွှားစဉ်းစားရင်းနဲ့ သတိရသွား တာက လောက်လေးခွ

အပင်နားကိုလဲ ကပ်မသွားရဲဘူး. .

လေးခွကို ကိုင်တယ် ပီးတော့ ထိုင်ချလိုက်တယ်. ..

မီးကိုတော့ အပင်အောက်ကနေခွာမရဲဘူး မီးထိုးထားရက်ပဲ. . လက်ကတော့ လေးသီးရဖို့ ကျောက်စရစ်ခဲတွေ လိုက်စမ်းနေတယ်

ကိုင်မိပီ. . . ကျောက်စရစ်ခဲ လုံးလုံးလေးတွေ ၄ ၅ လုံးလောက် ကောက်ယူပီး အပင်အောက်ကို ပစ်တော့တာပဲ . .

ထိတော့ ထိတယ်ဗျ. . .

ဒါပေမဲ့ မလှုပ်ဘူး ရှိနေလျှက်ပဲ

အဲ အချိန်မာ ကာဗွန်ငွေ့နဲ့ မီးလင်းနေတဲ့ အပေါက်က ချီးတွေပိတ်ပီး ဖျက် ခနဲ့ သေသွားရော. . .

ဘာပြောကောင်းမလဲ လေးခွကို ချပီး ရာဘာခြစ်ဓားကို ကျစ်နေအောင် ဆုပ်ထားတယ်

လက်တဖက်က ဂတ်မီးခြစ်နဲ့ ကာဗွန်ငွေ့ ထွတ်တဲ့ မီးလင်းပေါက်ကို မီးတို့နေတာ. . . .

ကာဗွန် ငွေ့မာ မီးလင်းလာတော့ တညင်းပင်အောက်ကို ကျွန်တော် ပြန်ကြည့်လိုက်တော့ ဘာမှ မရှိတော့ဘူး

ကျွန်တော်လဲ ကြောက်သလို စိတ်တိုသလိုနဲ့ . .

ဆဲလဲဆဲ လေးခွနဲ့လဲ အပင်ပေါ်ကို ရမ်းပီးပစ်နေလိုက်တာ တော်တော် ကြာသွားတယ်. . .

ကိုကြီးလဲ အနောက်ဘက်က ရာဘာပင်တွေ ခြစ်လာလို့ သူ့မီးအလင်းရောင်ကို ကျွန်တော် တွေ့နေပီ

သူ့ဆီ ကျွန်တော် သွားတော့ ကျွန်တော်ကြုံခဲ့တာ ပြောပြလိုက်တယ်

သူ့က ငါ ပြောတာ မင်းယုံပီးလားတဲ့

ကျွန်တော်လဲ ဘာမှ ပြန်မပြောပဲ အတူတူ ပြန်ခြစ်ကြတယ်

အဲလို ဖြစ်ပီး ရက် ၂၀ လောက် ကြာမယ် ထင်တယ်

ရေတွင်းနားမှာ ချော်လဲတာ ဖြည်းဖြည်းပဲ ကျွန်တော် ထ လို့မရတော့ဘူး. .

ခါးက ဖြစ်တာလား ခြေထောက်က ဖြစ်တာလား ဆိုတာ မသိဘူး

ကောင်းနိုးနိုးနဲ့ ဆေးလိမ်းလိုက်တာ တပတ်လောက်ကြာသွားတယ် ကောင်းမလာဘူး. .

မုဒုံ ပြန်ပီး အကြောဆရာဝန် အရိုးဆရာဝန်ပြတယ်. . နှိပ်တယ် မကောင်းလာဘူး

နောက်ဆုံး အမေတို့က မယုံပေမဲ့ ပရောဂဆရာဆီသွားတော့ ပရောဂဆရာက ကျွန်တော်ကို မင်းကံကောင်းနေသေးတယ် မသေတာ . .

လုပ်တာက အသေပဲတဲ့ . .

ဘယ်သူလုပ်တာလဲ မေးတော့ တညင်းပင်က သရဲကြီးတဲ့

နောက်တော့ သူ ပြောတဲ့ အတိုင်း အသားစိမ်းငါးစိမ်း ပီးတော့ အင်္ကျီတထည် ပုဆိုးတထည်နဲ့ တောင်းပန်ဖို့ ကိုကြီးကို မှာကြားတယ်. .

ကိုကြီးက အဲကို သွားလုပ်ပီး ပြန်လာတော့ ကျွန်တော် ခန္ဓာကိုယ်က ပေါ့သွားသလိုပဲ

တရက်နှစ်ရက်ကြာလာတော့ သိသိသာသာ သက်သာလာတယ်

ကိုကြီးလဲ အာ့ခြံကို ကြောက် . . .ကျွန်တော်လဲ ကြောက်

ကျွန်တော် လမ်းလျှောက်ရတော့ အဲ့ခြံရှင်ကို ထိုင်းသွားမယ်လို့ ညာပြောပီး ပစ္စည်းတွေ သိမ်းပီးပြန်လာ တော့တာပါပဲ

ဖိုးသူတော် (www.phothutaw.com)
Credit: sundaynewsmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top