န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

စစ္တကၠသိုလ္ ဗိုလ္ေလာင္း အလိုရွိသည္

၁။ ေလွ်ာက္ထားသူသည္-

(က) ၂ဝ၁၉ခုႏွစ္၊ ဇန္နဝါရီလ (၁) ရက္ေန႔တြင္ အသက္(၁၆)ႏွစ္ ေအာက္ မငယ္ရ၊ (၁၈)ႏွစ္ထက္ မႀကီးရ။

(ခ) ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံသား အိမ္ေထာင္မရွိဖူးသူ (လူပ်ိဳ)ျဖစ္ရမည္။

(ဂ) အနည္းဆုံးအရပ္ (၅)ေပ၊ (၃)လက္မႏွင့္ ကိုယ္အေလးခ်ိန္ ေပါင္(၁ဝဝ)ထက္မနည္းရ၊ေပါင္(၁၄ဝ) ထက္မေက်ာ္ရ။

(ဃ) မ်က္မွန္တပ္ဆင္ထားသူမ်ား မျဖစ္ေစရ။

(င) ၂ဝ၁၇ခုႏွစ္(သုိ႔မဟုတ္)၂ဝ၁၈ခုႏွစ္တြင္ က်င္းပျပဳလုပ္ခဲ့ေသာ တကၠသိုလ္ဝင္ စာေမးပဲြတြင္ ေျဖဆို ေအာင္ျမင္ သူ ျဖစ္ရမည္။

၂။ ေလွ်ာက္လႊာမ်ားကို မိမိတို႔ႏွင့္နီးစပ္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ ၂ဝ၁၈ခုႏွစ္၊ ဇြန္လ (၇) ရက္ေန႔မွစ၍ အခမဲ့ ရယူႏိုင္သည္။

၃။ ေလွ်ာက္လႊာႏွင့္ အတူ အက်င့္စာရိတၱ ေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာ တိုင္းေဒသႀကီး၊ ျပည္နယ္၊ ၿမိဳ႕နယ္ ရဲတပ္ဖဲြ႕စခန္း တစ္ခုခုမွ ေထာက္ခံစာ(မူရင္း)ႏွင့္ ပတ္စ္ပို႔အရြယ္ဓာတ္ပုံ(၃)ပုံ ပူးတဲြတင္ျပရမည္။

၄။ ေလွ်ာက္လႊာကို ၂ဝ၁၈ခုႏွစ္၊ ဇူလိုင္လ (၂၆)ရက္ေန႔ေနာက္ဆုံးထား၍ ေလွ်ာက္လႊာ ထုတ္ယူခဲ့ေသာ တိုင္းစစ္ဌာန ခ်ဳပ္မ်ားသို႔ ျပန္လည္ေပးပို႔ၾကရမည္။

၅။ သတ္မွတ္ခ်က္ႏွင့္ျပည့္စုံၿပီး အရည္အခ်င္းျပည့္မီေသာ ေလွ်ာက္လႊာရွင္မ်ားသာ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပဲြကို ေျဖဆိုၾကရမည္။

၆။ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပဲြတြင္ တကၠသိုလ္ဝင္ စာေမးပဲြ သင္႐ိုးၫႊန္းတမ္း အတိုင္း ေအာက္ပါ ဘာသာရပ္မ်ားကို ေျဖဆိုၾကရမည္-

(က) အဂၤလိပ္စာ။

(ခ) သခ်ၤာ။

၇။ ဝင္ခြင့္ အရည္အခ်င္းစစ္ စာေမးပဲြကို ၂ဝ၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၉)ရက္ေန႔တြင္ မိမိတို႔ေလွ်ာက္လႊာ တင္သြင္းရာ တိုင္းစစ္ဌာနခ်ဳပ္ တည္ရွိသည့္ၿမိဳ႕၌ ေျဖဆိုၾကရမည္။

၈။ ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပဲြ ေျဖဆိုရမည့္ေနရာႏွင့္အခ်ိန္ကို သတင္းစာမွ ေၾကာ္ျငာေပးမည္။

၉။ ေျဖဆိုရမည့္ခုံအမွတ္မွာ ေလွ်ာက္လႊာတြင္ေဖာ္ျပထားသည့္ ခုံအမွတ္အတိုင္းျဖစ္သည္။

၁ဝ။ ဝင္ခြင့္အရည္အခ်င္း စစ္စာေမးပဲြ ေျဖဆိုေအာင္ျမင္သူမ်ားသည္ တပ္မေတာ္ဗိုလ္ေရြးအဖဲဲြ႕တြင္ ဝင္ေရာက္ အစစ္ေဆးခံရမည္။ တပ္မေတာ္ဗိုလ္ေရြးအဖဲြ႕တြင္ ဝင္ေရာက္အစစ္ေဆးခံရန္ အေၾကာင္းၾကားစာမ်ားကို သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တစ္ဆင့္ အခ်ိန္မီေပးပို႔သြားမည္။

၁၁။ သတ္မွတ္ထားသည့္ အခ်က္အလက္မ်ား တိက်ျပည့္စုံစြာ ေရးသားေဖာ္ျပျခင္းမျပဳေသာ ေလွ်ာက္လႊာမ်ား၊ မမွန္မကန္ ျဖည့္စြက္ေရးသား ေဖာ္ျပေသာ ေလွ်ာက္လႊာမ်ားႏွင့္ အခ်ိန္မီ မေရာက္ရွိေသာ ေလွ်ာက္လႊာမ်ားအား ထည့္သြင္းစဥ္းစားမည္မဟုတ္ပါ။ မိမိတို႔ ေလွ်ာက္လႊာ တင္သြင္းသည့္ဌာနတြင္ ေရြးခ်ယ္ျခင္းခံရသည္/ မခံရ သည္ကို သြားေရာက္စုံစမ္း ေမးျမန္းႏိုင္သည္။

စစ္ရာထူးခန္႔ခ်ဳပ္႐ုံး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)
# Unicode Version ျဖင့္ ဖတ္ပါ #
စစ်တက္ကသိုလ် ဗိုလ်လောင်း အလိုရှိသည်

၁။ လျှောက်ထားသူသည်-

(က) ၂ဝ၁၉ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်(၁၆)နှစ် အောက် မငယ်ရ၊ (၁၈)နှစ်ထက် မကြီးရ။

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို)ဖြစ်ရမည်။

(ဂ) အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁ဝဝ)ထက်မနည်းရ၊ပေါင်(၁၄ဝ) ထက်မကျော်ရ။

(ဃ) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။

(င) ၂ဝ၁၇ခုနှစ်(သို့မဟုတ်)၂ဝ၁၈ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆို အောင်မြင် သူ ဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂ဝ၁၈ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှစ၍ အခမဲ့ ရယူနိုင်သည်။

၃။ လျှောက်လွှာနှင့် အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။

၄။ လျှောက်လွှာကို ၂ဝ၁၈ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာ ထုတ်ယူခဲ့သော တိုင်းစစ်ဌာန ချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။

၅။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုကြရမည်။

၆။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲတွင် တက္ကသိုလ်ဝင် စာမေးပွဲ သင်ရိုးညွှန်းတမ်း အတိုင်း အောက်ပါ ဘာသာရပ်များကို ဖြေဆိုကြရမည်-

(က) အင်္ဂလိပ်စာ။

(ခ) သင်္ချာ။

၇။ ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲကို ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့တွင် မိမိတို့လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ် တည်ရှိသည့်မြို့၌ ဖြေဆိုကြရမည်။

၈။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည့်နေရာနှင့်အချိန်ကို သတင်းစာမှ ကြော်ငြာပေးမည်။

၉။ ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။

၁ဝ။ ဝင်ခွင့်အရည်အချင်း စစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် တပ်မတော်ဗိုလ်ရွေးအဖဲွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီပေးပို့သွားမည်။

၁၁။ သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန် ဖြည့်စွက်ရေးသား ဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာ တင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်းခံရသည်/ မခံရ သည်ကို သွားရောက်စုံစမ်း မေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ဖိုးသူတော် (www.phothutaw.com)
Credit: ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top