မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
ပူပြင်းတဲ့ ရာသီဥတုကို ရောက်လာပြီဖြစ်တာကြောင့် အမျိုးသမီးတွေ အနေနဲ့ အတွင်းခံအင်္ကျီတွေထဲကို ပိုက်ဆံတွေ ထည့်မလာကြဖို့ အမေရိကန်က စတိုးဆိုင်ပိုင်ရှင်တွေ မေတ္တာရပ်ခံခဲ့ကြပါတယ်။
စတိုးဆိုင်တွေမှာ ချွေးတွေစိုနေတဲ့ အတွင်းခံအင်္ကျီထဲက ပိုက်ဆံတွေ၊ ခြေအိတ်တွေထဲ ထည့်ယူလာတဲ့ ပိုက်ဆံတွေကို လက်မခံဘူးလို့ စာတွေကပ်ထားပြီး ဆိုင်းဘုတ်တွေ ထောင်ထားကြတဲ့ ဆိုင်တွေလည်း မနည်းမနောပါပဲ။
လူအများစုက ငွေရှင်းတဲ့အခါ ခရက်ဒစ်ကတ်နဲ့ ပိုက်ဆံအိတ်ထဲက ငွေသားတွေကို အသုံးပြုတတ်ပေမယ့် အမျိုးသမီးတချို့ကတော့ သူတို့ရဲ့ အတွင်းခံအင်္ကျီထဲမှာ ပိုက်ဆံတွေထည့်ထားတတ်စမြဲပါ။
Credit: TheSun
# Unicode Version ဖြင့် ဖတ်ပါ #
ပူပြင်းတဲ့ ရာသီဥတုကို ရောက်လာပြီဖြစ်တာကြောင့် အမျိုးသမီးတွေ အနေနဲ့ အတွင်းခံအကျႋီတွေထဲကို ပိုက်ဆံတွေ ထည့်မလာကြဖို့ အမေရိကန်က စတိုးဆိုင်ပိုင်ရှင်တွေ မေတ္တာရပ်ခံခဲ့ကြပါတယ်။
စတိုးဆိုင်တွေမှာ ချွေးတွေစိုနေတဲ့ အတွင်းခံအကျႋီထဲက ပိုက်ဆံတွေ၊ ခြေအိတ်တွေထဲ ထည့်ယူလာတဲ့ ပိုက်ဆံတွေကို လက်မခံဘူးလို့ စာတွေကပ်ထားပြီး ဆိုင်းဘုတ်တွေ ထောင်ထားကြတဲ့ ဆိုင်တွေလည်း မနည်းမနောပါပဲ။
ဆိုင်ဝန်ထမ်းတွေက ချွေးစိုနေတဲ့ ပိုက်ဆံတွေကို ကိုင်တွယ်ရတာ စိတ်ပျက်လာခဲ့ပြီးတဲ့နောက် အဲဒီလို စာတမ်းတွေ ကပ်ခဲ့ရတာပါ။
လူအများစုက ငွေရှင်းတဲ့အခါ ခရက်ဒစ်ကတ်နဲ့ ပိုက်ဆံအိတ်ထဲက ငွေသားတွေကို အသုံးပြုတတ်ပေမယ့် အမျိုးသမီးတချို့ကတော့ သူတို့ရဲ့ အတွင်းခံအကျႋီထဲမှာ ပိုက်ဆံတွေထည့်ထားတတ်စမြဲပါ။
သင်၏ ပိုက်ဆံအိတ် မဟုတ်ဘဲ အခြားနေရာ (ဥပမာ- ဘရာစီယာ သို့မဟုတ် ခြေအိတ်)မှ ထုတ်ယူအသုံးပြုသည့် ပိုက်ဆံများကို လက်ခံမည် မဟုတ်ပါ … ကျေးဇူးတင်ပါသည်
အထူးသဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေက အဲဒီလို ပြုလုပ်လေ့ရှိပြီး တစ်ချို့ဆိုရင် အတွင်းခံဘောင်းဘီထဲ ထည့်ထားကြသူတွေတောင်ရှိပါတယ်။
စတိုးဆိုင်အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဂါလီစီယာက သူမရဲ့တွစ်တာအကောင့်ပေါ်မှာ “ဘရာထဲကို ပိုက်ဆံတွေထည့်ပြီး သုံးတတ်တဲ့အကျင့်က ဆွဲဆောင်မှုမရှိသလို ကြည့်ရတာလည်းရုပ်ဆိုးတယ်” လို့ ရေးသားသွားခဲ့ပြီး ပိုက်ဆံတွေက အထဲကနေ ထုတ်လိုက်ရင် ညစ်ပတ်ပြီးချွေးနံ့တွေထွက်နေတယ်လို့ ရင်ဖွင့်ခဲ့တာပါ။
တခြား ဆိုင်အလုပ်သမားတစ်ယောက်ဖြစ်တဲ့ အယ်လစ်ဆာကလည်း “ကိုယ့်ဘရာထဲက ပိုက်ဆံကို ကိုယ့်ဘာသာထုတ်ပေးတယ်ဆိုပေမယ့် အပူချိန် ၃၀ ဒီဂရီလောက်ရှိတဲ့အခြေအနေမှာ အဲဒီပိုက်ဆံကို မကိုင်ရဲဘူး” လို့ သူမရဲ့တွစ်တာအကောင့်မှာ ရင်ဖွင့်သွားခဲ့ပါတယ်။
အပူချိန် မြင့်တက်နေမှုကြောင့် ကျွန်တော်တို့ ဆိုင်အနေဖြင့် ဘရာစီယာထဲတွင် သယ်ဆောင်လာသော ပိုက်ဆံများကို လက်ခံမည် မဟုတ်ပါ ..
အပူချိန် အလွန်အမင်း မြင့်တက်နေမှုကြောင့် ခြေအိတ်နှင့် ဘရာစီယာထဲမှ ပိုက်ဆံများကို လက်ခံမည် မဟုတ်ပါ။ အလွန် စိတ်ပျက်ဖွယ် ပိုက်ဆံများ ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: TheSun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top